အခန်း ၃၂၈
Vol. 29 Ch. 328
အခန်း (၃၂၈) အမှိုက်ကောင်တစ်စု
"ပထမဆုံးပွဲစဉ်..."
"ထိပ်တန်း သိုင်းပညာရှင်နှစ်ယောက်ရဲ့ အားပြိုင်မှု..."
"ဝူရှူးအသင်းခေါင်းဆောင် ဝူထျန်းနဲ့ တိုက်ကွမ်ဒိုအသင်းခေါင်းဆောင် မာတုံနန်တို့ ယှဉ်ပြိုင်ကြပါမယ်..."
အစီအစဉ်မှူးက စကားပြောပြီးသည်နှင့်တပြိုင်နက် သူတို့နှစ်ဦးသည် စင်မြင့်ပေါ်သို့ တည့်တည့် တက်သွားကြလေ၏။
"အသင်းခေါင်းဆောင်ဝူ..."
"မင်းရဲ့ ဒဏ်ရာတွေတောင် အပြည့်အဝ မပျောက်သေးဘဲနဲ့ အပြင်ထွက်ပြီး ပျော်ပါးနေသေးတာလား..."
"ထိပ်တန်း တိုက်ကွမ်ဒို ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ငါ့ကို မင်းက အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား..."
မာတုံနန်က လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။
"ဒီမှာ ဘယ်သူရှိနေတာလဲ... မာတုံရှီးပဲ မဟုတ်လား..."
ဝူထျန်းကလည်း လှောင်ပြောင်သည့်လေသံဖြင့် ပြန်လည်ချေပလိုက်၏။
(မှတ်ချက် - တုံနန် ဆိုသည်မှာ အရှေ့တောင်အရပ်ဖြစ်ပြီး တုံရှီး ဆိုသည်မှာ အရှေ့အနောက်အရပ် ဖြစ်သည်။ တုံရှီး ဆိုသည့်စကားလုံးသည် လူအများကို ပြောဆိုရာတွင် အသုံးမကျသူ/အမှိုက် ဟုလည်း အဓိပ္ပာယ်ရသည်။)
"ဟမ်... ငါ့နာမည်က မာတုံနန်ကွ..."
မာတုံနန် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားခဲ့သည်။
“ငါက မင်းကို လူမဟုတ်ဘူးလို့ ပြောရင်...မင်းက လူမဟုတ်တဲ့သူပဲ...ငါက မင်းကို အသုံးမကျဘူးလို့ ပြောရင်...မင်းက အသုံးမကျတဲ့သူပဲ...ဒီလိုဆိုတော့...မင်းက လူတောင် မဟုတ်ဘူးဆိုရင်...ခုခုများ ဖြစ်နေတာလား...”ဝူထျန်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားပြီး လှောင်ပြောင်သည့် အပြုံးတစ်ပွင့် ပေါ်လာလေ၏။
"ငါက အသုံးမကျတဲ့ကောင် မဟုတ်ဘူးကွ..."
မာတုံနန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟားဟားဟား..."
သူ၏စကားကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ရယ်မောခြင်းကို မအောင့်ထားနိုင်တော့ချေ။
"တကယ့်ကို လူယုတ်မာပဲ... သူတို့က အရှေ့တောင်အရပ်ကလေ..."
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... အရှေ့တောင်အရပ်က မကောင်းဘူး... လုံးဝ မကောင်းဘူး..."
"ဟားဟားဟား... အရှေ့တောင်အရပ်ဆိုတာ လူပဲ... အရာဝတ္ထု မဟုတ်ဘူး..."
လူတိုင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြလေ၏။
ဤစကားကို ကြားချိန်တွင် လီကျန်းရှီး ချက်ချင်း ဒေါသထွက်သွားပြီး သူ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။
"အဲဒီ သောက်ကောင်..."
"မာတုံနန်... မင်းက သူ့ကို စကားပြောပြီး ဘာလို့ အချိန်ဖြုန်းနေတာလဲ... သူ့ကို ဒုက္ခိတဖြစ်သွားအောင် လုပ်လိုက်စမ်း..."
လီကျန်းရှီးက တိုက်ရိုက် အမိန့်ပေးလိုက်၏။
"ကောင်းပြီ..."
"မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့... ဒါဆိုလည်း ငါ့လက်သီးရဲ့ စွမ်းအားကို မြည်းစမ်းကြည့်လိုက်စမ်း..."
