← Chapters

အခန်း ၃၂၆

Vol. 29 Ch. 326

အခန်း ၃၂၆

Vol. 29 Ch. 326

အခန်း (၃၂၆) သူတို့ ခိုးကြောင်ခိုးဝှက် ထွက်သွားကြတယ်

"ဒီကျောင်းသားက တောင်ကိုရီးယားကလား..."

စုယွမ် မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

"ဟုတ်ပါတယ်..."

"ကျွန်တောအက ကိုရီးယားနိုင်ငံကပါ..."

"ပြီးတော့ ကျွန်တော်တို့က ချမ်းသာတဲ့ မိသားစုက အဆင့်မြင့်တဲ့သူတွေလေ..."

"ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ ကျင်းတူးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ... တရုတ်နိုင်ငံကို လာပြီး ကျင်းတူးတက္ကသိုလ်ကို ဝင်ရတဲ့ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်က အခြေအနေတွေကို လေ့လာကြည့်ဖို့ပါပဲ..."

"ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က လီ ဖြစ်ပြီး နာမည်ကတော့ လီကျန်းရှီးပါ..."

လီကျန်းရှီးသည် အလွန် မိမိကိုယ်မိမိ ကျေနပ်ဂုဏ်ယူနေပုံရပြီး သူ၏ သဘောထားမှာ သာလွန်မှုနှင့် မောက်မာမှုတို့ဖြင့် ပြည့်နှက်နေပေ၏။

"ကျွန်တော့်မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်... တရုတ်နိုင်ငံက ကျွန်တော်တို့ ကိုရီးယားနိုင်ငံကို အနှစ်သုံးဆယ်အတွင်း အမီလိုက်နိုင်မယ်လို့ ခင်ဗျား ထင်လား..."

လီကျန်းရှီးက မေးလိုက်သည်။

ဤစကားကြောင့် အခန်းတစ်ခုလုံး ဆူညံသွားခဲ့လေ၏။

တောင်ကိုရီးယားနိုင်ငံသားတစ်ဦးက ကျင်းတူးတက္ကသိုလ်၏ ပွဲတစ်ခုတွင် တကယ်ကြီး ရိုင်းပျစွာ ပြောဆိုနေခြင်းပင်။

သေချာပေါက် ရိုင်းပျတယ်ဆိုသော စကားလုံးက တိကျမည်မဟုတ်ဘဲ ရန်စတယ်ဟု ဖော်ပြခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။

ဗြောင်ကျကျ ရန်စခြင်းပင်။

"ဥက္ကဋ္ဌစု... ခင်ဗျား ဖြေရမှာ မကြောက်ဘူး မဟုတ်လား..."

လီကျန်းရှီးက ဆက်လက် ရန်စလိုက်ပြီး သူ၏ မျက်လုံးများက စုယွမ်ကို စိုက်ကြည့်ကာ အဖြေကို စောင့်နေခဲ့၏။

"ဒီကျောင်းသားလီက ကျင်းတူးတက္ကသိုလ်မှာ လာတက်နေမှတော့ တစ်ခုခုကို နားလည်သင့်တယ်... တခြားနိုင်ငံတွေက အရာတွေကို ကိုယ့်နိုင်ငံက အရာတွေလို့ ပြောတာက ရှက်စရာကောင်းတယ်ဆိုတာကိုပဲ..."

"မီးတောက်ကို တိုးဝင်တဲ့ ပိုးဖလံဆိုတဲ့ စကားစုက ငါတို့ တရုတ်နိုင်ငံမှာ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ အီဒီယံတစ်ခုပဲ... မင်းတို့ ကိုရီးယားနိုင်ငံက ရှေးစကားတစ်ခုလို့ ပြောနေတာလား... အဲဒီလိုပြောရတဲ့ မင်းရဲ့ အခြေခံက ဘာလဲ... သူ့ရဲ့ မူလဇစ်မြစ်ကရော ဘာလဲ..."

စုယွမ်သည် လီကျန်းရှီးကို ပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်လေသည်။

မြင်ကွင်းတစ်ခုလုံးရှိ လေထုမှာ ပြေလျော့သွားပြီး လူတိုင်းက သူ့ကို ပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်ကြ၏။ ကိုရီးယားလူမျိုးတွေက ခိုးရတာကို နှစ်သက်တယ်လို့ ပြောကြတာက တကယ်ပဲ မှန်နေတာကိုး...

