← Chapters

အခန်း ၇၅၃

Vol. 65 Ch. 753

အခန်း ၇၅၃

Vol. 65 Ch. 753

အခန်း ၇၅၃

လျိုလောင်ကွေ့မှ ပြောသည်။

“ဒီမျန့်ရွှေပုလဲတွေက အရင်က အရမ်းသေးခဲ့တာ။ ပုလဲကောက်နတ်သမီး ပုလဲအဖြစ် ပြောင်းလဲသွားပြီးတော့မှ မျန့်ရွှေပုလဲတွေက အထက်တန်းလွှာတွေနဲ့ အဆင့်အတန်းမြင့်မားတဲ့သူတွေ နှစ်ခြိုက်ကြတဲ့ ရတနာတစ်ခုဖြစ်လာခဲ့တာ”

“ကမာစစ်သူကြီးကရော ဘာဖြစ်သွားလဲ”

ကျောက်ယာမှ မေးသည်။

လျိုလောင်ကွေ့မှ ပြောသည်။

“ရွှေပုလဲကို ‌ဆုံးရှုံးစေ‌တယ်ဆိုတာ ကမာစစ်သူကြီးအတွက် သေဒဏ်ပဲ။ ဒါပေမဲ့ လူသားတွေရဲ့ လှည့်စားခံလိုက်ရတယ်ဆိုတဲ့အချက်ကို ထည့်စဉ်းစားပြီးတော့ နဂါးမင်းက ကောင်းကင်ဘုံထံ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြပြီး တောင်းပန်ပေးခဲ့တယ်။ အဆုံး‌မှာတော့ မိုးကြိုးအပြစ်ဒဏ်ကျရောက်လာခဲ့တယ်”

“မိုးကြိုး၆ချက်အောက်မှာ ကမာစစ်သူကြီးဟာ သူ့ရဲ့ကျင့်ကြံမှုစွမ်းအင်တွေအားလုံး ဆုံးရှုံးသွားပြိး နတ်ဘုရားအဆင့်မှ ပြုတ်ကျသွားခဲ့တယ်။ အဲဒီကတည်းက သူဘယ်ရောက်သွားလဲ‌ မသိကြတော့ဘူး။ ဒါပေမဲ့ တန့်လူမျိုးတွေကြားမှာတော့ ဆိုရိုးစကားတစ်ခုရှိတယ်။ ငါတို့က ကမာစစ်သူကြီးအပေါ် ထာဝရအကြွေးတင်နေတာ။ ငါတို့အနေနဲ့ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်ရင် ကမာစစ်သူကြီးကို အပြစ်ကြေအောင် ပူဇော်ပသရမယ်”

“ပြီးတော့ ကမာစစ်သူကြီးက တန့်လူမျိုးတွေကို ရက်ရက်ရောရော ကောင်းချီးပေးလိမ့်မယ်တဲ့”

လျိုလောင်ကွေ့မှ သူသိထားသော ဇာတ်လမ်းကို ပြောပြနေသည်တွင် အားလုံးသည် သိချင်စိတ်ပြင်းပြစွာ နားထောင်နေခဲ့ကြပြီး သူတို့၏ရှေ့ရှိ စစ်သူကြီးကို ကြည့်လိုက်ကြသည်။

“အဲဒီတော့ ဒါက ကမာစစ်သူကြီးပေါ့။ ပြီးတော့ ဒါတွေက သူ့ရဲ့ကမာစစ်သားသုံးထောင်ပေါ့”

အားသာ့မှ ပြောသည်။

တစ်ဖက်ရှိချန်ကျဲ့သည်တော့ များများစားစား မတုံ့ပြန်မိပေ။ ဤသို့ဇာတ်လမ်းများသည် မရှားပါးပေ။ ခြုံငုံလိုက်ပါက ပင်လယ်ခရုမိန်းကလေး၊ နွားကျောင်းသားနှင့် ရက်ကန်းသည်မိန်းကလေး စသော ဇာတ်လမ်းများသည် အားလပ်နေသည့် အရပ်သားများမှ ဖန်တီးထားသော ပုံပြင်ဇာတ်လမ်းများပင် မဟုတ်ပါလော။

သို့သော်ငြား ဤသို့ရုပ်တုကြီးများ တည်ရှိနေခြင်းသည်တော့ အနည်းငယ် သံသယဖြစ်ဖွယ်ကောင်းပေသည်။

