← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း - (၃၈) ကျင့်စဉ်ကို လက်ဆင့်ကမ်းခြင်း

“လွန်ခဲ့တဲ့လတွေတုန်းက မင်းရဲ့အုတ်မြစ်အရိုးကို ငါ လျှို့ဝှက်ပြီး အကဲဖြတ်ခဲ့တယ်”

လီရှန်းဖျင်သည် ခဏရပ်လိုက်ပြီး မျှော်လင့်ချက်များဖြင့် မျက်လုံးများ ပြူးကျယ်ကာ ကြည့်နေသော လီရွှမ်ရွှမ်ဘက်သို့လှည့်ကာ ဆက်ပြောလိုက်သည်။

“မင်းရဲ့ချီဟိုင်မှာ ဝိညာဉ်အပေါက်မရှိဘူး”

လီရွှမ်ရွှမ်အတွက်မူ ဤစကားလုံးများသည် ကြည်လင်သောကောင်းကင်ယံမှ လျှပ်စီးလက်လိုက်သကဲ့သို့ သူ့ကို ထိတ်လန့်သွားစေခဲ့သည်။ သူ၏စိတ်သည် ချာချာလည်သွားခဲ့ပြီး ဝမ်းနည်းမှု လှိုင်းလုံးတစ်ခုက သူ၏နှလုံးသားကို လွှမ်းမိုးသွားခဲ့သည်။ သူ၏မျက်လုံးများ နီရဲလာပြီး ဤခါးသီးသောအဖြစ်မှန်ကို လက်ခံရန် ကြိုးစားရုန်းကန်ရင်း နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်သည်။

ဝိညာဉ်အပေါက်များအပေါ် သူ၏နားလည်မှုက အကန့်အသတ်ရှိပေသည်။ သူသိသမျှမှာ သူတို့ရွာတစ်ရွာလုံးရှိ အင်မော်တယ်ကျင့်ကြံသူများ အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည် ဆိုခြင်းပင်ဖြစ်သည်။

သူတို့ထဲတွင် သူ၏မိသားစုမှ ဦးလေးနှစ်ယောက်နှင့် မျိုးနွယ်ခွဲမှ အရည်အချင်းနည်းပါးသော မိသားစုဝင် လီချုံယန်ပင်လျှင် ဝိညာဉ်အပေါက်ဖြင့် ကောင်းချီးပေးခြင်း ခံထားရသည်။ ဤအချက်ကို ထောက်ရှုလျှင် သူသည် မွေးရာပါ ပါရမီမရှိလျှင်ပင် အနည်းဆုံးတော့ သဘာဝကျစွာပင် ဝိညာဉ်အပေါက်တစ်ခု ရှိလိမ့်မည်ဟု အမြဲတမ်းယူဆခဲ့သည်။

သူ့တွင် မည်သည့်ဝိညာဉ်အပေါက်မျှမရှိဘဲ တစ်သက်လုံး သာမန်သေမျိုးတစ်ယောက်အဖြစ် နေထိုင်ရမည်ဖြစ်ကြောင်း ကြားသိရသောအခါ စိတ်ပျက်အားငယ်မှု လှိုင်းလုံးတစ်ခုက လီရွှမ်ရွှမ်၏ နှလုံးသားကိုလွှမ်းခြုံသွားပြီး သူ၏မျက်လုံးအိမ်များတွင် မျက်ရည်များ တဖြည်းဖြည်း ပြည့်လျှံလာခဲ့သည်။

“ဒီကြေးမုံက ငါ ကလေးဘဝတုန်းက မြစ်ထဲမှာငါးဖမ်းရင်း ရှာတွေ့ခဲ့တဲ့ ရတနာတစ်ခုပဲ”

လီရှန်းဖျင်က ကျောက်တုံးစင်မြင့်ပေါ်မှ ညိုပြာရောင်အရာဝတ္ထုကို လက်ဟန်ပြရင်း ပြောလိုက်သည်။

သူက ပြုံးကာ လီရွှမ်ရွှမ်၏ခေါင်းကို ညင်သာစွာပုတ်လိုက်ပြီး မေးလိုက်သည်။

“သူ့ရဲ့အထူးစွမ်းရည်ကို မင်းသိလား”