"ငါ..."

လီကျန်းရှီးသည် ဤအီဒီယံ၏ မူလဇစ်မြစ်ကို သဘာဝကျကျ မသိခဲ့ချေ။ သူ အလွယ်တကူ ပြောလိုက်ခြင်းသာဖြစ်သော်လည်း ဤလူ၏ စကားဖမ်းခြင်းကို ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ဟားဟားဟား... စကားမှားသွားတာ နေမှာပါ... ဘာများ အရေးကြီးလို့လဲ..."

"ယဉ်ကျေးမှုဆိုတာ နယ်နိမိတ် မရှိပါဘူး... 'မင်းဟာ' နဲ့ 'ငါ့ဟာ' ဆိုတာ ဘာကို ဆိုလိုတာလဲ..."

စုန့်လင်းကဝင်ပြောလိုက်၏။

"အို... ယဉ်ကျေးမှုမှာ နယ်နိမိတ်မရှိဘူးလား... အဘိုးစုန့်က နည်းပညာမှာလည်း နယ်နိမိတ်မရှိဘူးလို့ ယုံကြည်နေတာလား..."

စုယွမ်သည် စုန့်လင်းကို ကြည့်ကာ ဆက်မေးလိုက်သည်။

"သေချာတာပေါ့..."

စုန့်လင်းက စိတ်တိုစွာဖြင့် ပြန်ပြောလိုက်၏။

"နည်းပညာမှာ နယ်နိမိတ်မရှိမှတော့ ငါတို့က ဘာလို့ နိုင်ငံခြားက အဆင့်မြင့်နည်းပညာတွေကို တိုက်ရိုက် သုံးလို့ မရတာလဲ..."

စုယွမ်က ချေပလိုက်သည်။

"ဒါက..."

"ဟွန့်..."

စုန့်လင်း ပြန်မဖြေနိုင်တော့ဘဲ ခေါင်းကို တစ်ဖက်သို့ လှည့်သွားလေ၏။

"ဥက္ကဋ္ဌစု... ကျွန်တော့်ရဲ့ မေးခွန်းကို မရှောင်ပါနဲ့..."

ဤအချိန်တွင် လီကျန်းရှီးသည်လည်း သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့ပေသည်။

"သေချာတာပေါ့..."

"အခုချက်ချင်း ဖြေပေးပါ့မယ်..."

"ပထမအချက်က ငါက ဘာလို့ Six Star လုပ်ငန်းစုကို မျက်နှာချိုမသွေးရတာလဲလို့ မင်း မေးတယ်နော်..."

“အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်...ငါတို့ တရုတ်လူမျိုးတွေမှာ ကျောရိုးရှိတယ်...ဘယ်သူ့ရှေ့မှာမှ အလွယ်တကူ ခေါင်းငုံ့အလျှော့ပေးတတ်တဲ့ လူမျိုး မဟုတ်ဘူး...ဒါကို‘ကျောရိုးရှိခြင်း’ လို့ ခေါ်တယ်..”

"ဒုတိယအချက်က ဘယ်နည်းပညာမဆို ကိုယ့်လက်ထဲမှာ ရှိနေမှသာ စစ်မှန်တဲ့ နည်းပညာဖြစ်လာတာ... တခြားလူတွေရဲ့ လက်ထဲမှာ ရှိနေရင် အဲဒါက ကန့်သတ်ချုပ်ချယ်တဲ့ ဓားတစ်လက် ဖြစ်သွားလိမ့်မယ်..."

"ငါတို့ တရုတ်နိုင်ငံက ရရှိချင်တာက အဆင့်မြင့်နည်းပညာအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိဖို့ပဲ..."

"မင်းတို့လိုမျိုး မျက်နှာချိုသွေးတဲ့ အလုပ်တွေကို လုပ်မယ့်အစားပေါ့..."

"ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှသာ တကယ် အားကောင်းလာမှာပဲ..."

