← Chapters

အခန်း ၃၂၁

Vol. 29 Ch. 321

အခန်း ၃၂၁

Vol. 29 Ch. 321

အခန်း (၃၂၁) သူက တကယ်ပဲ နံပါတ်နှစ်နေရာမှာတဲ့လား

"ဒုတိယပါမောက္ခချုပ်ချန်... ကျွန်တော်တို့ ဒီမှာ ပြဿနာနည်းနည်း ကြုံနေရတယ်... ကျောင်းက ကျောင်းသားတွေမှာ အမူအကျင့်နဲ့ ပတ်သက်ပြီး ပြဿနာကြီးကြီးမားမား ရှိနေပုံရတယ်နော်..."လက်ထောက်က ဒုတိယပါမောက္ခချုပ်ချန်ထံသို့ လျှောက်သွားရင်း ပြောလိုက်၏။

"အို... တကယ်ကြီး အဲဒီလို ဖြစ်နေတာလား..."

ဒုတိယပါမောက္ခချုပ်ချန်က အံ့သြစွာဖြင့် ပြောလိုက်သည်။

ယနေ့ တက်ရောက်လာကြသော ကျောင်းသားများမှာ အကောင်းဆုံးထဲမှ အကောင်းဆုံးများသာ ဖြစ်ကြပေ၏။ ဤအရာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သို့သော် ကျင်းတူးတက္ကသိုလ်တွင် ကျောင်းသားများ၏ အကျင့်ပျက်မှုများကို ခွင့်ပြုထားခြင်းမရှိချေ။ နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုအနေဖြင့် မည်သို့ပင်ဖြစ်စေကာမူ ယဉ်ကျေးပျူငှာမှုနှင့် ကိုယ်ကျင့်တရားသည် ၎င်း၏ ကျောင်းသားများအတွက် ထိပ်တန်းဦးစားပေး ဖြစ်သင့်ပေသည်။

ထို့အပြင် ဤလူသည် စုန့်လင်း၏ လက်ထောက်ဖြစ်ကြောင်း သူ မှတ်မိနေပြီး တစ်စုံတစ်ယောက်က စုန့်လင်းအား ပြစ်မှားမိသွားကြောင်း ဆိုလိုခြင်းပင်။

စုန့်လင်းသည် ဤလုပ်ငန်းနယ်ပယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း သူ့အား လူသိရှင်ကြား အပြစ်မတင်ခြင်းက အကောင်းဆုံးဖြစ်ပြီး သီးသန့်ဆွေးနွေးခြင်းက ပို၍ကောင်းမွန်ပေသည်။

"ဟုတ်ပါတယ်... ဒုတိယပါမောက္ခချုပ်ချန်... ကျွန်တော်က သဘောထား သေးသိမ်နေတာ မဟုတ်ပါဘူး... အဲဒီကျောင်းသားက တကယ့်ကို မာနကြီးလွန်းလို့ပါ..."

လက်ထောက်က ထပ်လောင်းပြောလိုက်၏။

"တကယ်လို့ မှန်တယ်ဆိုရင်တော့ သူ့ကို ပညာရှင်စုန့်လင်းဆီ တောင်းပန်ခိုင်းလိုက်ပါ့မယ်..."

ဒုတိယပါမောက္ခချုပ်ချန်က ပြောလိုက်ပြီးနောက် သူတို့နှစ်ဦးသည် စုန့်လင်းဆီသို့ လျှောက်သွားကြလေသည်။

"ဟားဟားဟား... ရှောင်ချန်... မင်းက ငါ့ရဲ့ ဂျူနီယာပဲ..."

"ငါ ကျင်းတူးတက္ကသိုလ်မှာ စာသင်နေတုန်းက မင်းက ကျောင်းသားလေးတစ်ယောက်ပဲ ရှိသေးတာ... အခုတော့ မင်းတောင် ပါမောက္ခ ဖြစ်နေပြီပဲ..."