လီရွှမ်ရွှမ်သည် မျက်ရည်များကို ထိန်းချုပ်ရင်း ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ကျွန်တော်မသိပါဘူး”

“ဒါက ဝိညာဉ်အပေါက်မရှိတဲ့သူတွေကို ကျင့်ကြံနိုင်စွမ်းကို ပေးနိုင်တယ်”

ဤစကားကို ကြားသောအခါ လီရွှမ်ရွှမ်၏ စိတ်ပျက်အားငယ်မှုများသည် ခဏတာ ရပ်တန့်သွားခဲ့သည်။ သူသည် လီရှန်းဖျင်၏ မျက်နှာပေါ်တွင် သူ၏အကြည့်ကို စူးစိုက်လိုက်ပြီး သူ့စိတ်ထဲ၌ မျှော်လင့်ချက်အရိပ်အယောင်တစ်ခု တောက်လောင်လာခဲ့သည်။

သူက မျက်ရည်စက်လက်ဖြင့် ပြုံးရင်း မေးလိုက်သည်။

“တတိယဦးလေးက ကျွန်တော့်ကို နောက်နေတာလား”

လီရှန်းဖျင်၏ ပြုံးနေသောမျက်နှာကို မြင်သောအခါ သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်လိုက်သည်။ သူသည် တစ်ကိုယ်လုံး တုန်ခနဲ ဖြစ်သွားကာ အသက်ကို အမောတကော ရှူသွင်းလိုက်မိတော့သည်။

“ဒါက…မဟုတ်မှလွဲရော”

“ဟုတ်တယ်”

လီရှန်းဖျင်က တည်ကြည်စွာ အတည်ပြုလိုက်သည်။

“မင်းအဖေ၊ မင်းရဲ့ ဒုတိယနဲ့တတိယ ဦးလေးတွေ၊ အင်မော်တယ်ဂိုဏ်းမှာ ကျင့်ကြံနေတဲ့ မင်းရဲ့စတုတ္ထဦးလေး လီချယ်ကျင်းတောင်မှပဲ… ငါတို့ထဲက ဘယ်သူမှ ဝိညာဉ်အပေါက် မပိုင်ဆိုင်ကြဘူး။ ငါတို့ လီမိသားစုရဲ့ထွန်းကားလာမှုက ဒီကြေးမုံကြောင့်သက်သက်ပဲ။ ဒါသာမရှိရင် ငါတို့က သာမန်လယ်သမားတွေပဲ ဖြစ်နေဦးမှာ”

ဤထုတ်ဖော်ပြောဆိုမှု၏ ကြီးလေးမှုသည် လီရွှမ်ရွှမ်ကို ပြောစရာစကား မဲ့သွားစေခဲ့ပြီး သူ၏ကမ္ဘာကြီး ချာချာလည်သွားခဲ့ကာ သူက မယုံနိုင်စွာ တိုးတိုးလေးပြောလိုက်သည်။

“မြစ်ထဲကကောက်ရတဲ့ ဒီကြေးမုံက ဒီမိသားစုကို သေမျိုးတွေကနေ အင်မော်တယ်တွေအဖြစ် ပြောင်းလဲပေးခဲ့တာလား”

“ဟုတ်တယ်။ ဒီကြေးမုံက လရောင်ကို ဂမ္ဘီရပုလဲအဆောင်မျိုးစေ့တွေအဖြစ် သန့်စင်ပေးနိုင်တယ်။ ဒါက အံ့ဩစရာကောင်းပေမယ့် အန္တရာယ်လည်းရှိတယ်။ ဒီစကားသာ အပြင်ကိုပေါက်ကြားသွားခဲ့ရင် ငါတို့မိသားစု ပျက်စီးသွားနိုင်တယ်”

လီရှန်းဖျင်က သတိပေးလိုက်သည်။ လီရွှမ်ရွှမ်၏ အံ့ဩနေသောအမူအရာကို မြင်သောအခါ သူက ခဏတာ ငြိမ်သက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လီရွှမ်ရွှမ်သည် ပဟေဠိကို ဆက်စပ်ရင်း သူ့ဘာသာသူ ရေရွတ်နေခဲ့သည်။

