အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅)
ရီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးဟူသော ဦးလေးကြီးနှစ်ဦးသည် အတူတကွ စုဝေးနေကြသည်။ ရီကျုံးဟိုင်၏ ကြေညာမှုကြောင့် ပန့်ကန့်၏ ကိစ္စကို လူတိုင်း သိရှိသွားခဲ့ကြပြီ ဖြစ်သည်။
သူတို့နှစ်ဦးသည် ခြံဝန်းတစ်ခုလုံးတွင် သြဇာတိက္ကမ အကြီးမားဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းရန်အတွက် သေချာပေါက် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည် ဖြစ်သည်။
သို့သော် သူတို့ ဖြေရှင်းရမည့် ပြဿနာမှာ ဟယ်ယွီကျူး၏ ပြဿနာမဟုတ်ဘဲ ပန့်ကန့်က သူတစ်ပါး ပစ္စည်းကို ခိုးယူသည့် ပြဿနာပင် ဖြစ်သည်။ သိထားသင့်သည်မှာ ဤခေတ်ကာလတွင် ခိုးယူမှုသည် အလွန်တရာ ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
ပန့်ကန့်သည် အသက်အရွယ် ငယ်ရွယ်သည်ဟု ဆိုနိုင်ေသာ်လည်း အကယ်၍ ချန်ကောဟွားက ကိုယ်တိုင်ကိုယ်ကျ အရေးယူမည်ဆိုပါက သူသည်လည်း ဥပဒေ၏ အပြစ်ပေးမှုကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။
အပေါ့ပါးဆုံး အပြစ်ကို ပြောရမည်ဆိုလျှင်ပင် ထောင်ချမခံရလျှင်တောင်မှ သူ၏ ကိုယ်ရေးမှတ်တမ်းတွင် အမည်းစက် ထင်ကျန်ရစ်မည် ဖြစ်သည်။
အကယ်၍ ကိုယ်ရေးမှတ်တမ်းတွင် အမည်းစက် ထင်ကျန်ရစ်ပါက ပန့်ကန့်အတွက် အလုပ်ရှာဖွေရန် မဆိုထားနှင့် ကျောင်းတက်ရန်ပင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ရီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးတို့ နှစ်ဦးသည် ဤနေရာတွင် တိုင်ပင်ဆွေးနွေးနေကြခြင်း ဖြစ်သည်။
သို့သော် မည်မျှပင် တိုင်ပင်ဆွေးနွေးစေကာမူ ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုကို မရရှိနိုင်ခဲ့ချေ။ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် ချန်ကောဟွား ပြန်လာသောအခါ ပန့်ကန့်ကို ငယ်ရွယ်သေးသည်ဟု သဘောထားကာ အရေးမယူတော့ဘဲ ခွင့်လွှတ်ပေးရန်သာ တိတ်တဆိတ် မျှော်လင့်နေနိုင်တော့သည်။
တဖက်တွင်….
ဤအချိန်တွင် ပန့်ကန့်၏ ခွဲစိတ်မှုကို စတင်နေပြီ ဖြစ်သည်။ ထိုအချိန်က ဆေးပညာ အဆင့်အတန်းမှာ ကန့်သတ်ချက်ရှိသဖြင့် မေ့ဆေး၏ အာနိသင်မှာ အလွန်အမင်း ကောင်းမွန်လှခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း ပန့်ကန့်သည် နာကျင်လွန်းသဖြင့် မကြာခဏ အော်ဟစ်နေခဲ့ရသည်။
ကျားတုန်းရွှီတို့ ဇနီးမောင်နှံမှာ ပန့်ကန့်၏ ငိုသံကို ကြားရသောအခါ မျက်ရည်များ မဆည်နိုင်အောင် ကျဆင်းနေခဲ့ကြသည်။ ကျားတုန်းရွှီသည် ဒေါသလည်းထွက် စိုးရိမ်ပူပန်မှုလည်းဖြစ်ကာ တိုက်ရိုက်ပင် အော်ဟစ်ဆဲဆိုတော့သည်။
"ဟယ်ယွီကျူး ဒီတိရစ္ဆာန်ကောင်၊ နောက်ဆို ငါနဲ့ မတွေ့စေနဲ့၊ ငါနဲ့ တွေ့လို့ကတော့ မင်းကို သေချာပေါက် ပညာပေးမယ်"
ကျားတုန်းရွှီသည် ဒေါသအမျက်များကို ဖွင့်ချလိုက်ပြီးနောက် ချင်ဟွိုင်ယွီကလည်း သူနှင့်အတူ ဝင်ရောက်ဆဲဆိုမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ချင်ဟွိုင်ယွီမှာ ငေးမောတွေဝေနေခဲ့သည်။
ဤအခြေအနေကြောင့် မူလကတည်းက စိတ်ဓာတ်ရေးရာအရ အနည်းငယ် မူမမှန်ဖြစ်နေသော ကျားတုန်းရွှီမှာ ချင်ဟွိုင်ယွီသည် အခြားသူဘက်သို့ ယိမ်းယိုင်သွားပြီဟု ချက်ချင်းပင် ယူဆလိုက်သည်။
