← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း - (၃၁) ဝမ့်ထျန်းချောင်

ဝမ့်ရှောင်ဟွာသည် စားပွဲတွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်နေပြီး သူ၏မျက်နှာအမူအရာက ပင်ပန်းနွမ်းနယ်မှုကို အတိုင်းသားဖော်ပြနေခဲ့သည်။

သူသည် ရှန်းယန်စံအိမ်တော်တွင် ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်ခဲ့သော ကျင့်ကြံသူတစ်ဦးအနေဖြင့် သုံးရက်သုံးည မအိပ်လျှင်ပင် တက်ကြွနေနိုင်သင့်သည်။

(Note. ရှန်းယန်စံအိမ်တော် ဆိုတာက မျက်ခုံးနှစ်ခုကြားက နေရာကို ပြောတာပါ)

သို့သော် မကြာသေးမီက ပြဿနာများ ဆက်တိုက်ဖြစ်ပွားနေခြင်းက သူ့အပေါ်တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေခဲ့ပြီး ထိုအရာများကို ဖြေရှင်းရန် အတော်လေး ရုန်းကန်နေရသည်။

“လီမိသားစုဆီက စာနဲ့ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ ယွမ်ခိုင်”

သူက နားထင်များကို ပွတ်သပ်ရင်း လက်အောက်ငယ်သားများကို ပင်ပန်းနွမ်းနယ်စွာကြည့်ကာ မေးလိုက်သည်။

ဝမ့်ယွမ်ခိုင် မတုံ့ပြန်နိုင်မီ သူ၏ဘေးမှ ကြွက်သားများ ထွားကျိုင်းသော ယောက်ျားတစ်ယောက်က ယုံကြည်မှုရှိစွာ ကြားဖြတ်ပြောလိုက်သည်။

“ဒါကရှင်းနေတာပဲ မဟုတ်လား။ ဒီလီမိသားစုက အားနည်းတယ်။ သူတို့က ဒီလိုမဟုတ်ဘူးလို့ ထင်ရင်တော့ အထင်မှားနေတာပဲ။ သူတို့မှာ မိသားစုဝင် ကျင့်ကြံသူ နှစ်ယောက်ပဲရှိတာ။ သူတို့ရဲ့ ဝိညာဉ်လယ်ကွင်းတွေကို ငါတို့ဆီကိုပေးဖို့ အလွယ်တကူ ဖိအားပေးလို့ ရပါတယ်”

ထွားကျိုင်းသောယောက်ျားသည် အလယ်ဗဟိုရှိ ထိုင်ခုံတွင် ထိုင်နေသော ဝမ့်ရှောင်ဟွာကို စိုက်ကြည့်နေခဲ့သည်။

ဝမ့်ရှောင်ဟွာသည် ထိုသူ၏မိုက်မဲမှုကို စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သူ့ကို မေးခွန်းထုတ်လိုက်သည်။

“လီမိသားစုထဲက တစ်ယောက်က ဂိုဏ်းထဲမှာ ကျင့်ကြံနေတယ်။ အဲဒီအင်မော်တယ်ကျင့်ကြံသူက ငါတို့ကို လက်စားချေဖို့ လိုက်လာခဲ့ရင် ငါတို့ ဘာလုပ်ကြမှာလဲ”

“အဲဒါက…”

မထင်မှတ်ထားသော မေးခွန်းကြောင့် ထွားကျိုင်းသောယောက်ျားသည် တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ဝမ့်ယွမ်ခိုင်က ဝင်ရောက် ပြောကြားလိုက်သည်။

“လီမိသားစုက ရိတ်သိမ်းမှုရဲ့ သုံးဆယ်ရာခိုင်နှုန်းကို တောင်းဆိုခဲ့ရင် ကျွန်တော်တို့အနေနဲ့ သူတို့တောင်းဆိုတာကို သဘောတူလို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်စည်တွေက နှစ်စဉ်နှစ်တိုင်း လျော့နည်းလာနေတယ်။ လိုအပ်တဲ့ အခွန်ဘဏ္ဍာတွေကို ပေးဆောင်ဖို့တောင် ကျွန်တော်တို့ ရုန်းကန်ရနိုင်တယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ရဲ့ဦးစားပေးက ရှင်သန်ရပ်တည်ရေးပဲ”