“ဒါကြောင့်ကိုး။ အခုတော့ အားလုံးကို နားလည်သွားပြီ။ ကျွန်တော် သူ့ကျင့်ကြံခြင်းအကြောင်းကို မေးလိုက်တိုင်း အဘိုးက စကားမပြောချင်တာ မထူးဆန်းတော့ဘူး။ ဒါဆို ကျွန်တော့်ဦးလေး သုံးယောက်လုံးမှာ ဝိညာဉ်အပေါက်တွေရှိတာက အဘိုးရဲ့အောင်မြင်မှုတွေကြောင့် မဟုတ်ဘဲ ဒီရတနာကြောင့်ကိုး”

“တတိယဦးလေးက လီချုံယန်ကို ကျွန်တော့်ဆီကနေ အဝေးမှာထားခဲ့တာက ကျွန်တော့်မှာ ဝိညာဉ်အပေါက်မရှိဘူး ဆိုတဲ့အချက်ကို ဖုံးကွယ်ဖို့အတွက်ပဲ။ လျိုမိသားစုဝင်က တောင်ပေါ်ကို လျှို့လျှို့ဝှက်ဝှက် တက်လာတုန်းက ကျွန်တော့်မိသားစုရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာက ဒါက ရက်စက်လို့ မဟုတ်ဘူး။ တတိယဦးလေးက ကြောက်ရွံ့နေလို့ လုပ်ခဲ့တာပဲ…”

ထိုနားလည်သဘောပေါက်မှုသည် လီရွှမ်ရွှမ်၏ ကျောရိုးထဲကို စိမ့်သွားစေခဲ့သည်။ သူသည် နဖူးပေါ်တွင် ချွေးများစို့တက်လာပြီး လီရှန်းဖျင်ကို ရိုသေစွာ လက်သီးဆုပ် အရိုအသေပေးလိုက်ကာ ပြောလိုက်သည်။

“လူတိုင်းက တတိယဦးလေးကို ရက်စက်ပြီး သတိထားတတ်တယ်လို့ အထင်လွဲနေကြတယ်။ လီမိသားစုမှာ ဒီလိုရတနာတစ်ခု ရှိနေတာဆိုတော့ သတိထားတာက လိုအပ်ပါတယ်”

လီရှန်းဖျင်သည် ကောင်လေး၏ မှတ်ချက်စကားကြောင့် အံ့အားသင့်သွားခဲ့သည်။ သူသည် လီရွှမ်ရွှမ်ကိုကြည့်ရင်း သူ့ရှေ့မှ ဤကလေးသည် သူ၏အသက်အရွယ်ထက် ကျော်လွန်၍ ကြီးပြင်းလာပုံရသည်ဟု မတွေးမိဘဲ မနေနိုင်တော့ပေ။

သူက ညင်သာစွာ မေးလိုက်သည်။

“လီချုံယန်ကို မင်းက ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ဖို့ နီးစပ်နေပြီလို့ ငါဘာလို့ပြောခဲ့လဲဆိုတာ မင်းသိလား”

လီရွှမ်ရွှမ်သည် ခဏတာ နက်ရှိုင်းစွာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ကျွန်တော် ခန့်မှန်းမိတာကတော့ ဒီကြေးမုံက ကျင့်ကြံခြင်းတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်တယ်။ တတိယဦးလေးက လီချုံယန် သံသယမဝင်အောင်လို့ အဲဒီလိုပြောခဲ့တာ ဖြစ်နိုင်တယ်။ ကျွန်တော်က လွန်ခဲ့တဲ့လတွေကတည်းက ကျင့်ကြံခြင်း စတင်ခဲ့သလို ဖြစ်သွားအောင်ပေါ့”

“ကောင်းတယ်”

လီရှန်းဖျင်က လီရွှမ်ရွှမ်၏ပခုံးကို သဘောကျစွာပုတ်လိုက်ရင်း ချီးကျူးလိုက်သည်။

“မင်းက တကယ်ပဲ လီမိသားစုရဲ့ ကလေးတစ်ယောက်ပဲ။ မင်းအဘိုးဆီကနေ အများကြီးသင်ယူခဲ့တာပဲ”

