အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇) ဝမ်နန်မြို့၏ အလားအလာ
တစ်ညလုံး ဘာမှမဖြစ်ဘဲ အေးအေးလူလူ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့
ယနေ့တွင် အနန္တကုန်စုံဆိုင် ၏ အပြင်ဘက်၌ တန်းစီစောင့်ဆိုင်းနေသော လူဦးရေမှာ ပထမ သုံးရက်ကဲ့သို့ စည်ကားသိုက်မြိုက်ခြင်း မရှိတော့ဘဲ ဆယ်ဂဏန်းခန့်သာ ရှိတော့သည်။
"သခင် ပြောတာ တကယ် မမှားဘူးပဲ၊ ဝမ်နန်မြို့မှာ ဝိညာဉ်ကျောက်တုံး ရှိတဲ့ ကျင့်ကြံသူတွေအားလုံး အိတ်သွန်ဖာမှောက် ဖြစ်သွားကြပြီ"
ရှန်းဝမ်စန်း မသိသည်မှာ အနန္တဆိုင် ရှေ့တွင် လူဆယ်ဂဏန်းခန့် တန်းစီနေခြင်းကပင် အတော်လေး အခြေအနေကောင်းနေခြင်း ဖြစ်သည်ဟူသောအချက် ဖြစ်၏။
ယခုအခါ ဝမ်နန်မြို့တစ်ခုလုံး၏ လမ်းမများပေါ်တွင် ခြောက်ကပ်တိတ်ဆိတ်နေပြီး ယခင်က ဆိုင်ခန်းလေးများခင်းကာ ပစ္စည်းရောင်းချကြသော တစ်ကိုယ်တော်ကျင့်ကြံသူ များမှာ ယခုအခါ ဆိုင်ခန်း နှစ်ခု၊ သုံးခုခန့်သာ ကျန်ရှိတော့သည်။
လမ်းမပေါ်တွင်လည်း သွားလာလှုပ်ရှားနေသော ကျင့်ကြံသူများကို မတွေ့ရသလောက်ပင်။
ထိုဆိုင်ကြီးများ၏ စီးပွားရေးမှာမူ ပို၍ပင် ခြောက်ကပ်နေပြီး သုံးရက်တိုင်တိုင် ဆိုင်မဖွင့်ရသေးသည့် အခြေအနေသို့ ရောက်ရှိနေသည်။
ယခင်က ဝမ်နန်မြို့တွင် ဆိုင်ခန်းခင်းလေ့ရှိသော ကျင့်ကြံသူများက အနန္တဆိုင် ထံမှ ဈေးနှုန်းချိုသာသော ဆေးလုံးများကို ဝယ်ယူရရှိပြီးကတည်းက ဆိုင်ခန်း လုံးဝ မခင်းကြတော့ပေ။
ထို့အပြင် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဆိုင်ခန်းခင်းပြီး ရောင်းချစရာ ပစ္စည်း ဘာမှမရှိတော့ဘဲ ရောင်းရနိုင်မည့် ကုန်ကြမ်းပစ္စည်းမှန်သမျှကို အနန္တဆိုင် ထံသို့ အကုန်လုံး ရောင်းချပြီးသား ဖြစ်နေသည်။
မရောင်းရသေးသည့် ပစ္စည်းများမှာမူ ဆိုင်ခန်း ခင်းလျှင်လည်း ရောင်းထွက်မည် မဟုတ်သဖြင့် မရောင်းတော့ဘဲ နေခြင်းက အချိန်ကုန်သက်သာစေသည်။
ထိုအချိန်ကို အသုံးချပြီး ကျင့်ကြံခြင်းကို ပိုမို အာရုံစိုက်ခြင်း သို့မဟုတ် ဟဲကွမ်းတောင်တန်း သို့သွားကာ မိစ္ဆာသားရဲ အချို့ကို သတ်ဖြတ်ပြီး မိစ္ဆာသားရဲ ကုန်ကြမ်းများ ရှာဖွေခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။
ထိုမိစ္ဆာသားရဲ ကုန်ကြမ်းများကို ရရှိပါက အနန္တဆိုင် သို့သွားကာ ဈေးချိုသော ဆေးလုံးများကို ပြန်လည် ဝယ်ယူနိုင်မည် ဖြစ်ရာ ၎င်းက အချိန်ကုန်ခံပြီး ဆိုင်ခန်းခင်းကာ ဝိညာဉ်ကျောက်တုံး အနည်းငယ် ရှာဖွေရခြင်းထက် ပို၍ တွက်ချေကိုက်လှသည်။
ဆိုင်ခန်း ဆက်လက် ခင်းနေကြသေးသည့် ကျင့်ကြံသူ အနည်းငယ်မှာမူ သူတို့၏ ကျင့်ကြံခြင်းအဆင့် အလွန် နိမ့်ပါးလွန်းနေခြင်းကြောင့် ဖြစ်စေ၊ သို့မဟုတ် သေရမှာ ကြောက်ပြီး မစွန့်စားရဲဘဲ ယခင်အတိုင်းသာ အသက်ဆက်ရှင်သန်လိုခြင်းကြောင့် ဖြစ်စေ ဖြစ်နိုင်သည်။
ဤအကြောင်းအရာများကို ရှန်းဝမ်စန်း နှင့် ချန်ကျီ တို့ မသိကြသော်လည်း သူတို့၏ ခန့်မှန်းချက်နှင့် မရှေးမနှောင်းပင် ဖြစ်သည်။
သို့သော်လည်း ချန်ကျီ လုံးဝ မျှော်လင့်မထားမိသည့် ကိစ္စတစ်ခု ရှိနေသည်။ ယခင်က ကျင့်ကြံခြင်း အရင်းအမြစ်များကို ရောင်းချကြသော ဆိုင်ကြီးများက အနန္တကုန်စုံဆိုင် ၏ သုံးရက်တာ အရောင်းသွက်မှုဒဏ်ကြောင့် အကြီးအကျယ် ရိုက်ခတ်ခြင်း ခံလိုက်ရသည်။
မူလကပင် အဆင်မပြေလှသော စီးပွားရေးမှာ ပို၍ ဆိုးရွားသွားခဲ့ပြီး အချို့ဆိုင်များမှာ လက်ကျန်ပစ္စည်းများကို ဈေးလျှော့ကာ စာရင်းရှင်းလင်းနေရသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျင့်ကြံခြင်း အရင်းအမြစ်များက ရောင်းမထွက်တော့သဖြင့် သူတို့က အခြားသော စီးပွားရေးလုပ်ငန်းများဘက်သို့ ကူးပြောင်းရန် ပြင်ဆင်ကြတော့သည်။