ထိုသို့ပြောပြီးနောက် မာတုံနန်သည် ဝူထျန်းအား အမြင့်သို့ ခုန်ကန်လိုက်လေ၏။
အင်အားမှာ အတော်လေး ပြင်းထန်ပေသည်။ ဝူထျန်းမှာ ဒဏ်ရာရထားသဖြင့် လွယ်ကူစွာ မလှုပ်ရှားနိုင်သောကြောင့် ဘေးဘက်သို့ ရှောင်တိမ်းလိုက်ရ၏။
"သေစမ်း..."
မာတုံနန်က အော်ဟစ်လိုက်ပြီးနောက် ဝူထျန်းထံသို့ ဆက်လက်တိုက်ခိုက်လိုက်သည်။
ဤအချိန်တွင် မာတုံနန်သည် သူ၏ အင်အားအကုန်သုံးကာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်၏။
သို့သော် ဝူထျန်းကမူ ရှောင်တိမ်းရုံသာ ရှောင်တိမ်းပြီး တိုက်ခိုက်ခြင်း မရှိခဲ့ရာ မာတုံနန်မှာ မကြာမီမှာပင် ပြင်းထန်စွာ အမောဆို့လာခဲ့ပေသည်။
စင်အောက်မှ ကြည့်ရှုနေကြသော ကိုရီးယားလူမျိုးများမှာလည်း အလွန် စိုးရိမ်လာကြလေ၏။
ဒီအတိုင်းဆိုရင် မာတုံနန်က မောပန်းပြီး ရှုံးသွားလိမ့်မယ်...
တကယ်လို့ သူ ရှုံးသွားရင် တိုက်ကွမ်ဒိုက ရှုံးသွားတယ်လို့ ဆိုလိုတာပဲ...
ဒီအရာကို လုံးဝ လက်ခံလို့မရဘူး...
"ဟမ်... မင်းတို့ တရုတ်လူမျိုးတွေအားလုံးက သတ္တိကြောင်တဲ့ကောင်တွေပဲ..."
"ပြီးတော့ ဒီလူက သူ့ကိုယ်သူ ဝူရှူးအသင်းခေါင်းဆောင်နဲ့ အမျိုးသားချန်ပီယံလို့ ခေါ်နေသေးတယ်..."
"ငါတို့ တောင်ကိုရီးယားရဲ့ စစ်သည်တော်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ မင်း လုပ်နိုင်တာ ဒါအကုန်ပဲလား..."
"မင်းက မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့တောင် မရဲဘူးဆိုတာက မင်းတို့ တရုတ်လူမျိုးတွေအားလုံးက သတ္တိကြောင်တဲ့ကောင်တွေဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီ..."
"အခုလိုမျိုး လှည့်စားပြီး မင်း အနိုင်ရခဲ့ရင်တောင် ဘယ်သူမှ မင်းကို လေးစားမှာ မဟုတ်ဘူး..."
လီကျန်းရှီးက ချက်ချင်းပင် လှောင်ပြောင်သည့်လေသံဖြင့် ပြန်လည်ချေပလိုက်၏။
"ဟုတ်တယ်... သေစမ်း... ဒီတရုတ်လူမျိုးတွေက အရမ်းကို အရှက်မရှိပြီး အရမ်းကို ကောက်ကျစ်တာပဲ..."
"သူတို့ရဲ့ ဝူရှူးအသင်းခေါင်းဆောင်က ငါတို့ရဲ့ စစ်သည်တော်တွေကို မျက်နှာချင်းဆိုင် တိုက်ပွဲမှာ အနိုင်မယူနိုင်ဘူးဆိုတာ သိနေလို့ မရိုးသားတဲ့ နည်းလမ်းတွေကို စသုံးနေတာ... သူက တကယ့်ကို အမှိုက်ပဲ..."
"ဟုတ်တယ်... အမှိုက်ကောင်ပဲ..."
ကိုရီးယားလူမျိုးများက ဝင်ပြောလိုက်ကြသည်။
"မင်းတို့က ဘာသိလို့လဲ... မင်းတို့မှာ ယဉ်ကျေးမှုဆိုတာ လုံးဝ မရှိဘူး..."