ထို့နောက် သူသည် ကျောက်တုံးစင်မြင့်ရှေ့တွင် ဒူးထောက်လိုက်ပြီး နေရာတစ်ခုကို ညင်သာစွာပုတ်လိုက်ကာ ၎င်း၏ဘေးမှ သစ်သားပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။

သူသည် ၎င်းကို လီရွှမ်ရွှမ်ထံသို့ ကမ်းပေးလိုက်ပြီး လီရွှမ်ရွှီက ရိုရိုသေသေ လက်ခံယူသည်ကိုကြည့်ရင်း ရှင်းပြလိုက်သည်။

“ဒီထဲမှာ ‘လက်ခံရယူခြင်းကျင့်စဉ်’ ပါတယ်။ ဒါက ‘ဂမ္ဘီရပုလဲ အဆောင်မျိုးစေ့’ ကို ရရှိနိုင်ဖို့အတွက် အဓိကသော့ချက်ပဲ။ နောက်လာမယ့် ၁ လအတွင်းမှာ ဒီနေရာမှာပဲ သေသေချာချာ လေ့လာပါ။ ဆောင်းယဉ်စွန်းချိန် ရောက်တဲ့အခါကျရင်တော့ မင်းဘက်က အဆောင်မျိုးစေ့ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်။ မင်း ကပ်လျှက်က အခန်းမှာပဲနေ။ မင်းရဲ့ စားသောက်ဖို့ကိုတော့ တစ်ယောက်ယောက်ကို လာပို့ပေးဖို့ ငါစီစဉ်ပေးထားမယ်”

“ဟုတ်ကဲ့”

လီရွှမ်ရွှမ်သည် သူ၏အကြည့်ကို သစ်သားပြားပေါ်တွင် စူးစိုက်ထားရင်း ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ လီရှန်းဖျင်က တံခါးကိုပိတ်လိုက်ပြီး သူ၏ခြေသံများ တိတ်ဆိတ်သွားသောအခါ လီရွှမ်ရွှမ်သည် ခေါင်းငုံ့လိုက်ကာ သူ၏ရှေ့မှ စာသားများထဲတွင် နက်ရှိုင်းစွာ နစ်မြောသွားတော့သည်။

xxxxxxxxxx

“...အဖေ ကျန်းမာပါတယ်။ ဒုတိယအစ်ကိုက မန္နာစွမ်းအင်သံသရာ ချက္ကရာကို အောင်မြင်စွာ စုစည်းဖွဲ့တည်နိုင်ခဲ့ပြီ။ ဒီစာနဲ့အတူ မြွေအဆီအနှစ်ဆေးလုံး သုံးလုံးပါ ပေးလိုက်ပါတယ်။ ကျင်းအာက ဇွဲရှိရှိ ကျင့်ကြံပြီး မကြာခင် ချီကျင့်ကြံခြင်းအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အိမ်ကလူတိုင်း နေကောင်းပါတယ်။ စိုးရိမ်စရာ မလိုပါဘူး။”

လီချယ်ကျင်းသည် စာကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး မျက်လုံးများမှ မျက်ရည်များကို သုတ်လိုက်သည်။ သူသည် မြွေအဆီအနှစ်ဆေးလုံး ပုလင်းသုံးလုံးကို စင်တစ်ခုပေါ်တွင် ဂရုတစိုက်တင်လိုက်ပြီး ရှောင်ယွမ်စစ်ဘက်သို့ လှည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး။ ကျွန်တော်တို့မိသားစုအပေါ် အစ်ကိုကြီးရဲ့ကြင်နာမှုကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားပါတယ်။ ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ပါတယ်”

သူ၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။

“ဒီလိုထုံးစံမျိုးတွေ မလိုအပ်ပါဘူးကွာ”

ရှောင်ယွမ်စစ်က ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

“ငါတို့က ဂိုဏ်းတစ်ဂိုဏ်းထဲက ညီအစ်ကိုတွေ ဆိုတာထက် ပိုပါတယ်။ ငါတို့က မိသားစုတစ်ခုပဲ။ မင်း ဒီလောက် ယဉ်ကျေးနေစရာမလိုဘူး”