နောင်တွင် ဝမ်နန်မြို့ရှိ ကျင့်ကြံသူများ၏ လက်ထဲ၌ ပိုလျှံသော ဝိညာဉ်ကျောက်တုံးများ ပိုမို များပြားလာလိမ့်မည်ကို သူတို့ ကြိုတင် ရိပ်မိနေကြသည်။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ အနန္တကုန်စုံဆိုင် ၏ ကျင့်ကြံခြင်း အရင်းအမြစ်များက အလွန်ပင် ဈေးနှုန်း ချိုသာလှသဖြင့် သာမန် ကျင့်ကြံသူတစ်ဦး ဖြစ်ရုံနှင့် ဝယ်ယူနိုင်ခြင်းကြောင့် ဖြစ်သည်။
ကျင့်ကြံသူများအတွက်မူ ကျင့်ကြံခြင်း အရင်းအမြစ်များက များလေ ကောင်းလေ မဟုတ်ပေ။ မည်မျှပင် အများကြီး ဝယ်ယူထားပါစေ၊ အသုံးမပြုနိုင်ဘဲ ခန္ဓာကိုယ်ပေါ်တွင် ထားရှိပါက အလဟဿ ဖြစ်စေမည့်အပြင် အခြားသူများ၏ လုယက်ခြင်းကို ခံရမည်ကိုလည်း စိုးရိမ်ရသေးသည်။
ထို့အပြင် အနန္တကုန်စုံဆိုင် ၏ ယခု လက်ရှိ အခြေအနေအရ နောင်တွင် ဝမ်နန်မြို့၌ ရေရှည် ဖွင့်လှစ်သွားမည်မှာ သေချာသလောက် ရှိနေသည်။
ဤသို့ဆိုလျှင် ကျင့်ကြံခြင်း အရင်းအမြစ်များကို စုဆောင်းထားရန် မလိုအပ်တော့ဘဲ ဝိညာဉ်ကျောက်တုံးများကို သူတို့ကိုယ်ပေါ်တွင် ထားရှိကာ လိုအပ်သည့်အချိန်မှ အနန္တဆိုင် သို့ သွားရောက် ဝယ်ယူလျှင် ရပြီ ဖြစ်သည်။
ကာလကြာရှည်လာသည်နှင့်အမျှ ကျင့်ကြံသူများ၏ လက်ထဲ၌ ဝိညာဉ်ကျောက်တုံးများ သဘာဝအတိုင်း ပိုမို များပြားလာလိမ့်မည်။
ဝိညာဉ်ကျောက်တုံးများ များပြားလာပါက ၎င်းတို့ကို သုံးစွဲရန် နေရာ ရှာဖွေကြပေလိမ့်မည်။
အပြောင်းအလဲလုပ်ရန် ပြင်ဆင်နေကြသော ဆိုင်ရှင်များက ဤကဲ့သို့ ပိုလျှံသော ဝိညာဉ်ကျောက်တုံး ရှိလာမည့် ကျင့်ကြံသူများကို ပစ်မှတ်ထားနေကြခြင်း ဖြစ်သည်။
အမြဲတမ်း ကျင့်ကြံနေရခြင်းက ပျင်းရိငြီးငွေ့စရာ ကောင်းလှသဖြင့် ငြီးငွေ့လာပါက စိတ်အပန်းဖြေရန် နေရာများကို ရှာဖွေကြမည် ဖြစ်ရာ ထိုအခါ ဆိုင်ရှင်များအတွက် အခွင့်အရေး ရောက်ရှိလာပေလိမ့်မည်။
သူတို့က ကျင့်ကြံသူများအတွက် သီးသန့် ဝန်ဆောင်မှုပေးမည့် ဖျော်ဖြေရေး နေရာများ ဖြစ်သော လောင်းကစားရုံများ၊ ပြည့်တန်ဆာအိမ်များနှင့် စားသောက်ဆိုင်များကဲ့သို့သော နေရာများကို ဖွင့်လှစ်ရန် စီစဉ်နေကြသည်။
အနန္တကုန်စုံဆိုင် ဘက်မှ မလုပ်သော စီးပွားရေးဖြစ်ပြီး ကျင့်ကြံသူများကို ဝန်ဆောင်မှု ပေးနိုင်မည့် စီးပွားရေးမျိုး ဖြစ်နေသရွေ့ နောင်တွင် ၎င်းတို့အားလုံးက ငွေရလွယ်သော စီးပွားရေးလုပ်ငန်းများ ဖြစ်လာပေလိမ့်မည်။
ဟဲကွမ်းတောင်တန်း
"ဂျူနီယာညီလေး ကျိုး... ရှေ့တင် ငါတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်တော့မယ်၊ နည်းနည်းလောက် ထပ်ပြီး တောင့်ခံထားဦး"
ချန်ဖန်က ဓားပျံကို စီးနင်းလျက် ယွီရှင်းစစ် နှင့် ကျိုးချွမ် တို့ကို ခေါ်ဆောင်ကာ သူတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သော ဟဲကွမ်းတောင်တန်း ဆီသို့ မကြာမီ ဆိုက်ရောက်တော့မည် ဖြစ်သည်။
ယွီရှင်းစစ် က ပြုံး၍ ပြောလိုက်သည်။ "စီနီယာအစ်ကိုချန်... မင်းက ဂျူနီယာညီလေး ကျိုးကို သိပ်ပြီး အထင်သေးလွန်းနေတာပဲ၊ အခု ဂျူနီယာညီလေး ကျိုးက အသားကျနေပါပြီ၊ ဟုတ်တယ်မလား ဂျူနီယာညီလေး ကျိုး"
"ဟေး ... ဂျူနီယာညီလေး ကျိုး၊ မင်း ဘာလို့ စကားမပြောတာလဲ" ယွီရှင်းစစ်က ကျိုးချွမ် ဘာကြောင့် စကားမပြောသည်ကို ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ့၏ ပုခုံးကို ဆုပ်ကိုင်ထားသော လက်များ ပိုမို တင်းကျပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ချန်ဖန်က စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ ကြည့်ရတာ ဂျူနီယာညီလေး ကျိုးက အခုထိ အသားမကျသေးဘူးပဲ။
