အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း (၁၁၅) ကျင့်ကြံခြင်းအဆင့် တက်လှမ်းခြင်း၊ မျက်စိကန်း သူများ
ကျောက်လင်းအာက ချန်ကျီအတွက် သီချင်း လေးများကို ဆိုပြနေသည်။
ရုတ်တရက် ချန်ကျီက စိတ်ဝိညာဉ်ထဲ၌ သိမ့်ခနဲ တုန်လှုပ်သွားမှုကို ခံစားလိုက်ရသည်။
သီချင်း ဆိုနေသော ကျောက်လင်းအာသည်လည်း ဆိုလက်စကို ရပ်လိုက်ပြီး ပြောလိုက်သည်။ "သခင်... သခင့်ရဲ့ ကျင့်ကြံခြင်းအဆင့် ထပ်ပြီး တက်လှမ်းသွားပြန်ပြီ"
ချန်ကျီက ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ဆက်ဆိုပါ"
"ဟုတ်ကဲ့ပါ သခင်"
ကျောက်လင်းအာက သီချင်း ကို ဆက် သီဆိုနေပြီး ချန်ကျီကမူ စိတ်ကူးလှုပ်ရှားလိုက်ရုံဖြင့် အချက်အလက်မျက်နှာပြင် က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
သူက အချက်အလက်မျက်နှာပြင် ပေါ်ရှိ ကျင့်ကြံခြင်းအဆင့် ကဏ္ဍကို အနည်းငယ်မျှသာ လှမ်းကြည့်လိုက်ရာ ယခုအခါတွင် 'အုတ်မြစ်ချခြင်းအဆင့် အဆင့် ၈' ဟု ပြသနေသည်ကို တွေ့ရသဖြင့် ထိုအရာကို ဆက်၍ အာရုံမစိုက်တော့ပေ။
ကျင့်ကြံခြင်းအဆင့် တက်လှမ်းသွားသော်လည်း ချန်ကျီက ဒန်တျန် အတွင်းရှိ ဝိညာဉ်စွမ်းအားများမှ ပြောင်းလဲလာသော ဝိညာဉ်အရည်များ ပိုမိုများပြားလာပြီး ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ ပိုမိုပြည့်ဝလာသည်ဟု ခံစားရရုံမျှသာ ရှိပြီး တခြား ထူးထူးခြားခြား ခံစားချက်မျိုး သိပ်မရှိပေ။
သူက ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့် ရုတ်တရက် တက်လှမ်းသွားသည့် ခံစားချက်မျိုးကို ကျင့်သားရနေပြီ ဖြစ်သည်။
ချန်ကျီက ကျောက်လင်းအာ၏ သီချင်း ဆိုသံကို မိုးချုပ်ခါနီးအထိ ဆက်လက် နားထောင်နေပြီးမှ ကျောက်လင်းအာကို သွားချက်ခိုင်းလိုက်သည်။
ထမင်းစားသောက်ပြီးချိန်တွင် ကောင်းကင်ကြီးက လုံးဝ မှောင်အတိ ကျသွားခဲ့လေပြီ။
"ကုန်စုံဆိုင်ဘက်ကတော့ ဆိုင်ပိတ်လောက်ပြီ၊ ဒီနေ့ ဝင်ငွေ ဘယ်လောက်ရှိလဲ သွားကြည့်ရအောင်၊ အခု အနန္တနေရာလွတ် ထဲမှာ ရှောင်ဖျင်နဲ့ ရှောင်အန်းတို့ စီမံခန့်ခွဲနေပြီဆိုတော့ အရင်လို ရှုပ်မနေတော့လောက်ဘူး"
ထိုသို့ တွေးမိသည်နှင့် ချန်ကျီက အနန္တနေရာလွတ် ထဲသို့ အသိစိတ် စတင် ဝင်လိုက်သည်။
ထိုအချိန်တွင် ချန်ကျီ၏ ဦးနှောက်ထဲသို့ သတင်းအချက်အလက် တစ်ခု ရုတ်တရက် ရောက်ရှိလာခဲ့သည်။
"အရိပ်မဲ့အစီအရင် ကို လေ့လာ လို့ ပြီးသွားပြီလား၊ ခဏနေကျရင် အနန္တဆိုင်ကနေ အစီအရင် ခင်းကျင်းဖို့ အလံအချို့ သွားလဲရမယ်"
ချန်ကျီ အနန္တနေရာလွတ် ထဲသို့ ရောက်သွားသည့်အခါ နေရာလွတ် ကြီးတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။ အရင်ကလို ရှုပ်ပွမနေတော့ဘဲ နေရာလွတ် ထဲသို့ သိမ်းဆည်းထားသော ပစ္စည်းအားလုံးကို သေသေချာချာ ကဏ္ဍအလိုက် အမျိုးအစားခွဲ၍ အစီအစဉ်တကျ ထားရှိထားသည်။
"သခင်..."
