← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း - (၃၇) ဝိညာဉ်စပါး

လီထုန်ယာသည် အသက်ရှုပ် ရပ်တန့်သွားတော့မလို ဖြစ်သွားခဲ့ရပြီး ခေါင်းထဲ၌ မူးဝေမှုက သူ့အပေါ်သို့ လွှမ်းမိုးလာခဲ့သည်။

သူသည် ခေါင်းကို အလျှင်အမြန်လှည့်လိုက်ပြီး လယ်ကွင်းထဲရှိ ညင်သာစွာလှုပ်ခါနေသော အစိမ်းဖျော့ဖျော့ ဝိညာဉ်စပါးများကို ငုံ့ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။

“မင်း… တခြားဟာတွေ မစဉ်းစားခင် ဆန်းကြယ်အသွင် ချက္ကရာကို အရင်ဆုံးစုစည်းဖွဲ့တည်ဖို့ အာရုံစိုက်သင့်တယ်”

လျိုရို့ရွှမ်းသည် စနောက်သောအပြုံးဖြင့် လီထုန်ယာ၏ မျက်နှာအနီးသို့ ကိုင်းညွတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ဒါဆိုရင် အစ်ကိုထုန်ယာ၊ တခြားတစ်ယောက်နဲ့ ထွက်မပြေးသွားနဲ့၊ ဟုတ်ပြီနော်…”

လီထုန်ယာ၏ ပါးပြင်များသည် ရှက်ရွံ့မှုဖြင့်နီရဲသွားပြီး ရုတ်တရက် ထရပ်ကာ ဆုံးမလိုက်သည်။

“မင်းကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တာ ပိုကောင်းမယ်”

သူသည် ထိုသို့ဖြင့် ခြံဝင်းထဲမှ အလျှင်အမြန်ထွက်ခွာပြီး အဝေးသို့လျှောက်သွားခဲ့သည်။

လီထုန်ယာသည် ကျောက်လမ်းတစ်လျှောက် အတန်ငယ် လျှောက်သွားပြီးနောက် မျက်နှာကို မြစ်ရေဖြင့် ဆေးကြောလိုက်ပြီး တဖြည်းဖြည်း စိတ်တည်ငြိမ်မှု ပြန်လည်ရရှိလာခဲ့သည်။

သူက ခပ်ယဲ့ယဲ့ပြုံးရင်း ပြောလိုက်သည်။

“ငါတော့ သူမကို သဘောကျသွားပြီထင်ပါရဲ့”

ကမ်းစပ်ဘေးတွင် ပြုံးစစဖြင့်ထိုင်နေသော လီရှန်းဖျင်က လီထုန်ယာကို နောက်ပြောင်လိုက်သည်။

“ဒါဆို ဒုတိယအစ်ကိုက လျိုရို့ရွှမ်းကို တကယ်ပဲ သဘောကျသွားပြီပေါ့။ အဖေ့အစီအစဉ်က အောင်မြင်သွားပြီပဲ”

သူက ဆက်ပြောသည်။

“အဖေက အစ်ကို့ကို လျိုရို့ရွှမ်းကို ကြီးကြပ်ခိုင်းတဲ့ ဆုံးဖြတ်ချက်က လိမ္မာပါးနပ်တဲ့ လှည့်ကွက်တစ်ခုပဲ။ အစ်ကိုက အဲဒါကို လျိုမိသားစုရဲ့ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ နေရာပြောင်းရွှေ့တဲ့ ဗျူဟာတစ်ခုအဖြစ်ပဲ မြင်ခဲ့တယ်။ ဒါပေမဲ့ အဖေက ပိုနက်ရှိုင်းတဲ့ကစားပွဲကို ကစားနေတာကိုတော့ အစ်ကိုမမြင်နိုင်ခဲ့ဘူး။ လီထုန်ယာ”

“ငါ့ကိုမနောက်ပါနဲ့ ညီသုံး”

လီထုန်ယာက ခပ်ယဲ့ယဲ့ပြုံးကာ တုန့်ပြန်လိုက်သည်။ သူက လက်လျှော့သည့်အနေဖြင့်ခေါင်းခါရင်း ဆက်ပြောလိုက်သည်။

