အခန်း ၇၅၆
Vol. 65 Ch. 756
အခန်း ၇၅၆
ဓားရောင်ခြည်မှ စူးရှတောက်ပသည့် အလင်းရောင်များ ထုတ်လွှတ်နေသည်။
ချန်ကျဲ့မှ ကမာစစ်သားနှစ်ဦးကို သတ်ဖြတ်ပစ်လိုက်ချိန်တွင် အားလုံးသည် ချန်ကျဲ့၏စွမ်းအင်လှိုင်းကို ရုတ်ချည်း သတိထားမိလိုက်ကြသည်။ အားလုံးသည် ချန်ကျဲ့ကို လှည့်ကြည့်လာကြ၏။ ခုနက ချန်ကျဲ့ထံမှ စူးရှသည့်စွမ်းအင်အဟုန်ကို သေချာပေါက် ခံစားမိလိုက်လေရာ သူတို့အားလုံး အံ့ဩမင်သက်နေကြတော့သည်။
ဒါက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲ။
အားလုံး မင်သက်နေမိကြသည်။
ဟုတ်တယ်။ ဒီအရှိန်အဝါကို ဖုံးကွယ်ထားလို့မရနိုင်ဘူး။ ဒါက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပဲ သေချာတယ်။
သို့သော် အားလုံး၏စိတ်ထဲတွင် မေးခွန်းတစ်ခုရှိနေ၏။
ချန်ကျဲ့က ဘယ်တုန်းက ကျင့်ကြံဆင့်တက်သွားတာလဲ။ အခုပဲ တက်သွားတာလား။ ငါတို့ အထဲမဝင်ခင်ကတောင် သူ့အရှိန်အဝါက အခုလို မဟုတ်သေးဘူးလေ။ တကယ်ကြီး အခုလေးတင် အဆင့်တက်သွားတာလား။
ထိုသို့အတွေးဖြင့် အားလုံးမှာ မထိန်းချုပ်နိုင်စွာ ပင့်သက်ရှိုက်မိလိုက်ကြသည်။
တိုက်ပွဲအလယ်မှာ ကျင့်ကြံဆင့်တက်လှမ်းသွားတယ်။
တိုက်ခိုက်နေရင်း ကျင့်ကြံဆင့်တက်သွားတဲ့ နောက်တစ်ယောက်ပဲ။ အရင်တစ်ခေါက်က နန်ပါးထျန်း၊ အခုကျ ချန်ကျိုစစ်။ ငါးဖမ်းကုန်သည်အဖွဲ့က ပါရမီရှင်တွေ များလှချည်လား။
တိုက်ပွဲအတွင်း ကျင့်ကြံဆင့်တက်လှမ်းခြင်းဟူသည် အောင်မြင်ရန် အလွန်ခက်ခဲ၏။
ခြုံငုံလိုက်လျှင်တော့ တိုက်ပွဲအတွင်း ကျင့်ကြံဆင့်တက်လှမ်းနိုင်စွမ်းရှိလျှင်သော်မှ ထိုကျင့်ကြံသူ၏အနာဂတ်သည် အခြားသူများထက် သာလွန်သည့် အနာဂတ်ရှိလိမ့်မည်ဟု မဆိုလိုချေ။ အများဆုံးမှ လွယ်လွယ်မသေဆုံးနိုင်သည့် ကံကြမ္မာပိုင်ရှင်အဖြစ်သာ သတ်မှတ်နိုင်ပါ၏။
ချန်ကျဲ့သည် ကမာစစ်သားနှစ်ဦးကို သတ်လိုက်သည်တွင် အခြားကမာစစ်သားများ၏ အာရုံကိုလည်း ဆွဲဆောင်မိသွားခဲ့ကာ အကောင်ရေများစွာ၏ ဝန်းရံခံလိုက်ရသည်။
၎င်းကြောက်မက်ဖွယ်သော သတ္တဝါကြီးများသည် ကြောက်ရွံ့မှုကိုရော မောပန်းမှုကိုရော မသိကြချေ။ မနားတမ်းသာ တိုက်ခိုက်နေ၏။
ချန်ကျဲ့သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းသွားသဖြင့် ဤသတ္တဝါများကို ရင်ဆိုင်ရခြင်းမှာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည်အထိ မဖြစ်တော့သော်ငြား အန္တာရာယ်များနေစမြဲ ဖြစ်သည်။ အထူးသဖြင့် လျိုလောင်ကွေ့နှင့် ချီမုကောအတွက် အလွန်အန္တရာယ်များ၏။