ဒုတိယပါမောက္ခချုပ်ချန် ရောက်ရှိလာချိန်တွင် စုန့်လင်းက ဖြည်းညှင်းစွာ ပြောလိုက်၏။

သူသည် ချက်ချင်းပင် ဝါစဉ်ကို ရှေ့တန်းတင်၍ စကားစလာခဲ့၏။

စုန့်လင်းသည် ဒုတိယပါမောက္ခချုပ်ချန်ထက် အသက်နှစ်ဆယ်ခန့် ပိုကြီးသည့်အတွက် ဝါအရ သာလွန်နေသည်မှာ သဘာဝကျလှပြီး၊ ထို့ကြောင့်လည်း အထက်စီးမှ ပြောဆိုနေသည့် ဟန်ပန်ကို အလိုလို ပိုင်ဆိုင်ထားလေသည်။

"ဟားဟားဟား... အဘိုးစုန့်... ကျွန်တော့်ကိုလည်း အဘိုးရဲ့ တပည့်တစ်ယောက်လို့ သတ်မှတ်လို့ ရပါတယ်..."

ဒုတိယပါမောက္ခချုပ်ချန်က ယဉ်ကျေးစွာ ပြောလိုက်သည်။ စုန့်လင်းသည် သူ၏ ဂုဏ်သိက္ခာကို အလွန် ဂရုစိုက်ကြောင်း သူ သိရှိထားပြီး လူအများရှေ့တွင် ဆက်ဆံရေးကန့်သတ်လိုက်ခြင်းက မည်သည့်ကောင်းအကျိုးမှ ရှိမည်မဟုတ်ကြောင်းကိုလည်း ကောင်းစွာ သိရှိထားပေ၏။ အထူးသဖြင့် ယနေ့သည် ကျောင်းတွင်းလှုပ်ရှားမှုပွဲ ဖြစ်နေသောကြောင့်ပင်။

"ဟားဟားဟား ဟားဟားဟား..."

"ငါက အများဆုံးဆိုရင် မင်းရဲ့အဖေနဲ့ ရွယ်တူ လူကြီးတစ်ယောက်ပါ..."

"လူကြီးတွေက များသောအားဖြင့် လူငယ်တွေကို ကိုယ်ကျင့်တရားနဲ့ အမူအကျင့်ကောင်းတွေကို ဘယ်လို လိုက်နာရမယ်ဆိုတာ သင်ပေးဖို့ တာဝန်ရှိတယ်လေ..."

"ရှောင်ချန်... ဒီနေ့ ငါ မင်းကို သင်ခန်းစာတစ်ခု ပေးရမယ်..."

"ပြီးတော့ မင်းရဲ့ ကျောင်းသားတွေကိုလည်း သေချာဆုံးမသင့်တယ်... သူတို့က အရမ်းငယ်သေးတာဆိုတော့ အဲဒီလို အသုံးမကျတဲ့သူတွေဆီကနေ အတုမယူသင့်ဘူး... မဟုတ်ရင် အဲဒီလို ပုပ်သိုးနေတဲ့သီးတွေကြောင့် ကျင်းတူးတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ်..."

စုန့်လင်းသည် ရေတစ်ငုံသောက်လိုက်ပြီး လူကြီးတစ်ဦး၏ ဟန်ပန်အမူအရာကို ဖမ်းလိုက်လေ၏။

"ဟုတ်ပါတယ်... အဘိုးစုန့် ပြောတာ မှန်ပါတယ်..."

ဒုတိယပါမောက္ခချုပ်ချန်သည် မကျေမနပ်ဖြစ်သွားသော်လည်း ၎င်းကို ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤသူမှာ အမှန်တကယ်ပင် လူကြီးတစ်ဦးဖြစ်ပြီး ကျင်းတူးတက္ကသိုလ်တွင်ပင် စာသင်ကြားပေးခဲ့ဖူးပေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လက်ထောက်၏ မျက်နှာပေါ်တွင် ကျေနပ်အားရသည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

ဤသည်မှာ အဘိုးစုန့် အမြဲအသုံးပြုနေကျ နည်းလမ်းပင်။

ဒုတိယပါမောက္ခချုပ်ကဲ့သို့သော ရာထူးရှိသူတစ်ဦးအနေဖြင့် ဤသို့ လူအများရှေ့တွင် ပြောဆိုခံရပါက စိတ်မချမ်းမသာ ဖြစ်သွားသည်မှာ သဘာဝကျလှပေသည်။

သို့သော် လူအများရှေ့တွင် ထိုခံစားချက်ကို ထုတ်ဖော်ပြသ၍ မရချေ။

ထိုသို့ ပြုမူလိုက်သည်နှင့် သည်းခံနိုင်စွမ်း မရှိသော ပညာရှင်တစ်ဦးဟူသော သတင်းသာ ထွက်ပေါ်သွားနိုင်ပြီး နောင်တွင် ကျောင်းသားများကို မတရားဖိနှိပ်အပြစ်ပေးသည်ဟူသော ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ရပေလိမ့်မည်။