"သားဖြစ်သူက သူများ ဒုက္ခပေးလို့ ဆေးရုံရောက်နေတာကို မင်းက ဘာတွေ လျှောက်တွေးနေတာလဲ"
ကျားတုန်းရွှီ၏ ဒေါသတကြီး ငေါက်ငမ်းသံကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် အတော်လေး အားမလိုအားမရ ဖြစ်သွားခဲ့သည်။
သူမသည် ငေးမောတွေဝေနေခြင်း မဟုတ်ဘဲ ပန့်ကန့်၏ ခွဲစိတ်မှု ပြီးစီးသွားပါက ဤဆေးဖိုးဝါးခများကို မည်သူက ပေးချေမည်ဖြစ်ေကြာင်းနှင့် သူ ပစ္စည်းခိုးယူခဲ့သည့် ပြဿနာကိုပါ တွေးတောနေခြင်း ဖြစ်သည်။
ချင်ကျင်းယွီသည် မတုံးအချေ။ ရှောင်တန်းထံမှ ကြားသိရသည်မှာ ပန့်ကန့်ကို ချန်မိသားစုအိမ်မှ ပွေ့ချီလာခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်နှင့် ပန့်ကန့်သည် ချန်ကောဟွား၏ ပစ္စည်းကို ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။
ချန်ကောဟွား၏ စိတ်နေသဘောထားအရဆိုလျှင် သူတို့မိသားစုကို လွယ်လွယ်ကူကူ လွှတ်ပေးရန် လုံးဝ မဖြစ်နိုင်ချေ။ ဤကိစ္စများကို ဖြေရှင်းရန် မသွားရောက်ပါက ပန့်ကန့်၏ လက်ကျန်ဘဝ နေ့ရက်များအတွက် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူမသည် ချန်မိသားစု၏ ပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို အမြဲတစေ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ကျားတုန်းရွှီ၏ စကားများကိုလည်း သူမ စိတ်ထဲ မထားခဲ့ချေ။
"ငါ အိမ်ကို တစ်ခေါက် ပြန်သွားရမယ်" ချင်ဟွိုင်ယွီသည် တစ်ခုခုကို သတိရသွားသကဲ့သို့ တိုက်ရိုက်ပင် မတ်တတ်ရပ်လိုက်သည်။
"ဘာ သားဖြစ်သူက ဒီလောက် ကြီးမားတဲ့ ပြဿနာ ဖြစ်နေတာကို မင်းက တိုက်ရိုက် ပြန်သွားတော့မလို့လား"
ကျားတုန်းရွှီက နားမလည်နိုင်စွာဖြင့် ဒေါသတကြီး မေးမြန်းလိုက်သည်။
ချင်ဟွိုင်ယွီသည် တစ်ဖက်လူနှင့် စကားများများ မပြောလိုတော့ဘဲ တိုက်ရိုက်ပင် လှည့်ထွက်ကာ ခြံဝန်းဘက်သို့ အပြေးအလွှား ပြန်သွားခဲ့သည်။
ထိုသို့ဖြင့် ကြီးမားကျယ်ဝန်းလှသော ဆေးရုံကြီးထဲတွင် ကျားမိသားစု၏ မသန်စွမ်း သားအဖနှစ်ဦးသာ ကျန်ရစ်ခဲ့သည်။
ချင်ဟွိုင်ယွီက ခြံဝန်းအတွင်းသို့ ရောက်ရှိသွားသောအခါ ပထမဆုံး မြင်တွေ့လိုက်ရသူမှာ ခြံဝန်းအတွင်း၌ ဟိုဟိုဒီဒီ လမ်းလျှောက်နေသော ရွှီတမောင်းပင် ဖြစ်သည်။
ခေါင်းငုံ့ကာ တခဏမျှ စဉ်းစားလိုက်ပြီးနောက် ချင်ဟွိုင်ယွီသည် ရွှီတမောင်း၏ရှေ့သို့ လျှောက်သွားကာ တစ်ဖက်လူကို နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီးတမောင်း"
ရွှီတမောင်းသည် ထိုစကားကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။ ချင်ဟွိုင်ယွီက သူ့ကို သနားစဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ချက်ချင်းပင် သံသယဖြစ်သွားခဲ့သည်။
ထူးဆန်းလိုက်တာ ချင်ဟွိုင်ယွီက ဘာဇာတ်လမ်း လာခင်းနေတာလဲ
ဘာဖြစ်လို့ ပါးစပ်က ဒီလောက်တောင် ချိုနေရတာလဲ
သို့သော် သူသည်လည်း မိန်းမပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသူဖြစ်ရာ တစ်ဖက်လူ ဤကဲ့သို့ အမူအရာမျိုး လုပ်ပြနေခြင်းမှာ မိမိထံမှ အကူအညီတောင်းခံလိုသော ကိစ္စရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရှိလိုက်သည်။
