← Chapters

အခန်း ၇၅၄

Vol. 65 Ch. 754

အခန်း ၇၅၄

Vol. 65 Ch. 754

အခန်း ၇၅၄

ဂျစ် ဂျစ် ဂျစ်…

ကျောက်သားများ ကွဲအက်သံသည် ပို၍ကျယ်လောင်လာပြီး အားလုံး တုန်လှုပ်ချောက်ချားစွာ မျက်လုံးပြူးသွားကြသည်။ သူတို့ ကြောက်ရွံ့နေကြဆဲပင်။

အထူးသဖြင့် ချန်ကျဲ့ဖြစ်သည်။ သူ၏ ပထမဆုံး အလိုအလျောက်တုံ့ပြန်မှုမှာ စင်မြင့်ပေါ်မှ ခုန်ချခြင်းဖြစ်ပြီး ထို့နောက် လှည့်ပြေးတော့သည်။ ထိုအခိုက်အတန့်၌ ကြီးမားသည့် ကျောက်တံခါးကြီး ကျလာခဲ့ကာ သူတို့ဝင်လာသည့် လမ်းကြောင်းကို ပိတ်သွားခဲ့သည်။

၎င်းသည် လမ်းပေါက်တစ်ခုလုံးကို အပြည့်အဝ ပိတ်သွားခဲ့၏။

အားလုံး၏မျက်နှာအမူအရာများမှာ တစ်ပုံစံတည်းပင်။ မယုံကြည်နိုင်ခြင်းဖြစ်၏။

ထို့နောက် ရုပ်တုအားလုံး၏ ကျောက်သားများ စတင်အက်ကွဲလာသည်။

ဘုန်း

ရုတ်တရက် ကျောက်ယာအနီးရှိ ရုပ်တုသည် ထူးဆန်းသည့် အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲသွား၏။

ထို့နောက် တစ်မီတာခွဲခန့်မြင့်သော ကမာစစ်သားတစ်ဦးသည် ဘယ်လက်တွင် ဓားရှည်ကြီးကို ကိုင်ဆောင်လျက် ညာလက်တွင် ကမာခွံဒိုင်းကာကို ကိုင်ဆောင်ကာ ကျောက်ယာထံ ခုန်အုပ်လိုက်ပြီး သူ၏ဓားရှည်ကြီးဖြင့် ကျောက်ယာကို ဦးတည်ခုတ်ပိုင်းသည်။

“ခရိုင်မင်းသမီး သတိထား”

ထိုအခါ အားသာ့သည် လေထဲခုန်လျက် ကမာစစ်သားကို လက်ဝါးသိုင်းကွက်ဖြင့် တိုက်ခိုက်လိုက်သည်။ ကမာစစ်သားသည် နောက်သို့ လွင့်ပြန်ထွက်သွား၏။

ကမာစစ်သားသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့သည်။ သူတို့အားလုံး ထိုကမာစစ်သားကို ဖြေရှင်းပြီးပြီဟု တွေးလိုက်ချိန်တွင် ကမာစစ်သားသည် မြေပြင်ကို တွန်းကန်ကာ ပြန်ထရပ်လာ၏။

ရှီး ရှီး ရှီး…

၎င်းထံမှ ထူးဆန်းသည့်အသံ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းတွင် အားလုံး ထိတ်လန့်သွားကြသည်။ အားသာ့သည် လက်ဗလာဖြင့် တိုက်ခိုက်ခြင်းထက် လက်နက်သုံးတိုက်ခိုက်ခြင်းကို ပိုကျွမ်းကျင်သော်ငြား သူသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေသည်။

သို့ဖြစ်ရာ အားသာ့၏ လက်ဝါးသိုင်းကွက်သည် ထိုကမာစစ်သားကို စိုးစဉ်းသော်မျှ မထိခိုက်စေခဲ့ခြင်းမှာ အလွန်ကြောက်မက်ဖွယ်ဖြစ်၏။

အားလုံး၏မျက်လုံးများတွင် ထိုသို့အတွေးဖြတ်ပြေးသွား၏။ သို့သော် မျက်စိရှေ့ရှိမြင်ကွင်းကြောင့် သူတို့အားလုံး အသိပြန်ကပ်သွားရသည်။