ထို့နောက် လက်ထောက်က စုယွမ်ကို နှာခေါင်းရှုံ့ကာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော အထင်သေးမှုများ ရှိနေပေ၏။

ဒုတိယပါမောက္ခချုပ်ချန်တောင် အဘိုးစုန့်ရဲ့ ဆုံးမစကားကို နားထောင်နေရတာ... မင်းက ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ဘာတွေများ ဟန်ဆောင်နေတာလဲ...

ဤသည်ကို မြင်ချိန်တွင် ဒုတိယပါမောက္ခချုပ်ချန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ဤနေရာနှင့် အနီးဆုံးရှိ သူ၏ကျောင်းမှ ကျောင်းသားများမှာ တတိယတန်းတွင် ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

ဒီသဘောထား သေးသိမ်တဲ့သူကို ဘယ်သူကများ ပြစ်မှားမိတာလဲ...

"တောင်းပန်ပါတယ်... ခုနက ဘယ်ကျောင်းသားက အဘိုးစုန့်ကို ပြစ်မှားမိလို့လဲ..."

ဒုတိယပါမောက္ခချုပ်ချန်က မေးလိုက်၏။

"ဒီမှာ..."

စုန့်လင်း စကားမပြောနိုင်မီတွင် လက်ထောက်က ဝင်ပြောလိုက်သည်။

"ဟင်... ဘယ်မှာလဲ..."

ဒုတိယပါမောက္ခချုပ်ချန်က တစ်ချက် ကြည့်လိုက်သော်လည်း ရှာမတွေ့သေးချေ။

"ရှောင်ချန်... မင်းရဲ့ အမြင်အာရုံက ချို့ယွင်းနေပြီလား... မင်းကျောင်းက ကျောင်းသားတွေကို မင်း ကာကွယ်ပေးချင်တယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ဒီလို အဆင့်အတန်းနိမ့်တဲ့ပုံစံနဲ့ မမြင်ချင်ယောင်ဆောင်နေတာက ငါ့ကို မလေးမစား လုပ်ဖို့ ကြိုးစားနေတာလား..."

ဒုတိယပါမောက္ခချုပ်ချန်၏ အပြုအမူကို ရှင်းလင်းစွာ မကျေနပ်သော စုန့်လင်းက အေးစက်စွာ ပြောလိုက်၏။

"ဒါပေမဲ့ အဲဒီကျောင်းသားကို ဘယ်နေရာမှာမှ ကျွန်တော် တကယ် မတွေ့မိလို့ပါ..."

ဒုတိယပါမောက္ခချုပ်ချန်က ဆက်ပြောလိုက်သည်။

"ဒုတိယပါမောက္ခချုပ်ချန်... သူ ဒီမှာလေ... သူပါပဲ..."

လက်ထောက်က စုယွမ်ကို တိုက်ရိုက် လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"ဟင်..."

ဒုတိယပါမောက္ခချုပ်ချန်က စုယွမ်ကို ကြည့်လိုက်ပြီးနောက် ဘာတွေဖြစ်နေသနည်းဆိုတာကို ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။

ဒီသဘောထား သေးသိမ်တဲ့သူက သူ့ထက်အဆင့်မြင့်တဲ့ စုယွမ်ကို မြင်တော့ မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်ကာ အခုလို အခြေအနေမျိုးအထိ ရောက်လာတာဖြစ်နိုင်တယ်...

ဒုတိယပါမောက္ခချုပ်ချန် ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ချေ။

"ဟင်... ရှောင်ချန်... ကျောင်းသားတွေ ရိုင်းစိုင်းတယ်ဆိုရင် ဆုံးမသင့်တယ်လေ... မင်းက ဘာဖြစ်လို့ အဲဒီလို ရယ်နေရတာလဲ..."