ဝမ့်ရှောင်ဟွာက သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး အတွေးနက်စွာဖြင့် ထပ်ပြောလိုက်သည်။

“သုံးဆယ်ရာခိုင်နှုန်းက ထပ်ပြီး ညှိနှိုင်းလို့ ရနိုင်လောက်တယ်။ ကျီမိသားစုရဲ့အစွမ်းအစနဲ့ ငါတို့ရောက်နေတဲ့ မတည်ငြိမ်တဲ့အခြေအနေကို ထောက်ရှုလိုက်ရင် လီမိသားစုက ငါတို့ကို အရမ်းဖိအားပေးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အချင်းချင်းမှီခိုနေရမှာပဲ”

ကျီမိသားစုအကြောင်း ပြောမိသောအခါ သူ၏အမူအရာ မှောင်မိုက်သွားခဲ့သည်။ ထို့နောက် စာကိုချလိုက်ပြီး သူက ဆက်ပြောသည်။

“လွန်ခဲ့တဲ့ နှစ်တွေက ယွီပူတောင်က ငါတို့ရဲ့နယ်နိမိတ်ပဲ။ ဒါပေမဲ့ အခုတော့ ကုလီလမ်းအထိ နောက်ဆုတ်ခဲ့ရပြီ။ ကျီတုန်ချီရဲ့ အဆက်မပြတ်ဖိနှိပ်မှုက ငါတို့ကို ဒီနှစ်တွေတစ်လျှောက်လုံး အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရစေတယ်။ ငါတို့ကို အနားယူချိန် တစ်ခဏလေးတောင် မပေးခဲ့ဘူး”

ဝမ်ယွမ်ခိုင်သည် အံကြိတ်လိုက်ရင်း သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ခါးသီးသောအဖြစ်မှန်ကို အသိအမှတ်ပြုလိုက်ရသည်။

“အမှန်ပါပဲ။ ဒါပေမဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ခုတော့ ရှိပါသေးတယ်။ တလီတောင်ရဲ့ မြောက်ဘက်ခြေရင်းက ဝိညာဉ်စွမ်းအင်တွေ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေတယ်။ ဒါက ကျွန်တော်တို့ ဒီအခြေအနေကနေ လွတ်မြောက်ဖို့လက်မှတ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခုထိတော့ အဲဒီနေရာကို မထိန်းချုပ်နိုင်သေးဘူး”

ဝမ့်ရှောင်ဟွာက ရယ်မောလိုက်ပြီး အေးစက်စွာ မှတ်ချက်ချလိုက်သည်။

“အခုလောလောဆယ်တော့ ဒါက အကောင်းဆုံးပဲလို့ ငါယုံကြည်တယ်။ အဲဒီဒေသကို စောင့်ကြပ်ဖို့ လိုအပ်တဲ့လူအင်အားကို ငါတို့ မတတ်နိုင်သေးဘူး။ မင်းက အဲဒီမှာရှိနေရင် ငါတို့အိမ်ကို ဘယ်သူစောင့်ရှောက်မှာလဲ။ ဒါ့အပြင် ဒါက ကျီမိသားစုရဲ့အာရုံစိုက်မှုကို ဆွဲဆောင်သွားနိုင်တယ်။ သူတို့က ငါတို့ကို အနှောင့်အယှက်မပေးဘဲ တိုးချဲ့ခွင့်ပေးမှာမဟုတ်တာ သေချာတယ်”