ထို့ကြောင့် သူသည် ခြံဝန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ရာ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို တွေ့ရှိသွားသောအခါ ပြုံးဖြီးဖြီးဖြင့် ရှေ့သို့ တိုးသွားကာ ချင်ဟွိုင်ယွီ၏ ခါးကို ဖက်ရန် လက်လှမ်းလိုက်သည်။
ယုတ်မာလိုက်တာ…
တစ်ဖက်လူ၏ မသမာသော လက်ကြီးကို ခံစားလိုက်ရသောအခါ ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် ချက်ချင်းပင် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။သို့သော် သားဖြစ်သူအတွက် သူမသည် မကျေနပ်မှုကို အပြင်သို့ ထုတ်မပြရဲချေ။
"အစ်ကိုကြီးတမောင်း ငါ ရှင့်ကို ကိစ္စတစ်ခုလောက် အကူအညီတောင်းချင်လို့ပါ"
"ဘာကိစ္စလဲ ပြောလေ၊ မင်းရဲ့ အစ်ကိုကြီးတမောင်းက အတော်လေး စွမ်းတယ်"
ရွှီတမောင်းသည် ညစ်ပတ်သော ပြီတီတီ အပြုံးဖြင့် ပြုံးလိုက်သည်။ ဤလှပသော မုဆိုးမလေးက(လင် မသေသေး) မိမိထံမှ အကူအညီတောင်းခံလိုသည်ကို သေချာသွားသောအခါ သူ၏ လက်များမှာလည်း မငြိမ်မသက် ဖြစ်လာတော့သည်။
ချင်ဟွိုင်ယွီသည် သွားကို တင်းတင်းကြိတ်ထားသော်လည်း ဆက်လက်၍ ပြောဆိုလိုက်သည်။
"အစ်ကိုကြီးတမောင်း၊ ပန့်ကန့်က ဒီနေ့ ချန်မိသားစုအိမ်ကို သွားပြီး ပစ္စည်းယူခဲ့တယ်၊ အဲဒီအချိန်ကျရင် နင် ငါ့ကို ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"အင်း…လွယ်ပါတယ်…လွယ်ပါတယ်"
ရွှီတမောင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ကိုင်တွယ်ရသည်မှာ အတော်လေး သာယာယစ်မူးစရာ ကောင်းနေသဖြင့် စိတ်လှုပ်ရှားနေခဲ့သည်။သို့သော် ချန်မိသားစုဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရချိန်တွင်မူ ချက်ချင်းပင် လန့်ဖြတ်သွားသည်။
"ဘာ မင်းက ငါ့ကို မင်းမိသားစုဘက်ကနေ ပြောပေးစေချင်တာလား"
ရွှီတမောင်း၏ အသံမှာ အတော်လေး ကျယ်လောင်သွားခဲ့ပြီး ချင်ဟွိုင်ယွီကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်သည်။
သူ၏ အမြင်အရဆိုလျှင် ပန့်ကန့်က ပစ္စည်းခိုးယူသည်မှာ သံမှိုရိုက်သကဲ့သို့ ခိုင်မာနေသော အမှန်တရားပင် ဖြစ်သည်။ ကျားမိသားစုဘက်မှ ရပ်တည်ပြောဆိုပေးခြင်းမှာ ချန်မိသားစုနှင့် ဆန့်ကျင်ဘက် ရပ်တည်ခြင်းပင်ဖြစ်သည်။
ချန်ကောဟွား၏ မျက်နှာသာပေးမှုကို ရရှိရန် ဆုံးဖြတ်ချက်ချထားသော ရွှီတမောင်းအတွက် ဤကဲ့သို့သော အလုပ်မျိုးကို မည်သို့ လုပ်ရဲမည်နည်း။ အထူးသဖြင့် ယခင်က ချန်ကောဟွား၏ လုပ်ရပ်များကို ပြန်လည်စဉ်းစားမိသောအခါ ပို၍ပင် မလုပ်ရဲတော့ချေ။
ခြံဝန်းထဲတွင် သူ၏ လက်ထဲမှ အကျိုးအမြတ် တစ်ခုခု ရရှိဖူးသူ မည်သူများ ရှိခဲ့ပါသနည်း။
မရှိဘူး၊ လုံးဝ မရှိဘူး
သြဇာတိက္ကမ ကြီးမားသော ရီကျုံးဟိုင်ပင်လျှင် မတတ်နိုင်ခဲ့ချေ။ ယခုအခါ ချင်ဟွိုင်ယွီက မိမိအား ပန့်ကန့်ကို ကူညီရန် တောင်းဆိုနေခြင်းမှာ မိမိကို မီးပုံပေါ် တွင်ကင်နေခြင်း ဖြစ်သည်။ဤအခြေအနေမျိုးတွင် ရွှီတမောင်းမှာ ကြောက်လန့်လွန်းသဖြင့် အသံပင် မထွက်နိုင်တော့ချေ။
"ဟွိုင်… ဟွိုင်ယွီ၊ တခြားကိစ္စတွေဆိုရင် လွယ်ပါတယ်၊ ဒါပေမဲ့ ချန်ကောဟွားရဲ့ ဒီကိစ္စကတော့ ငါ..."
