← Chapters

အခန်း ၇၄၉

Vol. 65 Ch. 749

အခန်း ၇၄၉

Vol. 65 Ch. 749

အခန်း ၇၄၉

တဖြည်းဖြည်းနှင့် အရိုးများပါ အရည်ပျော်ကျလာလေရာ အားလုံး ကြောက်လန့်တကြား အော်ဟစ်ကုန်ကြသည်။

“အား”

သို့သော် အော်သံအဆုံး၌ လေတိုးသံတစ်ချက် ကြားလိုက်ရ၏။

ဝှစ်…

ထို့နောက်တွင်မူ ထိုလူသည် လေပေါ်မြောက်တက်သွားသည်ဟု ခံစားလိုက်ရသည်။ ဖြစ်ပျက်နေသည်များကို နားလည်သွားချိန်တွင်မူ ထိုလူသည် ကမာခွံပေါ်မှ ဆွဲချခံလိုက်ရသည်။

ဝုန်းခနဲအသံနှင့်အတူ ထိုလူသည် သတ္တဝါကြီး၏ အစာအိမ်လမ်းကြောင်းသို့ ပြုတ်ကျသွားခဲ့ရာ နာကျင်စွာ အော်ဟစ်လိုက်သည်။ လက်ဖြင့်စမ်းမိသည်တွင် စေးကပ်သည့်အရည်တစ်မျိုးကို ခံစားမိလိုက်သည်။ ထို့နောက်တွင်မူ အလွန်နာကျင်သည့်ခံစားချက်ကြောင့် လက်ပြန်မြှောက်လိုက်ကြရသည်။

“ကယ်ကြပါ”

ထိုအခိုက်အတန့်၌ ထိုလူ၏ မြှောက်ထားသည့်လက်သည် တစ်စတစ်စ တိုက်စားခံနေရသည်ကို မြင်လိုက်ရသည်။ မကြာမီ လက်၏အရိုးများ ထွက်ပေါ်လာလေသည်။

“အား…”

ကြောက်လန့်တကြား အော်ဟစ်လို့မှ မဆုံးသေးခင် ဝှစ်ခနဲလေတိုးသံကို ကြားလိုက်ရပြန်သည်။ ၎င်းသည် သူ့ကို ဝန်းရံလိုက်၏။ ထိုလူသည် မြေပြင်ထက်တွင် အင်အားတစ်စုံတစ်ခု၏ ထိန်းချုပ်ခြင်းခံထားရကာ ထိတ်လန့်ဖွယ်သောအရှိန်နှုန်းဖြင့် ပုပ်သိုးဆွေးမြည့်လာနေသည်။

“ဘွားဘွား ကျွန်တော့်ကိုကယ်ပါ…”

ထိုလူမှ နာကျင်စွာ အော်ညည်း၏။ သို့သော် အခြားသူများသည် အလျင်အမြန်ပင် တိတ်ဆိတ်သွားကြသည်။ ထိုအချိန်၌ ကမာခွံတစ်ခု၏အလယ်တွင် ရပ်နေသည့် မိစ္ဆာဘွားဘွားကြီးသည် ထိတ်လန့်တုန်လှုပ်စွာ‌ဖြင့် တုန်ယင်နေကာ အော်ဟစ်ပြော၏။

“သတိထားကြ၊ အားလုံးပဲ သတိထားကြ”

သူမ၏အော်ဟစ်သံအဆုံး၌ လေတိုးသံများကို ထပ်မံကြားလိုက်ရသည်။

ထို့နောက်တွင်မူ ၎င်းကမာခွံထက်ရှိလူများသည် ကမာခွံပေါ်မှ တစ်ဦးပြီးတစ်ဦး ဆွဲချခံရတော့သည်။

ထိုအခါ မိစ္ဆာဘွားဘွားကြီးသည် ချက်ချင်းအော်ဟစ်၏။

“သတိထားကြ…”

သို့သော် နောက်ကျသွားလေပြီ။ အစာခြေလမ်းကြောင်းသည် အပြည့်အဝ သက်ဝင်လှုပ်ရှားနေပြီဖြစ်ကာ ပတ်ဝန်းကျင်ရှိလူများကို သဲသဲမဲမဲ တိုက်ခိုက်တော့သည်။

ကြောက်မက်ဖွယ်တိုက်ခိုက်မှုသည် မိစ္ဆာဘွားဘွားကြီး၏ အနီးဝန်းကျင်တင်မကဘဲ နေရာအနှံ့သို့ ကျရောက်လာခဲ့သည်။

နာကျင်စွာအော်ညည်းသံများမှာ နီးလာလိုက် ဝေးသွားလိုက်ဖြစ်နေသည်။

ထိုတိုက်ခိုက်မှုသည် ကမာခွံတစ်ခုထက်တွင် စိတ်အေးလက်အေးနေနေသည့် ချန်ကျဲ့တို့အုပ်စုကိုလည်း အလွတ်မပေးပေ။ သူတို့သည်လည်း ဝှစ်ခနဲအသံနှင့်အတူ တိုက်ခိုက်ခံရလေသည်။

