← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း (၂၉၄) - တောက်လောင်လာပြီ (၂)

သူမ လှည့်ကြည့်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသည်မှာ ဧရာမ ဓားအလင်းတန်းကြီး တစ်ခုပင်။

ကျန်းယွဲ့ပိုင်က နောက်ဆုံးတွင် သူမနှင့် ဆက်လက်မယှဉ်ပြိုင်တော့ဘဲ လက်မြှောက်ကာ ကောင်းကင်ဓားသိုင်းကို အသုံးပြုလိုက်တော့သည်။

ထိုအရာမှာ အင်မော်တယ်မန္တန်ဖြစ်သော မိုးကောင်းကင်ကိုထောက်ထားသောဓားကို ရိုးရှင်းအောင်ပြုလုပ်ထားသည့် ဓားသိုင်းဖြစ်ပြီး အင်မော်တယ်မန္တန်များအောက်တွင် အပြင်းထန်ဆုံးဟု ဆိုနိုင်ပေသည်။

ရွှယ်ကျန်းမှာ ရှောင်တိမ်းစရာနေရာမရှိတော့သဖြင့် လက်ကွက်ဖော်ကာ အလားတူ ကောင်းကင်ဓားသိုင်းတစ်ခုဖြင့် ပြန်လည် တိုက်ခိုက်လိုက်ရတော့သည်။

ဧရာမ ဓားအလင်းတန်းကြီးနှစ်ခု ရိုက်ခတ်သွားပြီး ပြိုင်ပွဲကွင်းတစ်ခုလုံး ပြည့်နှက်သွားကာ အလင်းရောင်များက ကောင်းကင်အနှံ့ ပြန့်ကျဲသွားလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှယ်ကျန်း၏ ဓားအလင်းတန်းမှာ ကျန်းယွဲ့ပိုင်၏ ဓားအလင်းတန်းကြောင့် ရိုက်ချိုးခံလိုက်ရ၏။

ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ပြိုကွဲသွားခြင်းပင်။

သူမအကျွမ်းကျင်ဆုံးဖြစ်သော အနီးကပ် ဓားသိုင်းတွင်လည်း ကျန်းယွဲ့ပိုင်က သူမထက် အနည်းငယ်မျှ အားမနည်းပေ။ ကျန်းယွဲ့ပိုင် ကျွမ်းကျင်သော တန်ခိုးစွမ်းအင်မန္တန်များတွင်မူ သူမမှာ လုံးဝ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

ရှုံးနိမ့်သွားခြင်းမှာ မတရားမှုမဟုတ်ပေ။

ကောင်းကင်ဓားသိုင်း သူမထံ ကျရောက်လာသည်အထိ မစောင့်တော့ဘဲ သူမက ကိုယ်ကိုလွှင့်ကာ နောက်ဆုတ်လိုက်ပြီး စင်အောက်သို့ အလိုအလျောက် ဆင်းသက်သွားလေသည်။

ကျန်းယွဲ့ပိုင်ကလည်း ချက်ချင်းပင် ဓားသိုင်းကိုရုပ်သိမ်းလိုက်ပြီး ပျံသန်းလာကာ ဂိုဏ်းတူအစ်မ၏ လက်ကို ဆုပ်ကိုင်လိုက်၏။

ပြိုင်ပွဲကွင်းပေါ်တွင် တိုက်ခိုက်မှုများပြင်းထန်သော်လည်း သူမနှင့် ရွှယ်ကျန်း၏ ဆက်ဆံရေးမှာ ကောင်းမွန်နေဆဲဖြစ်ကြောင်း သိသာလှသည်။

မိန်းကလေးနှစ်ဦးမှာ လက်ချင်းချိတ်ကာ ထွက်ခွာသွားကြသည်။

ကွင်းပြင်တစ်ခုလုံးတွင်မူ ကျန်းယွဲ့ပိုင်၏နာမည်ကို အော်ဟစ်ခေါ်ဝေါ်နေကြသော အသံများဖြင့် ပြည့်နှက်နေပြီး သူမ၏ အကောင်းဆုံးစွမ်းဆောင်ရည်ကြောင့် ရင်ပြင်တစ်ခုလုံး ပူညံပူညံ ဖြစ်သွားလေသည်။