လီချယ်ကျင်းက တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီး ပြောပြလိုက်သည်။

“ဒီမြွေအဆီအနှစ်ဆေးလုံးတွေနဲ့ ဆရာ့ဆီကရတဲ့ တောက်ပဝိညာဉ်အမှုန့်နဲ့ဆိုရင် ကျွန်တော် ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ဖို့ တော်တော်လေး သေချာသွားပြီ”

ခဏတာ စဉ်းစားပြီးနောက် သူက တိုးညင်းစွာ မေးမြန်းလိုက်သည်။

“ဆရာပြောဖူးတာက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ကနေ ချီကျင့်ကြံခြင်းအဆင့်ကို ကူးပြောင်းတဲ့အခါ မိုးနဲ့မြေရဲ့ ဝိညာဉ်ချီစွမ်းအင်ကို အရင်ဆုံး စုပ်ယူရမယ်တဲ့။ ကျွန်တော့်ကို အသေးစိတ်အချက်အလက်တွေများ ဉာဏ်အလင်းဖွင့်ပေးနိုင်မလား”

ရှောင်ယွမ်စစ်သည် အာခေါင်ချောက်နေသည်ကို ဖြေရှင်းရန် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ရှင်းပြလိုက်သည်။

“ချီကို သန့်စင်တဲ့လုပ်ငန်းစဉ်မှာ လူတစ်ဦးက မိုးနဲ့မြေရဲ့ ဝိညာဉ်ချီစွမ်းအင် တစ်ရှိုက်စာကို အရင်ဆုံးရှူသွင်းရမယ်”

“ဝိညာဉ်ချီစွမ်းအင်က ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်တယ်။ တောင်တွေကြားက ဝိညာဉ်ချီစွမ်းအင်ကို သန့်စင်ခြင်းကနေရတဲ့ သေးငယ်တဲ့စင်ကြယ်ဝိညာဉ်ချီ၊ ဒါမှမဟုတ် မြေကမ္ဘာသွေးကြောတွေက ဆိုးယုတ်ချီကို မြေကမ္ဘာသွေးကြောဆိုးယုတ်ချီအဖြစ် ပြောင်းလဲတာ၊ ဒါမှမဟုတ် နံနက်ခင်းမြူနှင်းကို ဖမ်းယူပြီး အာရုဏ်ဦးရောင်နီချီစွမ်းအင်အဖြစ် သန့်စင်တာမျိုး လုပ်လို့ရတယ်…”

“အဓိကအချက်ကတော့ ဒီချီရဲ့ စင်ကြယ်မှုနဲ့ အစွမ်းထက်မှုကို အာမခံနိုင်ဖို့ မင်းရဲ့ကျင့်စဉ်နဲ့ ကိုက်ညီတဲ့ချီဖြစ်တာ သေချာအောင်လုပ်ပြီး မန္နာစွမ်းအင် တည်ဆောက်ဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ချမှတ်ဖို့ပဲ။ တစ်ကိုယ်တော်ကျင့်ကြံသူအများစုက တောင်တွေကြားက ဝိညာဉ်ချီစွမ်းအင်ကနေ သန့်စင်ထားတဲ့ သေးငယ်တဲ့စင်ကြယ်ဝိညာဉ်ချီစွမ်းအင်ကို ရွေးချယ်ကြတယ်။ ဘာလို့လဲဆိုတော့ ဒါက ကျင့်စဉ်အမျိုးမျိုးနဲ့ လိုက်ဖက်ညီပြီး အရမ်းပြင်းထန်တာလည်းမဟုတ်၊ အရမ်းပျော့ပျောင်းတာမျိုးလည်း မဟုတ်လို့ပဲ”

“အို”

လီချယ်ကျင်း၏ စူးစမ်းလိုစိတ်များသည် ရှောင်ယွမ်စစ်၏ ရှင်းပြချက်ကြောင့် ချက်ချင်းပင် နိုးကြားလာခဲ့သည်။

သူက နောက်ထပ်သတင်းအချက်အလက်များ ရရှိရန်အတွက် စိတ်အားထက်သန်စွာဖြင့် အလျှင်အမြန်မေးလိုက်သည်။