"တတိယအချက်က ငါတို့ ကျွမ်းကျင်ပိုင်နိုင်ချင်တာက Lithography စက်တွေ၊ အဆင့်မြင့် ဒီဇိုင်းဆော့ဖ်ဝဲလ်တွေနဲ့ အနုစိတ်ဆုံး ကွန်ပျူတာ ချစ်ပ်ပြားတွေပဲ..."

"မင်းတို့ ကိုရီးယားနိုင်ငံမှာ ဒီနည်းပညာတွေ ရှိလို့လား..."

"အဖြေက ရှင်းနေတာပါပဲ..."

"မရှိဘူးလေ..."

စုယွမ် ဖြည်းညှင်းစွာ စကားပြောပြီးဆုံးသွားချိန်တွင် ပရိသတ်ထဲရှိ လီကျန်းရှီး၏ မျက်နှာအမူအရာမှာ အလွန် ဆိုးရွားသွားခဲ့လေ၏။

စုယွမ်၏ စကားအနည်းငယ်က ကိုရီးယားနိုင်ငံကို လုံးလုံးလျားလျား အရှက်ခွဲပစ်လိုက်ခြင်းပင်။

"ခင်ဗျား..."

သူ ငြင်းခုံချင်ခဲ့သော်လည်း ဘာမှ မပြောနိုင်တော့သဖြင့် ငြင်းခုံရန် စွမ်းအားမရှိတော့ချေ။

"အခု မင်းရဲ့ ဒုတိယမေးခွန်းကို ဖြေပေးမယ်..."

"တရုတ်နိုင်ငံက မင်းတို့ တောင်ကိုရီးယားနိုင်ငံကို အနှစ်သုံးဆယ်အတွင်း အမီလိုက်နိုင်မလားလို့ မင်း မေးတယ်နော်..."

"ဒီမေးခွန်းက ပိုရိုးရှင်းတယ်လို့ ငါ ထင်တယ်..."

"ငါ့အဖြေကတော့ မဟုတ်ဘူး ဆိုတာပဲ..."

ဤစကားကို ကြားချိန်တွင် လီကျန်းရှီး အနည်းငယ် ပြုံးလိုက်၏။ ဤလူ၌ မိမိကိုယ်မိမိ သိမြင်မှု အနည်းငယ် ရှိနေသေးကြောင်း ညွှန်းဆိုနေခြင်းပင်။

"ဘာလို့လဲဆိုတာ မင်း သိလား..."

"ငါ ပြောပြမယ်..."

"ဘာလို့လဲဆိုတော့ မင်းတို့ တောင်ကိုရီးယားနိုင်ငံက ငါတို့ အမီလိုက်ဖို့ ကြိုးစားနေတဲ့နိုင်ငံ ဘယ်တော့မှ မဟုတ်ခဲ့လို့ပဲ..."

"တစ်နည်းပြောရရင် ငါတို့က မင်းတို့ကို ငါတို့ရဲ့ ပြိုင်ဘက်တွေလို့ တစ်ခါမှ မသတ်မှတ်ခဲ့ဘူး..."

"သေချာ နားထောင်... ဘယ်တော့မှပဲ..."

"သမိုင်းမှာလည်း တစ်ခါမှ မရှိခဲ့ဘူး..."

စုယွမ်က နောက်ထပ် စကားအနည်းငယ် ပြောလိုက်ရာ လီကျန်းရှီးမှာ ထိုစကားများကို ကြားပြီးနောက် အလွန်အမင်း ဒေါသထွက်သွားခဲ့လေ၏။

တောင်ကိုရီးယားက တရုတ်နိုင်ငံရဲ့ ပစ်မှတ် ဘယ်တော့မှ မဟုတ်ခဲ့ဘူးတဲ့လား...

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

သူတို့ တရုတ်နိုင်ငံက ကိုရီးယားထက် ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့တာ မဟုတ်ဘူးလား...

ဒီလိုစကားမျိုးပြောဖို့ သူက ဘယ်လိုလုပ်ပြီး ဒီလောက် ယုံကြည်မှု ရှိနေရတာလဲ...