သူတို့သည် စွမ်းအင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်များဖြစ်ကြပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ မတက်လှမ်းရသေးပေ။
သူတို့သည် ချီစွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်အသုံးပြုနိုင်စွမ်း မရှိသေးသည့်အပြင် ချီစွမ်းအင်လည်း အားမကောင်းသေးပေ။ သို့ဖြစ်ရာ ကမာစစ်သား လေးငါးကောင်ခန့်ကို ရင်ဆိုင်ရလျှင်ပင် သူတို့အတွက် ခက်ခဲစေသည်ဖြစ်သည်။ ထိုထက် အနည်းငယ်မျှ ပိုများလျှင်တော့ အော်ဟစ်အကူအညီတောင်းရသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပေသည်။
တိုက်ခိုက်သတ်ဖြတ်ပွဲကြီးသည် မရပ်နားတမ်း ဆက်လက်ဖြစ်ပွားနေ၏။
မိနစ်သုံးဆယ်ခန့်ကြာမြင့်ပြီးနောက်၌ ချန်ကျဲ့သည် လျင်မြန်ဖျတ်လတ်သည့်သိုင်းကွက်ကို အသုံးပြု၍ နောက်ထပ် ကမာစစ်သားနှစ်ဦးကို သတ်ပစ်လိုက်သည်။ သို့သော် သူ၏ချီစွမ်းအင်မှာ သုံးပုံတစ်ပုံနီးပါး လျော့ပါးသွားပြီဖြစ်သည်။
ဤသို့တိုက်ပွဲကို ဒီအတိုင်းဆက်လက်တိုက်ခိုက်နေပါက သူတို့ တောင့်ခံထားလိမ့်မည် မဟုတ်ပေ။
အားလုံးလည်း ထိုသို့တွေးနေခဲ့၏။ ထိုစဉ် စင်မြင့်တွင် ရပ်နေသည့် ကမာစစ်သူကြီးသည် ရုတ်တရက် လှုပ်ရှားလာပြီး စင်မြင့်ပေါ်မှ အောက်သို့ ခုန်ချလိုက်လေသည်။
ချန်ကျဲ့ ကမာစစ်သားတစ်စုနှင့် တိုက်ခိုက်နေစဉ် စင်မြင့်ထက်မှ ခုန်ချလာသည့် ကမာစစ်သူကြီးကို မြင်လိုက်သည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ကမာစစ်သူကြီးသည် သူ့ထံ တစ်ဟုန်ထိုး ဦးတည်လာခြင်းဖြစ်သည်။ ကမာစစ်သူကြီးသည် ကျယ်လောင်သည့် အသံကြီးနှင့်အတူ မြေပြင်ထက် ခုန်ဆင်းလာသည်။
မြေပြင်မှာ ချိုင့်ခွက်ကြီးဖြစ်သွားရသည်။
ထို့နောက် သူ၏လက်ထဲမှ ဓားရှည်ကို ကိုင်မြှောက်၍ ချန်ကျဲ့ထံ တိုက်ရိုက်ဦးတည်လာလေသည်။ ချန်ကျဲ့လည်း ထိတ်လန့်သွားလျက် ဆောင်းဦးပုစဉ်းဓားမြှောင်ဖြင့် အမြန်ခုခံလိုက်ရသည်။
ချွင်
ချန်ကျဲ့မှာ ဓားမြှောင်နှင့်အတူ လွင့်ထွက်သွားခဲ့သည်။
တစ်ပြိုင်နက်တည်းပင် ခန္ဓာကိုယ်အတွင်းမှ ပြင်းစွာသောနာကျင်မှုကိုလည်း ခံစားလိုက်ရပြီး ဓားမြှောင်ကိုင်ထားသည့် လက်မှာ အဆက်မပြတ် တုန်ယင်နေခဲ့သည်။