ချန်ကျဲ့သည် တွေးနေရင်း ပတ်ဝန်းကျင်ကိုလည်း အကဲခတ်ကြည့်နေသည်။ ထိုစဉ် ရုတ်တရက် ထူးခြားသည့်အရာတစ်ခုကို မြင်တွေ့လိုက်၏။ ကမာစစ်သူကြီး၏ခြေထောက်အောက်ခြေတွင် သစ်သားသေတ္တာငယ်တစ်ခုရှိနေသည်။

၎င်းသေတ္တာကို ကမာစစ်သူကြီး ခြေဖြင့်နင်းထားသည့် ရှုထောင့်သည် အတော်လေး စိတ်ဝင်စားဖွယ်ဖြစ်၏။ ချန်ကျဲ့ရပ်နေသည့်နေရာမှ ထိုသေတ္တာကိုမြင်နိုင်သော်ငြား အခြားနေရာများမှ ကြည့်လျှင် သတိမထားမိနိုင်ပေ။

ချန်ကျဲ့ မျက်လုံးမှေးကျုံ့ကြည့်လိုက်ရင်း တွေးမိသည်။

“ဒီသေတ္တာထဲမှာ ဘာရှိနေလောက်မလဲ”

ချန်ကျဲ့ စိတ်ထဲမှ တွေးနေသော်ငြား ဟန်မပျက်ချေ။

ထိုစဉ် ကျောက်ယာမှ ပြောသည်။

“လူခွဲပြီး ထွက်ပေါက်ဖြစ်ဖြစ် ယန္တရားဖြစ်ဖြစ်ရှိမလား ရှာကြည့်ရအောင်။ ဒီနေရာက အဆုံးသတ်မဖြစ်နိုင်ဘူး”

ထိုအခါ အားလုံး လူခွဲရှာကြသည်။

ကျောက်ယာသည်လည်း ကိုယ်တိုင် ရှာဖွေသည်။ ထိုအခါ ချန်ကျဲ့သည် ရှာဖွေဟန်ဆောင်ကာ ကမာစစ်သူကြီးရှိရာ စင်မြင့်ထက်သို့တက်ပြီး ကမာစစ်သူကြီး၏ခြေထောက်အောက်မှ သေတ္တာကို ပိပိရိရိ ထုတ်ယူလိုက်သည်။ အခြားသူများမှ သူ့ကို အာရုံစိုက်၊မစိုက်ကိုလည်း သတိထားစောင့်ကြည့်နေ၏။

ချန်ကျဲ့ သေတ္တာကိုဖွင့်လိုက်ရာ ဆေးရနံ့တစ်မျိုး ထွက်ပေါ်လာသည်။

ချန်ကျဲ့တွေးလိုက်သည်။

“ပြင်းလိုက်တဲ့ဆေးနံ့ပဲ။ ဘာကြီးလဲ”

သေတ္တာထဲတွင် ဆေးတစ်လုံးနှင့် စာတစ်စောင်ရှိနေသည်။

ချန်ကျဲ့ ဆေးလုံးကို လက်တစ်ဖက်တွင် ကိုင်ထားလိုက်ပြီး စာကို ဖွင့်ဖတ်ကြည့်သည်။

(ဝမ်းနည်းစရာပဲ ဝမ်းနည်းစရာပဲ ဝမ်းနည်းစရာပဲ။ ရေအောက်ဗိမာန်ကို အစိုးရတဲ့ ကြီးမြတ်တဲ့စစ်သူကြီးက တန့်လူမျိုး ပုလဲငုပ်သမတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး ရွှေအမြုတေ အခိုးခံရလို့ လူ့လောကကို နှင်ထုတ်ခံခဲ့ရတယ်။ အသင့်ထံ နတ်ဆေးလုံးတစ်လုံး ပေးပို့လိုက်ပါတယ်။ ဤလူ့လောကရဲ့ဆေးလုံးက အသင့်ရဲ့ ရွှေအမြုတေနေရာမှာ အစားထိုးနိုင်ပါစေ)

ဟင်

ထိုအခါ ချန်ကျဲ့ တွေဝေရှုပ်ထွေးသွား၏။ ဘယ်လိုစနောက်ကျီစယ်သန်တဲ့သူကများ ဒီစာကို ချန်ခဲ့ရတာလဲ။ ဒါပေမဲ့ စာရဲ့ပုံစံအရဆို စာက အတော်တော့ ကြာမြင့်နေလောက်ပြီ။