စုန့်လင်း၏ မျက်နှာမှာ မည်းမှောင်သွားခဲ့၏။

"ဟုတ်ပါတယ် ဒုတိယပါမောက္ခချုပ်ချန်... ဒီကျောင်းသားက တကယ်ကြီး နံပါတ်နှစ်နေရာမှာ ဝင်ထိုင်နေတာပါ... ဒါက အဘိုးစုန့်နဲ့ ဧည့်သည်အားလုံးအပေါ် ကြီးမားတဲ့ မလေးစားမှုတစ်ခုဆိုတာ ရှင်းနေတာပဲ..."

"ကျေးဇူးပြုပြီး သူ့ကို ဒီနေရာကနေ ချက်ချင်း ဖယ်ရှားပေးပါ..."

လက်ထောက်က ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလိုက်သည်။

စုန့်လင်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ သူ အသံထွက်မပြောခဲ့သော်လည်း အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်ပေသည်။

"ခင်ဗျားတို့ နှစ်ယောက်က နားလည်မှုလွဲနေပြီ ထင်တယ်... ဒါက ဥက္ကဋ္ဌစုရဲ့ ထိုင်ခုံပါ..."

"ဒါကို မနေ့ညက ပါမောက္ခချုပ်ဝမ် ကိုယ်တိုင် စီစဉ်ပေးခဲ့တာပါ..."

"ထပ်ပြောရရင် ဥက္ကဋ္ဌစုက ဒီကျောင်းက ကျောင်းသား မဟုတ်ပါဘူး... ဒါကြောင့် သဘာဝကျကျပဲ သူ့ကို စီမံခန့်ခွဲဖို့ ဒါမှမဟုတ် ထုတ်ပယ်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိပါဘူး..."

ဒုတိယပါမောက္ခချုပ်ချန်က ပြောလိုက်၏။

ဤစကားကို ကြားချိန်တွင် သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့လေသည်။

ဒီလူက ဧည့်သည်တစ်ယောက်လား...

ဒီမှာ သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ...

သူ့အသက်အရွယ်နဲ့ နံပါတ်နှစ်နေရာမှာ ဧည့်သည်တစ်ယောက်အဖြစ် ထိုင်နေတာတဲ့လား...

လက်ထောက် လုံးလုံးလျားလျား မှင်တက်သွားခဲ့၏။

သူသည် ဤလူကို အချိန်မရွေး အသုံးချနိုင်သော ကျောင်းသားတစ်ဦးအဖြစ် အမြဲတမ်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤလူသည် တကယ်ကြီး ဤသို့ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ...

ဒီနေ့မှာတော့ သူတို့က ငါ လုံးဝ ပြစ်မှားလို့မရတဲ့ အရေးကြီးပုဂ္ဂိုလ်တွေ တကယ်ကြီး ဖြစ်နေတာပဲ...

ဒီမှာ ဘာတွေဖြစ်နေတာလဲ...

စုန့်လင်း၏ မျက်နှာမှာ အလွန် မှုန်ကုပ်သွားပြီး မည်းမှောင်သော အမူအရာတစ်ခု ပေါ်လွင်နေပေ၏။

ဒီလူက ကျောင်းသားတစ်ယောက်လို့ ငါ အစက ထင်ထားခဲ့တာ... သူက ငါ့ကို ရန်စခဲ့ပေမဲ့ ဘာမှမဟုတ်တဲ့သူတစ်ယောက်ပဲဆိုတော့ ငါ ဒေါသထွက်ခဲ့ပေမဲ့ ကြီးကြီးမားမား သက်ရောက်မှုတော့ မရှိပါဘူး...

ဒါပေမဲ့ အခု သူတို့က သူက ကျောင်းသားမဟုတ်ဘူး... ငါ့လိုပဲ ကျောင်းကနေ ဖိတ်ကြားခံထားရသူလို့ ပြောနေကြတယ်...

ဒီအရာကို ဘယ်သူက လက်ခံနိုင်မှာလဲ...

ငါက နံပါတ်သုံးနေရာမှာ ရှိနေတာက ဒီနေ့ ငါ့အဆင့်က သုံးလို့ ဆိုလိုတာပဲ... ဒါပေမဲ့ ဒီကောင်လေးက ဒုတိယအဆင့် ရနေတယ်ပေါ့... ငါ့ရှေ့ကလူက တကယ်ကြီး လူငယ်တစ်ယောက် ဖြစ်နေတာပဲ...

ငါက ပညာရေးနယ်ပယ်မှာ အမြင့်ဆုံးဘွဲ့ကို ရထားတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ ဒီလူငယ်လေးလောက်တောင် ဂုဏ်သိက္ခာမရှိဘူးတဲ့လား...

