← Chapters

အခန်း ၃၂၅

Vol. 29 Ch. 325

အခန်း ၃၂၅

Vol. 29 Ch. 325

အခန်း (၃၂၅) မေးခွန်းနှင့်အဖြေ အစီအစဉ်

"ဟွန့်..."

"ငါက ပညာရှင်တစ်ယောက်ပါ... မင်းက ငါ့ကို ဒီလိုမျိုး အရှက်ကွဲအောင် လုပ်နေတာပဲ... ဒီကောင်လေးက ငါ့ထက် သာတယ်လို့ထင်ပြီး သူ့ကို စောစော စင်ပေါ်တက်စေချင်တာလား..."

စုန့်လင်းက မည်းမှောင်နေသော မျက်နှာဖြင့် မေးလိုက်၏။

"သာတယ် မသာဘူးဆိုတာက ကျွန်တော် ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူး... ဒီနေရာမှာ ရှိနေတဲ့သူ အားလုံး၊ ဒီမှာရှိနေတဲ့ ကျောင်းသားအားလုံးက ဆုံးဖြတ်ရမှာပါ..."

"အဘိုးစုန့်... အခု အဘိုးက အသက်ကြီးနေပြီဆိုတော့ အနားယူတာကိုပဲ သက်တောင့်သက်သာ ဖြတ်သန်းလိုက်ပါ..."

"ကိုယ့်ကိုယ်ကိုယ် နောက်ထပ် အရှက်ကွဲအောင် မလုပ်ပါနဲ့.."

ပါမောက္ခချုပ်ဝမ်က ထိုသို့ပြောပြီးနောက် တိတ်ဆိတ်သွားလေသည်။

"မင်း... မင်း... မင်း ငါ့ကို ရူးအောင် လုပ်နေတာပဲ..."

"ကောင်းပြီလေ... ငါလို ပညာရှင်တစ်ယောက်ကို ဒီကလူတွေက လေးစားမှုတောင် မရှိကြဘူး... ဒီကောင်လေးက ဘာများလုပ်နိုင်မလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်..."

စုန့်လင်းက ဒေါသတကြီး တုန်ရီလျက် ပြောလိုက်၏။

"ပညာရှင်စုန့်လင်းရဲ့ စကားတွေက တကယ့်ကို ထိရောက်ပြီး ပြီးပြည့်စုံတဲ့ နိဂုံးချုပ်တစ်ခုပါပဲ..."

"အခု မိန့်ခွန်းပြောကြားပေးဖို့အတွက် မစ္စတာစုယွမ်ကို စင်မြင့်ပေါ် ဖိတ်ခေါ်ပါတယ်..."

ဒုတိယပါမောက္ခချုပ်ချန်က ပြောလိုက်သည်။

ထို့နောက် စုယွမ် မတ်တတ်ရပ်ကာ စင်မြင့်ဆီသို့ လျှောက်သွားလေ၏။

"ဟားဟား... ဒီလောက်ပဲလား... လက်ခုပ်တီးသံလည်း မရှိသေးဘူး..."

ဤအချိန်တွင် စုန့်လင်း အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။

သို့သော် နောက်တစ်စက္ကန့်တွင် မိုးချုန်းသံကဲ့သို့ တခဲနက် လက်ခုပ်တီးသံများ ထွက်ပေါ်လာခဲ့ပြီး ခန်းမတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ဖြစ်သွားလေ၏။

"ဒါက..."

စုန့်လင်းမှာ သူသောက်နေသောရေကို ထွေးထုတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ငါ စင်ပေါ်တက်တုန်းက လက်ခုပ်တီးသံ တစ်ချက်လေးတောင် မရှိခဲ့ဘူး... ဒါပေမဲ့ ဒီကောင်လေးက စင်ပေါ်တောင် မတက်ရသေးဘူး လက်ခုပ်တီးသံတွေက အရမ်းကို မြိုင်နေပြီ..

ဤပြင်းထန်သော ခြားနားချက်က သူ့ကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေခဲ့ပြီး ရင်ဘတ်ထဲ၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပေ၏။

"ရပ်လိုက်... မင်းတို့အားလုံး ရပ်လိုက်ကြစမ်း..."