ချန်ကျီက အနန္တနေရာလွတ် ၏ ပြောင်းလဲမှုများကို ကြည့်နေစဉ် သူ့၏ ကိုယ်ပွား များဖြစ်သော ရှောင်ဖျင်နှင့် ရှောင်အန်းတို့က သူ့ရှေ့သို့ ရောက်လာပြီး အရိုအသေပေး ကြသည်။
"အင်း... သေသေချာချာလေး စီစဉ်ထားတာပဲ၊ ဟိုဘက်က အကန့် အလိုက် ခွဲထားတဲ့ နေရာတွေက ဘာကို ဆိုလိုတာလဲ"
"သခင်... ဟိုဘက်က အကန့် တွေက ဘယ်ကိုယ်ပွား က ဘယ်ပစ္စည်းတွေကို နေရာလွတ် ထဲ ထည့်လိုက်လဲဆိုတာကို ခွဲခြားသိနိုင်ဖို့ပါ၊ ဒါမှ ကျွန်တော်တို့ဘက်က စာရင်းမှတ်ရလွယ်မှာပါ"
"ပြီးတော့ ကျွန်တော်တို့က ကိုယ်ပွား တွေ ယူလာတဲ့ ပစ္စည်းအမျိုးမျိုးကို အမျိုးအစား ထပ်ခွဲပြီးတော့ အဲ့ဒီပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ နေရာ တွေဆီ ရွှေ့ပြောင်းပေးထားပါတယ်"
"ဒါဆိုရင် သခင်နဲ့ ကိုယ်ပွား တွေ အနန္တနေရာလွတ် ထဲကနေ ပစ္စည်းယူတဲ့အခါ ပိုပြီး အဆင်ပြေသွားမှာပါ၊ ဘာလိုလဲဆိုတာနဲ့ သက်ဆိုင်တဲ့ နေရာ ဆီ သွားယူရုံပါပဲ"
"သခင်... ဟိုဘက်က အကန့် ကတော့ သခင့်အတွက် သီးသန့် ပြင်ဆင်ပေးထားတာပါ"
ရှောင်ဖျင်က ပြောပြီးနောက် ထိုအကန့် ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ထိုအကန့် တွင် ကိုယ်ပွား များ အသုံးပြုသည့် နေရာထက် နှစ်ဆ သုံးဆခန့် ပိုမိုကျယ်ဝန်းသော နေရာတစ်ခုကို သီးသန့် ပြင်ဆင်ထားသည်။
"အင်း... တော်ကြတယ်၊ သေသေချာချာလေး ခွဲခြားထားတာပဲ"
ချန်ကျီက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ရှောင်ဖျင်နှင့် ရှောင်အန်းတို့ ဤမျှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကို တွေ့ရသဖြင့် နောင်တွင် အနန္တနေရာလွတ် ကို သူတို့လက်ထဲသို့ စိတ်ချလက်ချ အပ်နှံထားနိုင်ပေတော့မည်။
"သခင်... ဝိညာဉ်စိုက်ခင်းထဲက ကျောက် စိမ်းကြာပန်း တွေက မျိုးစေ့အသစ်တွေ ထွက်လာလို့ ကျွန်တော်တို့ မျိုးစေ့အသစ်တွေကို ထပ်ပြီး စိုက်ပျိုးပေးထားပါတယ်"
ချန်ကျီက ဝိညာဉ်စိုက်ခင်းဘက်သို့ လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဝိညာဉ်စိုက်ခင်းဘက်ကိုလည်း နောက်ဆို မင်းတို့ပဲ တာဝန်ယူလိုက်တော့၊ အချိန်မှန် စိုက်ပျိုးပြီး ရိတ်သိမ်းရုံပဲ"
"ဟုတ်ကဲ့ပါ"
"ကုန်စုံဆိုင်ဘက်က ဝင်ငွေစာရင်း ထွက်ပြီလား"
"ရှန်းဝမ်စန်း လာသွားပြီးပါပြီ သခင်၊ ဒါက စာရင်းစာအုပ်ပါ"
"အင်း..."
ချန်ကျီက ရှောင်အန်း ကမ်းပေးလာသော စာရင်းစာအုပ်ကို ယူ၍ အကြမ်းဖျင်း ကြည့်လိုက်သည်။ အနန္တနေရာလွတ် ထဲတွင် ရှောင်ဖျင်နှင့် ရှောင်အန်းတို့က အချိန်ပြည့် စီစဉ်ပေးနေသဖြင့် စာရင်းစာအုပ်ပေါ်ရှိ ပစ္စည်းမှတ်တမ်းများမှာ ပိုမိုအသေးစိတ်ကျလာသည်။
"ဒီနေ့ ဝယ်ယူရရှိတဲ့ ကုန်ကြမ်းတွေကနေ အမှတ် ၁၀၀၀၀ ရပြီး ရောင်းချရတဲ့ ပစ္စည်းတွေကနေ ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ အမြတ် ရတာလား၊ ဘာလို့ မနေ့ကထက် ပိုများနေရတာလဲ"
"သခင်... ရှန်းဝမ်စန်း လာတုန်းက ပြောသွားတာကတော့ ဒီနေ့ ကုန်စုံဆိုင်ကို လာတဲ့ အဓိက ဧည့်သည်တော် တွေက မိသားစုကြီးတွေက သားသမီးတွေ ဖြစ်လို့ပါတဲ့၊ ဒီနေ့ အုတ်မြစ်ချဆေးလုံး အချို့လည်း ရောင်းချခဲ့ရပါတယ်"
"အော်... ဒါဆိုလည်း မဆန်းပါဘူး၊ ဒီမိသားစုကြီးတွေက သားသမီးတွေလက်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ တော်တော်များတာကိုး"
ချန်ကျီက ပြောပြီးနောက် ရှောင်ဖျင်နှင့် ရှောင်အန်းတို့ကို သူတို့အလုပ် သူတို့ ဆက်လုပ်ရန် လွှတ်လိုက်သည်။
သူကိုယ်တိုင်မူ အစီအရင် လေ့လာ ခန်းသို့ သွားကာ အကာအကွယ် အစီအရင် ၏ အစီအရင်ပုံကြမ်း ကို ပံုရိပ်ယောင်ထံသို့ ကမ်းပေးလိုက်သည်။
"စတုတ္ထအဆင့် အစီအရင် ၊ လိပ်နက် အစီအရင် ကို လေ့လာ ရန် ၂၄ နာရီ ကြာမြင့်မည်ဖြစ်ပြီး အမှတ် ၂၄၀၀ ကုန်ကျမည် ဖြစ်သည်။သဘောတူ ပါသလား"
"သဘောတူ တယ်"
ထို့နောက် ချန်ကျီက အနန္တ ဆိုင်ထဲသို့ ထပ်မံဝင်ရောက်ကာ ယနေ့ သံနက်ရိုင်းနှင့် ကုန်စုံဆိုင်မှ ဝယ်ယူရရှိထားသော ကုန်ကြမ်းအားလုံးကို စနစ်ထံ ပြန်လည်ရောင်းချ လိုက်သည်။
ကျောက်ယွမ် သယ်ဆောင်လာခဲ့သည့် ကုန်ကြမ်းအချို့ကိုလည်း ရှောင်ဖျင်နှင့် ရှောင်အန်းတို့က စီစဉ်ပေးထားသဖြင့် ချန်ကျီက ထိုအရာများကိုပါ ဝတ်ရုံစိမ်းဝတ် အမျိုးသမီးထံ အားလုံး အပ်နှံ၍ ပြန်လည်ရောင်းချလိုက်သည်။