အကြောင်းမှာ ကျောက်ရုပ်တုများ တစ်ခုပြီးတစ်ခု ထပ်မံပေါက်ကွဲလာပြီး ပိုမိုများပြားသည့် မကောင်းဆိုးဝါးသတ္တဝါများ ခုန်ထွက်လာပြီး နီးရာလူများကို တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ မကောင်းဆိုးဝါးသတ္တဝါများသည် ၈၀၊၉၀နီးပါးခန့်ရှိရာ ဆိုလိုသည်မှာ သူတို့တစ်ဦးလျှင် ၁၀ကောင်ခန့်နှင့် ရင်ဆိုင်ရပေမည်။ သို့တိုင် အသက်ဝင်မလာသေးသည့် ကမာစစ်သူကြီးကို ထည့်မတွက်ရသေးပေ။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ စာတိုချန်ထားခဲ့သူသည် ကမာစစ်သူကြီးသည် စိတ်သဘောထားသေးသိမ်သည်ဟု ပြောထားခြင်းဖြစ်သည်။ ထို့ပြင် ၎င်းသည် မှန်ကန်လောက်၏။ ချန်ကျဲ့သည် ကမာစစ်သူကြီး၏ဆေးကို ခိုးယူထားသည်ဖြစ်ရာ ကမာစစ်သူကြီးသည် သူ့ကို ပစ်မှတ်ထားလာနိုင်၏။

သူ၏လက်ရှိကျင့်ကြံဆင့်မှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်ရာ လာမည့်တိုက်ပွဲအတွက် မလုံလောက်ပေ။ အနည်းဆုံးတော့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြစ်ရန် လိုအပ်သည်။

ထိုသို့တွေးလျက် ချန်ကျဲ့သည် သူခုနက ယူလာခဲ့သည့် ဆေးလုံးကို ထိကိုင်ကြည့်လိုက်သည်။ အစက ချန်ကျဲ့သည် ချောင်ကျသည့်နေရာတစ်ခုရှာပြီး ဆေးလုံးကို တိတ်တဆိတ် စုပ်ယူသုံးစွဲလိုခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတွင်တော့ ထိုသို့ပြုလုပ်ရန် အခွင့်မသာတော့ချေ။

သို့ဖြင့် ချန်ကျဲ့သည် သိဒ္ဓိစွမ်းအင်လုံးဖွဲ့စည်းဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်တော့သည်။

ရုတ်ချည်းပင် သူ၏ခံတွင်းထဲ၌ ဆေးအာနိသင်တစ်မျိုး ပျံ့နှံ့သွားခဲ့သည်။ ချန်ကျဲ့သည် မိမိမှာ အနံ့အရသာစူးရှပြင်းထန်သည့် မုန်လာဥဖြူကို ပါးစပ်အပြည့်ထည့်၍ မျိုချမိလိုက်သည့်အလား ခံစားလိုက်ရသည်။ ပြည့်လျှံပေါများလှသော ချီစွမ်းအင်များမှာ ပေါက်ကွဲထွက်လုနီးပါးပင်။

ချန်ကျဲ့သည် ပါးစပ်ဖွင့်လိုက်မိပါက ဆေးအာနိသင်များ လျော့နည်းသွားမည်ကို စိုးရိမ်နေမိသည်။

ချန်ကျဲ့သည် ဆေးလုံးကို အတင်းအကျပ် မျိုချလိုက်သည်။ ထို့နောက်တွင် သူ၏မျက်လုံးအစုံမှာ သွေးနီရောင်သန်းလျက် ပြူးကျယ်သွား၏။

ဆေးလုံးသည် ကြောက်မက်ဖွယ်သော ချီစွမ်းအင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနေကာ ချန်ကျဲ့၏ တန့်ထျန်းအတွင်းသို့ အရှိန်ပြင်းစွာ စီးဝင်နေသည်။

သူ၏တန့်ထျန်းထဲတွင် ဝဲဂယက်တစ်ခု တည်ရှိနေသည့်အလားပင်.. လေတိုးသံများ အဆက်မပြတ်ဖြစ်ပေါ်နေလျက် အမြင့်ဆုံးသော ကောင်းကင်ဘုံဆီသို့ ဝဲတက်သွားနေကာ ကြောက်ခမန်းလိလိသော စွမ်းအင်သည် လျှံထွက်ကျလုမတတ်ဖြစ်နေသည်။

တန့်ထျန်းအတွင်း၌ စွမ်းအင်သည် ပြင်းစွာလှည့်ပတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ အားမာန်ပြည့်ဝသော စွမ်းအင်လုံးအဖြစ် ဖွဲ့စည်းဖြစ်တည်သွားခဲ့သည်။

ချန်ကျဲ့သည် ရုတ်ချည်းပင် သူ၏ခန္ဓာကိုယ်အတွင်း၌ ရေစုပ်စက်တစ်လုံးထည့်ပေးခံလိုက်ရသည့်အလား အဆုံးမဲ့ချီစွမ်းအင်အထောက်အပံ့ကြီးကို ခံစားလိုက်ရသည်။

သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်မတိုင်မီ၌ ချီစွမ်းအင်အသုံးပြုနိုင်သည့် ရေကန်ကြီးတစ်ကန်ကဲ့သို့သော တန့်ထျန်းသည် အခြေခံအဆင့်သာ ဖြစ်သည်။ ၎င်းသည် လက်ဖြင့် ရေမြောင်းတူးဖော်ပြီး ရေစီးဆင်းလာအောင် ဖြည်းဖြည်းချင်း လမ်းကြောင်းပေးခြင်းကဲ့သို့ ထိရောက်မှုနည်းပါးသည်။

သို့သော် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိခြင်းသည်တော့ တန့်ထျန်းထဲသို့ စွမ်းအားမြင့်ရေစုပ်စက်တစ်လုံး ထည့်ပေးလိုက်သကဲ့သို့ ရေစီးဆင်းသည့်အရှိန်နှုန်းကို သိသိသာသာ တိုးမြှင့်သွားစေပေသည်။

ဤသည်မှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၏ အကြီးမားဆုံးကွာခြားချက်ဖြစ်သည်။ နောက်ထပ်အကြောင်းအရာတစ်ခုကို ထောက်ပြရပါလျှင်မူ ၎င်းမှာ ချီစွမ်းအင်အရည်အသွေး အနည်းငယ် ပို၍ ကောင်းမွန်လာခြင်းဖြစ်လိမ့်မည်။

အကြောင်းအရင်းမှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တွင် ချီစွမ်းအင်ကို ခန္ဓာကိုယ်မှ ထုတ်လွှတ်နိုင်သောကြောင့် ဖြစ်သည်။

ဤသည်ကိုလည်း ရေကန်နှင့်နှိုင်းစာ၍ ရှင်းပြနိုင်သည်။ မတိုင်မီက ရေစီးဆင်းမှုနှေးကွေးပြီး အများဆုံးသော လုပ်နိုင်စွမ်းမှာ ခန္ဓာကိုယ်ကို လွှမ်းခြုံကာကွယ်ခြင်းဖြစ်သည်။

သို့သော် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တွင်မူ ချီစွမ်းအင်ကို တွန်းကန်ထုတ်သုံးနိုင်သည့် အားကောင်းသည့်ရေစုပ်စက်ရှိလေသည်။ ၎င်းသည် ရေစုပ်စက်မှ ရေများကို အပြင်သို့ ဖြန်းပက်ထုတ်လွှတ်ခြင်းဖြစ်သည်။

ချန်ကျဲ့သည် ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအင်၏ အံ့ချီးဖွယ်များကို ကြုံတွေ့ခံစားနေသည်။ ထိုအချိန်၌ ကမာစစ်သားများသည်လည်း ကျောက်ရုပ်တုများမှ ထွက်လာကာ စတင်၍ သက်ဝင်လှုပ်ရှားနေကြပြီ ဖြစ်သည်။

ထို့နောက် သူတို့၏လက်နက်များကို ဝှေ့ယမ်းလျက် အနီးအနားရှိလူများကို တိုက်ခိုက်သည်။

ထိုအခါ ကျောက်ယာ၊ အားသာ့နှင့် ချီမုကောတို့သည် လက်နက်များဆွဲထုတ်၍ ကမာစစ်သားများနှင့် ရင်ဆိုင်တိုက်ခိုက်ကြသည်။

ထိုကမာစစ်သားများသည် အလွန်အင်အားကြီးမားပြီး ကြမ်းကြုတ်၏။ ဓားလှံလက်နက်များဖြင့်ပင် သူတို့ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရပေသည်။

လက်နက်မရှိသူများအတွက်မူ ထိုကမာစစ်သားများကို တိုက်ခိုက်ရခြင်းသည် ခိုင်ခံ့လွန်းသည့်ရုပ်တုကြီးများနှင့် တိုက်ခိုက်ရခြင်းကဲ့သို့ ဖြစ်လိမ့်မည်။

၎င်းတို့သည် တစ်ကြိမ်တိုက်ခိုက်ခံလိုက်ရသော်လည်း ဘာမှမဖြစ်ခဲ့သည့်အလား ချက်ချင်း ပြန်ထရပ်လာကြလေသည်။

သေစမ်း။

ထိုစဉ် မနီးမဝေးမှ လျိုလောင်ကွေ့၏ ဒေါသတကြီး ဆဲရေးသံကို ကြားလိုက်ရသည်။

မကြာမီက လျိုလောင်ကွေ့ သတိကြီးကြီးထားနေစဉ်ပင် ကမာစစ်သားတစ်ယောက် ခုန်ထွက်လာကာ သူ၏ဓားရှည်ကြီးဖြင့် လျိုလောင်ကွေ့ကို ဦးတည်တိုက်ခိုက်လေသည်။ လျိုလောင်ကွေ့သည်လည်း ထိတ်လန့်သွားလျက် ထိုကမာစစ်သားကို လက်ဝါးသိုက်ကွက်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။

All Chapters