စုန့်လင်းက ပရိသတ်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏ မညီမျှသော မျက်နှာအမူအရာကို မြင်ရချိန်တွင် လူအုပ်ကြီးမှာ ပို၍ပင် တက်ကြွစွာ လက်ခုပ်တီးလာကြလေ၏။

မည်သို့ပင်ဆိုစေကာမူ စုယွမ်သည် ယနေ့ ကျောင်းသားများအားလုံး အမျှော်လင့်ဆုံးသော ဧည့်သည်တော်ဖြစ်ကြောင်းကို ညွှန်းဆိုပြသနေပေသည်။

"အားလုံးပဲ မင်္ဂလာပါ..."

စုယွမ်သည် စင်မြင့်ဘေး၌ ဦးညွှတ်အရိုအသေပေးလိုက်၏။

ထို့နောက် သူ လက်ဝှေ့ယမ်းပြလိုက်ရာ ခန်းမအတွင်းရှိ လက်ခုပ်တီးသံများ ဖြည်းညှင်းစွာ ငြိမ်ကျသွားလေသည်။

"ဒီနေ့ ရာစုနှစ်တစ်ခု သက်တမ်းရှိပြီဖြစ်တဲ့ ကျင်းတူးတက္ကသိုလ်အဖွဲ့အစည်းမှာ ဟောပြောခွင့်ရတဲ့အတွက် ကျွန်တော် အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်..."

"မင်းတို့အားလုံးက နိုင်ငံတစ်ဝန်းက ထူးချွန်တဲ့ ကျောင်းသားတွေဖြစ်ပြီး အနာဂတ်မှာ ကဏ္ဍအသီးသီးကနေ ငါတို့ တရုတ်လူ့အဖွဲ့အစည်းရဲ့ အမာခံတွေနဲ့ အဆင့်မြင့် အရည်အချင်းရှိသူတွေအဖြစ် ပံ့ပိုးကူညီပေးကြမယ့်သူတွေပါ..."

"ကျွန်တော်က ဒုတိယအဆင့် တက္ကသိုလ်တစ်ခုကနေပဲ ဘွဲ့ရခဲ့တာပါ... တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ရဲ့ ပညာရေးအောင်မြင်မှုတွေနဲ့ ဗဟုသုတတွေက တော်တော်လေး လိုအပ်နေပါသေးတယ်..."

"ဒါပေမဲ့ ပါမောက္ခချုပ်ဝမ်ရဲ့ ဖိတ်ကြားချက်ကို ရရှိတာနဲ့ကျွန်တော် အရမ်းဝမ်းသာခဲ့ပြီး လာဖို့ကို ချက်ချင်း သဘောတူခဲ့တာပါ..."

"ကျွန်တော်က အလျင်စလို လာခဲ့ရတာဆိုတော့ မိန့်ခွန်း ဘာတစ်ခုမှ မပြင်ဆင်လာခဲ့ပါဘူး... ဒီနေ့ မင်းတို့ရဲ့ မေးခွန်းတချို့ကို ဖြေကြားပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."

"ကျောင်းသားတွေအနေနဲ့ ကျွန်တော့်ကို ဘာမဆို မေးမြန်းနိုင်ပြီး အတူတူ ဆွေးနွေး အကြံဉာဏ်ဖလှယ်လို့ ရပါတယ်..."

"ဒါပေမဲ့ ကျွန်တော့်ကို ခက်ခဲတဲ့ မေးခွန်းတွေတော့ လာမမေးနဲ့နော်... မဟုတ်ရင် ကျွန်တော် မဖြေနိုင်ရင် ရှက်စရာတွေ ဖြစ်သွားလိမ့်မယ်..."

စုယွမ်က စုန့်လင်းကို တစ်ချက် ကြည့်ကာ ပြောလိုက်၏။

ပရိသတ်ထံမှ နောက်ထပ် တခဲနက် လက်ခုပ်တီးသံများ ထွက်ပေါ်လာခဲ့ပြန်သည်။

"ဒီနေ့ပွဲက အကြံဉာဏ်ဖလှယ်ဖို့ ရည်ရွယ်ထားတာဆိုတော့ အားလုံး လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပါတယ်..."

ဒုတိယပါမောက္ခချုပ်ချန်က ပြောလိုက်၏။

"ဘယ်ကျောင်းသားက မေးခွန်းမေးချင်လဲ..."