အခြားနည်းလမ်းမရှိသဖြင့် ချန်ဖန်က ဓားပျံစီးနင်းသည့် အမြန်နှုန်းကို လျှော့ချလိုက်ပြီး အောက်ဘက်သို့ ဦးတည် ပျံသန်းသွားခဲ့သည်။
"ရှေ့တင် ချက်ချင်း ရောက်တော့မှာပါ၊ သိပ်မဝေးတော့ဘူး၊ ငါတို့ အောက်ကို အရင်ဆင်းပြီး ခဏလောက် အနားယူကြရအောင်"
ချန်ဖန်က ထိုလူနှစ်ဦးကို ခေါ်ဆောင်ကာ အောက်သို့ ဆင်းသက်လိုက်သည်။
ကျိုးချွမ်ကတော့ ဒီတစ်ခေါက် အခြေအနေ တော်သေးသည်ဟု ပြောရမည်၊ အနည်းဆုံးတော့ အန်မထွက်ဘဲ အောင့်အီးထားနိုင်ခဲ့သည်။
ဓားပျံ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် သူက တိုက်ရိုက် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံ လိုက်တော့သည်။
ချန်ဖန် နှင့် ယွီရှင်းစစ် တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြရင်း ကျိုးချွမ် အခြေအနေ ပြန်ကောင်းလာသည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
မကြာမီ အချိန်အတွင်း ကျိုးချွမ်၏ မျက်နှာအရောင်အသွေးက တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။
"စီနီယာအစ်ကို နှစ်ယောက်... ခွင့်လွှတ်ပေးပါ "
ကျိုးချွမ်က တောင်းပန်စကား ဆိုလိုက်သည်။
ချန်ဖန်က ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ရှေ့တင် ရောက်တော့မှာဆိုတော့ ကြိုတင်ပြီး အနားယူထားတာပေါ့"
ယွီရှင်းစစ် က စကားလမ်းကြောင်း လွှဲလိုက်ရင်း မေးလိုက်သည်။ "ရှေ့က ငါတို့ သွားမယ့် နေရာလား"
"မင်းတို့ တစ်ခါမှ မလာဖူးကြဘူးလား" ချန်ဖန်က ဇဝေဇဝါ ဖြစ်စွာဖြင့် မေးလိုက်သည်။
ယွီရှင်းစစ် နှင့် ကျိုးချွမ် တို့က ခေါင်းခါပြကြသည်။
ချန်ဖန် အနည်းငယ် သက်ပြင်းချလိုက်မိသည်။ ဤလူနှစ်ယောက်မှာ ချင်းယွမ် ဂိုဏ်း သို့ ဝင်ရောက်ပြီးကတည်းက တံခါးပိတ် ကျင့်ကြံရုံသာ သိကြပြီး အပြင်ဘက် တာဝန်များကို တစ်ခါမျှ လက်ခံ ဖူးခြင်း မရှိကြသည်မှာ သိသာလှသည်။
"ရှေ့က မိစ္ဆာသားရဲ တောအုပ်၊ ဟဲကွမ်းတောင်တန်း ပဲ"
"အာ... မိစ္ဆာသားရဲ တောအုပ် ဟုတ်လား၊ စီနီယာအစ်ကိုချန်... ငါတို့ ဒီကို ဘာလာလုပ်တာလဲ" ကျိုးချွမ်က မိစ္ဆာသားရဲ တောအုပ်သို့ တကယ်ပင် တစ်ခါမျှ မလာဖူးသေးဘဲ မိစ္ဆာသားရဲကိုပင် မမြင်ဖူးသေးပေ။
ယွီရှင်းစစ် က ပြုံး၍ ပြောလိုက်သည်။ "မိစ္ဆာသားရဲ တောအုပ်ကို လာမှတော့ မိစ္ဆာသားရဲတွေကို သတ်ဖြတ်ဖို့ပေါ့၊ ဒါမှမဟုတ်ရင် ဘာလာလုပ်ဦးမှာလဲ"
ကျိုးချွမ်က သူ့ကိုယ်သူ ယုံကြည်မှု မရှိသလိုမျိုး ပြောလိုက်သည်။ "စီနီယာအစ်ကို နှစ်ယောက်... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ မိစ္ဆာသားရဲတွေကို သတ်ဖြတ်ဖို့ဆိုတာ နည်းနည်း အရည်အချင်း မမီသလို ဖြစ်မနေဘူးလား"
"ငါတို့တွေ အတူတူ လာကြတာပဲဟာ၊ မင်းက ဘာကို ကြောက်နေတာလဲ၊ စိတ်ချပါ... မင်းရဲ့ စီနီယာအစ်ကိုချန် ရှိနေတာပဲ၊ ဘာမှ မဖြစ်စေရဘူး၊ ဟုတ်တယ်မလား စီနီယာအစ်ကိုချန်" ယွီရှင်းစစ် က ပြောပြီးနောက် ချန်ဖန်ကို မျက်ခုံးပင့်ပြလိုက်သည်။
ချန်ဖန်က ယွီရှင်းစစ် ၏ ထိုကဲ့သို့သော ပုံစံကို မြင်သည့်အခါ အခြားနည်းလမ်းမရှိဘဲ ပြုံး၍ ပြောလိုက်သည်။ "စိတ်ချပါ၊ ငါတို့က ပထမအဆင့် မိစ္ဆာသားရဲ အချို့ကိုပဲ သတ်ဖြတ်မှာပါ၊ ဘာပြဿနာမှ မရှိနိုင်ပါဘူး"
"ဒါဆိုရင်လည်း ကောင်းပါပြီ" ကျိုးချွမ်က အနည်းငယ် ဝေခွဲမရ ဖြစ်နေသေးသည်။ သူ စိုးရိမ်နေသည်မှာ ချန်ဖန် နှင့် ယွီရှင်းစစ် တို့အတွက် မဟုတ်ဘဲ သူကိုယ်တိုင်က သူတို့၏ နောက်ဆွဲ ဖြစ်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ချန်ဖန်ကလည်း စကား အပို ဆက်မပြောတော့ပေ။ "သွားကြစို့၊ ငါတို့ ဓားပျံ မစီးတော့ဘူး၊ လမ်းလျှောက်သွားရင် ရပြီ၊ ဓားပျံစီးသွားလို့ ပျံသန်းတယ့် မိစ္ဆာသားရဲတွေနဲ့ တွေ့ရင် နည်းနည်း ပြဿနာတက်နိုင်တယ်"