"အဲဒါကို နည်းဗျူဟာလို့ ခေါ်တယ်ကွ... မင်းတို့လည်း အဲဒီလို နည်းဗျူဟာမျိုး သုံးလို့ ရတာပဲလေ..."
"ဟားဟားဟား... တောင်ကိုရီးယားက လူတွေက အဲဒီလိုပဲ... တစ်ယောက်ယောက်ကို အနိုင်မရဘူးဆိုရင် ဉာဏ်နီဉာဏ်နက်တွေ သုံးကြတော့တာပဲ..."
"သူတို့ စိတ်မရှည်ဖြစ်နေကြပြီ... အသင်းခေါင်းဆောင်ဝူ... ဒီအတိုင်းပဲ ဆက်လုပ်ပါ..."
လူအုပ်ကြီးက ကိုရီးယားလူမျိုးများ၏ ရန်စမှုများကို လျစ်လျူရှုလိုက်ကြလေ၏။
ဝူထျန်းသည် သဘာဝကျကျ ဤစကားများကို ကြားရသော်လည်း သူက အလိမ်ခံမည် မဟုတ်ချေ။ သူသည် ဒဏ်ရာရထားသဖြင့် တတ်နိုင်သမျှ ရှောင်တိမ်းရန် ကြိုးစားကာ သူတို့၏ အားနည်းချက်ကို ရှာဖွေပြီး တစ်ချက်တည်းဖြင့် အနိုင်ယူမည် ဖြစ်ပေသည်။
ဝူထျန်း ဤသို့တွေးနေစဉ်မှာပင် တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ ခြေထောက်တစ်လျှောက် စူးရှသော နာကျင်မှုတစ်ခု ဖြတ်ပြေးသွားခဲ့၏။
ဒဏ်ရာက ပြန်နာလာတာပဲ...
လွန်ခဲ့သော ရက်အနည်းငယ်က ကားတိုက်ခံခဲ့ရသဖြင့် သူ၏ အရိုးများမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။
ယနေ့တိုင် ထိုဒဏ်ရာများ အပြည့်အဝ သက်သာလာခြင်း မရှိသေးချေ။
အစောပိုင်းကလည်း တိုက်မိလုနီးပါး ဖြစ်ခဲ့သော ကားတစ်စီးကို အလျင်အမြန် ရှောင်တိမ်းခဲ့ရပြီး၊ ထိုအချိန်တွင်သာ အနည်းငယ် သတိလက်လွတ် ဖြစ်ခဲ့မည်ဆိုလျှင် သူ၏ ခြေထောက်ဒဏ်ရာဟောင်းမှာ ပြန်လည်နာကျင်လာနိုင်ပေလိမ့်မည်။
ဝူထျန်းမှာ အလွန်နာကျင်နေသဖြင့် ချွေးသီးချွေးပေါက်များပင် ကျလာခဲ့ပေ၏။
လီကျန်းရှီး၏ မျက်လုံးများ အရောင်လက်သွားခဲ့ပြီး ဝူထျန်း၌ တစ်ခုခု မှားယွင်းနေကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။
"ဒါက အချိန်ကောင်းပဲ..."
သတိပေးမှုနှင့်အတူ မာတုံနန်သည် ရှေ့သို့ တိုးလာကာ ဝူထျန်း၏ လည်ပင်းဆီသို့ တိုက်ရိုက် ဒေါင်လိုက် ခုတ်ချလိုက်လေ၏။
ဝူထျန်းက ဆက်လက်ရှောင်တိမ်းချင်ခဲ့သော်လည်း သူ၏ ခြေထောက်ဒဏ်ရာက ခွင့်မပြုတော့ချေ။
ထိုအချိန်မှာပင် သူ၏ လက်တစ်ဖက်၌ စူးရှသော နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး ခဏတာမျှ မလှုပ်ရှားနိုင်ဖြစ်သွားခဲ့၏။
သို့သော် ဤသည်မှာ သာမန်ပြိုင်ပွဲ မဟုတ်ချေ။ ဝူထျန်းအနေဖြင့် ဤကဲ့သို့ အရှုံးပေးရန် မိမိကိုယ်ကို ခွင့်မပြုနိုင်သဖြင့် သွားကိုတင်းတင်းကြိတ်ကာ သူ၏ အကောင်းပကတိရှိနေသေးသော လက်ကို အသုံးပြု၍ ကာကွယ်လိုက်ရပေသည်။
ဖျက်...