နောက်ဆုံးတွင် စုစုပေါင်း အမှတ် ၅၇၆၀၀ ရရှိခဲ့သည်။
"ကုန်စုံဆိုင်က ပစ္စည်းရောင်းရတဲ့ ဝိညာဉ်ကျောက်တုံး အမြတ် နဲ့ပါ ပေါင်းလိုက်ရင် ဒီနေ့ ဝင်ငွေက တစ်သိန်းကျော်သွားပြီပဲ"
"တကယ်တော့ အမှတ် တစ်သန်း ရှာရတာလည်း မခက်ပါဘူး"
ချန်ကျီက ခဏမျှ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေပြီးနောက် ကိုယ်ပွား ၁၀ ဉီးနှင့် ကောင်းကင်ဝိညာဉ်ပေါက်တူး ၁၀ လက် ကို ထပ်မံလဲလှယ်လိုက်ရာ စုစုပေါင်း အမှတ် ၆၀၅၀၀ နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၉၀၀ ကုန်ကျသွားခဲ့သည်။
အမှတ်များမှာ လုံးဝ ကုန်သွားပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်မျှသာ ကျန်ရှိတော့သည်။
ကိုယ်ပွား များ အားလုံး ပုံပေါ် လာပြီးနောက် ချန်ကျီက သူတို့အားလုံးကို သံနက်မိုင်းတွင်းသို့ သွားရန် စီစဉ်ပေးလိုက်သည်။
သံနက်မိုင်းတွင်းရှိ အခြေအနေကို ချန်ကျီ သွားကြည့်ပြီးဖြစ်ရာ သံနက်မိုင်းတွင်းမှာ မကြာမီ တူးဖော်ပြီးစီးတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ အမြန်နှုန်း ကို ပိုမိုမြှင့်တင်ပြီး သံနက်မိုင်းတွင်းကို အမြန်ဆုံး အကုန်တူးဖော်လိုက်ခြင်းက ပိုကောင်းပေမည်။
ကိုယ်ပွား များအတွက် နောက်ထပ် အစီအစဉ်များကို သူ စဉ်းစားထားပြီးဖြစ်ရာ ဤသံနက်မိုင်းတွင်း တူးဖော်ပြီးစီးသည်နှင့် စတင် အကောင်အထည်ဖော်နိုင်တော့မည် ဖြစ်သည်။
ထို့နောက် ချန်ကျီက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်း အသုံးပြု၍ ကျင့်ကြံခြင်း အရင်းအမြစ် အစုတစ်ခုကို ထပ်မံလဲလှယ်လိုက်သည်။
အသစ်လဲလှယ်လိုက်သော ကျင့်ကြံခြင်း အရင်းအမြစ်များမှာ အနန္တနေရာလွတ် ထဲတွင် ပေါ်လာခဲ့ပြီး ရှောင်ဖျင်နှင့် ရှောင်အန်းတို့က စာရင်းစစ်ဆေးကာ အမျိုးအစား ခွဲခြားနေကြသည်။
"ဒီဝိညာဉ်ကျောက်တုံး သုံးသောင်းဖိုး ကျင့်ကြံခြင်း အရင်းအမြစ်တွေဆိုရင် ကုန်စုံဆိုင်မှာ ရောင်းဖို့ လောက်ငမှာပါ၊ ထူးခြားတဲ့ တောင်းဆိုမှုမျိုးရှိတဲ့ ဧည့်သည်တော် တွေနဲ့ မတွေ့သရွေ့တော့ လောလောဆယ် တခြားပစ္စည်းတွေ ထပ်လဲစရာ မလိုသေးဘူး"
ချန်ကျီ ထိုသို့ စဉ်းစားနေစဉ် တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် "ဒါနဲ့... လျိုထိုင် လိုချင်တဲ့ ရွှေအူတိုင် အဆင့်တက်ဆေးလုံး နဲ့ မှော်လက်နက်ကို မလဲရသေးဘူးပဲ၊ ယဲ့ကျန်ထျန်း ရဲ့ မှော်လက်နက်ကိုပါ တစ်ခါတည်း လဲလိုက်တော့မယ်"
ထို့နောက် ချန်ကျီက ဝတ်ရုံစိမ်းဝတ် အမျိုးသမီးထံသို့ သွားကာ ရွှေအူတိုင် အဆင့်တက်ဆေးလုံး တစ်လုံးနှင့် ဆန်းကြယ် အဆင့် အဆင့်မြင့် မှော်လက်နက် နှစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၆၀၀ အသုံးပြု၍ လဲလှယ်လိုက်သည်။
ထို့အပြင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ အသုံးပြု၍ အစီအရင် အလံအချို့ကိုလည်း လဲလှယ်လိုက်သေးသည်။
"ဒါဆိုရင် အဆင်ပြေသွားပြီ၊ ပြန်ပြီး ကောင်းကောင်း အနားယူလို့ ရပြီ"
ချန်ကျီက သူတွင် လိုအပ်ချက်များ ကျန်ခဲ့ခြင်း မရှိတော့ကြောင်း အတည်ပြုပြီးနောက် အသိစိတ်ကို အနန္တနေရာလွတ် ထဲမှ ပြန်ထွက် လိုက်သည်။
ချန်ကျီ၏ အသိစိတ် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာပြီးနောက် သူသည် ခုနက ဝယ်ယူခဲ့သော အစီအရင် အလံအားလုံးနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာကို လှမ်းထုတ်လိုက်သည်။
"ဒီဝိညာဉ်ကျောက်တုံးတွေဆိုရင် အစီအရင် ရဲ့ ကုန်ဆုံးမှုကို အချိန်အတန်ကြာ ထိန်းထားနိုင်လောက်မှာပါ"
အစီအရင် လေ့လာ ခန်းတွင် လေ့လာ ပြီးစီးသွားသော အစီအရင် များကို ချန်ကျီ အသုံးပြုသည့်အခါ တစ်ခဏအတွင်း အစီအရင် ခင်းကျင်းနိုင်သော်လည်း ခင်းကျင်းပြီးနောက်တွင်လည်း အစီအရင် ကို ထိန်းသိမ်းရန်အတွက် ဝိညာဉ်စွမ်းအားများ ကုန်ဆုံးရန် လိုအပ်ပေသည်။
ယခုအခါတွင် ဝိညာဉ်စွမ်းအားကို အဆက်မပြတ် ပံ့ပိုးပေးနိုင်မယ့် ရတနာမျိုး မရှိသေးသဖြင့် ဝိညာဉ်ကျောက်တုံးများကိုသာ အစားထိုး အသုံးပြုရမည် ဖြစ်သည်။
ချန်ကျီက တွေး လိုက်ရာ အစီအရင် လေ့လာခန်းတွင် ခုနကတင် လေ့လာ ပြီးစီးသွားသော အရိပ်မဲ့ အစီအရင်က သူ၏ စိတ်ဆန္ဒအတိုင်း တစ်ခဏအတွင်း အောင်မြင်စွာ ခင်းကျင်းပြီးစီးသွားခဲ့သည်။