ချန်ဖန်က ပြောပြီးနောက် ရှေ့ကနေ လမ်းပြခေါ်ဆောင်သွားပြီး ယွီရှင်းစစ် ၏ ဘေးမှ ဖြတ်သန်းသွားချိန်တွင် သူ့၏ တံတောင်ဆစ်ဖြင့် ယွီရှင်းစစ် ကို ခပ်ဖွဖွ တွန်းလိုက်သည်။
ယွီရှင်းစစ် က ချန်ဖန်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။
ချန်ဖန်လည်း အခြားနည်းလမ်းမရှိပေ။ သူ၏ ရည်ရွယ်ချက်မှာ မသိမသာဖြင့် ဤလူနှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးရန် ဖြစ်သော်လည်း ယွီရှင်းစစ် က သူ့စိတ်ကူးကို ရိပ်မိသွားခဲ့သည်။
ယွီရှင်းစစ် သည် မူလက ချန်ဖန်အပေါ် အမှီမပြုချင်ဘဲ ချန်ဖန်အတွက် နောက်ဆွဲ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သော်လည်း ကျိုးချွမ်၏ နောက်ကြောင်းကို ကြားသိပြီးနောက် ကျိုးချွမ်ကို တစ်ဖက်တစ်လမ်းမှ ကူညီပေးချင်သဖြင့် အတူတူ လိုက်ပါလာရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
ယွီရှင်းစစ် ၏ စိတ်ထဲတွင် မိတ်ဆွေဖွဲ့ရာ၌ အကျိုးအမြတ် အချင်းချင်း ချိတ်ဆက်မှုများ အလွန်အကျွံ မရှိသင့်ဘဲဝိုင်သောက်ချင်သည့်အချိန်တွင် အတူတူ လိုက်သောက်ပေးနိုင်လျှင်ပင် လုံလောက်ပြီဟု ခံယူထားသည်။
သို့သော်လည်း ယခုအခါတွင်မူ ကျိုးချွမ်အနေဖြင့် သူ့ကိုယ်သူ အကူအညီပေးခြင်း ခံနေရသည်ဟု မခံစားရစေရန်အတွက် သူက ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေရခြင်း ဖြစ်သည်။
ခုနက ချန်ဖန် သူ့ကို တွန်းလိုက်သည့် အဓိပ္ပာယ်ကိုလည်း သူ နားလည်သည်။
ချန်ဖန်က သူ့ကို အခွင့်အရေးကို ကိုယ်တိုင် ဆုပ်ကိုင်စေချင်ခြင်း ဖြစ်ပြီး မိစ္ဆာသားရဲ တောအုပ်သို့ လာပါက မလွဲဧကန် အကျိုးအမြတ် ရှိပေလိမ့်မည်။ ချန်ဖန် ရှိနေသရွေ့ သူတို့က မိစ္ဆာသားရဲများကို စိတ်အေးချမ်းသာစွာ သတ်ဖြတ်နိုင်ပြီး ဝိညာဉ်ဆေးပင်များကို ခူးဆွတ်နိုင်မည် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် စကားမပြောဖြစ်ကြဘဲ ချန်ဖန် တို့ သုံးဦးက မိစ္ဆာသားရဲ တောအုပ်သို့ ပိုမို နီးကပ်လာခဲ့သည်။
သို့သော်လည်း မိစ္ဆာသားရဲ တောအုပ်သို့ နီးကပ်လာလေလေ၊ ချန်ဖန်၏ စိတ်ထဲတွင် ပို၍ ထူးဆန်းသည်ဟု ခံစားလာရလေလေ ဖြစ်သည်။ ဟဲကွမ်းတောင်တန်း တွင် ဘယ်အချိန်ကတည်းက ဤမျှလောက် များပြားသော တစ်ကိုယ်တော်ကျင့်ကြံသူများ ရှိနေရသနည်း။
"ဒီနေရာမှာ အမြဲတမ်း ဒီလောက် များပြားတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ ရှိနေတာလား"
ယွီရှင်းစစ် သည်လည်း ဟဲကွမ်းတောင်တန်း သို့ ပထမဆုံးအကြိမ် လာဖူးခြင်း ဖြစ်သဖြင့် ယခင်က ဤသို့ ဖြစ်၊ မဖြစ်ကို သူလည်း မသိပေ။
ကျိုးချွမ်က ဤတစ်ကိုယ်တော်ကျင့်ကြံသူများကို မြင်တွေ့ရသည့်အခါတွင်မူ သူ၏ ယခင်က စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။
အကြောင်းမူကား သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်သော တစ်ကိုယ်တော်ကျင့်ကြံသူများကို သူ တွေ့မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။ သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်သော တစ်ကိုယ်တော်ကျင့်ကြံသူများပင် ဤနေရာသို့ ရဲရဲဝံ့ဝံ့ လာရဲကြသေးလျှင် သူသည်လည်း စီနီယာအစ်ကိုချန်တို့၏ မျက်နှာကို လုံးဝ အပျက်ခံ၍ မဖြစ်ပေ။
အခန်း (၁၁၈) သံနက်မိုင်းတွင်းကြီး ပြောင်သလင်းခါသွားခြင်း