ကြီးမားလိုက်တဲ့အင်အားပါလား။
ချန်ကျဲ့ လွင့်ထွက်သွားစဉ်အတွင်း ထိုသို့တွေးမိလေသည်။ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသည့်အင်အားပင်။ ၎င်းသည် ချန်ကျဲ့၏သိမြင်နားလည်နိုင်စွမ်းထက် ကျော်လွန်သည့် စွမ်းအားဖြစ်ပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်မဟုတ်ကြောင်း ခံစားသိနိုင်ပေသည်။
ထို့နောက်တွင် ကမာစစ်သူကြီးသည် ကျောက်ယာထံ ဦးတည်သွားသည်ကို ချန်ကျဲ့ မြင်လိုက်ရသည်။
သူ၏လက်ထဲမှ ဧရာမဓားရှည်ကြီးကို ကိုင်မြှောက်၍ ကျောက်ယာကို ဦးတည်ခုတ်ပိုင်းလေသည်။
၎င်းကိုမြင်သော အားသာ့သည် ကျောက်ယာရှေ့မှ ကာကွယ်ပေးရန် ချက်ချင်း ခုန်ဝင်လိုက်သည်။ အားသာ့၏ဓားရှည်နှင့် ကမာစစ်သူကြီး၏ရတနာဓားရှည်တို့ ထိခတ်သွားပြီး အားသာ့သည်လည်း ချန်ကျဲ့ကဲ့သို့ နောက်သို့လွင့်ထွက်သွားခဲ့သည်။
အားသာ့သည် သွေးတစ်ပွက်ပင် အန်ထွက်သွားခဲ့၏။
၎င်းသည် ချန်ကျဲ့မှာ အားသာ့ထက် ပို၍အင်အားကြီးမားသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ချန်ကျဲ့ ကမာစစ်သူကြီးနှင့် တိုက်ခိုက်စဉ်က ချန်ကျဲ့သည် မိမိမှာ ကမာစစ်သူကြီး၏ပြိုင်ဘက်မဟုတ်ကြောင်း သိသဖြင့် မိမိ၏အင်အားကို လမ်းခုလတ်တွင် လျှော့ပစ်ခဲ့ပြီး ကမာစစ်သူကြီး၏စွမ်းအင်ကို အသုံးပြု၍ နောက်ပြန်ဆုတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် အားသာ့သည် ကျောက်ယာကို ကာကွယ်ရန်အတွက် အင်အားကို အစွမ်းကုန်ထုတ်သုံးခဲ့လေရာ ထိခတ်မှုသည် အလွန်ပြင်းထန်ခဲ့လေသည်။
သို့ဖြင့် ထိခိုက်မှုလည်း ပိုပြင်းထန်လေသည်။
“အဟွတ်.. ခရိုင်မင်းသမီး သတိထား။ ဝံပုလွေအငွေ့အသက်အဆင့် ကမာစစ်သူကြီးက ဝံပုလွေအငွေ့အသက်အဆင့်ပဲ’
အားသာ့သည် လွင့်ထွက်သွားနေရင်းဖြင့် ကျောက်ယာကို အော်ဟစ်အသိပေးသည်။ ကမာစစ်သူကြီးသည် သူ၏ဓားရှည်ကို ကိုင်မြှောက်၍ ကျောက်ယာကို ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်သည်။
ထိုအခါ စူးရဲသည့် အော်ငေါက်သံ ထွက်ပေါ်လာ၏။
“ခွေးကောင်။ ခရိုင်မင်းသမီးကို တိုက်ခိုက်ဖို့လုပ်ရဲတယ်ပေါ့လေ။ သွားသေလိုက်တော့”
အားစန်းသည် ထိုသို့အော်ပြောလျက် လေဟာနယ်ထက် ခုန်တက်ပြီး သူ၏ဓားရှည်ဖြင့် ကမာစစ်သူကြီးကို ဦးတည်ခုတ်ပိုင်းသည်။
ကမာစစ်သူကြီးသည် ခေါင်းလှည့်ကြည့်ရန်ပင် စိတ်မဝင်စားပေ။ ဓားကိုသာ ပင့်မြှောက်လိုက်၏။