မာတုံနန်၏ တိုက်ခိုက်မှုကို ချက်ချင်း ကာကွယ်နိုင်ခဲ့လေ၏။
"ဒုက္ခပါပဲ... အသင်းခေါင်းဆောင်ဝူရဲ့ ဒဏ်ရာက ပြန်နာလာတာပဲ..."
ဝူထျန်း၏ နဖူးပေါ်ရှိ ချွေးသီးချွေးပေါက်များကို မြင်ချိန်တွင် တစ်စုံတစ်ယောက်က ချက်ချင်း စိုးရိမ်ပူပန်သွားခဲ့သည်။
"အသင်းခေါင်းဆောင်ဝူ... အဆင်မပြေရင် အောက်ဆင်းလာခဲ့ပါ..."
ပြိုင်ပွဲတစ်ခုကြောင့် သူ၏ဒဏ်ရာကို ပိုဆိုးသွားစေရန် မတန်သဖြင့် တစ်စုံတစ်ယောက်က အလျင်အမြန် သတိပေးလိုက်၏။
"ဟုတ်တယ်... မင်းတို့ သတ္တိကြောင်တဲ့ကောင်တွေ... အနိုင်မရနိုင်ဘူးလို့ ခံစားရရင် အောက်ဆင်းလာခဲ့လေ..."
"ဟားဟားဟား... တရုတ်လူမျိုးတွေက အဲဒီလောက်ကို သတ္တိကြောင်တာပဲ... အနိုင်မရနိုင်ဘူးဆိုရင် ထွက်ပြေးကြတော့တာပဲ..."
"ဒါက မင်းတို့ တရုတ်လူမျိုးတွေရဲ့ ကျောရိုးလား... ရယ်စရာကောင်းလိုက်တာ..."
"အရှုံးပေးလိုက်... လက်နက်ချလိုက်တော့..."
"အမြဲတမ်း ဆင်ခြေတွေ ပေးနေတာပဲ..."
ကိုရီးယားလူမျိုး တစ်စုက လှောင်ပြောင်လိုက်ကြလေသည်။
"အသင်းခေါင်းဆောင်ဝူ ဒဏ်ရာရထားတာကို မင်းတို့ မမြင်ဘူးလား..."
ဤစကားများကို ကြားချိန်တွင် တစ်စုံတစ်ယောက်က ချက်ချင်း ဒေါသထွက်သွားခဲ့၏။
"ဟက်... ဘယ်သူက သူ့ကို ဟန်ရေးပြခိုင်းလို့လဲ... ဒါက ငါတို့ ကိုရီးယားတွေနဲ့ တိုက်ခိုက်တာနဲ့ ဘာဆိုင်လို့လဲ..."
"တရုတ်လူမျိုးတွေရဲ့ ပုံစံက အဲဒီလိုပဲ... သူတို့ ဒဏ်ရာရထားတာကို သိသိကြီးနဲ့ ဟန်ရေးပြဖို့ကို အတင်းလုပ်နေကြတာ..."
ကိုရီးယားလူမျိုးမှာ အလွန် ကျေနပ်နေခဲ့ပေ၏။
"သေစမ်း... အသင်းခေါင်းဆောင်ဝူ... ငါ့ရဲ့ တိုက်ခိုက်မှုတွေကို မင်း ဘယ်နှကြိမ်လောက် ဆက်ပြီး ခံနိုင်ဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့..."
မာတုံနန်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။
ဝူထျန်းမှာ ပြင်းထန်စွာ အမောဆို့နေပြီး သူ၏ ခြေထောက်နှင့် လက်မှ နာကျင်မှုမှာ ပို၍ပင် ပြင်းထန်လာကာ ခံမရပ်နိုင်လောက်အောင် ဖြစ်နေခဲ့၏။
သို့သော် သူ ဤအတိုင်း ဆက်မသွားနိုင်တော့ချေ။
"သေစမ်း..."
ထိုအချိန်မှာပင် သံပူနေတုန်း နာနာထုရမည်ဟူသော မူဝါဒကို လိုက်နာလျက် မာတုံနန်သည် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်လေ၏။
လည်ထွက်သွားသော ခြေကန်ချက်များက ဝူထျန်း၏ ဒဏ်ရာရနေသော ခြေထောက်ဆီသို့ အခမဲ့ရသကဲ့သို့ ရောက်ရှိလာခဲ့ပေသည်။
ဝူထျန်းသည် ခဏတာမျှ သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အလွန်နာကျင်နေပြီဖြစ်ရာ သူ၏ မျက်နှာမှာ ဖြူရော်သွားခဲ့၏။
"လဲကျသွားစမ်း..."