“အဖေ့ကို ပိုပြီးလေ့လာကြည့်လေလေ၊ အဖိုးကြီးဆီက သင်ယူစရာတွေ အများကြီးရှိသေးတယ်ဆိုတာ ငါ ပိုပြီး သဘောပေါက်လာလေပဲ”

“အမှန်ပဲ”

လီရှန်းဖျင်က ထောက်ခံကာ ခေါင်းညိတ်လိုက်သည်။

“ရှောင်ယွမ်စစ် ပေးခဲ့တဲ့ မြွေအဆီအနှစ်ဆေးလုံး သုံးလုံးနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကျောက်စိမ်းမြို့တော်ချက္ကရာကို ရောက်ဖို့ အဲဒါတွေကို သုံးကြရအောင်။ အဖေနဲ့ ယဲ့ရှန့်က မြူနှင်းဝင်္ကပါအစီအရင်မှာ သွေးစက်ချထားပြီးပြီ။ ကြေးမုံကို တောင်ပေါ်က ခြံဝင်းငယ်လေးဆီကို ကျွန်တော်ကိုယ်တိုင် ယူဆောင်သွားမယ်။ နက်ရှိုင်းဒီရေဓားကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက်တော့… ကျွန်တာ့်အတွက်တော့ မဖြစ်နိုင်လောက်ဘူးလို့ ခံစားရတယ်။ အစ်ကို အဲဒါကို လေ့လာကြည့်သင့်တယ်”

သူက တည်ကြည်သောအသံဖြင့် ဆက်ပြောလိုက်သည်။

လီထုန်ယာသည် မြစ်ရေတစ်ခွက်ကို ခပ်ယူလိုက်ပြီး သူ၏လက်များကို ဆေးကြောရင်း ပြန်ဖြေလိုက်သည်။

“ချယ်ကျင်းက အင်မော်တယ်ဂိုဏ်းကိုသွားတာ အခုဆို သုံးနှစ်နီးပါးရှိနေပြီ။ ငါတို့ရဲ့ ပထမဆုံး ဝိညာဉ်စပါးအသုတ်ကလည်း ရင့်မှည့်တော့မှာဆိုတော့ လာမယ့်ရက်တွေမှာ ငါတို့ အနားယူလို့မရဘူး”

xxxxxxxxxx

ယခုနှစ်၌ လီကျင်းရွာတွင် ယခင်နှစ်များထက် နှင်းများ ပိုမိုများပြားစွာ ကျဆင်းနေခဲ့သည်။

လယ်ကွင်းပြင်ရှိ ဝိဉာဉ်စပါးပင်များသည် ရင့်မှည့်လာခဲ့ကြပြီဖြစ်သည်။ ၎င်းတို့၏ အစိမ်းနုရောင် စပါးနှံများထက်တွင် ကျောက်စိမ်းဖြူပမာ ဖွေးဖွေးလှုပ်နေသည့် စပါးစေ့များသည် အဆုပ်လိုက် ပြွတ်ခဲနေကြပြီး ဖြူဖွေးသော ဆီးနှင်းများကြားဝယ် ကြံ့ကြံ့ခံ ရပ်တည်လျှက် ၎င်းတို့၏ အကိုင်းအခက်များကို ကွေးညွတ်ပေးရန် ငြင်းဆန်နေကြသည်။

ဝိညာဉ်စပါးပင်များသည် သာမန်စပါးပင်များနှင့်မတူဘဲ စပါးရွက်များက ဓားသွားများကဲ့သို့ ထက်ရှလွန်းလှသည်ဖြစ်ရာ ရိတ်သိမ်းရန်အတွက် ပုဆိန်ကိုပင် အသုံးပြုရန် လိုအပ်သည်။ လီထုန်ယာနှင့် အခြားသူများသည် ဝိညာဉ်လယ်ကွင်းများကို လျှင်မြန်စွာ ရိတ်သိမ်းနိုင်ရန်တွက် တံစဉ်များကို ရွှေရောင်အလင်းမန္တန်ဖြင့် အသက်သွင်းပေးထားကြရသည်။