ရွှီတမောင်းသည် ခြောက်ကပ်နေသော လည်ချောင်းကို မျိုချလိုက်ပြီး စကားပင် မဆုံးသေးမီ ညအမှောင်ထုထဲသို့ အလောတကြီး ပျောက်ကွယ်သွားတော့သည်။
သတ္တိကြောင်လိုက်တဲ့ကောင်
ရွှီတမောင်း၏ သတ္တိကြောင်သော အပြုအမူကို မြင်တွေ့လိုက်ရပြီးနောက် ချင်ဟွိုင်ယွီသည် အလွန်အမင်း အထင်သေးသွားကာ ရင်ထဲတွင် တိုက်ရိုက်ပင် ဒေါသတကြီး ကျိန်ဆဲတော့သည်။
ထိုသို့ ဒေါသတကြီး ကျိန်ဆဲပြီးနောက်တွင် သူမသည် ဟယ်ယွီကျူး၏ ကောင်းကွက်များကို အလိုအလျောက် သတိရသွားသည်။ အနည်းဆုံးတော့ ဟယ်ယွီကျူးသည် သူမကို ကူညီပေးလိမ့်မည်ဖြစ်ပြီး သူမကို အနစ်နာခံရအောင် လုပ်မည်မဟုတ်ချေ။
သို့သော် ယခုအခါ သူမသည် တကယ်ကို လမ်းပိတ်နေပြီ ဖြစ်သည်။ ခြံဝန်းတစ်ခုလုံးတွင် ရှားကျူး(အရူးကျူး) တစ်ယောက်တည်းသာ သူမကို ကူညီနိုင်ဖွယ် ရှိသည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သက်ပြင်းချလိုက်ပြီးနောက် သူမသည် ဟယ်ယွီကျူး၏ အိမ်သို့ ဦးတည်ကာ လျှောက်သွားလိုက်သည်။
ချင်ဟွိုင်ယွီ ထိုသို့ လျှောက်သွားနေချိန်တွင် ရှားကျူးသည် သူ၏ အိမ်ထဲတွင် စိတ်ညစ်ညစ်ဖြင့် အရက်သောက်နေခဲ့သည်။
သူ ဒီအရွယ်ရောက်သည်အထိ အခြားသူများကိုသာ ရိုက်နှက်ဖူးခဲ့ပြီး သူတစ်ပါး၏ ရိုက်နှက်မှုကို ခံရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်၊ ထို့အပြင် ရိုက်နှက်သူမှာ မိန်းမတစ်ယောက် ဖြစ်နေသေးသည်။
ဒီလောက် နာကျင်ခံစားရတဲ့ ခံစားချက်ကို ဘယ်သူကများ သည်းခံနိုင်မှာလဲ
သို့သော် ဤအမျိုးသမီးမှာ မိမိ မျက်စိကျနေသူ ဖြစ်နေပြန်သည်။
ဒီလောက် ဒေါသထွက်စရာကောင်းတဲ့ ကိစ္စကို ကြည့်စမ်းပါဦး
ပိုတွေးလေလေ ပိုဒေါသထွက်လေေလ၊ ပိုဒေါသထွက်လေလေ ပို၍ နာကျင်ခံစားရလေလေ ဖြစ်ကာ နောက်ဆုံးတွင် သူသည် နောက်ဆုံးလက်ကျန် အရက်တစ်ငုံကို မော့သောက်လိုက်ပြီး အဆက်မပြတ် ရေရွတ်နေမိတော့သည်။
"သေချင်းဆိုး"
"နောက်ဆိုရင် ချင်ဟွိုင်ယွီနဲ့ လုံးဝ အဆက်အသွယ် မလုပ်တော့ဘူး"
"ဒီမိန်းမက မျက်နှာပြောင်းတာ စာအုပ်လှန်တာထက်တောင် မြန်သေးတယ်"
"စားစရာ သုံးစရာတွေ ပေးတုန်းကတော့ ကိုကိုရှားကျူးတဲ့"
"အခု ပြဿနာနည်းနည်းလေး ပေါ်လာတာနဲ့ အမှားအမှန်ကိုတောင် မခွဲခြားဘဲ ငါ့ကို တိုက်ရိုက် ပါးရိုက်တယ်"
"ဒီလိုလူမျိုးနဲ့ လုံးဝ အဆက်အသွယ် မလုပ်သင့်ဘူး"
ဒေါသများကို ဖွင့်ချလိုက်ပြီးနောက် ဟယ်ယွီကျူးသည်လည်း အရက်မူးနေပြီဖြစ်ရာ အိပ်ရာဝင်ရန် ထရပ်လိုက်သည်။ သို့သော် ထိုအချိန်တွင်ပင် အိမ်တံခါးဝ၌ ချင်ဟွိုင်ယွီ၏ အရိပ်တစ်ခု ပေါ်လာခဲ့သည်။
ရှားကျူးသည် သူမကို မြင်တွေ့လိုက်သည်နှင့် ချက်ချင်းပင် ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။ထို့နောက် ခနဲ့တဲ့တဲ့ စကားများကို စတင်ပြောဆိုတော့သည်။
"အို ခင်ဗျား နေရာမှားလာပြီ ထင်တယ်"
"ဒီနေရာက ဟယ်မိသားစုအိမ်၊ ချန်မိသားစုအိမ် မဟုတ်သလို ခင်ဗျားတို့ ကျားမိသားစုအိမ်လည်း မဟုတ်ဘူး"
"ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
…
အခန်း (၃၆)
ဟယ်ယွီကျူးက ပြောပြီးသည်နှင့် တစ်ချိန်ထဲတွင်ပင် ချင်ဟွိုင်ယွီသည် မိမိရှေ့မှောက်ရှိ အမျိုးသားက ဒေါသထွက်နေကြောင်းကို သိရှိသွားသည်။
သို့သော် သူမသည် အနည်းငယ်မျှပင် စိုးရိမ်ထိတ်လန့်ခြင်းမရှိခဲ့ချေ။ အပြန်အလှန်အားဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဟယ်ယွီကျူးသည် ဒေါသထွက်လေလေ စိတ်လိုက်မာန်ပါ လုပ်ဆောင်ရန် ပိုမိုလွယ်ကူလေလေ ဖြစ်ကြောင်း သူမ သိရှိထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမသည် ဟယ်ယွီကျူး၏ ဘေးသို့ လျှောက်သွားကာ ခေါင်းငုံ့လျက် တောင်းပန်သော လေသံဖြင့် စတင်ပြောဆိုတော့သည်။
"ယွီကျူး စောစောက ငါ စိတ်လောသွားလို့ပါ၊ ပြီးတော့ ကျားတုန်းရွှီလည်း ဘေးမှာရှိနေတော့ သတိလက်လွတ်နဲ့ လက်ပါသွားတာပါ"
"နင် ဘာမှမဖြစ်ဘူးမလား"
ချင်ဟွိုင်ယွီက အမှားဝန်ခံသည်ကို ကြားလိုက်ရသောအခါ ဟယ်ယွီကျူး၏ ရင်ထဲတွင်လည်း ပျော့ပျောင်းသွားခဲ့ပြီး ဝမ်းဗိုက်ထဲရှိ ဒေါသများမှာ မျက်စိတစ်မှိတ်အတွင်း ထက်ဝက်ခန့် ပျောက်ကွယ်သွားခဲ့ရသည်။
သို့သော် မြောက်ပိုင်းမှ (ပေကျင်းသား)ယောက်ျားကောင်းတစ်ယောက် ဖြစ်ပါလျက် အမျိုးသမီးတစ်ဦး၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည်ဖြစ်ရာ တောင်းပန်စကား တစ်ခွန်းတည်းဖြင့် ပြီးဆုံးသွားရန်မှာ သဘာဝကျကျပင် မဖြစ်နိုင်ပေ။
"မင်း ဒီလို မပြောပါနဲ့၊ ငါ့ဘာသာငါ အသုံးမကျတာပါ၊ မင်းနဲ့ ဘာမှမဆိုင်ပါဘူး"
ခေါင်းမာနေသော ဟယ်ယွီကျူးကို ရင်ဆိုင်ရသောအခါ ချင်ဟွိုင်ယွီသည်လည်း မတတ်သာဘဲ အစွမ်းကုန် ကြိုးစားရတော့သည်။
ချက်ချင်းပင် သူမ၏ မျက်လုံးများ နီရဲလာကာ မျက်ရည်နှစ်ပေါက် စီးကျလာတော့သည်။ ဆက်တိုက်ဆိုသလိုပင် လွန်ခဲ့သော နှစ်များစွာအတွင်း သူမ ခံစားခဲ့ရသော နာကျင်မှုများကို စတင် ပြောပြတော့သည်။
ထိုနှစ်များအတွင်း ရှားကျူးတစ်ယောက်တည်းကသာ သူမကို စေတနာအစစ်အမှန်ဖြင့် ကူညီပေးခဲ့ကြောင်း၊ ထိုကျေးဇူးတရားကို သူမ ရင်ထဲတွင် အမြဲတစေ မှတ်သားထားခဲ့သကဲ့သို့ ပန့်ကန့်ကလည်း သူ၏ ရင်ထဲတွင် မှတ်သားထားမည်ဖြစ်ကြောင်း ပြောဆိုသည်။
သို့သော် ယခုအခါ ပန့်ကန့်က တစ်ခုခု ဖြစ်သွားခဲ့ရာ မိမိ ယုံကြည်အားထားရသော ရှားကျူးက ပန့်ကန့်ကို သေချာစွာ ဂရုမစိုက်နိုင်ခဲ့သဖြင့် ခဏတာမျှ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှားကျူးကို ရိုက်နှက်မိခြင်းမှာလည်း တစ်ဖက်လူနှင့် ဆက်ဆံရေးကောင်းမွန်သောကြောင့်သာ သတိမထားမိဘဲ စိတ်လိုက်မာန်ပါ လုပ်ဆောင်မိခြင်း ဖြစ်သည်။
ချင်ဟွိုင်ယွီ ငိုယိုကာ ရင်ဖွင့်ပြောဆိုနေသည်ကို ကြားလိုက်ရသောအခါ ရှားကျူး၏ ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားပြီး တခဏမျှ ဘာလုပ်ရမှန်း မသိဖြစ်သွားခဲ့ရသည်။