ထို့နောက် ဒုတိယပါမောက္ခချုပ်ချန်က မေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ပရိသတ်ထဲမှ လူအများအပြား လက်မြှောက်လာကြလေ၏။

"အင်း... ဆဋ္ဌမတန်းက ရှပ်အင်္ကျီအနီနဲ့ ကျောင်းသား..."

စုယွမ်က ပြောလိုက်သည်။

အမည်ခေါ်ခံရသူမှာ အလွန် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် မတ်တတ်ရပ်ကာ မိုက်ခရိုဖုန်းကို ယူလိုက်၏။

"ဥက္ကဋ္ဌစု... ကျင်းတူးတက္ကသိုလ်မှာ လူချင်းတွေ့ရတာ ဝမ်းသာပါတယ်... ကျွန်တော်က ဥက္ကဋ္ဌစုရဲ့ ပရိသတ်တစ်ယောက်ပါ..."

" ကျွန်တော် Ar နည်းပညာကုမ္ပဏီကို ပထမဆုံးအကြိမ် စတင်သတိထားမိတုန်းကဆိုရင် ဥက္ကဋ္ဌစုတို့က အောင်မြင်ကျော်ကြားတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်ခဲ့တာလေ..."

"အခုဆိုရင် Ar နည်းပညာကုမ္ပဏီက တိုးတက်လာပြီး ဉာဏ်ရည်တုနယ်ပယ်မှာ လုံးဝကို ဩဇာလွှမ်းမိုးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာနေပါပြီ... ဒီအရာအားလုံးက မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့တာပါ..."

"ကျွန်တော့်ရဲ့ မေးခွန်းကတော့ အခုခေတ်မှာ Ar နည်းပညာကုမ္ပဏီရဲ့ အောင်မြင်မှု သော့ချက်က ဘာလဲဆိုတာပါပဲ..."

ကျောင်းသားက မေးခွန်းမေးလိုက်ပြီး သူ စကားပြောပြီးသည်နှင့်တပြိုင်နက် လူတိုင်းက စုယွမ်ကို ကြည့်လိုက်ကြလေ၏။

"ဒါက အရမ်းကောင်းတဲ့ မေးခွန်းပါ..."

"Ar နည်းပညာကုမ္ပဏီ အောင်မြင်လာနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်လို့ ကျွန်တော် ထင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်အမြင်မှာ အရေးကြီးဆုံးက သိပ္ပံနဲ့ နည်းပညာ အရည်အချင်းရှိသူတွေကို အလေးထားတာပါပဲ..."

"သိပ္ပံသုတေသနဆိုတာ သူ့နာမည်အတိုင်းပဲ သိပ္ပံနဲ့ နည်းပညာ အရည်အချင်းရှိသူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ သုတေသန လုပ်ဆောင်ချက်တွေပါ..."

“ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေ မရှိခဲ့ဘူးဆိုရင် Ar နည်းပညာကုမ္ပဏီ အနေနဲ့ ဒီနေ့လို အောင်မြင်မှုမျိုးကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး...

သုတေသီတွေကို တန်ဖိုးထားဖို့ အရေးကြီးသလို သုတေသနရန်ပုံငွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ...ဘာပဲဖြစ်ဖြစ်...ပိုက်ဆံက အရာအားလုံးတော့ မဟုတ်ဘူး...ဒါပေမဲ့ ပိုက်ဆံမရှိရင် အရာတော်တော်များများကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး...”

စုယွမ်က ဖြည်းညှင်းစွာ ပြောလိုက်၏။

သူ စကားပြောပြီးနောက် နောက်ထပ် လက်ခုပ်တီးသံများ ထွက်ပေါ်လာခဲ့ပြန်သည်။

ဤစကားများမှာ မည်သည့် အလှဆင်မှုမျှ မပါဝင်ဘဲ အလွန် ရိုးရှင်းပြီး တိုက်ရိုက်ကျလှပေ၏။ သုတေသီများကို အလေးထားခြင်းက သေချာပေါက် အလွန် အရေးကြီးပေသည်။