လီချုံယန်သည် စုသိမ်းထားသော ဝိညာဉ်စပါးပုံငယ်လေးများကို ကြည့်ရှုပြီး နှင်းများကြားထဲမှ ဖြတ်လျှောက်လာကာ ရယ်မောရင်း လက်ခုပ်တီးလိုက်သည်။

“အစ်ကိုရှန်းဖျင်၊ ဒီဝိညာဉ်စပါးတွေက ကြည့်ရတာ ခမ်းနားလိုက်တာ”

လီချုံယန်သည် လွန်ခဲ့သောလက ဆန်းကြယ်အသွင် ချက္ကရာကို အောင်မြင်စွာ စုစည်းဖွဲ့တည်ပြီးနောက် လီမိသားစု၏ ဘိုးဘေးခန်းမတွင် ဆန်းကြယ်အသွင် ဝိညာဉ်သစ္စာကို ခံယူခဲ့ကာ မန္တန်အနည်းငယ်ကို သင်ယူခဲ့သည်။

အသက် ၁၀ နှစ်အရွယ်မှာပင် ထိုကောင်လေး၏ ရုပ်ရည်သွင်ပြင်က အတော်လေး ရင့်ကျက်တည်ငြိမ်စပြုလာပြီး နောင်တစ်ချိန်တွင် ချောမောခန့်ညားသော လူပျိုပေါက်လေးတစ်ဦး ဖြစ်လာမည့် အရိပ်အယောင်ကို အထင်းသား ဖော်ညွှန်းပြသနေပေသည်။

သူသည် လွန်ခဲ့သောတစ်နှစ်က လုံလောက်သော ဝိညာဉ်စွမ်းအင်ကို စုဆောင်းနိုင်ခဲ့သော်လည်း ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ရာတွင် ကျရှုံးခဲ့သည်။ ဤအကြောင်းကြောင့်ပင် သူသည် ဝိညာဉ်စွမ်းအင်ကို ပြန်လည်ရရှိရန် နောက်ထပ်တစ်နှစ် ထပ်မံကျင့်ကြံခဲ့ရရာ မကြာမီပင် လျိုရို့ရွှမ်းကို သူ့နောက်သို့ လိုက်မီသွားခဲ့သည်။

“အမှန်ပဲ”

လီရှန်းဖျင်က အားရပါးရပြုံးရင်း ပြန်ဖြေလိုက်သည်။ သူ၏မန္နာစွမ်းအင်သည် မန္နာစွမ်းအင်သံသရာ ချက္ကရာကို စုစည်းဖွဲ့တည်ပြီး ဖြစ်သောကြောင့် လွတ်လပ်စွာ စီးဆင်းနေခဲ့သည်။

ထျန်းယွင်သည် မကြာသေးမီက အမွှာမောင်နှမနှစ်ယောက်ကို မွေးဖွားခဲ့ရာ လီမိသားစုကို အလွန်ဝမ်းမြောက်စေခဲ့သည်။ ဤကလေးများ၏ မွေးဖွားမှုသည် လီရှန်းဖျင်ကို ပျော်ရွှင်မှုများဖြင့် ပြည့်နှက်စေခဲ့သည်။

သခင်ကြီးလီသည် ကလေးများကို ကြည့်ရှုပြီး မိသားစု၏ အမည်ပေးခြင်းဓလေ့အရ ယောက်ျားလေးကို လီရွှမ်ဖုန်းနှင့် မိန်းကလေးကို လီကျင်ထျန်းဟု အမည်ပေးခဲ့သည်။

“အဖြူရောင်အဆီအနှစ်သစ်သီးက မမှည့်သေးဘူး။ ဒါပေမဲ့ ငါတို့ ဒီရိတ်သိမ်းထားတဲ့ ဝိညာဉ်စပါးတွေကို အရင်ဆုံး ပြန်သယ်သွားလို့ရတယ်”