အစီအရင် အလံ အရေအတွက် တစ်ဒါဇင် ခန့်မှာ အလိုအလျောက် ပျံတက်သွားပြီး အရိပ်မဲ့ အစီအရင် လိုအပ် သော တည်နေရာအမှတ်များအတိုင်း အလိုအလျောက် ပျံသန်းသွားကြကာ ဝိညာဉ်ကျောက်တုံး တစ်ရာသည်လည်း အစီအရင် မျက်စိ တည်ရှိရာ နေရာသို့ ပျံသန်းသွားကြသည်။
"တောက် ... ဒီဝိညာဉ်ကျောက်တုံး တစ်ရာတောင် မလောက်ဘူးလား" ချန်ကျီ ဝေခွဲမရ ဖြစ်သွားသည်။ စတုတ္ထအဆင့် အစီအရင် ကို ထိန်းသိမ်းရန် ကုန်ကျမည့် ဝိညာဉ်ကျောက်တုံး ပမာဏမှာ သူထင်ထားသည်ထက် များပြားနေသည်။
"ထားလိုက်ပါတော့... ဒါတွေက ကိုယ့်အတွက်ပဲဥစ္စာ" ချန်ကျီက သွားကို တင်းကြပ်စွာ ခဲလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နောက်ထပ် တစ်ရာကို အစီအရင် မျက်စိ တည်ရှိရာ နေရာသို့ ထပ်မံ ပျံသန်းစေလိုက်သည်။
"တော်သေးတာပေါ့"
အစီအရင် အောင်မြင်သွားပြီ ဖြစ်သည်။
"ဒီလိုနဲ့ အောင်မြင်သွားတာလား"
ချန်ကျီက အရိပ်မဲ့ အစီအရင် ခင်းကျင်းပြီးစီးသွားပြီးနောက် အိမ်တော်တစ်ခုလုံးတွင် ဘာမှ ပြောင်းလဲသွားခြင်း မရှိဟု ခံစားရသော်လည်း သူ၏ စိတ်ထဲတွင်မူ အစီအရင် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီဟု ခံစားလိုက်ရကာ သူ၏ စိတ်ဆန္ဒအတိုင်း အရိပ်မဲ့ အစီအရင် ကို စတင် လှုပ်ရှားစေနိုင်သည်။
"စတင်စေ" ချန်ကျီက စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်သည်။
ယခုအခါ ချန်ကျီ၏ အိမ်တော် အပြင်ဘက်မှနေ၍ အတွင်းသို့ လှမ်းကြည့်လျှင် အိမ်တော်အတွင်း၌ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်မတတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါစေဦး၊ အပြင်ဘက်က ကြည့်လျှင်မူ ဘာမှ မဖြစ်ပျက်ခဲ့သလိုမျိုးသာ မြင်တွေ့ရမည် ဖြစ်သည်။
ချန်ကျီက စိတ်နှစ်၍ ခံစားကြည့်လိုက်ပြီး "မဆိုးဘူးပဲ၊ နည်းနည်းတော့ စျေး ကြီးတာပေါ့၊ ထားလိုက်ပါတော့... အိပ်တာပဲ ကောင်းပါတယ်၊ အိမ်မက်ထဲမှာတော့ အားလုံး ရှိတာပဲ"
တာ့ချန်အင်ပါယာ နယ်စပ်
ကျောက်ယွမ်က အနန္တနေရာလွတ် ထဲတွင် ကျင့်ကြံခြင်း အရင်းအမြစ် အချို့ကို လဲလှယ်ပြီးနောက် မြေပုံပေါ်တွင် မှတ်သားထားသော တည်နေရာအတိုင်း အနီးဆုံး ဖြစ်သည့် မြို့တစ်မြို့ဆီသို့ ဆက်လက် ထွက်ခွာခဲ့သည်။
တခြားကြောင့် မဟုတ်ဘဲ ဗဟုသုတ သွားရောက် လေ့လာ ရန် ဖြစ်ပြီး အနည်းဆုံးတော့ ပြန်ရောက်သည့်အခါ ဝမ်ကျီဂိုဏ်း က လူတွေကို ပြောစရာ စကား ရှိတာပေါ့။
သို့သော်လည်း သူ့နှင့် အနီးဆုံး ဖြစ်သည့် ဤမြို့ထဲတွင် ကျောက်ယွမ်က ထူးထူးခြားခြား ဘာမှ မတွေ့ရှိခဲ့ပေ။
ဤမြို့၏ အမည်မှာ လန်ရှီမြို့ ဖြစ်ပြီး မဟာချန်အင်ပါယာ၏ တောင်ဘက်နယ်စပ်တွင် တည်ရှိကာ သူ့နှင့် အနီးဆုံး ဖြစ်သည့် မြို့ငယ်လေး တစ်မြို့ ဖြစ်သည်။
လန်ရှီမြို့၏ အရွယ်အစားမှာ ဝမ်နန်မြို့နှင့် အတော်ပင် တူညီသည်။
သို့သော်လည်း ကျောက်ယွမ် လန်ရှီမြို့ထဲသို့ ဝင်ရောက်သွားသည့် အချိန်မှစ၍ မြို့တစ်ခုလုံးတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ လွှမ်းမိုးနေသည်ကို ခံစားလိုက်ရသည်။
ကျောက်ယွမ် ကဲ့သို့သော အပြင်လူတစ်ယောက် ဤမြို့ထဲသို့ ဝင်ရောက်လာသည့် အခါတွင် လူအများအပြား၏ သတိထားကြည့်သည့် အကြည့်များကို ခံခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ကျောက်ယွမ်က လူအတော်များများ၏ ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးခြင်း ကိုလည်း ခံစားလိုက်ရသည်။
တော်သေးသည်မှာ ကျောက်ယွမ်က နယ်စပ်သို့ ရောက်ရှိလာသည့် အချိန်မှစ၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ခါမျှ ဖုံးကွယ်ထားခြင်း မရှိပေ။
ယခုအခါ အုတ်မြစ်ချခြင်းအဆင့် အဆင့် ၈ ရှိနေသော ကျင့်ကြံခြင်းအဆင့်ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေး နိုင်သော လူများပင်လျှင် ကျောက်ယွမ်အပေါ် ရှိခဲ့ဖူးသော မကောင်းသည့် စိတ်ကူး အားလုံးကို ဖျက်သိမ်းလိုက်ကြသည်။
ကျောက်ယွမ်၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေး ၍ မရသော လူများမှာမူ ပထမအကြိမ် စမ်းသပ်ကြည့်ပြီးနောက်တွင် ထပ်မံ၍ မရိုးမရွ မလုပ်ရဲကြတော့ပေ။