“ကျီတုန်းချီက ပြဿနာတွေရှာနေတယ်။ မျိုးနွယ်ခွဲမိသားစုတွေက အသုံးမကျတဲ့လူတွေကို ငါတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်သွားအောင် လှည့်စားဖို့ လူတွေလွှတ်လွှတ်နေတယ်။ ငါတို့ လီမိသားစုနဲ့ ဆက်သွယ်ချင်ရင် ဒါမှမဟုတ် တစ်ယောက်ယောက်ကို အဲဒီကိုလွှတ်ချင်ရင် ကျီတုန်းချီက ငါတို့အစီအစဉ်တွေကို မသိအောင် သတိထားပြီး လုပ်ဆောင်မှရမယ်”

ဝမ်ယွမ်ခိုင်က ခိုင်မာစွာခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့ကလန်က ညီအစ်ကိုတစ်ယောက်ကို သေသွားပြီလို့ သတင်းလွှင့်ပြီး လီတောက်ခိုရွာကိုသွားဖို့ ကျွန်တော် စီစဉ်ထားပြီးပါပြီ။ ကျီတုန်းချီရဲ့သတင်းပေးတွေက သေမျိုးတွေ သက်သက်ပါပဲ။ သူတို့တွေ ဘာမှ သံသယဝင်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်”

“ထျန်းချောင်က စကားပြောကောင်းတယ်။ သတိထားတတ်ပြီး ယုံကြည်ရတယ်။ ဒီတာဝန်အတွက် သူ့ကို ငါ အပြည့်အဝ ယုံကြည်ထားတယ်”

ဝမ့်ရှောင်ဟွာက ပြောလိုက်သည်။

သူ၏ရှေ့တွင် ခင်းကျင်းထားသော မြေပုံပေါ်သို့ စုတ်တံကို ညင်သာစွာချလိုက်စဉ် သူ၏အကြည့်များသည် အေးစက်သွားခဲ့ကာ သူက တိုးတိုးလေး ပြောလိုက်သည်။

“ငါတို့ ခြေလှမ်းတွေကို သတိထားရမယ်။ ငါတို့အထဲမှာ ရှိနေနိုင်တဲ့ သစ္စာဖောက်တွေကိုလည်း စောင့်ကြည့်ထားရမယ်”

xxxxxxxxxx

လီထုန်ယာသည် သူ့ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် လည်ပတ်နေသော မန္နာစွမ်းအင်လှိုင်းလုံးကို ခံစားလိုက်ရသဖြင့် တိုးညင်းစွာ ရယ်မောလိုက်သည်။

“နောက်ဆုံးတော့ လေးနှစ်နီးပါးအကြာမှာ မန္နာစွမ်းအင်သံသရာ ချက္ကရာကို စုစည်းဖွဲ့တည်ရာမှာ အောင်မြင်ခဲ့ပြီ”

လျိုရို့ရွှမ်းသည် ဆံနွယ်တစ်မျှင်ကို သူမ၏နားနောက်သို့ သပ်တင်လိုက်သည်။ သူမ၏ အနက်ရောင်မျက်လုံးများသည် လီထုန်ယာအပေါ်တွင် စူးစိုက်နေပြီး နွေးထွေးသောအပြုံးဖြင့် ဂုဏ်ပြုလိုက်သည်။

“အစ်ကိုထုန်ယာရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်”

လီထုန်ယာသည် ခေါင်းကို ဘေးသို့လှည့်လိုက်ပြီး သူမ၏အကြည့်ကြောင့် မသက်မသာဖြစ်မှုများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

“ဒါက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်က သေးငယ်တဲ့ အောင်မြင်မှုလေးပါပဲ။ ဂုဏ်ပြုစရာကိစ္စတောင် မဟုတ်ပါဘူး”

သူက အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။

လီထုန်ယာသည် လျိုရို့ရွှမ်းက သူ၏တုံ့ပြန်မှုကို ရယ်မောသည်ကိုကြည့်ရင်း လက်လျှော့သည့်အနေဖြင့် ခေါင်းခါလိုက်သည်။