ယင်းက လုပ်ဆောင်ရန်ထက် ပြောဆိုရန်က ပိုမို လွယ်ကူလှ၏။ သုတေသီများ၏ တောင်းဆိုမှုများကို ရင်ဆိုင်ရချိန်တွင် ကုမ္ပဏီအများစုသည် ရန်ပုံငွေနှင့် ကုန်ကျစရိတ် ပြဿနာများကိုသာ စဉ်းစားလေ့ရှိကြသည်။

ဤသည်က ပြဿနာများစွာဆီသို့ ဦးတည်သွားစေလိမ့်မည်။

Ar နည်းပညာကုမ္ပဏီက ကွဲပြားပေ၏။ စုယွမ်သည် သူ၏ သုတေသနဝန်ထမ်းများအား Lamborghini တစ်စီး ပေးအပ်ခဲ့ကြောင်း လူအများအပြား သိရှိကြသော်လည်း မည်သူကမျှ လိုက်မလုပ်နိုင်ကြချေ။

ထို့အပြင် သိပ္ပံသုတေသနအတွက် ရန်ပုံငွေ အဆက်မပြတ် စီးဆင်းမှုကို သေချာစေခြင်းကလည်း သတ္တိလည်းလိုအပ်ပေသည်။

အကြောင်းမှာ သုတေသန ပရောဂျက်တိုင်းက ရလဒ်ထွက်ပေါ်လာမည် မဟုတ်သောကြောင့်ပင်။

"နောက်ကျောင်းသား..."

ဒုတိယပါမောက္ခချုပ်ချန်က ပြောလိုက်၏။

ထို့နောက် အခြားကျောင်းသားတစ်ဦးက မိုက်ခရိုဖုန်းကို ကောက်ကိုင်ကာ စတင်မေးမြန်းလေသည်။

"ဥက္ကဋ္ဌစု... ကျွန်တော် မေးချင်တာက လက်ရှိ ကျွန်တော်တို့ တရုတ်နိုင်ငံကို နည်းပညာပိုင်းအရ နိုင်ငံခြားတိုင်းပြည်တွေက တားဆီးပိတ်ပင်ထားပါတယ်... ကျွန်တော့်ရဲ့ မေးခွန်းက ဒီအခြေအနေကို ကျွန်တော်တို့ ချိုးဖျက်နိုင်ပါ့မလား... ဥက္ကဋ္ဌစုရဲ့ အမြင်က ဘယ်လိုရှိပါသလဲ..."

နားထောင်ပြီးနောက် စုယွမ် ခေါင်းညိတ်လိုက်ပြီး ပြန်လည်ဖြေကြားလိုက်သည်။

"ကျွန်တော့်ရဲ့အဖြေက ရနိုင်တယ်ဆိုတာပါပဲ... ဒါပေမဲ့ အရမ်းတော့ ခက်ခဲလိမ့်မယ်..."

"ကမ္ဘာ့ထိပ်တန်းအဆင့်တွေနဲ့ ယှဉ်လိုက်ရင် လက်ရှိ ကျွန်တော်တို့ရဲ့ Lithography စက်တွေနဲ့ တခြား အဆင့်မြင့်နည်းပညာ အစိတ်အပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေသေးတယ်..."

"အကွေ့အကောက်တွေမှာ ခုန်ပျံကျော်လွှားပြီး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိဖို့ဆိုတာ သဘာဝကျကျပဲ အရမ်းခက်ခဲပါတယ်..."

"ဒါပေမဲ့ မင်းတို့သာ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး..."

“သုညကနေ ၁ ကို ဖန်တီးနိုင်ခဲ့ပြီဆိုမှတော့... ၁ ကနေ ၂ ၊ ၂ ကနေ ပိုမိုတိုးတက်အောင် ဆက်လက်လုပ်ဆောင်နိုင်မှာက သဘာဝကျပါတယ်...ဒါက ငြင်းမရတဲ့ အမှန်တရားပဲ...”

"ဒါ့အပြင် လက်ရှိ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် Ar နည်းပညာကုမ္ပဏီကလည်း Lithography စက်မှုလုပ်ငန်းထဲ ဝင်ရောက်သွားမှာ ဖြစ်ပါတယ်..."

စုယွမ်က တိုက်ရိုက် ပြောလိုက်၏။

ဒါက ကိစ္စကြီးပဲ...