သူ့ကို စစ်ဆေး နေသော ဤဝိညာဉ်စွမ်းအားများအပေါ် ကျောက်ယွမ်က အားလုံးကို ရိပ်မိသော်လည်း သူကတော့ ဂရုမစိုက်ပေ။ ကျင့်ကြံခြင်းအဆင့်ကို ပေါ်တင်ပြသထားခြင်းမှာ မလိုအပ်ဘဲ ပြဿနာ တက်လာမည့် ကိစ္စများကို ရှောင်ရှားရန်အတွက်သာ ဖြစ်သည်။
သူသည်လည်း ထိုလူများကို သွား အဖက်လုပ်မနေချင်ဘဲ ဤလူများက လာ မရှုပ်သရွေ့တော့ အဆင်ပြေသည်။
လန်ရှီမြို့ထဲတွင် တစ်ပတ်ပတ်ကြည့်ပြီးနောက် ကျောက်ယွမ်သည်လည်း ဘာမှ စိတ်ဝင်စားစရာ မရှိဟု ခံစားရသဖြင့် ထပ်မံ၍ မနားတော့ပေ။
သူက လန်ရှီမြို့မှ ထွက်ခွာပြီးနောက် ဓားပျံကို အရှိန်မြှင့်တင်ကာ ဝမ်ကျီဂိုဏ်း ရှာဖွေထားသော အခြေစိုက်စခန်းသစ် တည်ရှိရာ နေရာသို့ အမြန်ဆုံး ပျံသန်းသွားခဲ့သည်။
"ဟမ့်... တကယ်ပဲ မျက်စိကန်းတဲ့ လူအချို့ ရှိနေတာပဲ၊ နယ်စပ်ဒေသကတော့ တကယ်ကို ရှုပ် တာပဲ"
အခန်း (၁၁၆) ပေါက်တူး စစ်တပ်
"ဟဲဟဲ... အုတ်မြစ်ချခြင်းအဆင့် အဆင့် ၉ တစ်ယောက်၊ အုတ်မြစ်ချခြင်းအဆင့် အဆင့် ၇ သုံးယောက်၊ အားလုံးက အုတ်မြစ်ချခြင်းအဆင့် နှောင်းပိုင်းတွေချည်းပဲ၊ ဒါပေမဲ့... ဒီလူတွေပဲ ရှိတာလား"
ဓားပျံစီးနင်း၍ ပျံသန်းနေသော ကျောက်ယွမ်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ရေရွတ်ရင်း ဓားပျံစီးနင်းသည့် အမြန်နှုန်း ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။
ထို့နောက် ဖြည်းညှင်းစွာ အောက်သို့ ဆင်းသက်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
"ဒီလူတွေကို ဝမ်ကျီဂိုဏ်း အခြေစိုက်စခန်း ရှိတဲ့ဘက်ကို ခေါ်သွားလို့ မဖြစ်ဘူး၊ အပြင်မှာပဲ ရှင်းပစ်ရမယ်"
ဝမ်ကျီဂိုဏ်းထဲတွင် ယခုအခါ ကျောက်ယွမ်မှလွဲ၍ ကျန်ရှိသော လူအားလုံးမှာ ချီသန့်စင် ခြင်းအဆင့် များသာ ဖြစ်ကြသဖြင့် ထိုဘက်သို့ ခေါ်သွားလျှင်လည်း ဝမ်ကျီဂိုဏ်းသားများအတွက် ဘာမှ အသုံးဝင်မည် မဟုတ်ပေ။
ထို့အပြင် ဤလူများကို ရှင်းလင်းပြီးနောက် အခြားသူများက ဝမ်ကျီဂိုဏ်း၏ အခြေစိုက်စခန်းသစ်ကို ရိပ်မိသွားနိုင်သည်။
ယခုအချိန်တွင် ဝမ်ကျီဂိုဏ်းက အပြင်လူများနှင့် ရန်သူမဖြစ်သင့်သေးဘဲ အချိန်အတန်ကြာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသေးသည်။
"သခင်... ပြဿနာအနည်းငယ် ရှိနေလို့ ကူညီပေးဖို့ ကိုယ်ပွား ညီအစ်ကို အချို့ လိုအပ်ပါတယ်"
"ရတယ်"
"ကျေးဇူးတင်ပါတယ် သခင်"
ကျောက်ယွမ်က ချန်ကျီ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ဓားပျံစီးနင်းသည့် အမြနန်နှုန်း ကို လုံးဝ ရပ်တန့်လိုက်သည်။
မြေပြင်နှင့် မီတာအနည်းငယ်အကွာ အမြင့်တွင် ကျောက်ယွမ်က ချင်းယွမ်ဓား ကို တိုက်ရိုက် သိမ်းဆည်းလိုက်ပြီး မြေပြင်သို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းလိုက်သည်။
"ဝုန်း..." ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ကျောက်ယွမ်က မြေပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။
ထိုအချိန်တွင် ကျောက်ယွမ်၏ လက်ထဲ၌ နဂါး လှံ ကို ကိုင်ထားပြီး တည်ငြိမ်စွာ ရပ်တန့်လျက် သူ့နောက်မှ လိုက်ပါလာသော အမြီးတိုများကို စောင့်ဆိုင်းနေသည်။
သူ့၏ မျက်ခုံးများက ကြယ်တာရာကဲ့သို့ စူးရှပြီး ရှေ့သို့ စိုက်ကြည့်ကာ လှံရှည်ကို လက်တွင်ကိုင်ထားသည့် ပုံစံမှာ အလွန်ပင် ရဲရင့်ထည်ဝါလှသည်။
ထို့နောက် အလင်းတန်းလေးတန်း ဖြတ်သန်းသွားပြီး လူရိပ်လေးခုသည်လည်း မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လာကြသည်။
"အို... ဒါက ငါတို့ နောက်က လိုက်လာတာကို ကြိုသိနေတာပေါ့၊ ဒီမှာတောင် ငါတို့ကို ရဲရဲဝံ့ဝံ့ စောင့်နေရဲသေးတယ်၊ သတ္တိတော့ ရှိသားပဲ၊ ဒါပေမဲ့... မလောက်သေးဘူး"
စကားပြောလိုက်သူမှာ လန်ရှီမြို့မှစ၍ ကျောက်ယွမ်နောက်သို့ တစ်ကောက်ကောက် လိုက်လာခဲ့သော အုတ်မြစ်ချခြင်းအဆင့် အဆင့် ၉ ကျင့်ကြံသူ ဖြစ်သည်။
ထိုသူမှာ ထွားကျိုင်းသန်မာသော လူမိုက်ပုံစံရှိပြီး တစ်ကိုယ်လုံးတွင် သတ်ဖြတ်ခြင်း အော်ရာ များ လွှမ်းမိုးနေကာ မျက်နှာတွင်မူ အထင်သေးသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
ကျောက်ယွမ်က ထိုသူကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အထင်သေးစွာဖြင့် ပြောလိုက်သည်။ "သတ္တိ ရှိ၊ မရှိဆိုတာ စမ်းကြည့်ပြီးမှပဲ သိရမှာပေါ့"