ချန်ကျဲ့သည် လေခွင်းသံကိုကြားသည်နှင့် ဓား‌ကို ချက်ချင်းထုတ်ယူကာ ခုတ်ပိုင်းဟန် လှုပ်ရှားလိုက်သည်။

ချန်ကျဲ့၏ဓားသွားသည် တိုက်ခ်ိုက်လာသည့်အရာကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်၏။ အနီးကပ်ကြည့်ရှုလိုက်သော် ၎င်းသည် ရေဘဝဲနှင့်ဆင်တူသည့် သတ္တဝါလေးဖြစ်သည်။ ၎င်း၏စုပ်ခွက်နေရာတွင် ထက်ရှသည့်သွားသေးသေးလေးများ ပါဝင်သည်။

၎င်းသည် နှစ်ပိုင်းပြတ်သွားသည့်တိုင် အချိန်အတော်ကြာ လူးလှိမ့်လှုပ်ရှားနေပြီးမှ ငြိမ်သက်သွားခဲ့သည်။

အားလုံးသည် ၎င်းကိုမြင်လျှင် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ဘာမှ မတုံ့ပြန်နိုင်သေးမီ၌ပင် လေခွင်းသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

ထိုအသံကြောင့် အားလုံး တစ်ချက်တုန်လှုပ်သွားရ၏။

ကျောက်ယာသည် သူမ၏ရတနာဓားကို ထုတ်‌လိုက်ပြီး သူတို့ထံ ဦးတည်ပျံသန်းလာသည့် သတ္တဝါတစ်ကောင်ကို ခုတ်ပိုင်းလိုက်သည်။ ထို့နောက် အော်ပြောသည်။

“ကျိုစစ် အလယ်ကိုဝင်၊ တခြားသူတွေ ခုခံကြ”

သူမ ကျိုစစ်ကို အလယ်တွင်နေစေသည့် အကြောင်းအရင်းမှာ ရှင်းလင်းပါ၏။ ကျိုစစ်သည် မီးတုတ်ကိုင်ထားသူဖြစ်သောကြောင့် ဖြစ်သည်။

ဤပတ်ဝန်းကျင်၌ အလင်းရောင်သည် အလွန်အသုံးဝင်သည်။ မီးအလင်းရောင်မရှိပါက ဤသတ္တဝါများ၏ ရုတ်တရက်တိုက်ခိုက်မှုများကို ကာကွယ်ခြင်းငှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် အလင်းရောင်ကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသည်။

သူတို့သည် သူတို့ထံ ဦးတည်ပျံသန်းလာနေသည့် ရေဘဝဲကောင်များကို ခုခံတိုက်ခိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့အုပ်စုတွင် အဆင့်မြင့်သိုင်းပညာရှင်များ ပိုများသည်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၅ဦးပါဝင်လေရာ ထိုရေဘဝဲများ၏တိုက်ခိုက်မှုကို ခုခံနိုင်ကြသည်။

ဝှစ် ဝှစ် ဝှစ်…

ကျောက်ယာ၏ဓားသည် ဓားရောင်ခြည်များထုတ်လွှတ်လျက် ကျောက်ယာ၏လက်ထဲတွင် ကခုန်နေသည်။ ဓားရောင်ခြည်ဖြတ်သန်းသွားရာတိုင်း၌ ရေဘဝဲကောင်များသည် နှစ်ပိုင်းပိုင်းဖြတ်ခံရလေသည်။

ဝှစ် ဝှစ်…

ရေဘဝဲများသည် နံရံတွင် ကပ်နေကြကာ လိုဏ်ဂူတစ်ခုလုံး အပြည့်ရှိနေ၏။

အားသာ့၊ အားအာ့၊ အားစန်း၊ ယဲ့လုဖုန်း၊ ချီမုကောနှင့် လျိုလောင်ကွေ့တို့သည်လည်း မိမိ၏ ကိုယ်ပိုင်နည်းလမ်းအသီးသီးဖြင့် ရေဘဝဲများ အနားကပ်မလာနိုင်အောင် ခုခံတိုက်ခိုက်နေကြသည်။

သူတို့၏နောက်ဘက်ရှိ အုပ်စုများသည်လည်း အလားတူအခြေအနေကို ကြုံတွေ့နေရကာ လူ့အသက်ဆုံးရှုံးမှုလည်း ပို၍ပို၍ များပြား‌လာနေသည်။

အားလုံးသည် ရေဘဝဲများကို အသည်းအသန် ခုခံတိုက်ခိုက်နေကြစဉ် လိုဏ်ဂူနံရံကြီး ရုတ်တရက် တုန်ခါလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းလှစွာပင် လိုဏ်ဂူနံရံသည် ကျုံ့လာနေပြီး သူတို့ကို ဖိညှစ်ပစ်ရန် ကြိုးပမ်းနေလေသည်။