ချန်ဖန် တစ်ချက် ဆွံ့အသွားခဲ့ပြီး ယွီရှင်းစစ် ၏ မေးခွန်းကို သူလည်း မဖြေနိုင်ခဲ့ပေ။
"ကြည့်ရတာ ဒီကျင့်ကြံသူတွေက တစ်ကိုယ်တော်ကျင့်ကြံသူတွေချည်းပဲ ထင်တယ်၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေက ဘယ်တုန်းကတည်းက ဒီလောက်အထိ အသက်နဲ့လဲပြီး ကြိုးစားနေကြတာလဲ၊ ချီသန့်စင်ခြင်း အဆင့် ၃ ရှိတဲ့သူတောင် မိစ္ဆာသားရဲ တောအုပ်ကို လာရဲတယ်ပေါ့" ယွီရှင်းစစ် က အလွန် ဇဝေဇဝါ ဖြစ်နေသည်။
"ငါလည်း မသိဘူး၊ သူတို့ကို ဂရုစိုက်မနေပါနဲ့၊ ငါတို့ သတ်စရာရှိတဲ့ မိစ္ဆာသားရဲကိုပဲ သတ်ကြမယ်၊ သူတို့လည်း သူတို့ သတ်စရာရှိတာ သတ်ကြလိမ့်မယ်။ ကဲ... ငါတို့လည်း အထဲကို ဝင်သင့်ပြီ။ ငါတို့ သွားမယ့် နေရာက ဟဲကွမ်းတောင်တန်း ရဲ့ အလယ် အပိုင်းပဲ၊ အပြင်ဘက် နယ်မြေ တွေမှာတော့ ပထမအဆင့် မိစ္ဆာသားရဲ တော်တော်များများနဲ့ တွေ့လိမ့်မယ်။ ဒီမိစ္ဆာသားရဲတွေနဲ့ တိုက်ခိုက်ရင် မင်းတို့အတွက် အကျိုးအမြတ် အများကြီး ရှိနိုင်တယ်၊ မင်းတို့သာ အစွမ်းကုန် တိုက်ခိုက်ကြ၊ ငါ နောက်ကနေ စောင့်ရှောက်ပေးမယ်"
ချန်ဖန်က ပြောပြီးနောက် ယွီရှင်းစစ် နှင့် ကျိုးချွမ် တို့ကို ကြည့်လိုက်သည်။
ယွီရှင်းစစ် က သူ၏ ယခင်က ပေါ့ပျက်ပျက် ပုံစံကို ဖျောက်ဖျက်ကာ တည်တည်တံ့တံ့ဖြင့် ခေါင်းညိတ်လိုက်သည်။
ကျိုးချွမ်ကလည်း ထို့အတူပင်၊ စိတ်ထဲကနေ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း သူကိုယ်တိုင် ဖော်စပ်ထားသော မန္တန်အဆောင် များကို ထုတ်ယူလိုက်တော့သည်။
"ကောင်းပြီ... သွားကြမယ်"
ချန်ကျီ ၏ အိမ်တော်အတွင်း၌
"ဒီနေ့ တော်တော် ငြိမ်သက်တာပဲ၊ ဘာကိစ္စမှ မရှိသလို ကိုယ်ပွား တွေရဲ့ နှောင့်ယှက်မှုလည်း မရှိဘူး၊ ဒါမှ ငါ တောင့်တတဲ့ ဘဝမျိုးပဲ"
ချန်ကျီ က ပက်လက်ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းရင်း အပျင်းကြောဆွဲလိုက်သည်။
သူ စာဖတ်ချင်သည့်အခါ စာဖတ်ပြီး စာမဖတ်ချင်သည့်အခါတွင်မူ အနန္တဆိုင် ထဲသို့ ဝင်ရောက်ကာ ကျင့်စဉ်များ၊ မန္တန် များ၊ ရတနာလက်နက် များ စသည့် ပစ္စည်းအမျိုးမျိုး၏ မိတ်ဆက်စာသားများကို လိုက်ကြည့်တတ်သည်။
လုပ်စရာ ဘာမှမရှိတော့သည့် အခါတွင်လည်း ကျောက်လင်းအာ ကို သီချင်းလေး ဘာလေး ဆိုခိုင်းတတ်သေးသည်။
တစ်နေ့တာ အချိန်က ဤကဲ့သို့ ပျော်ရွှင်စရာ ကောင်းသော အစီအစဉ်များဖြင့် ကုန်ဆုံးသွားခဲ့သည်။
ညနေပိုင်း ရောက်သောအခါ ကျောက်လင်းအာ ချက်ပြုတ်ပေးသည့် ညစာကို စားသောက်ပြီးနောက် အနန္တနေရာလွတ် ထဲသို့ သွားကာ ယနေ့ ရရှိသော ဝင်ငွေအားလုံးကို လဲလှယ်လိုက်ရင်း တစ်နေ့တာကို ဖြတ်သန်းလိုက်သည်။
ကျင့်ကြံခြင်းအဆင့်က တက်နေသည်၊ ဝိညာဉ်ကျောက်တုံးများကလည်း တိုးပွားနေသည်၊ သူလုပ်ချင်ရာကိုလည်း စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရှိနေသည်ဖြစ်ရာ ဤကဲ့သို့သော ဘဝထက် ပို၍ စိတ်ချမ်းသာစရာ ကောင်းသည်မှာ အဘယ်မှာ ရှိတော့မည်နည်း။
ချန်ကျီ က တစ်ခါတစ်ရံ "ငါ အရင်ဘဝက ဘယ်လို ကုသိုလ်ကံတွေ ပြုခဲ့လို့ ဒီလို ဘဝမျိုးကို ပိုင်ဆိုင်ခွင့် ရနေတာလဲ" ဟု ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိတတ်သည်။
ယနေ့ အနန္တကုန်စုံဆိုင် ၏ ဝင်ငွေမှာ ဆိုင်စဖွင့်သည့် ပထမဆုံးနေ့က ထက် ပြန်လည် ကျဆင်းသွားခဲ့ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈၀၀၀ နှင့် အမှတ် ၂၀၀၀ သာ ရရှိခဲ့သည်။
သံနက်မိုင်းတွင်း ထဲရှိ ကိုယ်ပွား များကမူ အလွန်ပင် ကြိုးစား ကြသည်။ ချန်ကျီ ၏ ခွန်အား က တစ်ဆင့် မြင့်တက်လာခြင်းကြောင့် ကိုယ်ပွား များ၏ မိုင်းတူးဖော်သည့် အမြန်နှုန်း မှာလည်း ပို၍ မြန်ဆန်လာခဲ့သည်။