နောက်ထပ် ပြိုင်ပွဲဝင်နှစ်ယောက် စင်ပေါ်သို့ တက်လာသည်အထိ "ကျန်းကျန်း" ဟူသော အော်ဟစ်သံများမှာ နားထဲတွင် ဆက်လက် ထွက်ပေါ်နေဆဲပင်။

ယခုအချိန်တွင် စင်ပေါ်၌ ရပ်နေသူမှာ လင်းအောက်ဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များထွက်ပေါ်နေကာ ကျောက်စိမ်းဓားတောင်ထွတ်မှ ရွှေအမြုတေအဆင့်ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် သူက အစွမ်းထက်လှသော ခန္ဓာကိုယ်စွမ်းအားကို ထပ်မံပေါက်ကွဲစေလိုက်ပြီး တစ်ဖက်လူကို လက်သီးတစ်ချက်တည်းဖြင့်ပင် အနိုင်ယူလိုက်ပြန်သည်။

ပြိုင်ပွဲစတင်ချိန်မှယနေ့အထိ သူသည် တစ်ချက်တည်းဖြင့်အနိုင်ရသည့် စံချိန်ကို ထိန်းသိမ်းထားဆဲပင်။ လေးကြိမ်တိုက်ခိုက်ရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့လေသည်။

ချူလျန်၏သုံးကြိမ်နောက်တွင် ဒုတိယလိုက်လေသည်။

အနိုင်ရပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် တောက်လောင်နေသော တိုက်ခိုက်လိုစိတ်များ ရစ်ပတ်နေဆဲဖြစ်ပြီး အရပ်လေးမျက်နှာကို ဝင့်ကြွားစွာ ကြည့်ရှုရင်း ရုတ်တရက်ချူလျန်ကို တစ်ချက်ကြည့်လိုက်၏။

ဘာကြောင့်မှန်းမသိ ချူလျန်သည် သူ့အပေါ်တွင် မပေါ့ပါးသောရန်လိုမှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

'ဒါ ဘာကြောင့်လဲ...'

ထိုအကြည့်က သူ့ကို အလွန်ထူးဆန်းသည်ဟု ခံစားရစေသည်။

'ငါ မင်းကို ဘာမှမလုပ်ဘဲနဲ့...'

'အင်း... မရှိလောက်ပါဘူးနော်...'

...

ကွာတားဖိုင်နယ်သုံးပွဲ၏ ရလဒ်များမှာ မျှော်လင့်ထားသည်ထက် များစွာ ကွာခြားမှုမရှိဘဲ နောက်ဆုံးတွင် ရှုတောင်၏ ဆီမီးဖိုင်နယ် လူသစ်များ ထွက်ပေါ်လာခဲ့ရာ ရွှီဇီယန်၊ ကျန်းယွဲ့ပိုင်၊ လင်းအောက်နှင့် ချူလျန်တို့ပင် ဖြစ်သည်။

ထိုလူများမှာ ဖိနှိပ်နိုင်လောက်သော အသာစီးရမှုများဖြင့် ယခုနေရာအထိ လမ်းတစ်လျှောက် တွန်းအားပေးလာခဲ့ကြသည်ဟု ဆိုနိုင်ပြီး...အကယ်၍ ဉာဏ်ရည်ဖြင့် ဖိနှိပ်မှုကို ထည့်သွင်းတွက်ချက်မည်ဆိုပါက ဆီမီးဖိုင်နယ် ပြိုင်ပွဲများမှာ သေချာပေါက် စိတ်လှုပ်ရှားဖွယ်ကောင်းမည်ဟု ကြိုတင်ခန့်မှန်းနိုင်ပေသည်။

လက်ရှိအချိန်တွင် ရွှီဇီယန်မှာ နံပါတ်တစ်နေရာတွင် ရေပန်းအစားဆုံးဖြစ်သော်လည်း လူအများအပြားက ကျန်းယွဲ့ပိုင်အနေဖြင့် သူနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမည်ဟု ထင်မြင်ကြပြီး လင်းအောက်မှာမူ လျှို့ဝှက်ဆန်းကြယ်ကာ ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံမှုဖြင့်အဆင့်နိမ့်သူက အဆင့်မြင့်သူကို အကြိမ်ကြိမ် အနိုင်ယူခဲ့သဖြင့် ထောက်ခံသူ တစ်စိတ်တစ်ပိုင်းကိုလည်း ရရှိထားသည်။