ထို့ကြောင့် စောစောက ဖြစ်ပေါ်ခဲ့သော ရည်မှန်းချက်ကြီးမားသည့် စိတ်ကူးများမှာလည်း အကုန်အစင် မေ့ပျောက်သွားခဲ့ပြီး အပြစ်ရှိသလို ခံစားချက်သာ ကျန်ရှိတော့သည်။
သို့သော် ပြောပြီးသား စကားမှာ ပက်ပြီးသား ရေကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ အပြစ်ရှိသလို ခံစားရုံမျှဖြင့် တစ်ဖက်လူကို ခွင့်လွှတ်ပေးလိုက်မည်ဆိုပါက နောင်တစ်ချိန်တွင် ဤကဲ့သို့သော ကိစ္စမျိုး ထပ်မံကြုံတွေ့ရပါက ချင်ဟွိုင်ယွီ၏ ဆွဲဆောင်ရာသို့ ထပ်မံပါသွားရဦးမည် ဖြစ်သည်။ထို့ကြောင့် ရှားကျူး၏ မျက်နှာထားသည် အနည်းငယ် ပြေလျော့သွားသော်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ဆက်လက် နှုတ်ဆိတ်နေခဲ့သည်။
ထိုအချိန်တွင် ချင်ဟွိုင်ယွီသည် ရှားကျူးက ဆက်လက်၍ မတုန်မလှုပ် ဖြစ်နေသည်ကို မြင်သောအခါ မတတ်သာဘဲ အစွမ်းကုန် ကြိုးစားရပြန်သည်။
သူမက စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းကို ဖြည်းညင်းစွာဖြင့် ရှားကျူး၏ ပုခုံးပေါ်သို့ မှီချလိုက်သည်။ ထိုအခါ ဟယ်ယွီကျူးသည် ယခင်က တစ်ခါမျှ မခံစားဖူးသော နူးညံ့မှုတစ်ခုကို ခံစားလိုက်ရပြီး နှာခေါင်းဝတွင်လည်း ယခင်က တစ်ခါမျှ မရှူရှိုက်ဖူးသော သင်းပျံ့သည့် ရနံ့တစ်ခုကို ရလိုက်သဖြင့် ချက်ချင်းပင် စိတ်ကူးယဉ် အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားတော့သည်။
ချင်ဟွိုင်ယွီက ဘာစကားမျှ မဆိုသော်လည်း ဤအပြုအမူက သူမ၏ စိတ်သဘောထားကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြနေခြင်း ဖြစ်သည်။ အကယ်၍ ကျားတုန်းရွှီသာ သေသွားပါက သူမသည် စောစောကတည်းကပင် သူတို့ ဟယ်မိသားစု၏ လူတစ်ယောက် ဖြစ်နေလောက်ပြီ ဖြစ်သည်။
ချင်ဟွိုင်ယွီသည် မိမိတို့ အိမ်သားဖြစ်နေပြီဖြစ်ရာ ပန့်ကန့်သည်လည်း မိမိ၏ သားပင် ဖြစ်သည်။
မိမိ၏ သားကြောင့် အနာဂတ် ဇနီးလောင်း၏ ပါးရိုက်ခြင်းကို ခံရသည်ဖြစ်ရာ ဟယ်ယွီကျူး၏ ရင်ထဲတွင် လက်ခံနိုင်သွားသည်။
"ကဲပါ ငါသိပါပြီ၊ မိန်းမသားတစ်ယောက်တည်းနဲ့ ဒီလောက်ကြီးတဲ့ မိသားစုကို ဦးဆောင်ရတာ မလွယ်ဘူး။ ဒါပေမဲ့ ငါ ပြောထားမယ်နော်၊ နောက်ဆိုရင် ထပ်မလုပ်နဲ့တော့"
ဟယ်ယွီကျူးက နူးညံ့စွာ ပြောဆိုလိုက်သည်။
ဟယ်ယွီကျူးက မိမိအား ခွင့်လွှတ်ပေးလိုက်သည်ကို မြင်သောအခါ ချင်ဟွိုင်ယွီက ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူ၏ ပုခုံးပေါ်မှ အလျင်အမြန် ခွာလိုက်သည်။
ယခုခေတ်ကာလတွင် အမျိုးသမီးများ ကွာရှင်းပြီးနောက် နောက်အိမ်ထောင်ပြုခြင်းကို တားမြစ်ထားခြင်း မရှိသော်လည်း အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးမှာ ရှေးရိုးစွဲဝါဒကသာ အဓိက လွှမ်းမိုးထားဆဲ ဖြစ်သည်၊ အထူးသဖြင့် ချင်ဟွိုင်ယွီမှာ ကွာရှင်းထားခြင်း မရှိသေးရာ အကယ်၍ အခြားသူများ မြင်တွေ့သွားပါက မကောင်းပေ။ဒါက သူမ၏ ဂုဏ်သိက္ခာအတွက် လုံးဝ မကောင်းမွန်သော ကိစ္စဖြစ်သည်။