ထိုလူမိုက်ကြီးက အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဟမ့်... မင်းလို မျက်နှာဖြူလေးတွေနဲ့ တွေ့တိုင်း မင်းလို မာနမျိုး ရှိကြတာချည်းပဲ၊ ခဏနေရင်တော့ မင်းရဲ့ အရိုးတွေက မင်းရဲ့ ပါးစပ်လိုပဲ မာနိုင်ပါစေဦးလို့ မျှော်လင့်ပါတယ်"
"ဒီလိုဆိုမှတော့ မင်းတို့ရဲ့ ရည်ရွယ်ချက်ကို ငါ မမေးတော့ဘူး၊ လူသတ်ပြီး ပစ္စည်းလုဖို့ပဲ မဟုတ်လား" ကျောက်ယွမ်က ပြောလိုက်သည်။
"လူသတ်ဖို့တော့ မလိုပါဘူး၊ မင်းမှာ ရှိတဲ့ ပစ္စည်းအားလုံးကို မင်းဘာသာမင်း လွှဲပေးမယ်ဆိုရင်တော့ မင်းကို လွှတ်ပေးလို့ ရပါတယ်" လူမိုက်ကြီးက နောက်ပြောင်ကျီစယ်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဟမ့်..." ကျောက်ယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး စကား ဆက်မပြောတော့ပေ။
တစ်ဖက်လူ ပြောသည့် စကားကို အရူး များသာ ယုံကြည်ကြလိမ့်မည် ဖြစ်ပြီး ကျောက်ယွမ်ကတော့ ဘယ်တော့မှ ယုံမည် မဟုတ်ပေ။
ထိုအချိန်တွင် လူမိုက်ကြီး၏ အနောက်မှ ပိန်လှီသော ကျင့်ကြံသူတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။ "အစ်ကိုကြီး... ဒီကောင်လေးက သိပ်ပြီး တည်ငြိမ်လွန်းမနေဘူးလား"
"ဒီလို ဝိညာဉ်ကျောက်တုံး အများကြီး ရှိတဲ့ သူဌေးသားတွေက ဒီလိုချည်းပဲ မဟုတ်လား၊ မိသားစုရဲ့ အကူအညီကြောင့် အခုလို ကျင့်ကြံခြင်းအဆင့်ကို ရောက်လာတာဆိုတော့ သူတို့ အဖေက ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ ထင်နေကြတာ၊ ဒါတွေက လောကကြီးကို မမြင်ဖူးသေးတဲ့ ကြက်ပေါက်စလေးတွေပဲ၊ အားလုံးက ဒီလိုချည်းပဲ"
"အစ်ကိုကြီး... အစ်ကိုကြီးက ကျင့်ကြံခြင်းအဆင့် မြင့်တာပဲ၊ ဒီအနီးအနားမှာ ပုန်းခိုနေတဲ့လူ ရှိ၊ မရှိဆိုတာကို ထပ်ပြီး စစ်ဆေး ကြည့်ပါဦး၊ ဒီကောင်လေးက ဘာအကြောင်းမှမရှိဘဲ ဒီမှာ ရပ်နေတာ နည်းနည်း ထူးဆန်းတယ်"
"ပြဿနာများလိုက်တာ၊ ခုနက လာတုန်းကပဲ မိုင် ရာဂဏန်း အကွာအဝေးကို စစ်ဆေး ပြီးပြီ မဟုတ်လား" လူမိုက်ကြီးက ပါးစပ်ကနေ ဂရုမစိုက်သလို ပြောလိုက်သော်လည်း ဝိညာဉ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို တစ်ပတ် ထပ်မံ စစ်ဆေးလိုက်သေးသည်။
သူတို့ လေးယောက် ဤကဲ့သို့ လူသတ်ပြီး ပစ္စည်းလုသည့် ကိစ္စကို လုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ဤတောင်ဘက်နယ်စပ်တွင် ဤကဲ့သို့သော ကိစ္စများမှာ အလွန်ပင် ရိုးရှင်းလှသည်။
ရုတ်တရက် လူတစ်ယောက် သေဆုံးသွားခြင်းကို မည်သူကမျှ ဂရုစိုက်နေမည် မဟုတ်ပေ။
နယ်စပ်ဒေသတွင် မတရား သေဆုံးသွားသော လူများစွာ ရှိပြီး သေဆုံးသည့် ပုံစံအမျိုးမျိုး ရှိကြသည်။
ထို့အပြင် တာ့ချန်အင်ပါယာ ၏ တောင်ဘက်နယ်စပ်နှင့် ထိစပ်နေသော အင်ပါယာသည်လည်း တာ့ချန်အင်ပါယာ နှင့် အမြဲတမ်း စစ်မပြတ် တိုက်ခိုက်နေကြသည်။
ဤအရာက သာမန် သေမျိုး အင်ပါယာများ၏ စစ်ပွဲမျှသာ မဟုတ်ဘဲ ကျင့်ကြံသူများ ကိုယ်တိုင် ပါဝင် တိုက်ခိုက်နေကြသည့် စစ်ပွဲဖြစ်ရာ အခြေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူများပင်လျှင် စစ်မြေပြင်တွင် သေဆုံးသွားကြသည်မှာ မနည်းလှပေ။
"မရှိဘူး" လူမိုက်ကြီးက စစ်ဆေး ပြီးနောက် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"မင်းတို့ကတော့ ပြဿနာများလိုက်တာ၊ ထားလိုက်ပါတော့... မင်းတို့နဲ့ အချိန်ဖြုန်းမနေတော့ဘူး"
ကျောက်ယွမ်သည်လည်း တစ်ဖက်လူ လေးယောက်မှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်ကို သတိပြုမိသော်လည်း လူသတ်ပြီး ပစ္စည်းလုမည့် အလုပ်ကို လုပ်ချင်မှတော့ ပြန်လည် အသတ်ခံရရန်အတွက် ပြင်ဆင်ထားသင့်ပေသည်။
တစ်ဖက်လူ လေးယောက်မှာ ကျောက်ယွမ် ဘာကို ဆိုလိုသည်ကို နားမလည်နိုင်သေးမီမှာပင် အားကောင်းလှသော ဝိညာဉ်စွမ်းအား လှိုင်းတံပိုးများ သူတို့၏ ဝိညာဉ်စွမ်းအား စစ်ဆေးမှုအတွင်းသို့ ရောက်ရှိလာခဲ့သည်။
"ဘာဖြစ်တာလဲ"
လူမိုက်ကြီးက မျက်နှာတစ်ခုလုံး ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူတို့က အကြိမ်ကြိမ် သေသေချာချာ စုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်ရာ ဤနေရာတွင် ဆဋ္ဌမမြောက်လူ မရှိနိုင်တော့ပေ။
သို့သော်လည်း ရုတ်တရက် ပေါ်ပေါက်လာသော ဝိညာဉ်စွမ်းအား လှိုင်းတံပိုးများက ဘာကို ဆိုလိုတာလဲ။
"အစ်ကိုကြီး..."