Lithography စက်တစ်လုံးကို လေ့လာဖို့ ဘယ်လောက် ကုန်ကျမလဲ...ဘယ်လောက် ရင်းနှီးမြှုပ်နှံမှု လိုအပ်လိုက်မလဲ...

ဒါက သေချာပေါက် မယုံနိုင်လောက်အောင် များပြားတဲ့ ပမာဏတစ်ခုပဲ...

ဒါပေမဲ့ အကျိုးအမြတ်ကရော... သုညဖြစ်ဖို့ များတယ်...

ဤအခြေအနေကို ရင်ဆိုင်ရချိန်တွင် စုယွမ်က ရွှံ့နွံထဲသို့ ဝင်ရောက်ရန် တကယ်ကြီး ရွေးချယ်ခဲ့သည်။

ဤအရာက ကြီးမားလှသော သတ္တိနှင့် စိတ်ပိုင်းဖြတ်မှု လိုအပ်ပေ၏။

"ဟက်... ဒါက လုံးဝ အဓိပ္ပာယ်မရှိတာပဲ..."

"ကောင်လေးတစ်ယောက်က Lithography စက်လောကထဲကို ဝင်ဖို့ အိပ်မက်မက်ရဲတယ်ပေါ့..."

"ဒါက လုံးဝကို အဓိပ္ပာယ်မရှိဘူး..."

"ဒီလိုစကားမျိုး ပြောဖို့ ဒီကျောင်းသားတွေကို တကယ်ကြီး လူမိုက်တွေလို့ သူ ထင်နေတာလား..."

စုန့်လင်းက အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။

သို့သော် သူ စကားပြောပြီးသည်နှင့်တပြိုင်နက် တက်ရောက်လာသူတိုင်းမှာ တက်ကြွပြီး စိတ်လှုပ်ရှားသွားကြလေ၏။

စုယွမ်အပေါ် အတိုင်းမသိ လေးစားမှုများ ဖြစ်ပေါ်လာခဲ့သည်။

စုယွမ်သည် မေးခွန်းအနည်းငယ်ကို ဆက်တိုက် ဖြေကြားပေးခဲ့၏။ နောက်ဆုံးတွင် လူတစ်ယောက် မတ်တတ်ရပ်လာခဲ့သည်။ ဤလူမှာ တရုတ်နိုင်ငံသားများနှင့် အနည်းငယ် ကွဲပြားနေပုံရပြီး အလွန် ထူးခြားသော ရုပ်သွင်ကို ပိုင်ဆိုင်ထားပေသည်။

"ဥက္ကဋ္ဌစု... မင်္ဂလာပါ... ကျွန်တော်က တောင်ကိုရီးယားကပါ... ကျွန်တော့်မှာလည်း မေးခွန်းတစ်ခု ရှိပါတယ်... ကျွန်တော်တို့ ကိုရီးယားနိုင်ငံရဲ့ Six Star လုပ်ငန်းစုက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကုမ္ပဏီပါ..."

"လုပ်ငန်းနယ်ပယ်က လူတစ်ယောက်အနေနဲ့ ခင်ဗျား ဘယ်လောက်ပဲ ကြိုးစားကြိုးစား Six Star လုပ်ငန်းစု ရရှိခဲ့တဲ့ အောင်မြင်မှုကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူးဆိုတာ နားလည်ထားသင့်တယ်..."

"ကျွန်တော်တို့ ကိုရီးယားနိုင်ငံရဲ့ ရှေးစကားတစ်ခုကို ငှားပြောရမယ်ဆိုရင် မီးတောက်ကို တိုးဝင်တဲ့ ပိုးဖလံတွေလိုမျိုးပေါ့..."

"ဒီလို အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေကို လုပ်ဖို့ ခင်ဗျားက ဘာလို့ ဒီပြဿနာထဲကို ဇွတ်တိုးဝင်နေရတာလဲ... ကျွန်တော်တို့ ကိုရီးယားနိုင်ငံက Six Star လုပ်ငန်းစုကို မျက်နှာချိုသွေးပြီး နည်းပညာလိုင်စင်တွေကို အလွယ်တကူ ရယူလိုက်တာက ပိုမတန်ဘူးလား..."

ထိုအမျိုးသားက အထင်သေးစွာဖြင့် ပြောလိုက်လေ၏။

All Chapters