သို့သော် မြင်ကွင်းရှိ တုံ့ပြန်မှုများအရ တရုတ်နိုင်ငံမှ ဤထိပ်တန်းကျောင်းသားများသည်လည်း အလားတူပင် တွေးတောနေကြကြောင်း သိသာလှပေ၏။

လီကျန်းရှီး ချက်ချင်း ဒေါသထွက်သွားခဲ့သည်။

"ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ..."

"ခင်ဗျား လျှောက်ပြောနေတာ..."

"ငါတို့ ကိုရီးယားနိုင်ငံက ကမ္ဘာမှာ အမြင့်မြတ်ဆုံး နိုင်ငံပဲ..."

"ခင်ဗျား ငါ့ကို တမင်သက်သက် အထင်သေးအောင် လုပ်နေတာ..."

လီကျန်းရှီးသည် သူ၏ ယခင် မောက်မာမှုများ ပျောက်ကွယ်သွားလျက် စုယွမ်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"ဒါ့အပြင် ငါတို့ ကိုရီးယားနိုင်ငံတောင် Lithography စက်လိုမျိုး အဆင့်မြင့်နည်းပညာကို မတီထွင်နိုင်တာကို ခင်ဗျားတို့လို လူမိုက် တရုတ်လူမျိုးတွေက တီထွင်နိုင်မယ်လို့ ထင်နေတာလား..."

လီကျန်းရှီးက မေးခွန်းထုတ်လိုက်သည်။

"မင်းမေးခွန်းအတွက် ငါ့အဖြေက ဟုတ်တယ် ဆိုတာပဲ..."

"ပြီးတော့ သေချာတယ်..."

"ဒီနည်းပညာကို ငါတို့ သေချာပေါက် ကျွမ်းကျင်ပိုင်နိုင်လာမှာပဲ..."

"ပြီးတော့ အရမ်းမြန်လိမ့်မယ်..."

စုယွမ်က သူ၏ အဖြေကို ဆက်ပြောလိုက်၏။

"မာနကြီးလိုက်တာ..."

"ငါ ပြောမယ်... ခင်ဗျား ဘယ်တော့မှ ရမှာ မဟုတ်ဘူး..."

လီကျန်းရှီးက ဒေါသတကြီး ပြောလိုက်ပြီး မိုက်ခရိုဖုန်းကို ထိုင်ခုံပေါ်သို့ ပစ်တင်ကာ ထွက်သွားတော့၏။

ဤသည်ကို မြင်ရချိန်တွင် လူတိုင်း အလွန် ကျေနပ်သွားကြလေသည်။

လီကျန်းရှီးကို သိသူများသည် သူ ပုံမှန်အားဖြင့် မည်သို့သော မျက်နှာမျိုး ရှိသည်ကို သဘာဝကျကျ သိရှိကြပေ၏။

သို့သော် ယခုအခါတွင် စုယွမ်၏ စကားများက သူ၏ ခုခံကာကွယ်မှုများကို ချိုးဖျက်ပစ်လိုက်ပြီး သူ ခိုးကြောင်ခိုးဝှက် ထွက်သွားခဲ့ရသည်။ အခြားသူများအတွက်မူ ဤအရာက သဘာဝကျကျပင် သူတို့ကို ယခင်ကထက် ပို၍ ပျော်ရွှင်စေခဲ့ပေ၏။

လီကျန်းရှီး ခိုးကြောင်ခိုးဝှက် ထွက်သွားသည်ကို မြင်ရချိန်တွင် စုန့်လင်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူက ချမ်းသာတဲ့ မိသားစုကနေ လာတာဆိုပေမဲ့ အရမ်းကို ရင့်ကျက်မှုမရှိဘဲ သိပ်ပြီး အရှက်သည်းလွန်းတာပဲ...

ဒီကောင်လေးက စကားနည်းနည်းလေးနဲ့တင် ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံမှုကို အပြီးတိုင် ချိုးဖျက်ပစ်လိုက်တာပဲ...

ဒီလောက် ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ သူ့မှာ တကယ်ပဲ အရည်အချင်း မရှိသေးဘူး...

အရင်တုန်းကတော့ သူ့ကုမ္ပဏီမှာတောင် ရင်းနှီးမြှုပ်နှံဖို့ ငါ စဉ်းစားခဲ့သေးတယ်...