ဒီဆေးလုံးကရော ဘာလဲ။ ဒီလောက်နှစ်တွေကြာတာတောင် ဆေးရနံ့က အကောင်းအတိုင်းရှိနေတုန်းပဲ။ ပြီးတော့ ပိုအရေးကြီးတာက ဒီဆေးလုံးက ကျင့်ကြံဆင့်မြှင့်တင်ပေးနိုင်တယ်လို့ ဝေဝါးဝါး ဖော်ပြထားတာပဲ။

ဒါက အဆင့်တက်လှမ်းဆေးလုံးများဖြစ်နေမလား။

အဆင့်တက်လှမ်းဆေးလုံးများဟူသည် ကျင့်ကြံသူကို ကျင့်ကြံဆင့်တက်လှမ်းအောင် ကူညီပေးနိုင်သည့် ဆေးလုံးများကို ယေဘုယျ ပေါင်းစည်းခေါ်ဝေါ်ခြင်းဖြစ်သည်။ ကြွက်သားဖြေလျော့ဆေးလုံးများ၊ အရိုးသန့်စင်ဆေးလုံးများ၊ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးများကဲ့သို့ ဆေးလုံးများအားလုံးသည် အဆင့်တက်လှမ်းဆေးလုံးများထဲတွင် ပါဝင်သည်။

သေချာပေါက်ပင် ချန်ကျဲ့ အရေးတကြီးလိုအပ်နေသည့် ချီသွေးဆေးလုံးလည်း ပါဝင်ပါသည်။

ချန်ကျဲ့သည် သေတ္တာထဲရှိဆေးလုံးကို ဆက်လက် စစ်ဆေးကြည့်သည်။ ထို့နောက် အောက်တွင် ဝှက်ထားသည့် စာအသေးတစ်စောင်ကို ထပ်တွေ့လိုက်ရသည်.

ချန်ကျဲ့ ဖွင့်ဖတ်လိုက်သည်။

(ရှူး တိုးတိုးနေ၊ မင်း ဒီဆေးလုံးကို ရှာတွေ့ခဲ့တယ်ဆိုရင် မင်းက ဒီဆေးလုံးကိုရဖို့ ကံပါလာလို့ပဲ။ ဒါပေမဲ့ မင်း ဒီဆေးလုံးကို ယူတာကို ကမာစစ်သူကြီး မမြင်စေနဲ့။ သူက အတော် သဘောထားသိမ်ဖျင်းတယ်)

ဟင်။

ထိုစာကိုဖတ်ပြီး ချန်ကျဲ့ ခပ်တိုးတိုးရယ်လိုက်သည်။

ဒီလိုနောက်ပြောင်သွားတဲ့သူက ဘယ်သူများလဲ။

ဒါပေမဲ့ ဒီဆေးက တကယ်ပဲ ဘာကြီးလဲ။

ခဏမျှတွေးနေပြီးနောက် ချန်ကျဲ့သည် စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သတင်းအချက်အလက်စနစ်ကို ခေါ်လိုက်သည်။

‌[စနစ်အဆင့်မြှင့်တင်ပြီးပါပြီ (အဆင့်၃)]

(၁၊ သင့်ရဲ့ရှေ့က ဆေးလုံးကိုစစ်ဆေးဖို့ သင်ရွေးချယ်ခဲ့ပါတယ်။ ရရှိသော သတင်းအချက်အလက် - ဒီ‌ေဆးလုံးက လွန်ခဲ့သောနှစ်ပေါင်းတစ်ရာခန့်က ဆေးဘုရင်တောင်ကြားရဲ့ အစွမ်းအထက်ဆုံး သိဒ္ဓိစွမ်းအင်လုံးဖွဲ့စည်းခြင်းဆေးလုံး ဖြစ်ပါတယ်။ အာနိသင် အလွန်ကောင်းမွန်ပြီး သာမန် ချီသွေးဆေးလုံးထက် အာနိသင်နှစ်ဆ ပိုကောင်းမွန်ကာ အလွန်တန်ဖိုးကြီးမားသည်။ ယနေ့ခေတ်တွင် မည်သူမျှ ဖော်စပ်နိုင်ခြင်းမရှိတော့ပါ)