သို့သော် မိမိ၏ ကလေးအတွက် ချင်ဟွိုင်ယွီသည် ထိုအန္တရာယ်ကို မတတ်သာဘဲ ရင်ဆိုင်ရတော့သည်။ ဤမျှလောက် အချိန်ယူ ပြင်ဆင်ပြီးနောက်မှသာ သူမသည် မိမိ၏ ရည်ရွယ်ချက်ကို စတင်၍ ဖြည်းညင်းစွာ ပြောပြတော့သည်။
ထိုအရာမှာ တစ်ဖက်လူအား ပန့်ကန့်အတွက် အပြစ်ကို တာဝန်ယူပေးစေလိုခြင်းပင် ဖြစ်သည်။
"ယွီကျူး ပန့်ကန့်က ချန်ကောဟွားလည်း နင့်လိုပဲ လူကောင်းတစ်ယောက်လို့ ထင်ပြီး နားမလည်ဘဲ သူ့အိမ်ထဲ ဝင်သွားမိတာပါ"
"ပြီးတော့ ဒီတစ်ခေါက်ကိစ္စကလည်း ဒီလောက် ကြီးသွားပြီ၊ တကယ်လို့ ချန်ကောဟွား ပြန်လာရင် သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး"
"အဲဒီအချိန်ကျရင် သူက လုံခြုံရေးတပ်ဖွဲ့က လူတွေကို ခေါ်ပြီး ပန့်ကန့်ကို ဖမ်းသွားရင် ငါ ဘယ်လိုလုပ်ရမလဲ"
ချင်ဟွိုင်ယွီ၏ မျက်လုံးများတွင် မျက်ရည်များ ထပ်မံရစ်ဝဲလာခဲ့ပြန်သည်။
သို့သော် သူမသည် စိတ်ထိခိုက်လွယ်သော လူတစ်ယောက် မဟုတ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် သူမသည် အလွန်တရာမှ ပါးနပ်လိမ္မာသော လူတစ်ယောက် ဖြစ်သည်။
သူမသည် ဟယ်ယွီကျူးအား တိုက်ရိုက် အကူအညီမတောင်းဘဲ အသေးစိတ် အချက်အလက်များကို အသုံးပြု၍ တစ်ဖက်လူကို သွယ်ဝိုက်သောနည်းဖြင့် အရိပ်အမြွက်ပြခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် သူမသည် ဟယ်ယွီကျူးအပေါ် နားလည်ထားမှုကို အခြေခံ၍ ဟယ်ယွီကျူးသည် ထိုနည်းလမ်းကို နှစ်သက်ကြောင်း သိရှိထားသည်။
ဟယ်ယွီကျူးသည် မျက်မှောင်ကြုတ်သွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။
"မင်း ပြောတာ အရမ်း မှန်တယ်၊ ချန်ကောဟွားဆိုတဲ့ လူက လှည့်စားဖို့ သိပ်မလွယ်ဘူး၊ ငါတို့ ဒီလိုလုပ်ရင် ကောင်းမယ် ထင်တယ်"
"တကယ်လို့ ခြံဝန်းအစည်းအဝေး လုပ်ရင် ငါက လူတိုင်းကို ပန့်ကန့်က ချန်မိသားစုအိမ်ထဲ ဝင်သွားတာ ငါခိုင်းလိုက်တာလို့ ပြောလိုက်မယ်၊ လူတွေက မယုံရင်တော့ ချန်ကောဟွား ငါးချက်တဲ့ နေရာမှာ ဘာဟင်းခတ်အမွှေးအကြိုင်တွေ သုံးထားလဲဆိုတာ လေ့လာချင်လို့လို့ ပြောလိုက်မယ်။ အဲဒါမှလည်း တတိယဦးလေးတို့ ငါးမျှားရာကနေ ပြန်လာတဲ့အချိန် ငါက အားလုံးအတွက် အရသာရှိတဲ့ ဟင်းလေးတွေ ချက်ကျွေးနိုင်မှာပေါ့၊ နောက်ပြီး ချန်ကောဟွားကလည်း အိမ်မှာမရှိ၊ ပန့်ကန့်ကလည်း နားမလည်တော့ ငါ့ရဲ့ ဆိုလိုရင်းကို အထင်လွဲသွားပြီး ငါးတစ်အိုးလုံးကို ယူလာချင်သွားတာ၊ ကိစ္စက ဒီလောက်အထိ ဖြစ်သွားမယ်လို့ ငါမထင်ထားခဲ့ဘူးလို့ ပြောလိုက်မယ်"
"ဒီလို ပြောလိုက်ရင် လူတိုင်းလည်း လက်ခံနိုင်မှာပါ၊ အဲဒီအချိန်ကျရင် ချန်ကောဟွားက ပန့်ကန့်ကို တရားစွဲချင်ရင်တောင် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး"
ကြည့်စမ်း
ဒီစကားကို ပြောဆိုပုံအရ ရှားကျူးက တကယ်ပဲ တုံးအရဲ့လား…..