ချူလျန်မှာလည်း သဘာဝကျစွာပင် သူ့အားထောက်ခံသူများရှိသော်လည်း ငွေဓားတောင်ထွတ်နှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသများတွင်သာ ကန့်သတ်ထားလေသည်။

သို့သော် ချူလျန်မှာ ယခုအချိန်တွင် ထိုအရာများကိုဂရုစိုက်ရန် အချိန်မရှိတော့ချေ။

အကြောင်းမှာ တရားဝင်ပြိုင်ပွဲ၏ဒုတိယနေ့မှာ ဖျော်ဖြေရေးအစီအစဉ်တစ်ခုဖြစ်ပြီး ယနေ့ကျင်းပမည်မှာ မာကျောက်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်သောကြောင့်ပင်။

သူသည်လည်း တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် အင်အားကြီးမားသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

စားပွဲပေါ်တွင် ထိုင်နေသောအခြားသုံးဦးမှာလည်း အသိများပင်ဖြစ်ပြီး တစ်ဦးမှာ တောက်ပသောအကြည့်များနှင့် အလွန်စိတ်လှုပ်ရှားနေပုံပေါ်သော လှပသည့် မိန်းကလေးတစ်ဦးဖြစ်ကာ ကျောက်စိမ်းဓားတောင်ထွတ်မှ ရွှီဇီချင်ပင်။

တစ်ဦးမှာ ပိန်ပါးသောခန္ဓာကိုယ်နှင့် ပါးနပ်သော မျက်ဝန်းများရှိသည့် လူငယ်လေးဖြစ်ပြီး နောက်လိုက် (က) ပင်။ အခြားတစ်ဦးမှာမူ အဖြူရောင်ဝတ်ရုံ လွင့်ဝဲနေပြီး ထိုနေရာတွင် ထိုင်နေရုံဖြင့် ပန်းချီကားတစ်ချပ်နှင့်တူသော အလွန်လှပသည့် မိန်းမပျိုလေး...ကျန်းယွဲ့ပိုင်ပင် ဖြစ်သည်။

ရွှီဇီချင်နှင့် နောက်လိုက် (က) တို့မှာ အနည်းငယ် ပါးနပ်သူများဖြစ်ရာ ပဏာမပွဲစဉ်မှ အောင်မြင်လာခြင်းက မထူးဆန်းသော်လည်း စီနီယာအစ်မကျန်းပါ ယခုအုပ်စုသို့ ရောက်လာခြင်းက အနည်းငယ်ခက်ခဲသွားစေသည်။

ပြောရမည်ဆိုလျှင် တရားဝင်ပြိုင်ပွဲမှ ဆီမီးဖိုင်နယ် ကစားသမားနှစ်ဦးမှာ ကစားပွဲဝိုင်းတွင် ရောက်ရှိနေခြင်းက အလွန် တိုက်ဆိုင်နေပြီး ပတ်ဝန်းကျင်မှ အကြည့်များစွာက ကစားပွဲနေရာသို့ စုဆောင်းရောက်ရှိနေကြသည်။

နောက်လိုက် (က) က ဘယ်ညာ ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူသည် ချူလျန်ကို အနိုင်မရနိုင်ကြောင်း သဘာဝကျစွာပင် သိထားသော်လည်း စီနီယာအစ်မကျန်းပါ ဘေးတွင်ရှိနေပေသည်။

'ငါ့အနေနဲ့ အစ်ကိုကြီးကို နိုင်စေချင်ရမှာလား... ဒါမှမဟုတ် ကျန်းကျန်းကို နိုင်စေချင်ရမှာလား...'

'ဒါ တကယ်ကို ပြဿနာပဲ...'

ရွှီဇီချင်၏ မျက်ဝန်းများမှာ ကြယ်ပွင့်လေးများ တောက်ပနေပြီ...။

ဝါးဝါးဝါး...