ထိုမြင်ကွင်းတွင် အားလုံး၏ဦးခေါင်းများ ကျိန်းစပ်သွားရသည်။

ယခုတွင် လိုဏ်ဂူနံရံများသည် ပို၍ ကျုံ့လာနေပြီး သူတို့အတွက် နေရာလွတ်မှာ ကျဉ်းသထက် ပို၍ကျဉ်းမြောင်းလာနေရာ မိမိတို့အသက်ရှင်နိုင်သည့် နေရာလပ်လေးမှာ မကြာခင် ဖိညှစ်ခံလိုက်ရတော့မည်ဟု ခံစားနေကြရသည်။

တစ်ပြိုင်နက်တည်းပင် လိုဏ်ဂူနံရံမှာ အတွန့်အခေါက်များ ပေါ်ထွက်လာကာ စေးကပ်ကပ်အရည်များလည်း ပိုများလာသည်။

အားလုံးမှာ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ချေ။

အားလုံးထိတ်လန့်တုန်လှုပ်နေကြ၏။ ထိုစဉ် ကျောက်ယာမှ အော်ပြောသည်။

“မြန်မြန် တင်ပျဉ်ခွေထိုင်လိုက်ကြ။ ပြီးရင် ရှင်တို့ရဲ့အတွင်းအားတွေကို ကျွန်မဆီ လွှဲပြောင်းပေး”

အားလုံးသည် နာခံစွာဖြင့် တစ်ဦးနောက်တစ်ဦး တင်ပျဉ်‌ခွေထိုင်လိုက်ကြပြီးနောက် ချန်ကျဲ့ထံ အတွင်းအားလွှဲပြောင်းပေးသည်။ ချန်ကျဲ့သည် ကျောက်ယာ၏ကျောပြင်ကို လက်နှစ်ဖက်ဖြင့် ထိ၍ အတွင်းအား ဆက်လက်လွှဲပြောင်းပေးသည်။

ကျောက်ယာသည် သူမ၏ခန္ဓာကိုယ်ထဲ အတွင်းအားစီးဆင်းလာခြင်းကို ခံစားရသည်နှင့်တစ်ပြိုင်နက် အရိမေတ္တယျဗုဒ္ဓသဏ္ဍာန် ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူလိုက်သည်။

အားလုံး၏အတွင်းအားများကို ထိုကျောက်စိမ်းဆွဲပြားထဲ ထည့်သွင်းပေးလိုက်သောအခါ ဆွဲပြားထံမှ ရွှေရောင်အလင်းတောက်ပလာသည်။

ဗုဒ္ဓဘုရားသခင်ကောင်းချီးပေးပါစေ။

ရုတ်ချည်းပင် ချီစွမ်းအင်မှ ဖြစ်တည်လာသည့် ဗုဒ္ဓပုံရိပ်သည် ကမာခွံကို ရွှေရောင်အဆင်းဖြင့် ဝါးမျိုလိုက်‌သည်။

၎င်းသည် ကမာခွံတစ်ခုလုံးကို ဖုံးကာပေးထားသည့် ဒိုင်းကာတစ်ခုအဖြစ် ပြင်ပအန္တရာယ်များထံမှ ကာကွယ်ပေးထားသည်။

အားလုံးသည် ကျောက်ယာလက်ထဲရှိ ကျောက်စိမ်းဆွဲပြားကို အံ့ဩတကြီး ကြည့်လိုက်မိကြသည်။

ကျောက်ယာသည် သူတို့ကို ဘာမှရှင်းပြမနေပေ။ ဤကျောက်စိမ်းဆွဲပြားသည် အတွင်းအားဖြင့် အသက်သွင်းသုံးစွဲရသည့် မှော်အကူပစ္စည်းတစ်မျိုးဖြစ်ပြီး အသုံးဝင်ပုံ အမျိုးမျိုးရှိသည်။ သို့သော် ရှားပါးပစ္စည်းဖြစ်၏။

ကျောက်ယာ၏ခရိုင်မင်းသမီးအဆင့်အတန်းသည် ပုံမှန်အားဖြင့် ဤသို့ပစ္စည်းကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ကျောက်ယာတွင် အထူးအဆင့်အတန်းတစ်ခုလည်း ရှိ၏။ ၎င်းမှာ သူမသည် သက်ရှိဗုဒ္ဓပီအားစီးပါး၏ နှစ်သက်တန်ဖိုးထားခံရသူဖြစ်သည်။ ဤကျောက်စိမ်းဗုဒ္ဓဆွဲပြားကိုလည်း သက်ရှိ‌ဗုဒ္ဓပီအားစီးပါးမှ သူမကိုယ်သူမ ကာကွယ်နိုင်ရန်အတွက် ပေးထားခဲ့ခြင်းဖြစ်သည်။

All Chapters