“ကျွန်တော့်မိသားစုရဲ့ ချီကျင့်စဉ်အတွက် မိုးနဲ့မြေရဲ့ ဘယ်လို ဝိညာဉ်ချီအမျိုးအစားက အသင့်တော်ဆုံးဖြစ်မလဲ”

“ငါက မင်းတို့မိသားစုရဲ့ ကျင့်စဉ်နဲ့ မရင်းနှီးပေမယ့် မင်းရဲ့မန္နာစွမ်းအင်ရဲ့ ကြည်လင်မှုနဲ့ တောက်ပမှုကို ကြည့်ရရင် ငါတို့ဂိုဏ်းထဲက ကျင့်စဉ်တော်တော်များများ မင်းနဲ့ ကောင်းကောင်းကိုက်ညီလိမ့်မယ်”

ရှောင်ယွမ်စစ်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ကာ လီချယ်ကျင်း၏ စိတ်အားထက်သန်သောအမူအရာကို သတိပြုမိသောအခါ ပြုံးရင်း အကျယ်တဝင့် ပြောလိုက်သည်။

“အဲဒီကျင့်စဉ်ထဲက တစ်ခုက ကြည်လင်အဆီအနှစ်မိုးထိန်းချုပ်ခြင်းကျင့်စဉ်ပဲ။ ငါတို့စိမ်းပြာရေအိုင်ဂိုဏ်းမှာ ကျော်ကြားတဲ့ ကျင့်စဉ်တစ်ခုပေါ့။ ဒါက မိုးမြူနှင်းထဲမှာတွေ့ရတဲ့ချီကို အသုံးချတယ်။ အထူးသဖြင့် ဝိညာဉ်တောင်ရဲ့ မိုးနဲ့မြူနှင်းကနေ သန့်စင်ထားတာ။ ဒါက တိမ်တွေနဲ့မြူနှင်းတွေကို စီးနင်းမောင်းနှင်တာနဲ့ အမာကိုအောင်နိုင်ဖို့ နူးညံ့မှုကို အသုံးပြုရာမှာ ထူးခြားပြောင်မြောက်တယ်”

“နောက်တစ်ခုက ယင်တောင်တောမြူနှင်းကျင့်စဉ်ပဲ။ ဒီကျင့်စဉ်က တောင်တန်းဒေသတွေမှာတွေ့ရတဲ့ ယင်ချီစွမ်းအင်ကို အခြေခံတယ်။ ဒါပေမဲ့ ငါတို့ဂိုဏ်းသားအများစုက ဒါကိုသုံးဖို့ မရွေးချယ်ကြဘူး”

“တတိယနဲ့ စိန်ခေါ်မှုအများဆုံးကတော့ ဆောင်းဦးရေကန်ထဲကလရိပ်ကျင့်စဉ်ပဲ။ လရေကန်တောင်ထွဋ်ရဲ့ တတိယမြောက်တောင်ထွဋ်သခင်က ဒါကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးကတည်းက တခြားဘယ်သူမှ မအောင်မြင်သေးဘူး။ အဲဒီနောက်ကွယ်မှာ လှည့်ကွက်တချို့ ရှိနေတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်သုံးရာကျော်က အဲဒီတောင်ထွဋ်သခင် ကွယ်လွန်သွားခဲ့ပြီးနောက်မှာ သဲလွန်စတစ်ခုမှ မချန်ထားခဲ့ဘူး…”

လမင်းနှင့်ပတ်သက်သော ကျင့်စဉ်အကြောင်း ကြားသိရသောအခါ လီချယ်ကျင်း၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ တိုးပွားလာခဲ့သည်။

သို့သော် ရှောင်ယွမ်စစ်က ၎င်း၏အခက်အခဲကို ပြောပြသောအခါ သူ၏ စိတ်အားထက်သန်မှုသည် မှေးမှိန်သွားခဲ့ပြီး သူက စိုးရိမ်စွာမေးလိုက်သည်။

“ဘာလို့ တခြားဘယ်သူမှ မအောင်မြင်ခဲ့တာလဲ”

All Chapters