သူက ကောင်းကင်ကို ကြည့်လိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

“ငါ တစ်နေ့နဲ့တစ်ည ကျင့်စဉ်ဝင်နေခဲ့တာ။ ရှန်းဖျင်ကို အရင်ဆုံးသွားကြည့်ရဦးမယ်”

လျိုရို့ရွှမ်းသည် ရယ်ချင်စိတ်ကို ထိန်းချုပ်ရန်ကြိုးစားရင်း အားတက်သရော ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

လီထုန်ယာသည် ခြံဝင်းငယ်လေးမှ ထွက်ခွာလာခဲ့ပြီး လီအိမ်တော်၏ ရှေ့ခြံဝင်းဆီသို့ ဦးတည်သွားခဲ့သည်။ သူချဉ်းကပ်လာစဉ် ပင်မခြံဝင်းမှ စကားစမြည်ပြောဆိုနေသံကို ကြားလိုက်ရပြီး ခဏတာမျှ ရပ်တန့်သွားခဲ့သည်။

ရန်ဖျင်အာသည် ပင်မခြံဝင်းတွင် တိတ်ဆိတ်စွာ အပ်ချုပ်နေသော်လည်း လီရွှမ်ရွှမ်ကမူ မြေပေါ်တွင် ဒူးထောက်ကာ သူမ၏ဝတ်စုံကို ဆုပ်ကိုင်ရင်း မျက်ရည်များ ဝဲလုနီးပါး ဖြစ်နေခဲ့သည်။

“မေမေ၊ ဘာလို့ တခြားလူတိုင်းမှာ အဖေရှိပြီး သားမှာ မရှိရတာလဲ။ လီရှဲ့ဝမ်တောင် အဖေရှိတာပဲ။ သားအဖေက ဘယ်မှာလဲ”

ရန်ဖျင်အာသည် လီရွှမ်ရွှမ်ကို ပွေ့ဖက်ရန် အလျှင်အမြန်ကိုင်းညွတ်လိုက်သည်။

“မင်းအဖေက အဝေးတစ်နေရာကို သွားနေတယ် သားရဲ့…”

သူမက သားဖြစ်သူကို နှလုံးကြေကွဲသောအသံဖြင့် ပြန်ဖြေလိုက်သည်။

သို့သော် လီရွှမ်ရွှမ်က ဆွဲခွာလိုက်ပြီး စိတ်ပျက်စွာဖြင့် အော်ဟစ်ငိုယိုလိုက်သည်။

“ဒါလိမ်တာပဲ၊ မေမေ လိမ်နေတာ။ အဖေသာ အဝေးတစ်နေရာမှာရှိနေရင် ဘာလို့ သားတို့ဆီကို စာတစ်စောင်မှ မပို့တာလဲ။ လူတိုင်းက သားအဖေ သေပြီလို့ပြောကြတယ်”

ရန်ဖျင်အာသည် မျက်ရည်များဖြင့်ပြည့်နှက်နေသော လီရွှမ်ရွှမ်ကိုကြည့်ရင်း မည်ကဲ့သို့ နှစ်သိမ့်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ထိုမြင်ကွင်းသည် လီထုန်ယာကို နာကျင်စေသည်။ သူသည် ပင်မခြံဝင်းဆီသို့မဝင်မီ ရှည်လျားသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး လီရွှမ်ရွှမ်ကို ညင်သာစွာ ပွေ့ချီလိုက်သည်။

လီရွှမ်းရွှမ်းသည် လီထုန်ယာကို မြင်သောအခါ မျက်ရည်များကို သုတ်လိုက်ပြီး မေးသည်။

“ဒုတိယဦးလေး၊ ကျွန်တော့်အဖေ ဘယ်မှာလဲဆိုတာ သိလား”

လီထုန်ယာသည် လီရွှမ်ရွှမ်၏ကျောကို ပုတ်လိုက်ပြီး ပူဆွေးဝမ်းနည်းသံဖြင့် ပြန်ဖြေလိုက်သည်။