သူတို့နောက်ရှိ ရွာသားများက ဝိဉာဉ်စပါးပင်များ၏ အရွက်များကို တစ်ဦးချင်းစီ ကိရိယာများ အသုံးပြုကာ စနစ်တကျနှင့် ဂရုတစိုက် ဖယ်ရှားပြီးသွားကြပြီ ဖြစ်သည်။ ဝိဉာဉ်စပါးရွက်များသည် ဓားသွားများကဲ့သို့ ထက်ရှလွန်းလှသဖြင့် ဤလုပ်ငန်းစဉ်က သူတို့အတွက် အလွန်ပင်ပန်းဆင်းရဲပြီး စိန်ခေါ်မှုကြီးမားလှသော အလုပ်တစ်ခု ဖြစ်စေခဲ့သည်။

သူတို့သည် ဝိညာဉ်စပါးများကို ထူထဲသောကြိုးဖြင့် ခိုင်မာစွာ စည်းနှောင်ပြီးမှသာ တစ်ကြိမ်လျှင် နှစ်စည်းစီ သယ်ဆောင်ရဲကြသည်။

သူတို့ လီကျင်းတောင်ခြေရင်းသို့ ရောက်သောအခါ မြူနှင်းအလွှာပါးတစ်လွှာ စတင်ဖွဲ့စည်းလာခဲ့သည်။

“အနားကပ်နေကြ။ လမ်းလွဲသွားခဲ့ရင် ဒီအစီအရင်က မင်းတို့ကို သတ်ပစ်လိမ့်မယ်”

လီယဲ့ရှန့်က သူ၏နောက်မှလူများကို သတိပေးလိုက်သည်။

ရွာသားများသည် ချက်ချင်းတုံ့ပြန်လိုက်ကြပြီး တောင်ထိပ်သို့သွားသော ကျောက်လမ်းကို နင်းလျှောက်သွားကြသည်။ သူတို့ ခြံဝင်းထဲတွင် ဝိညာဉ်စပါးစည်းများကို ပုံထားပြီးသည့်အခါ လီရှန်းဖျင်က ညွှန်ကြားလိုက်သည်။

“သူတို့ကို ခေါ်သွားလိုက်တော့”

စပါးနှံများကို ဝိညာဉ်စပါးများ၏ပင်စည်မှ မန္နာစွမ်းအင်ဖြင့် ခူးဆွတ်ရမည်ဖြစ်ပြီး ထို့နောက် ဝိညာဉ်ဆန်၏အခွံများကို ဖယ်ရှားရန် မန္တန်တစ်ခုကို အသုံးပြုရမည်ဖြစ်သည်။ ဤအရာအားလုံးသည် ဝိညာဉ်ဆန်၏ ဝိညာဉ်ချီစွမ်းအင်ကို ထိန်းသိမ်းရန်အတွက် လိုအပ်သောအဆင့်များ ဖြစ်ပေသည်။

သေမျိုးများသည် ရွှေရောင်အလင်းမန္တန်များနှင့် မှော်သွင်းထားသော တံစဉ်များဖြင့် ဝိညာဉ်စပါးများကို ရိတ်သိမ်းခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင်သာ အကူအညီပေးနိုင်သည်။

ရိတ်သိမ်းမှု၏ အရေးကြီးသောကဏ္ဍများကိုမူ အင်မော်တယ်ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်ပေသည်။

“တတိယဦးလေး၊ ကလန်အစ်ကို”

လီရွှမ်ရွှမ်သည် ခြံဝင်းထဲမှ ထွက်ပေါ်လာပြီး လီချုံယန်နှင့် လီရှန်းဖျင်တို့ကို ရိုသေစွာ လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

ယခုအခါ ခုနစ်နှစ်ကျော်ပြီဖြစ်သော သူသည် တည်ငြိမ်စွာ ကြီးပြင်းလာခဲ့ပြီး ကွယ်လွန်သူ လီချန်းဟူနှင့် အံ့သြစရာကောင်းလောက်အောင်ပင် တူညီသည်။

လီရွှမ်ရွှမ်က လီချုံယန်ထံ ချဉ်းကပ်လာသောအခါ လီရှန်းဖျင်၏အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူသည် ကောင်လေးကို အလျှင်အမြန် အချက်ပြကာ လှမ်းခေါ်လိုက်သည်။