ထို့ပြင် ကိုယ်ပွား အသစ် ၁၀ ဉီး ထပ်မံ ပူးပေါင်းလာခြင်းကြောင့် ယနေ့ သံနက်မိုင်းတွင်းမှ ရရှိသော ဝင်ငွေမှာ စံချိန်သစ် တင်နိုင်ခဲ့ပြီး အားလုံးကို ပြန်လည် ရောင်းချ အပြီးတွင် အမှတ် ၇၀၄၀၀ အထိ ရရှိခဲ့သည်။
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် လဲလှယ်မှု ပြီးစီးသွားပြီးနောက် ချန်ကျီ အနေဖြင့် ကိုယ်ပွား အသစ်များ ထပ်မံလဲလှယ်ရန် အမှတ်များကို အသုံးမပြုတော့ပေ။
လောလောဆယ်တွင် ကိုယ်ပွား အရေအတွက်က လုံလောက်နေပြီဖြစ်ပြီး သံနက်မိုင်းတွင်းကလည်း မကြာမီ ပြောင်သလင်းခါတော့မည် ဖြစ်ရာ နောက်တစ်ဆင့် လိုအပ်သည့်အချိန်ကျမှ ကိုယ်ပွား များကို ထပ်မံ လဲလှယ်လည်း အချိန်မီသေးသည်။
တစ်ညလုံး ဘာမှမဖြစ်ဘဲ အေးအေးလူလူ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့တွင် အနန္တကုန်စုံဆိုင် က ထုံးစံအတိုင်း ဆိုင်ဖွင့်၍ အရောင်းအဝယ် များကို စတင်ခဲ့သည်။
ယနေ့တွင် ရှန်းဝမ်စန်း ဆိုင်တံခါး ဖွင့်ဖွင့်ချင်းမှာပင် အနန္တကုန်စုံဆိုင် ထဲသို့ ပထမဆုံး ဝင်ရောက်လာသူမှာ အံ့ဩစရာကောင်းလောက်အောင် မြို့သခင် လျိုထိုင် ဖြစ်နေသည်။
ရှန်းဝမ်စန်း က လျိုထိုင် ကို မြင်သည်နှင့် သူ လာသည့် အကြောင်းအရင်းကို ချက်ချင်း သဘောပေါက်သွားပြီး ဓားမ ကြီး ပုံသဏ္ဌာန်ရှိသော ဆန်းကြယ် အဆင့် အဆင့်မြင့် ရတနာလက်နက် တစ်လက်နှင့် ကျောက်စိမ်းပုလင်း တစ်ပုလင်း ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
"မြို့သခင်လျို... အစောကြီး ရောက်လာတာပဲနော်" ရှန်းဝမ်စန်း က ပြုံး၍ ပြောလိုက်သည်။
လျိုထိုင် သည် ရှန်းဝမ်စန်း ၏ ခုနက လှုပ်ရှားမှုကို စောစောစီးစီးကတည်းက သတိထားမိနေခြင်း ဖြစ်ရာ ယခုအခါတွင်မူ သူ၏ မျက်လုံးများက ကောင်တာပေါ်တွင် တင်ထားသော ပစ္စည်းနှစ်ခုထံမှ ခွာ၍ မရတော့ပေ။
"ဆိုင်ရှင်ရှန်း... စောစောစီးစီးပါပဲ" လျိုထိုင် က စကားပြောနေသော်လည်း ခေါင်းကိုပင် မော့မလာဘဲ ကျောက်စိမ်းပုလင်းကိုသာ စိုက်ကြည့်နေသည်။ ဒါက 'ရွှေအူတိုငအ အဆင့်တက်ဆေးလုံး' လား။
သူက ကောင်တာပေါ်ရှိ ကြီးမားလှသော ဓားမကြီးကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ကျောက်စိမ်းပုလင်းကိုသာ စိုက်ကြည့်နေမိပြီး ၎င်းကို ယခုချက်ချင်း လက်ထဲသို့ ဆုပ်ကိုင်ထားချင်စိတ်များ တားမရ ဆီးမရ ဖြစ်နေသည်။
ရှန်းဝမ်စန်း ကလည်း လျိုထိုင် ၏ စိတ်ကို သိသဖြင့် အချိန်ဆွဲမနေတော့ဘဲ ပြောလိုက်သည်။ "မြို့သခင်လျို... မင်း လိုချင်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပေးထားပါတယ်၊ စစ်ဆေးကြည့်ပါဦး"
"ကောင်းပြီ" လျိုထိုင် က မစောင့်ဆိုင်းနိုင်တော့ဘဲ လုံးဝ တည်ငြိမ်မှု မရှိတော့ပေ။
လျိုထိုင် က ကျောက်စိမ်းပုလင်းကို တိုက်ရိုက် ကောက်ယူလိုက်ပြီး ပုလင်းအဆို့ကို အလွန် ဂရုတစိုက် ဖွင့်ကာ အထဲရှိ ဆေးလုံးကို လက်ဖဝါးပေါ်သို့ လောင်းချလိုက်သည်။
ဖျော့တော့သော ရွှေရောင်အမျှင်တန်းများ ဝန်းရံနေသည့် ဆေးလုံးတစ်လုံးက လျိုထိုင် ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
ဤဆေးလုံးကို မြင်လိုက်ရသည့်အခါ လျိုထိုင် ၏ စိတ်ထဲတွင် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့သည်။ ဒါက 'ရွှေအူတိုင် အဆင့်တက်ဆေးလုံး' ဖြစ်သည်မှာ သေချာသည့်အပြင် အလယ်အလတ် အဆင့် ဆေးလုံး တစ်လုံး ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ဤအဆင့်တက်ဆေးလုံး ရှိနေပြီဖြစ်ရာ သူ အုတ်မြစ် ချ ခြင်းအဆင့် မှ ကျော်လွန်ကာ အဆင့်တက်လှမ်းနိုင်ဖို့မှာ အသေအချာ ဖြစ်သွားခဲ့ပြီ။