“မင်းအဖေက ကြင်နာတတ်တဲ့လူတစ်ယောက်၊ ရက်ရောတဲ့ ညီအစ်ကိုတစ်ယောက်ပဲ…”

ဤစကားများကြောင့် လီရွှမ်ရွှမ်၏ ငိုရှိုက်သံများက ပိုမိုပြင်းထန်လာခဲ့သည်။ ထိုအချိန်တွင် လီယဲ့ရှန့်က ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ့ကိုမြင်သောအခါ ရန်ဖျင်အာသည် ငိုရှိုက်နေသော လီရွှမ်ရွှမ်ကို အလျှင်အမြန်ခေါ်ဆောင်သွားခဲ့ပြီး လီထုန်ယာနှင့် လီယဲ့ရှန့်တို့ကို ခြံဝင်းထဲတွင် ချန်ထားရစ်ခဲ့သည်။

လီထုန်ယာသည် သူ့စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး မေးလိုက်သည်။

“ဘာကိစ္စလဲ”

“အပြင်မှာ မုဆိုးလို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်။ သူက ဝမ့်မိသားစုကလို့ပြောပြီး ချိန်းထားတာရှိတယ်လို့ ပြောပါတယ်”

လီယဲ့ရှန့်က သူ့ကို အသိပေးလိုက်သည်။

လီထုန်ယာသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူသည် မေးစေ့ကို အတွေးနက်ဟန်ဖြင့် ပွတ်သပ်လိုက်ပြီး ဧည့်သည်ကို အတွင်းသို့ခေါ်ဆောင်လာရန် လက်ဟန်ပြလိုက်သည်။

“ဒါဆိုရင်လည်း သူ့ကို ဝင်ခွင့်ပေးလိုက်”

သူက ပြောလိုက်သည်။

လီယဲ့ရှန့် ခေါ်ဆောင်လာသောသူသည် သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ကျောတွင် လေးရှည်တစ်လက်ကို သယ်ဆောင်ထားသည်။ သူသည် ရိုးရှင်းသော အသွင်အပြင်ရှိသော်ငြား သူ့တွင် စူးရှသောမျက်လုံးတစ်စုံ ရှိသည်။

သူသည် လီထုန်ယာကို ရိုသေစွာ လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် သခင်လေး။ ကျွန်တော်က ဝမ့်မိသားစုက ဝမ့်ထျန်းချောင်ပါ”

လီထုန်ယာသည် မျက်ခုံးတစ်ဖက် ပင့်လိုက်မိကာ ဤလူသည် ဝမ့်ယွမ်ခိုင်ထက် ပို၍အရည်အချင်းရှိပုံရပြီး ကိုင်တွယ်ရ လွယ်ကူမည်မဟုတ်ကြောင်း စိတ်ထဲမှ မှတ်သားထားလိုက်သည်။

သူက ပြုံးရင်း ကျိုးနွံစွာ ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ‘သခင်လေး’ ဆိုတဲ့ဘွဲ့နဲ့ မထိုက်တန်ပါဘူး။ ကျွန်တော်က ရွာက ကိစ္စတချို့ကို စီမံခန့်ခွဲနေရုံပါပဲ”

ထို့နောက် သူက ဖိတ်ခေါ်သည့်အနေဖြင့် လက်ဟန်ပြကာ ပြောလိုက်သည်။

“ဒီဘက်ကိုကြွပါ”

ဝမ့်ထျန်းချောင်သည် ချက်ချင်းပင် မျက်ခုံးများပင့်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။

“သခင်ကြီးလီက ပေါ်ထွက်လာခဲတယ်လို့ ကြားဖူးတယ်။ လီမိသားစုမှာ ရှင်းလင်းတဲ့ ခေါင်းဆောင်မရှိဘဲ ဒီညီအစ်ကိုနှစ်ယောက်က ပူးတွဲစီမံခန့်ခွဲတယ်လို့ ဆိုကြတယ်။ လီထုန်ယာက စကားအပြောအဆိုနဲ့ ပတ်သက်ပြီး သတိထားပုံရတယ်။ လီရှန်းဖျင်ကရော ဘယ်လိုလူစားမျိုးလဲ မသိဘူး”