အားစန်းမှ ဒေါသတကြီး ပြောဆိုသည်။
“ခွေးကောင် သွားသေလိုက်တော့”
အားစန်းသည် ကမာစစ်သူကြီး၏ဦးခေါင်းကို ဦးတည်ခုတ်ပိုင်းသည်။
အားစန်း၏ဓားရှည်သည် ကမာစစ်သူကြီး၏ဦးခေါင်းနှင့် ထိခတ်သွားပြီး မီးပွားစများ လွင့်ထွက်လာခဲ့သည်။
သို့တိုင် ကမာစစ်သူကြီး၏ဦးခေါင်းမှာ ခြစ်ရှရာတစ်ချက်မထင်ကျန်ရစ်ဘဲ အကောင်းပကတိအတိုင်း ဖြစ်လေသည်။
ထိုမြင်ကွင်းတွင် အားစန်း ထိတ်လန့်သွား၏။
ဒါက ဘယ်လိုမကောင်းဆိုးဝါးကောင်ကြီးလဲ။ ခေါင်းက သံမဏိထက်တောင် မာနေသေးတယ်။
အားစန်း မယုံကြည်နိုင်စွာဖြင့် တွေးလိုက်သည်။ အားလုံးသည်လည်း ကြောက်မက်ချောက်ချားဖွယ်သော ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိလိုက်ကြသည်။
ကမာစစ်သားများ၏ ခုခံမှုအင်အားသည်လည်း အလွန်အားကောင်းကြသည်ဖြစ်ရာ ကမာစစ်သူကြီး၏ ခုခံနိုင်သည့်စွမ်းအားသည် သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်ထက် များစွာ ပို၍ သာလွန်ပေလိမ့်မည်။
ကမာစစ်သူကြီး၏ တိုက်ခိုက်မှုစွမ်းရည်သည် ဝံပုလွေအငွေ့အသက်အဆင့်ဖြစ်ရာ ကမာစစ်သူကြီး၏ ခုခံမှုစွမ်းအားကို ချိုးဖျက်လိုပါက အနည်းဆုံး နဂါးအဆင့်စွမ်းအင်ကို လိုအပ်ပေသည်။
သေစမ်း
ထိုအခါ အားလုံး မထိန်းချုပ်နိုင်စွာ ကျိန်ဆဲလိုက်ကြသည်။
ကြောက်ဖို့ကောင်းတယ် အရမ်းကြောက်ဖို့ကောင်းလွန်းတယ်။ ဒီကမာစစ်သူကြီးကိုသတ်ဖို့အတွက် အနည်းဆုံး နဂါးအဆင့်စွမ်းအင်ရှိဖို့လိုတယ်။ ဒါပေမဲ့ ငါတို့က နဂါးအဆင့်ရောက်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်လေ။
ဆိုလိုသည်မှာ ဤနေရာရှိလူအားလုံးသည် ကမာစစ်သူကြီးကို အနိုင်တိုက်နိုင်စွမ်းမရှိဟု ဆိုလိုလေသည်။ ဖြေရှင်းမရနိုင်သည့်ပြဿနာသည် ဖြေရှင်းမရနိုင်သည်ချည်းသာ။
ကမာစစ်သူကြီးသည် ကျောက်ယာကို ဆက်လက်တိုက်ခိုက်သည်။
“ခရိုင်မင်းသမီးကို အန္တရာယ်မပြုနိုင်စေရဘူးကွ ဟားဟား”
ထိုအခိုက်အတန့်၌ ပုံမှန်အားဖြင့် တည်ငြိမ်တိတ်ဆိတ်သည့် အားသာ့မှ အပြေးရောက်လာကာ ကမာစစ်သူကြီး၏ရှေ့တွင် ရပ်လိုက်လေသည်။ ထို့နောက် သူ၏လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ကာ သူ၏ခန္ဓာကိုယ်သည်လည်း အရှိန်အဟုန်ပြင်းထန်လှစွာသော ချီစွမ်းအင်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။