အုတ်မြစ်ချခြင်းအဆင့် အဆင့် ၇ ကျင့်ကြံသူ သုံးဦးစလုံး ကြောင်အ သွားပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်နေကြသည်။
ထိုအချိန်တွင် ကျောက်ယွမ်၏ ဘေးနားရှိ ဟင်းလင်းပြင်ထဲမှနေ၍ လူရိပ် တစ်ဒါဇင် ခန့် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း ကျောက်ယွမ်၏ ဘေးနားတွင် ရုတ်တရက် ပေါ်လာသော ဤလူရိပ် တစ်ဒါဇင် ခန့်၏ ပုံစံမှာ အနည်းငယ် ထူးဆန်းလှသည်။
ကျောက်ယွမ်၏ ဘေးနားတွင် ပေါ်လာသော ဤလူရိပ်များက လက်ထဲတွင် ပေါက်တူးတစ်ခုစီ ကိုင်ထားကြပြီး မိုင်းတွင်းထဲမှ လတ်လတ်ဆတ်ဆတ် ထွက်လာသော မိုင်းလုပ်သားများနှင့် ဘာမှ မခြားနားပေ။
သို့သော်လည်း ဤလူရိပ် တစ်ဒါဇင် ခန့်မှာ လူတိုင်းက အုတ်မြစ်ချခြင်းအဆင့် အဆင့် ၈ ၏ အော်ရာ များကို ထုတ်လွှတ်နေကြသဖြင့် သူတို့၏ ဖိအားကြောင့် လူကို တုန်လှုပ်ခြောက်ခြားစေသည်။
"အစ်ကိုကြီး... အဲ့ဒါ ဘယ်သူတွေလဲ"
"ငါက ဘယ်လိုလုပ် သိမှာလဲ"
"အစ်ကိုကြီး... ငါတို့ ဆုတ်ကြရအောင်"
"ဆုတ်မယ် ဟုတ်လား မင်းကြည့်လိုက်ဦး... သူတို့က ငါတို့ကို အလွတ်ပေး မယ့် ပုံရှိလို့လား၊ ငါတို့ ဒီအလုပ်ကို လုပ်ကတည်းက သေဖို့အတွက် ပြင်ဆင်ထားပြီးသားပဲ၊ တိုက်မယ်"
လေးယောက်ထဲတွင် လူမိုက်ကြီးသာ တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး ကျန်ရှိသော သုံးယောက်မှာမူ လုံးဝ ပျာယာခတ်သွားကြပြီ ဖြစ်သည်။
"ညီအစ်ကိုတို့ လာကြပြီပဲ" ကျောက်ယွမ်က ပြုံး၍ ပြောလိုက်သည်။
ကိုယ်ပွား တစ်ဒါဇင် ခန့်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ကြသည်။
"အမြန် ရှင်းလိုက်ကြရအောင်၊ ငါတို့ မိုင်းတွင်းထဲ ပြန်ပြီး အလုပ်လုပ်ရဦးမယ်"
"ကောင်းပြီ"
တစ်ဖက်လူ လေးယောက် ဘာမှ မလုပ်ရသေးမီမှာပင် ကျောက်ယွမ်ဘက်မှ ကိုယ်ပွား စစ်တပ်က ကောင်းကင်ဝိညာဉ်ပေါက်တူး များကို ဝှေ့ယမ်းကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
ကျောက်ယွမ်က ဤထူးဆန်းလှသော ပေါက်တူးစစ်တပ် ကို ကြည့်ပြီး သက်ပြင်းချကာ ပြုံးလိုက်ရင်း လက်ထဲရှိ နဂါး လှံကို ကိုင်ကာ အတူတူ ပြေးဝင်သွားခဲ့သည်။
တိုက်ပွဲတစ်ခုလုံးတွင် ဘာမှ စိတ်လှုပ်ရှား စရာ မရှိဘဲ လုံးဝ ဝိုင်းဝန်းရိုက်နှက်ခြင်းသာ ဖြစ်သည်။
ထိုလေးယောက်၏ မန္တန်များနှင့် မှော်လက်နက်များက ကိုယ်ပွားများပေါ်သို့ ကျရောက်သွားသော်လည်း ကိုယ်ပွားများမှာ ဘာမှ မခံစားရသလိုမျိုး ဖြစ်နေပြီး ကိုယ်ပွားများ၏ ပေါက်တူးဝှေ့ယမ်းသည့် လှုပ်ရှားမှုကို လုံးဝ တားဆီးနိုင်ခြင်း မရှိပေ။
ဤလူလေးယောက်မှာ မိုင်းတွင်း လေးခုကဲ့သို့ ဖြစ်နေပြီး တစ်ကိုယ်လုံးကို တွင်းများအဖြစ် ဖောက်ထွင်း ခြင်း ခံလိုက်ရသည်။
အုတ်မြစ်ချခြင်းအဆင့် အဆင့် ၇ ကျင့်ကြံသူ သုံးဦးမှာ နေရာတင် ကိုယ်ပွားများ၏ ပေါက်တူးဖြင့် တစ်ကိုယ်လုံး အပေါက်များအဖြစ် ဖောက်ထွင်း ခြင်း ခံလိုက်ရသဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး အုတ်မြစ်ချခြင်းအဆင့် အဆင့် ၉ လူမိုက်ကြီးသာ လောလောဆယ် ခက်ခဲစွာ တောင့်ခံနေရသည်။
သို့သော်လည်း လူမိုက်ကြီးသည်လည်း နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တခြား ရန်သူများကို ရှင်းလင်းပြီးသွားသော ကိုယ်ပွားများကပါ လူမိုက်ကြီးကို ဝိုင်းဝန်းတိုက်ခိုက်ရာတွင် ပါဝင်လာကြသဖြင့် လူမိုက်ကြီးက ဆက်လက် မတောင့်ခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။
"မင်းတို့က... ဘယ်သူတွေလဲ"
လူမိုက်ကြီးက တကယ်ကို ဇဝေဇဝါ ဖြစ်လွန်းလှသည်။ ဤလူများက လုံးဝ ရန်သူကို ဒဏ်ရာရစေပြီး သူတို့ကိုယ်သူတို့လည်း အသေခံတိုက်ခိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။