ခဏတာမျှ စုန့်လင်း၏ မုတ်ဆိတ်မွေးများ တုန်ရီသွားပြီး သူ၏နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်လာခဲ့၏။ ဤသည်မှာ ကျောင်းက သူ့ကို တန်ဖိုးမထားဘဲ လျစ်လျူရှုထားကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင်။

"ဆောရီးပါ အဘိုးစုန့်... ခင်ဗျားရဲ့ နားတွေ တစ်ခုခုဖြစ်နေလို့လား... ဒီထိုင်ခုံက ငါ့နေရာလို့ ခုနက ငါ ပြောလိုက်တယ်လေ... အဲဒီမှာ ငါ့နာမည်လည်း ပါတယ်... ဒါပေမဲ့ ခင်ဗျားက နားမထောင်တာကိုး..."

"နံပါတ်နှစ်နေရာမှာ ဘယ်သူမဆို ထိုင်ခွင့်မရှိဘူးဆိုတာ ခင်ဗျား သိပါတယ်..."

စုယွမ်က နောက်ဆုံးတွင် စကားစပြောလာခဲ့လေသည်။

စကားဆုံးသည်နှင့်တပြိုင်နက် စုန့်လင်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူ အကြီးအကျယ် အရှက်ကွဲသွားသည်ဟု ခံစားလိုက်ရသည်။

ဒီခရီးစဉ်မှာ ငါ လုံးလုံးလျားလျား အရှက်ကွဲသွားခဲ့ရပြီ...

လက်ထောက်မှာ လုံးဝကို ငြိမ်ကျသွားပြီး သူ၏ ယခင် ဟန်ပန်အမူအရာများမှာ အရိပ်အယောင်မျှပင် မကျန်တော့ချေ။ ဤလူမှာ တကယ်ကြီး ဒုတိယအဆင့်ရှိသော ဧည့်သည်တော် ဖြစ်နေပေသည်။

အဲဒါက ကျောင်းက သူ့ကို အဘိုးစုန့်ထက် ပိုအရေးကြီးတယ်လို့ သတ်မှတ်ထားတာကို ဆိုလိုတာပဲ...

ဒါက လုံးဝ အဓိပ္ပာယ်မရှိတာပဲ...

ဒါပေမဲ့ ဒါက သူတို့ရထားတဲ့ နေရာတစ်ခုပဲ... သူတို့က ငါ ပြစ်မှားနိုင်တဲ့လူမျိုး မဟုတ်ဘူး...

ဒေါသကို အတင်းဖိနှိပ်ရင်း စုန့်လင်းသည် မိမိကိုယ်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းကို အကြိမ်အနည်းငယ် ရှူသွင်းလိုက်၏။

ယနေ့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မှာ သူ့အတွက် ကြီးမားသော အရှက်ရစရာတစ်ခု ဖြစ်နေခဲ့သည်။

အထူးသဖြင့် စုယွမ်က ထိုမြင်ကွင်းကို ဘေးမှ ကြည့်နေခဲ့သဖြင့် သူ၏ စိတ်ထဲတွင် ပို၍ပင် အနေခက်ပြီး မျက်နှာပူလာခဲ့လေသည်။

"ပါမောက္ခချုပ်ဝမ် ရောက်လာပြီ..."

ဤအချိန်တွင် ဒုတိယပါမောက္ခချုပ်ချန်က ပြောလိုက်သည်။

"ဟင်..."

ဤစကားကို ကြားချိန်တွင် စုန့်လင်း လန့်သွားခဲ့၏။ ယခု ပါမောက္ခချုပ်ဝမ် ရောက်လာပြီဖြစ်ရာ သူက စကားပြောကာ နေရာပြောင်းခိုင်းရပေမည်။

ဘာပဲဖြစ်ဖြစ် ငါက လူကြီးလေ... သူက ပါမောက္ခချုပ်ဖြစ်နေရင်တောင် ငါ့ကို မျက်နှာသာပေးရမှာပဲ...

ငါ နံပါတ်နှစ်နေရာကို ရောက်သွားတဲ့အခါကျရင် အခြေအနေကို ပြောင်းပြန်လှန်ပြီး ဒီကောင်လေးကို အပြည့်အဝ အရှက်ခွဲပစ်မယ်...

All Chapters