"သတ္တိကြောင်ပြီး သနားစရာကောင်းတဲ့ တရုတ်အမှိုက်ကောင်..."
မာတုံနန်က အော်ဟစ်လိုက်ပြီး ဝူထျန်း၏ ဆိုးရွားစွာ ဒဏ်ရာရနေသော ခြေထောက်ကို ဆက်လက်တိုက်ခိုက်နေခဲ့သည်။
"အား..."
ခြေထောက်ကို ပြင်းထန်စွာ အရိုက်ခံရသဖြင့် ဝူထျန်းမှာ ချွေးများ ရွှဲနစ်လာကာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
ဟားဟားဟား...
"ငါတို့ နိုင်ပြီ... ငါတို့ နိုင်ပြီ..."
ဟားဟားဟား...
"တရုတ်လူမျိုးတွေက အရမ်းကို အားနည်းလွန်းတယ်..."
"သေစမ်း... အဲဒါတောင် မင်းက ငါတို့ကို ရန်စရဲသေးတယ်ပေါ့..."
"အမှိုက်အဆောက်အအုံ... အမှိုက်တွေ..."
"မင်းတို့အားလုံးက အမှိုက်ကောင်တွေပဲ..."
"ငါတို့ ကိုရီးယား တိုက်ကွမ်ဒိုက အသန်မာဆုံးပဲ..."
"သနားစရာ တရုတ်လူမျိုးတွေ..."
"ဒါက ဖျားနာနေတဲ့ တရုတ်လူမျိုးပဲ..."
ကိုရီးယားလူမျိုးများက အောင်ပွဲခံ အော်ဟစ်လိုက်ကြလေ၏။
ကျင်းတူးတက္ကသိုလ် ကျောင်းသားအချို့သည် စင်မြင့်ပေါ်သို့ အလျင်အမြန် တက်သွားကြပြီး ဝူထျန်းကို ဂရုတစိုက် သယ်ဆောင်လာခဲ့ကြသည်။
"အစ်ကိုဝူ... အဆင်ပြေရဲ့လား..."
တစ်စုံတစ်ယောက်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
"ဘာမှမဖြစ်ပါဘူး..."
ဝူထျန်းသည် မြေပြင်ပေါ်သို့ လက်သီးဖြင့် အတင်းအကျပ် ထုချလိုက်သည်။ သူ ဤမျှ မဆင်မခြင် မလုပ်ခဲ့သင့်ဘဲ ပြိုင်ဘက်ကို အထင်မသေးခဲ့သင့်ကြောင်း သူ သိရှိသွားခဲ့၏။
"ဟက်... နောင်ကျရင် ငါတို့ ကိုရီးယားလူမျိုးတွေကို ဆန့်ကျင်ဖို့ မင်းတို့ ရဲသေးရဲ့လား..."
"မင်းတို့ရဲ့ အသန်မာဆုံး အသင်းခေါင်းဆောင်က ကြီးမားတဲ့ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာက မင်းတို့တွေက အမှိုက်တွေဆိုတာကို ထပ်ပြီး သက်သေပြလိုက်တာပဲ..."
လီကျန်းရှီးက ရှေ့သို့တက်ကာ ပြောလိုက်သည်။
"ဒီမှာ တခြား ဘယ်သူရှိသေးလဲ..."
"ဒါက မင်းတို့ တရုတ်နိုင်ငံမှာရှိတဲ့ ထိပ်တန်းလူတွေ အကုန်ပဲလား..."
"အမှိုက်ကောင်တစ်စုပဲ..."
လီကျန်းရှီးက သူ၏ ရန်စမှုများကို ဆက်လက်လုပ်ဆောင်နေခဲ့လေ၏။
စင်အောက်ရှိ ကျောင်းသားများမှာ ဒေါသဖြင့် ဆူပွက်နေခဲ့ကြသော်လည်း ယခုအချိန်တွင် အသင်းခေါင်းဆောင်ဝူမှလွဲ၍ မာတုံနန်ကို အနိုင်ယူနိုင်သူ တကယ်ပင် ရှိပုံမရချေ။