'စီနီယာအစ်ကိုချူနဲ့ စီနီယာအစ်မကျန်းတို့ အတူတူ ကျနေတာလား...ဒါ ရေစက်လား...'

'သူတို့က အချစ်ကစားပွဲ ကစားကြမှာလား...'

'ငါရှုံးသွားလည်းကိစ္စမရှိပါဘူး...ဒါပေမဲ့ သူတို့သာ ကစားမယ်ဆိုရင် စီနီယာအစ်ကိုချူက စီနီယာအစ်မကျန်းကို အနိုင်ပေးမှာလား ဒါမှမဟုတ် စီနီယာအစ်မကျန်းက စီနီယာအစ်ကိုချူကို အနိုင်ပေးမှာလား ဆိုတာ အရမ်း သိချင်နေတာပဲ...'

'စီနီယာအစ်ကိုချူက အလျှော့ပေးမှာ ဖြစ်ရမယ်...'

'ဘယ်လိုပဲကြည့်ကြည့် သူ ပိုပြီး တက်ကြွနေသင့်တာလေ...'

"ဟူ..."

သုံးလှည့်ပင်မပြည့်သေးမီ ချူလျန်က ဖဲချပ်များကို ထပ်မံဖြန့်ချလိုက်ပြီး သူ၏ မျက်နှာမှာ အနည်းငယ် လေးနက်နေလေသည်။

'နည်းနည်းလေးတောင် အလျှော့ပေးဖို့ အစီအစဉ်မရှိပါလား...'

ရွှီဇီချင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။

မျက်နှာချင်းဆိုင်မှ ကျန်းယွဲ့ပိုင်၏ မျက်ဝန်းများမှာ အနည်းငယ် တောက်ပသွားလေသည်။

ဒုတိယအချီ စတင်ချိန်တွင် ကျန်းယွဲ့ပိုင်ကလည်း ဖဲနှစ်ချပ်သာ ကိုင်ထားပြီး ချက်ချင်းပင်ဖဲချပ်များကို ဖြန့်ချလိုက်၏။

"ဟုတ်ပြီ..."

ချူလျန်က ကြည့်ကာ ခေါင်းကို အနည်းငယ်ငြိမ့်ပြလိုက်သည်။

နှစ်ဖက်လုံး၏ မျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များ မြင့်တက်လာလေသည်။

တတိယအချီ စတင်ချိန်တွင် အခြေအနေမှာ ရုတ်တရက် နှေးကွေးသွား၏။

ချူလျန်သည် အမြဲတမ်း ပြိုင်ဘက်ကင်းအနိုင်ရနေခဲ့ခြင်းမှာ တကယ်တမ်းတွင် သူ၏ အလွန် အားကောင်းသော မှတ်ဉာဏ်စွမ်းရည်နှင့် တွက်ချက်နိုင်စွမ်းကြောင့်ဖြစ်ပြီး ပထမအချီ စတင်ချိန်မှစ၍ ဖဲချပ်များအားလုံး၏စီးဆင်းမှုကို မှတ်သားထားကာ မိမိအပါအဝင် လူတိုင်းမည်သည့်ဖဲချပ်ကို ရရှိမည်ကို သိရှိထားခြင်းပင်။

ထိုအခြေအနေမျိုးတွင် ကျန်သုံးဦးလုံးက မည်သို့သော ရွေးချယ်မှုများ ပြုလုပ်မည်နည်း၊ ထိုကဲ့သို့အခြေအနေမျိုးတွင် မိမိအနေဖြင့် မည်သို့ဆိုလျှင် ပန်းတိုင်သို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်မည်နည်းကို တွက်ချက်ထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ဖဲချပ်များကိုကိုင်ပြီး ကစားရန် မစတင်ရသေးမီအချိန်တွင် သူသည် မိမိအနေဖြင့် မည်သည့်အချီတွင် မည်သို့သောဖဲချပ်ဖြင့် အနိုင်ယူရမည်ကို စဉ်းစားထားပြီးဖြစ်သည်။