သူသည် စိတ်ထဲတွင် ဤအတွေးများ ပြေးလွှားနေသော်လည်း ဖော်ရွေသောအမူအရာကို ထိန်းသိမ်းထားပြီး ပြုံးရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ဝမ့်ထျန်းချောင်သည် ပင်မခြံဝင်းသို့ ဝင်ရောက်လိုက်သောအခါ ပင်မထိုင်ခုံတွင်ထိုင်ကာ လက်ဖက်ရည်ကို သောက်သုံးနေသော အကြီးအကဲတစ်ဦးကို တွေ့လိုက်ရသည်။ အကြီးအကဲသည် သူ့ကို လှမ်းကြည့်လိုက်ပြီး အသိအမှတ်ပြုဟန်ဖြင့် ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်သည်။

ဝမ့်ထျန်းချောင်သည် လီမုထျန်း၏ ထူးခြားသောအရှိန်အဝါနှင့် ပုံမှန်မဟုတ်သော တည်ငြိမ်မှုကို မလေးစားဘဲ မနေနိုင်တော့ဘဲ စိတ်ထဲမှ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

“သူက လီမိသားစုရဲ့ခေါင်းဆောင် သခင်ကြီးလီပဲ ဖြစ်ရမယ်။ အခြေတည်အဆင့်ကို ရောက်ရှိခဲ့တဲ့ လူတစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့ရဲ့ကျက်သရေက သာမန်လူတွေနဲ့ ကွဲပြားနေတာပဲ”

သူသည် အလွန်ပင် ရိုသေလေးစွာဖြင့် နက်နက်ရှိုင်းရှိုင်း ဦးညွတ်နှုတ်ဆက်လိုက်သည်။ သူပြန်ထလာသောအခါ သိသိသာသာ စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များဝဲလာပြီး အကြီးအကဲကို နှုတ်ဆက်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် စီနီယာ”

လီမုထျန်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။

“မင်းက ဘာတွေ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ”

ဝမ့်ထျန်းချောင်က မျက်ရည်များကို သုတ်လိုက်ရင်း ရှင်းပြလိုက်သည်။

“သခင်ကြီးကို မြင်ရတာက ကျီတုန်းချီရဲ့ ရက်စက်မှုတွေကြောင့် အများကြီးဒုက္ခခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကွယ်လွန်သူဖခင်ကို သတိရစေပါတယ်။ သူက ကျွန်တော်တို့မိသားစုရဲ့ ဝိညာဉ်စပါး ကျင်းကိုးရာတောင် ဆုံးရှုံးခဲ့ရတယ်။ ဒီအကြောင်းကြောင့်ပဲ လာမယ့်နှစ်တွေအတွက် အခွန်ဘဏ္ဍာတွေ ပေးဆောင်ဖို့ ကျွန်တော်တို့ ရုန်းကန်နေရပါတယ်”

“ကျင်းကိုးရာလား”

ဤစကားကို ကြားသောအခါ လီထုန်ယာနှင့် လီမုထျန်းတို့ နှစ်ဦးလုံးသည် အဓိပ္ပာယ်ပြည့်ဝသောအကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့သည် တစ်ခုခုကို နားလည်သဘောပါက်သွားပုံရပြီး လီထုန်ယာက သူ့ဘာသာသူ တွေးလိုက်မိသည်။

“ဒီလူက ငါတို့မိသားစုရဲ့ သုံးဆယ်ရာခိုင်နှုန်း ဝေစုထဲက တစ်စိတ်တစ်ပိုင်းကို ချိန်ရွယ်နေတာကိုး”

All Chapters