“ရွှမ်ရွှမ်၊ ဒီကိုလာခဲ့”

လီရွှမ်ရွှမ်က သူ၏ဘေးတွင် ထိုင်လိုက်သည်နှင့် လီရှန်းဖျင်သည် နွေးထွေးစွာ ရယ်မောလိုက်ပြီး ပြောသည်။

“မနှစ်တုန်းက ဒီကောင်လေးရဲ့ ဝိညာဉ်အပေါက်ကို စစ်ဆေးခဲ့တယ်။ သူက ကျင့်ကြံခြင်းမှာ ထူးခြားတဲ့ တိုးတက်မှုကို ပြသနိုင်ခဲ့တယ်။ ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ဖို့ သိပ်မကြာတော့ဘူးလို့ ငါယုံကြည်တယ်”

လီရွှမ်ရွှမ်သည် ဤစကားကို ကြားသောအခါ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။

“မိသားစုက ငါ့ရဲ့အုတ်မြစ်အရိုးကို ဘယ်တော့မှ မစစ်ဆေးခဲ့ဖူးပါဘူး။ ဘာကျင့်စဉ်မှလည်း မသင်ပေးခဲ့ပါဘူး။ တတိယဦးလေးက ဘာကိုဆိုလိုတာလဲ။”

သူသည် ထိုကဲ့သို့ တွေးလိုက်မိသော်လည်း မနာလိုစွာဖြင့် ကြည့်နေသော လီချုံယန်ကို ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

“အရမ်းအထင်ကြီးစရာကောင်းတာပဲ ရွှမ်အာ”

လီချုံယန်က မချီးကျူးဘဲ မနေနိုင်တော့ပေ။ သူသည် လွန်ခဲ့သော နှစ်နှစ်ကမှ ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ခဲ့သည်ကို ပြန်လည်သတိရရင်း အနည်းငယ် နိမ့်ကျသွားသလို ခံစားလိုက်ရသည်။

လီရွှမ်ရွှမ်သည် စကားအနည်းငယ်ပြောပြီးနောက် လီထုန်ယာ တောင်ပေါ်သို့ ရောက်ရှိလာသည်နှင့် ခွင့်တောင်းကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူတို့လူစုသည် ဝိညာဉ်စပါးများကို ရိတ်သိမ်းပြီး အခွံများကို ဖယ်ရှားရာတွင် နာရီပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့သည်။

လီမုထျန်းသည် ၎င်းတို့ကိုခွဲဝေပြီး အိတ်များထဲသို့ ထုပ်ပိုးလိုက်သည်။ ထို့နောက် သူသည် အထွက်နှုန်းကို ချိန်တွယ်ကာ ကြေညာလိုက်သည်။

“ဝိညာဉ်ဆန် ကျင်း ၁၂၀၊ ဝိညာဉ်ဆန်ဖွဲနု ကျင်း ၄၀။ ဒါက နောက်နှစ်နှစ်စာ အခွန်ဘဏ္ဍာတွေအတွက် လုံလောက်လိမ့်တယ်”

လီရှန်းဖျင်သည် လီချုံယန်ကို နှုတ်ဆက်ပြီးနောက် ဝိညာဉ်ဆန်အိတ် နှစ်လုံးနှင့် ဝိညာဉ်ဆန်ဖွဲနုအိတ်များကို စားပွဲပေါ်တင်လိုက်ပြီး စပါးစေ့များကို အံ့ဩတကြီး ကြည့်နေမိသည်။ သူသည် ကျောက်စိမ်းဖြူများကဲ့သို့ တောက်ပနေသော ဝိညာဉ်ဆန်များကို မြင်သောအခါ ဆန်အိတ်များကို အိမ်ထဲသို့ ဂရုတစိုက် မရွှေ့ပြောင်းမီ အံ့သြသင့်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် သူက လီထုန်ယာဘက်သို့လှည့်ပြီး ပြောသည်။

“ရွှမ်ရွှမ်က အခု ခုနစ်နှစ်ရှိပြီ။ သူ့ရဲ့ကျင့်ကြံခြင်းကို စတင်ဖို့ ခန္ဓာကိုယ်လည်း အပြည့်အဝဖွံ့ဖြိုးနေပြီ”