သိဒ္ဓိစွမ်းအင်လုံးဖွဲ့စည်းခြင်းဆေးလုံး.. ချန်ကျဲ့တွေးလိုက်သည်။ လက်ထဲရှိ ဆေးလုံးကိုကြည့်နေသည့် သူ၏မျက်လုံးများ တောက်ပနေ၏။

ချီသွေးဆေးလုံးထက် အာနိသင်နှစ်ဆ.. ဒါက ငါလိုအပ်နေတဲ့အရာပဲ မဟုတ်ဘူးလား။

ဒီနေရာက တကယ့်ကို ရတနာသိုက်ပဲ။ အထဲဝင်ပြီးစမှာတင် ဒီလိုအရာမျိုး ရလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ချန်ကျဲ့ စိတ်လှုပ်ရှားစွာဖြင့် ကျန်ရှိသည့် အချက်အလက်နှစ်ခုကို ဖတ်လိုကိသည်။

(၂၊ သင်က ကမာစစ်သူကြီးရဲ့ သတင်းအချက်အလက်တွေကို ရယူဖို့ ရွေးချယ်ထားပါတယ်။ ရရှိသော အချက်အလက် - ကမာစစ်သူကြီးဇာတ်လမ်း ရေးသားချိန်မှာ ဒီယန္တရားကို ဖန်တီးခဲ့သူက အဲဒီဇာတ်လမ်းအပေါ် အခြေခံပြီး ဖန်တီးခဲ့ပါတယ်။ အဲဒါကြောင့် ဒီပဟေဠိကို ဖြေရှင်းဖို့နည်းလမ်းက ဇာတ်လမ်းထဲမှာ ရှိပါတယ်)

ပဟေဠိဖြေရှင်းရမယ်တဲ့လား။ ဘာပဟေဠိလဲ။ ချန်ကျဲ့ စိတ်ရှုပ်ထွေးသွား၏။ ထိုစဉ် အချက်အလက်နံပါတ်၃ ရောက်ရှိလာသည်။

(၃၊ သင်က ကမာစစ်သူကြီးရဲ့ သတင်းအချက်အလက်တွေကို ရယူဖို့ ရွေးချယ်ထားပါတယ်။ ရရှိသော အချက်အလက် - ဒီလိုဏ်ဂူထဲမှာ မထိသင့်တဲ့ ယန္တရားရှိပါတယ်။ ထိလိုက်မိရင် ကမာစစ်သူကြီး အသက်ဝင်လာပါလိမ့်မယ်။ ကမာစစ်သူကြီး နိုးထလာရင် သူ့ရဲ့စစ်သားတွေကို မြင်သမျှ သက်ရှိအားလုံးကို ဖျက်ဆီးပစ်ဖို့ အမိန့်ပေးပါလိမ့်မယ်)

ဘာ

ချန်ကျဲ့ မျက်လုံးပြူးသွား၏။ ယန္တရားတဲ့။

ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် အနီးရှိ အားစန်းမှ ပြောလာသည်။

“ဟေး ဒီဖယောင်းတိုင်ကို ကြည့်စမ်း”

“ဝါး လှည့်လို့ရတယ်ဟ”

“ဟေး မထိနဲ့”

အားစန်း၏စကားကို ကြားသည်နှင့် ချန်ကျဲ့ အော်ပြောလိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။ လိုဏ်ဂူတစ်ခုလုံး၏ ယန္တရားကြီး အသက်ဝင်သွားလောက်ပေပြီ။

ဂျစ် ဂျစ်…

အသံနှင့်အတူ တစ်ခုခု အက်ကွဲပွင့်ဟလာသည်ကို ချန်ကျဲ့ ခံစားမိလိုက်သည်။ ချန်ကျဲ့ နောက်လှည့်ကြည့်လိုက်ရာ ကမာစစ်သူကြီးရုပ်တုသည် အက်ကွဲလာနေပြီး အောက်ဘက်မှ ငါးအကြေးခွံကဲ့သို့ အကြေးခွံများ ထွက်ပေါ်လာနေသည်ကို မြင်လိုက်ရသည်။

ထို့နောက် ကမာစစ်သူကြီးသည် အက်ကွဲသံကြီးများနှင့်အတူ ဖြည်းဖြည်းချင်း ခေါင်းလှည့်လာ၏…

၎င်း၏ ချောက်ချားဖွယ်သော သွေးနီရောင်မျက်လုံးကြီးများသည် ချန်ကျဲ့ကို တည့်တည့်စိုက်ကြည့်လာခဲ့သည်။

All Chapters