ဤအဆင့်တက်ဆေးလုံး ရှိနေပါလျက်နှင့် ရွှေအူတိုင် အဆင့် သို့ မရောက်ရှိနိုင်သေးဘူးဆိုလျှင် သူ၏ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သမျှက ခွေးဖြစ်သွားရုံသာ ရှိတော့မည်။
လျိုထိုင် က ဆေးလုံးကို ကျောက်စိမ်းပုလင်းထဲသို့ ပြန်ထည့်လိုက်ရင်း ပြောလိုက်သည်။ "ကျေးဇူးအများကြီး တင်ပါတယ်... ဆိုင်ရှင်ရှန်း"
"မြို့သခင်လျို... အားနာစရာ မလိုပါဘူး၊ မင်းက ဝယ်၊ ငါက ရောင်းတဲ့ ကိစ္စပဲဟာ၊ နှစ်ဦးနှစ်ဖက်လုံး ပျော်ရွှင်ရတာမို့ ဒီလောက်အထိ ဖြစ်နေဖို့ မလိုပါဘူး။ မြို့သခင်လျို... ဒီ ဆန်းကြယ်အဆင့် အဆင့်မြင့် ဓားမကြီးကိုလည်း ကြည့်လိုက်ပါဦး" ရှန်းဝမ်စန်း က ပြုံး၍ ပြောလိုက်သည်။
လျိုထိုင် က ထိုဓားမကြီးကို စောစောကတည်းက မြင်တွေ့ခဲ့ပြီးသား ဖြစ်ရာ လက်နှင့် ကိုင်ကြည့်စရာ မလိုဘဲ ၎င်းသည် ဆန်းကြယ်အဆင့် အဆင့်မြင့် ရတနာလက်နက် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိမှန်း သိသည်။
"ဆိုင်ရှင်ရှန်း... ဒီဓားမကြီးမှာ နာမည် ရှိလား"
"ဒီဓားရဲ့ မူလနာမည်က 'ထော်လုံဓား' လို့ ခေါ်ပါတယ်၊ ဒီဓားက နောင်ကျရင် မြို့သခင်လျို ရဲ့ အပိုင် ဖြစ်သွားပြီမို့ မင်းအနေနဲ့ နာမည်အသစ် တစ်ခုခုလည်း ပေးနိုင်ပါတယ်"
"ထော်လုံဓား..." လျိုထိုင် က ထော်လုံဓားကို ကိုင်မြှောက်ကာ ဘယ်ပြန်ညာပြန် ကြည့်လိုက်ရင်း ပြောသည်။ "ဒီနာမည်က မဆိုးပါဘူး၊ ပြောင်းနေဖို့ မလိုတော့ဘူး၊ ဒီနာမည်အတိုင်းပဲ ခေါ်ကြတာပေါ့"
"မင်း သဘောကျရင် ပြီးတာပါပဲ"
"ဒါက ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ပါ၊ ဆိုင်ရှင်ရှန်း... တစ်ချက်လောက် စစ်ဆေးကြည့်ပါဦး" လျိုထိုင် က ပြောပြောဆိုဆိုဖြင့် သိုလှောင်အိတ် တစ်လုံးကို ထုတ်ပေးလိုက်သည်။
ရှန်းဝမ်စန်း က သိုလှောင်အိတ်ကို လှမ်းယူလိုက်ရာ သိုလှောင်အိတ်ပေါ်ရှိ တားမြစ်ချက် ကို လျိုထိုင် က ကြိုတင် ဖျက်သိမ်းပေးထားပြီးသား ဖြစ်သည်။
ရှန်းဝမ်စန်း ၏ ဝိညာဉ်အာရုံက အလွယ်တကူပင် အတွင်းသို့ ထိုးဖောက် စစ်ဆေးလိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း တိတိ တစ်တုံးမျှ မလိုမပိုဘဲ ရှိနေသည်။
"ငွေနဲ့ ကုန်ပစ္စည်း လဲလှယ် ပြီး သွားပါပြီ"
"ဆိုင်ရှင်ရှန်း... ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး ၊ ငါ အရင် ပြန်လိုက်ဦးမယ်၊ တစ်ခုခု အကူအညီလိုရင် အကြောင်းကြားလိုက်ပါ၊ ငါ အစွမ်းကုန် ကူညီပေးပါ့မယ်" လျိုထိုင် က လက်သီးဆုပ် ၍ အရိုအသေပေး လိုက်သည်။
သူက သူ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး 'ရွှေအူတိုင် အဆင့်' သို့ တက်လှမ်းရန်အတွက် ယခုချက်ချင်း ပြန်ချင်စိတ်များ ပြင်းပြနေပြီ ဖြစ်သည်။
ရှန်းဝမ်စန်း လည်း လျိုထိုင် ၏ စိတ်လောနေမှုကို ရိပ်မိသဖြင့် အကြာကြီး ဆွဲမထားတော့ဘဲ လက်သီးဆုပ် ၍ ပြန် အရိုအသေပေး ကာ နှုတ်ဆက်လိုက်သည်။ "မြို့သခင်လျို... ကောင်းကောင်း သွားပါ"
မြို့သခင်လျို ထွက်ခွာသွားပြီးနောက် ရှန်းဝမ်စန်း က ဧည့်သည်တော် အသစ်များကို ဆက်လက် ဧည့်ခံနေခဲ့သည်။
ထိုအချိန်တွင် ဝမ်နန်မြို့အပြင်ဘက် မြို့ထဲသို့ ဝင်ရောက်ရာ လမ်းမကြီးတစ်ခု၌ ပုန်းကွယ်နေသော ပုံရိပ်တစ်ခု ရှိနေပြီး ထိုသူက သူကိုယ်တိုင် အလိုအလျောက် ပေါ်ထွက်မလာသရွေ့ 'အခြေတည်ဝိညာဉ် အဆင့်' ကျွမ်းကျင်သူကြီးများ ကိုယ်တိုင် ရောက်လာလျှင်ပင် သူ့ကို မည်သူမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
"အနန္တကုန်စုံဆိုင် ရဲ့ နောက်ကွယ်က အင်အားစုက တကယ်ပဲ ဘယ်လိုမျိုးလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်ရသေးတာပေါ့"