လီထုန်ယာသည် ထိုမထင်မှတ်ထားသောစကားကြောင့် အငိုက်မိသွားခဲ့သည်။ သူသည် အတွေးနက်စွာ ခေါင်းညိတ်လိုက်ပြီး လီရှန်းဖျင်နောက်မှနေ၍ အိမ်ထဲသို့ လိုက်ပါသွားခဲ့သည်။

အထဲတွင် မီးသွေးမီးဖိုလေးက နွေးထွေးစွာ တောက်လောင်နေသည်။ လီမုထျန်းက အနားယူရန် အိပ်ဆောင်ဝင်သွားခဲ့ပြီဖြစ်၍ လီရွှမ်ရွှမ်သည် မီးဖိုဘေးတွင် တစ်ဦးတည်း ဆိတ်ငြိမ်စွာ ထိုင်နေရင်း ဆီးနှင်းများ ဖုံးလွှမ်းနေသည့် လီကျင်းတောင်တန်းကြီးကို ငေးမောကြည့်ရှုနေလေသည်။

လီရွှမ်ရွှမ်သည် လီရှန်းဖျင်နှင့် လီထုန်ယာတို့ကို မြင်သောအခါ စိုးရိမ်နေသောအမူရာဖြင့် အလျှင်အမြန် ထရပ်လိုက်သည်။

“တတိယဦးလေး၊ ဘာလို့ ကျွန်တော် ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်တော့မယ်လို့ ကလန်အစ်ကိုကို ပြောခဲ့တာလဲ။ ကျွန်တော့်မှာ ဝိညာဉ်အပေါက်မရှိခဲ့ရင် ရှက်စရာဖြစ်မှာ မဟုတ်ဘူးလား”

လီရှန်းဖျင်သည် တံခါးများနှင့် ပြတင်းပေါက်များကို ဂရုတစိုက် ပိတ်လိုက်ပြီး လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ လီရွှမ်ရွှမ်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

“ငါ့နောက်လိုက်ခဲ့”

သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

လီရွှမ်ရွှမ်သည် တိတ်ဆိတ်သွားခဲ့ပြီး လီရှန်းဖျင်နောက်သို့လိုက်ကာ ခြံဝင်းနောက်ဘက်ရှိ ထီးတည်းတည်ရှိနေသော အုတ်အိမ်တစ်လုံးဆီသို့ ရောက်ရှိသွားခဲ့သည်။

လီရှန်းဖျင်သည် သော့တစ်ချောင်းကို ထုတ်ယူလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။ သူသည် ၎င်းကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်ပြီး လီရွှမ်ရွှမ်ကို တိုးတိုးလေး ပြောလိုက်သည်။

“ဝင်သွား”

လီရှန်းဖျင်၏ မျက်နှာပေါ်မှ တည်ကြည်သောအမူအရာသည် လီရွှမ်ရွှမ်ကို စိတ်မသက်မသာ ဖြစ်စေသည်။ အခန်းသည် ကျယ်ဝန်းပြီး ၎င်း၏အလယ်တွင် အပြာရောင် ကျောက်တုံးစင်မြင့်တစ်ခုသာရှိသည်။ စင်မြင့်ထိပ်တွင် ညိုပြာရောင်ကြေးမုံတစ်ချပ် တည်ရှိနေသည်။

ပူဇော်ထားသော အမွှေးတိုင်အနံ့သည် လေထုထဲတွင် ပြည့်နှက်နေပြီး တည်ငြိမ်သော ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေသည်။ လီရွှမ်ရွှမ်သည် လီရှန်းဖျင်ကို လှမ်းကြည့်လိုက်သည်။

သူ၏တတိယဦးလေးက ကြေးမုံပေါ်သို့ အကြည့်စိုက်ထားရင်း တိတ်ဆိတ်စွာ ရပ်နေသည်ကို မြင်သောအခါ လီရွှမ်ရွှမ်သည်လည်း တိတ်ဆိတ်ကာသာ ရပ်နေလိုက်သည်။

All Chapters