အခု ပြန်တွေးကြည့်တော့ ဒါက တကယ်ကို အဓိပ္ပာယ်မရှိတဲ့ အတွေးပဲ...

နောက်အစီအစဉ်အနေဖြင့် အမေးအဖြေကဏ္ဍကို ဆက်လက်လုပ်ဆောင်သွားမည်ပင်။

"ဒီကျောင်းသား ပြောသွားတာက... ကျွန်တော် အခုပဲ ပါမောက္ခချုပ်ဝမ်နဲ့ သွားပြီး ဆွေးနွေးနေခဲ့တာပါ..."

"ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ Ar နည်းပညာကုမ္ပဏီလို နည်းပညာကုမ္ပဏီတွေသာမက ယွန်းရှန်း အရင်းအနှီးမြှုပ်နှံမှုကုမ္ပဏီလို ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေလည်း ပါဝင်ပါတယ်..."

"ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော် အခု ဇီဝနည်းပညာကုမ္ပဏီ တစ်ခုကိုလည်း လုပ်ကိုင်နေပါတယ်..."

"မကြာသေးခင်က ကျွန်တော်တို့ သဘာဝပါဝင်ပစ္စည်းတွေ သက်သက်နဲ့ အလွန်ကောင်းမွန်တဲ့ ရလဒ်တွေရရှိနိုင်တဲ့ ဝက်ခြံပျောက်ဆေးခရင်မ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်..."

"အဘိုးစုန့်ရဲ့ ထုတ်ကုန်နဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ရဲ့ ထုတ်ကုန်က အများကြီး ပိုသာတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

"ဒီဇီဝနည်းပညာကုမ္ပဏီက သုတေသီတွေအတွက် ကျွန်တော် ပေးနိုင်တဲ့ အနည်းဆုံးလစာက ဘာခံစားခွင့်နဲ့ နှစ်ကုန်ဆုကြေးမှ မပါဘဲနဲ့ တစ်နှစ်ကို ယွမ် သုံးသိန်းပါ..."

"ကျွန်တော့် လက်အောက်က ကုမ္ပဏီတွေကို ဝင်ရောက်ဖို့လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်..."

"မင်းတို့ ပါဝင်လာမယ်ဆိုရင် ငါတို့ရဲ့ ရှေ့ဆက်ရမယ့်လမ်းက ပိုပြီး ချောမွေ့လာမယ်လို့ ယုံကြည်ပါတယ်..."

စုယွမ် စကားပြောပြီးနောက် စင်မြင့်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့လေ၏။

ပရိသတ်ထံမှ တခဲနက် လက်ခုပ်တီးသံများ ထွက်ပေါ်လာခဲ့သော်လည်း စုန့်လင်း တစ်ယောက်တည်းကသာ ကြီးမားလှသော အရှက်ရမှုကို ခံစားနေခဲ့ရပေသည်။

ဤလူသည် ဝက်ခြံပျောက်ဆေးခရင်မ်တစ်ခုကိုလည်း တီထွင်လိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။

ပြီးတော့ သူက သူ့ထုတ်ကုန်က ပိုကောင်းတယ်လို့ လူသိရှင်ကြား ပြောဆိုသွားသေးတယ်...

သူပေးတဲ့လစာကလည်း ယွမ် သုံးသိန်းတောင်တဲ့လား...

ဤအရာက စုန့်လင်းကို ရန်စလိုက်ခြင်းပင်။

စစ်ပွဲရဲ့ ခြိမ်းခြောက်မှုကို ငါ ခံစားနေရပြီ...

စုယွမ်...

မင်းက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ငါ့ကို စစ်ကြေညာလိုက်တာပဲ...

ဒီလိုဆိုမှတော့...

ငါတို့ရဲ့ ထုတ်ကုန် ဈေးကွက်ထဲ ရောက်လာမယ့်နေ့ကို စောင့်ပြီး မင်းတို့ကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်ကြတာပေါ့...

ဒီနေ့ ငါ ကြုံခဲ့ရတဲ့ အရှက်ကွဲမှုတွေ အားလုံးကိုလည်း အဲဒီအချိန်ကျမှ ပြန်လည်ချေဖျက်မယ်...

All Chapters