သူ့၏ တိုက်ခိုက်မှုများက ဤလူများပေါ်သို့ သေသေချာချာ ကျရောက်သွားပြီး ဤလူများ၏ ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသော ဒဏ်ရာများ ရှိနေသော်လည်း ဤလူများက နာကျင်မှုကို မခံစားရသလိုမျိုး သူတို့၏ လှုပ်ရှားမှုများမှာ ဘာမှ ထစ်ငေါ့ခြင်း မရှိဘဲ နောက်ထပ် တိုက်ခိုက်မှုများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခြင်း ဖြစ်သည်။
"ဟဲဟဲ... စကားတွေ များလိုက်တာ"
ကျောက်ယွမ်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ရေရွတ်လိုက်ပြီး လက်တစ်ဖက်ကို လူမိုက်ကြီး၏ ဦးခေါင်းထက်သို့ တင်ကာ ဝိညာဉ်ရှာဖွေခြင်း ကို အသုံးပြုလိုက်သည်။
"အား..." လူမိုက်ကြီးက ကောင်းကင်ဝိညာဉ်ပေါက်တူး ဖြင့် ခန္ဓာကိုယ်ပေါ်တွင် သွေးချင်းချင်းနီသော အပေါက်များ ဖောက်ထွင်း ခြင်း ခံရစဉ်ကပင် အော်ဟစ်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ ကျောက်ယွမ်၏ ဝိညာဉ်ရှာဖွေခြင်းကို ခံရသည့်အခါတွင်မူ သူ၏ ဝိညာဉ်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
ကျောက်ယွမ်က နယ်စပ်ဒေသတွင် အင်အားစု တစ်ခုကို တည်ထောင်လိုသဖြင့် လူမိုက်ကြီး၏ မှတ်ဉာဏ်များမှာ အလွန်ပင် အသုံးဝင်လှရာ ဤကဲ့သို့သော အခွင့်အရေးကောင်းကို သူကတော့ ဘယ်တော့မှ လက်လွှတ်မည် မဟုတ်ပေ။
မကြာမီ အချိန်အတွင်း ကျောက်ယွမ်၏ ဝိညာဉ်ရှာဖွေခြင်း ပြီးဆုံးသွားခဲ့ပြီး လူမိုက်ကြီးမှာ ရူးသွပ် သွားသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ကျောက်ယွမ်က လက်ကို မြှောက်ကာ လှံတစ်ချက် ထိုးလိုက်ရာ လူမိုက်ကြီး၏ ရင်ဘတ်ကို ထုတ်ချင်းပေါက် ဖောက်ထွက်သွားခဲ့သည်။
"ညီအစ်ကိုတို့ ကျေးဇူးတင်ပါတယ်၊ ပင်ပန်းသွားကြပြီ"
ကျောက်ယွမ်က ကိုယ်ပွား အားလုံးကို လက်သီးဆုပ် ၍ ဂါရဝပြုလိုက်သည်။
"ကိစ္စမရှိပါဘူး၊ အားလုံးက သခင့်အတွက် အလုပ်လုပ်ပေးတာပဲ၊ ဒီကိစ္စ ပြီးပြီဆိုတော့ ငါတို့ သွားတော့မယ်"
"လမ်းခရီး ဖြောင့်ဖြူးပါစေ၊ လိုက်မပို့တော့ဘူး"
ကိုယ်ပွား စစ်တပ် တစ်ဒါဇင် ခန့်မှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့ပြီး ဘယ်တုန်းကမှ ပေါ်မလာခဲ့သလိုမျိုး ဖြစ်သွားခဲ့သည်။
ကျောက်ယွမ်က မြေပြင်ပေါ်ရှိ အလောင်း လေးလောင်းကို ကြည့်ပြီး ပြုံးကာ ခေါင်းခါလိုက်ရင်း ထိုလေးယောက်၏ ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းအားလုံးကို ရှာဖွေလိုက်ရာ သိုလှောင်အိတ် လေးခုကိုသာ တွေ့ရှိခဲ့သည်။
ကျောက်ယွမ်က ထိုလေးယောက် အသုံးပြုခဲ့သော မှော်လက်နက်များနှင့် သိုလှောင်အိတ် လေးခုစလုံးကို အနန္တနေရာလွတ် ထဲသို့ အားလုံး ထည့်သွင်းလိုက်ပြီး နောင်တွင် ရှောင်ဖျင်နှင့် ရှောင်အန်းတို့က စာရင်းစစ်ဆေးကြလိမ့်မည် ဖြစ်သည်။
ကျောက်ယွမ်က ထပ်မံ၍ စစ်ဆေးကြည့်ရာ ကျန်ရစ်ခဲ့သော အရာများ မရှိတော့သဖြင့် လက်ထဲတွင် ပြင်ဆင်ထားသော မီးတောက် မန္တန် ၏ မီးလုံးကို ထိုလေးယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ပစ်လွှတ်လိုက်သည်။
ထို့နောက် အလောင်း လေးလောင်းစလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်အထိ တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဤကိစ္စ ပြီးဆုံးသွားသဖြင့် ကျောက်ယွမ်သည်လည်း ထပ်မံ၍ မနားတော့ဘဲ ဓားပျံကို ထပ်မံ စီးနင်းကာ ဝမ်ကျီဂိုဏ်း ၏ အခြေစိုက်စခန်းသစ်ဆီသို့ ပျံသန်းသွားခဲ့သည်။
သူက လူမိုက်ကြီး၏ မှတ်ဉာဏ်ထဲမှနေ၍ ထူးခြားသော သတင်းအချက်အလက်အချို့ကို ရရှိခဲ့ရာ ဤအရာက ဝမ်ကျီဂိုဏ်း အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။
သူက ယခုချက်ချင်း ပြန်သွားပြီး ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ရမည် ဖြစ်သည်။