ပုန်းကွယ်နေသော ပုံရိပ်က ရေရွတ်လိုက်ပြီးနောက် လုံးဝ ခြေရာဖျောက်ကာ ပုန်းအောင်းလိုက်တော့သည်။
ထိုသူသည်ကား ယဲ့မိသားစု မှ 'ရွှေအူတိုင် အဆင့်' ယဲ့ကိုင် ပင် ဖြစ်သည်။ သူက အနန္တကုန်စုံဆိုင် သို့ ကုန်ပစ္စည်းများ လာရောက် ပို့ဆောင်သူ၏ လမ်းကြောင်းနှင့် အချိန်ကို တွက်ချက်ထားပြီး အနန္တကုန်စုံဆိုင် ၏ နောက်ခံအင်အားကို စမ်းသပ်ရန်အတွက် ဤနေရာသို့ လာရောက် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သို့သော်လည်း သူ ကမ္ဘာပျက်သည်အထိ စောင့်ဆိုင်းနေပါစေ၊ ချန်ကျီ စိတ်ကူးယဉ် ဖန်တီးထားသည့် ကုန်ပစ္စည်း ပို့ဆောင်သူဟူ၍ မည်သူမျှ ပေါ်ထွက်လာမည် မဟုတ်ပေ။
ချန်ကျီ ၏ အိမ်တော်အတွင်း၌
သက်သောင့်သက်သာ ဘဝကို အရသာခံနေသော ချန်ကျီ က ထိုအချိန်တွင် ကိုယ်ပွား ဖြစ်သူ ယဲ့ကျန်းဖျင် ထံမှ အရေးပေါ် သတင်းစကားတစ်ခုကို ရုတ်တရက် လက်ခံရရှိလိုက်သည်။
"သခင်... သံနက်မိုင်းတွင်းကြီး ပြောင်သလင်းခါသွားပါပြီ"
"ဘာ... ဒီလောက်တောင် မြန်လှချည်လား"
ချန်ကျီ ၏ စိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း ဤကဲ့သို့သော သတင်းဆိုးကို ရုတ်တရက် ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် အနည်းငယ်တော့ အံ့ဩသွားမိသည်။
သို့သော်လည်း ချန်ကျီ က ချက်ချင်းပင် စိတ်အေးသွားကာ "အင်း... မင်းတို့အားလုံး ပင်ပန်းသွားကြပြီ၊ ပြောင်သွားရင်လည်း ပြောင်သွားပြီပေါ့။ မင်းတို့တွေ သံနက်မိုင်းတွင်းရဲ့ ဝင်ပေါက်ကို လုံအောင် ပိတ်ထားလိုက်ကြ၊ အသံ သိပ်မထွက်စေနဲ့၊ ပြီးရင်တော့ အနန္တနေရာလွတ် ထဲကို ပြန်လာပြီး အနားယူကြ၊ ငါ အလုပ်အသစ်တွေ ထပ်ပြီး စီစဉ်ပေးတာကို စောင့်နေလိုက်ကြ"
"သခင်... ကျွန်တော်တို့ အနားယူဖို့ မလိုပါဘူး၊ အခုချက်ချင်းပဲ ကျွန်တော်တို့ကို အလုပ်အသစ်တွေ တိုက်ရိုက် တာဝန်ပေးနိုင်ပါတယ်"
ဤမျှလောက် အလုပ်အပေါ် သစ္စာရှိလှသော ကိုယ်ပွား များကို ကြည့်ပြီး ချန်ကျီ လည်း အခြားနည်းလမ်းမရှိဘဲ စိတ်ချင်းဆက်သွယ်ကာ ပြန်ပြောလိုက်ရသည်။ "အရင်ဆုံး အနားယူလိုက်ကြ"
"ဟုတ်ကဲ့ပါ... သခင်"
ချန်ကျီ က စိတ်ထဲကနေ ခပ်ပြုံးပြုံးဖြင့် တွေးလိုက်မိသည်။ "မင်းတို့က အနားမယူချင်ပေမယ့် ငါက အနားယူဖို့ လိုသေးတယ်လေ"
ကိုယ်ပွား များက အနားယူရန် မလိုဘဲ အချိန်မရွေး ဆက်လက် အလုပ်လုပ်နိုင်သော်လည်း ချန်ကျီ အနေဖြင့် ကိုယ်ပွား များအတွက် နောက်ထပ် အစီအစဉ်များကို ချမှတ်ရန် အချိန်အနည်းငယ် ပြင်ဆင်ရန် လိုအပ်ပေသေးသည်။
သံနက်မိုင်းတွင်းအတွင်း၌
ယဲ့ကျန်းဖျင် က ကိုယ်ပွား အားလုံးကို ဦးဆောင်ကာ ချန်ကျီ ၏ ညွှန်ကြားချက်အတိုင်း သံနက်မိုင်းတွင်းကြီးကို လုံးဝ လုံခြုံအောင် ပိတ်ဆို့လိုက်ကြသည်။
အားလုံး ပြီးစီးသွားပြီးနောက် ကိုယ်ပွား အားလုံးက အနန္တနေရာလွတ် ထဲသို့ ပြန်လည် ဝင်ရောက်သွားကြပြီး ချန်ကျီ ၏ နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြတော့သည်။
"ကိုယ်ပွား အယောက် ၄၀ ဆိုရင် လုံလောက်မှာပါ၊ ကိုယ်ပွား တွေကို အရင်ဆုံး သွားပြီး စမ်းသပ်ခိုင်းကြည့်ရမယ်၊ အဆင်ပြေတယ်ဆိုမှ ကိုယ်ပွား တွေ ပိုပြီး အများကြီး စီစဉ်ပေးတာပေါ့"
ချန်ကျီ က ခဏမျှ တွေးပြီးနောက် ဤကိစ္စများကို ဆက်မတွေးတော့ဘဲ လက်ထဲတွင် ကိုင်ထားသော စာအုပ်ကိုသာ ဆက် ဖတ်နေခဲ့သည်။
မိုးက တဖြည်းဖြည်း ချုပ်လာခဲ့ပြီ ဖြစ်ရာ ချန်ကျီ က ကျောက်လင်းအာ ချက်ပြုတ်ပေးသည့် ညစာကို စားသောက်ပြီးနောက် အနန္တနေရာလွတ် ထဲသို့ ဝင်ရောက်လိုက်ပြီး တစ်ပါတည်း ရှန်းဝမ်စန်း ကိုပါ လှမ်းခေါ်လိုက်တော့သည်။