ထိုသို့ တွက်ချက်မှုအောက်တွင် ဉာဏ်ကောင်းသူများနှင့် ကစားရခြင်းက လူမိုက်များနှင့် ကစားရသည်ထက် ပိုမိုရိုးရှင်းလွယ်ကူပြီး အကြောင်းမှာ ဉာဏ်ကောင်းသူများ၏ ဖဲချပ်ချမည့် လမ်းကြောင်းမှာ လုံးဝ ခြေရာခံ၍ ရနိုင်ကာ ခန့်မှန်းရန် မခက်ခဲသောကြောင့်ပင်...။

သို့သော် ရမ်းသန်းကစားသူများမှာမူ ချူလျန်၏ တွက်ချက်ထားသော လမ်းကြောင်းကို အနည်းငယ် ကမောက်ကမ ဖြစ်သွားစေနိုင်သည်။

သို့သော် အခြားအခြေအနေတစ်ခုလည်းရှိသေးပြီး ၎င်းမှာ အလွန်တရာ ဉာဏ်ကောင်းသူများနှင့် ကစားရခြင်းပင်ဖြစ်သည်။

တစ်ဖက်လူသည် ချူလျန်နှင့် တူညီသောစိတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး နောက်ထပ် ခြေလှမ်းတိုင်းကို ကြိုတင်ခန့်မှန့်ထားနိုင်မည်ဆိုပါက နှစ်ဖက်စလုံးအတွက် အလွန် ခက်ခဲသွားမည်ဖြစ်သည်။

၎င်းမှာ စစ်တုရင် ကစားနေသည်နှင့် ပို၍တူပြီး နောက်ဆက်တွဲ ခြေလှမ်းတိုင်းကို စဉ်းစားထားသည့် တစ်ချိန်တည်းမှာပင် တစ်ဖက်လူက နောက်ဆက်တွဲ မည်သို့ ချမည်ကိုလည်း ကြိုတင် ခန့်မှန်းရမည် ဖြစ်သည်။

တစ်ဖက်လူသည်လည်း အစွမ်းထက်သူဖြစ်ပြီး သူမက ဖဲချပ်များကို ကြိုတင်ခန့်မှန်းနိုင်ကာ တစ်ချိန်တည်းမှာပင် အစီအစဉ်များကိုလည်း ဖျက်ဆီးပစ်နိုင်လေသည်။

ထိုသို့ဆိုလျှင် မည်သူက ပို၍တွေးတောနိုင်မည်နည်းဆိုသည့် ရှည်လျားသော တိုက်ပွဲများကို ဖြတ်သန်းရဦးမည်ဖြစ်သည်။

ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့မှာ ထိုကဲ့သို့ ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံရသည့် ဖိအားကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်ပုံရပြီး ပထမနှစ်ပွဲတွင် အနည်းငယ် စမ်းသပ်ပြီးနောက် တတိယအချီတွင် နှစ်ဖက်လုံး၏ အပြန်အလှန်ချေမှုန်းမှုများမှာ ရုတ်တရက် ပြင်းထန်လာကာ မျက်မြင်မရသော မီးတောက်များတဟုန်းဟုန်း တောက်လောင်လာလေသည်။

ဘေးတွင်ရှိနေသော ရွှီဇီချင်နှင့် နောက်လိုက် (က) တို့မှာလည်း စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေကြသော်လည်း သူတို့၏ တွက်ချက်မှုများမှာ အခြားနှစ်ဦးနှင့် ကောင်းကင်နှင့် မြေကြီးပမာကွာခြားနေပြီး စားပွဲဝိုင်းတစ်ခုတည်းမှ လူလေးဦးဖြစ်သော်လည်း တကယ်တမ်းတွင်မူ ကမ္ဘာနှစ်ခု၌ရှိနေသကဲ့သို့ပင်။

နှစ်ဖက်လုံးမှ ပိုမို ကြီးမားလာသော ဖိအားများကို ခံစားရရင်း ရွှီဇီချင်၏ မျက်လုံးငယ်လေးများမှာ ဘယ်ညာ ဝေ့ဝဲနေပြီး နောက်လိုက် (က) မှာလည်း မျက်စိထောင့်မှ အကဲခတ်နေကာ သူတို့နှစ်ဦးစလုံးမှာ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်တို့ တိုက်မိသကဲ့သို့ မွန်းကျပ်မှုကို ခံစားနေရလေသည်။

"တောက်... တောက်လောင်လာပြီဟေ့..."

All Chapters