စကားတစ်ခွန်းတည်းဖြင့် အရေးကြီးသည်ကို ရှောင်လွှဲကာ အသေးအဖွဲကိုသာ ပြောဆိုလျက် ပန့်ကန့်အတွက် အပြစ်ကင်းလွတ်ခွင့် ရအောင် လုပ်ပေးရုံသာမက မိမိ၏ အန္တရာယ်ကိုလည်း အနည်းဆုံး ဖြစ်အောင် လျှော့ချလိုက်သည်။
မည်သို့ပင်ဆိုစေ ပန့်ကန့်က ဆိုလိုရင်းကို နားလည်မှု လွဲမှားသွားခြင်းသာ ဖြစ်ပြီး သူတို့တွင် ခိုးယူလိုသော မကောင်းသည့် ရည်ရွယ်ချက် မရှိခဲ့ချေ။ အထူးသဖြင့် သူ၏ စကားထဲမှ ငှားရမ်းသည်ဟူသော စကားလုံးပင် ဖြစ်သည်။
အခြားသူများကို ပို၍ပင် ဘာမှ မတတ်နိုင်ဖြစ်သွားစေနိုင်သည်။ မည်သို့ပင်ဆိုစေ ကိုယ်တိုင် အိမ်မှာမရှိသည့်အချိန်တွင် အခြားသူက ပစ္စည်းကို ငှားရမ်း၍ တစ်ချက်ကြည့်ရှုလိုခြင်းသာ ဖြစ်ရာ လူကြီးတစ်ယောက်အနေဖြင့် ဤမျှလောက် တောင်းဆိုမှုကိုပင် ခွင့်မပြုနိုင်စရာ မရှိချေ။
နောက်ဆုံးတွင် ပြဿနာတက်၍ လုံခြုံရေးတပ်ဖွဲ့ ရောက်လာလျှင်တောင်မှ ရှင်းလင်းအောင် ပြောဆိုရန် အလွန် ခက်ခဲပေလိမ့်မည်။
ရှင်းလင်းအောင် ပြောဆို၍မရသရွေ့ဟယ်ယွီကျူးနှင့် ပန့်ကန့်တို့ နှစ်ဦးစလုံးကို အပြစ်ပေး၍ ရနိုင်မည် မဟုတ်ပေ။
ဤအချက်ကို သဘောပေါက်သွားပြီးနောက် ဟယ်ယွီကျူးသည်လည်း စကားများများ မပြောတော့ဘဲ ဦးလေးကြီးရီကို တိုက်ရိုက် သွားရှာကာ သူနှင့် ပူးပေါင်း၍ ဤပြဇာတ်ကို ကောင်းမွန်စွာ ကပြရန် ရည်ရွယ်လိုက်သည်။
ချင်ဟွိုင်ယွီသည် ဟယ်ယွီကျူး၏ အစီအစဉ်ကို ကြားပြီးနောက် ရင်ထဲတွင် သက်ပြင်းရှည်ကြီး တစ်ချက် ချသွားနိုင်ခဲ့သည်။
ထို့နောက် ပန့်ကန့်ကို ကြည့်ရန် ဆေးရုံသို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် မထွက်ခွာမီ ခွဲစိတ်မှုအတွက် ငွေလိုသေးကြောင်း သတိရသွားသဖြင့် သူမသည် ရှားကျူးကို သနားစဖွယ် အကြည့်ဖြင့် ထပ်မံ ကြည့်လိုက်ပြန်ရာ နောက်ဆုံးတွင် ယွမ်နှစ်ဆယ် ချေးငှားနိုင်ခဲ့ပြီးနောက်မှသာ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
ငွေချေးငှားခြင်းအတွက် ရှားကျူးသည်လည်း ရက်ရက်ရောရောပင် ထုတ်ပေးခဲ့သည်။
ဤအချိန်တွင် သူသည် ချင်ဟွိုင်ယွီ၏ ပါးရိုက်ခံရခြင်း၊ ပန့်ကန့်အတွက် အပြစ်ကို တာဝန်ယူပေးရခြင်းနှင့် ယွမ်နှစ်ဆယ် ရှုံးနိမ့်သွားခြင်းတို့ကြောင့် အားမလိုအားမရ ဖြစ်ခြင်းမျိုး လုံးဝ မရှိကြောင်း သိသာသည်။ အပြန်အလှန်အားဖြင့် ထူးခြားသော ပျော်ရွှင်မှုတစ်မျိုးကိုပင် ခံစားနေရသေးသည်။
ကာမဂုဏ်ဆိုသည်မှာ ဦးခေါင်းထက်ရှိ ဓားတစ်လက်ပင် ဖြစ်သည်ဟူသော စကား၏ အဓိပ္ပာယ်ကို သဘာဝကျကျပင် မသိရှိခဲ့ချေ။
သို့သော်လည်း နောက်လာမည့် နေ့ရက်များတွင် သူသည် မိမိ၏ လက်ကျန်ဘဝ နေ့ရက်တစ်လျှောက်လုံး ယနေ့ ပြုလုပ်ခဲ့သော မှားယွင်းသည့် ဆုံးဖြတ်ချက်အတွက် တန်ဖိုးပေးဆပ်ရတော့မည် ဖြစ်သည်။
…