← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

Chapter 229

~

အခန်း ၂၂၉ : ဒါ ဖားပြုပ်မဟုတ်ဘူး... လူ..

~

​ " မင်းအမေ အကြောင်းလည်း သိရဲ့သားနဲ့ .. ပြန်ရောက်တာနဲ့ ခြံဝင်းထဲက အိမ်နီးချင်းတွေကို ကြွားဖို့ ပြေးပြီ.. အခုဆို တစ်အိမ်တက် တစ်အိမ်ဆင်း သတင်းကောင်း လိုက်ပြောနေလောက်ရောပေါ့.. "

​ ယန်ဖူကွေ့က လက်ယမ်းကာ ပြောလိုက်ပြီး သူ၏ မျက်နှာတွင် အကူအညီမဲ့နေသော အပြုံးတစ်ခု ပေါ်လာသည် ။

​ ယန်ကျီဖန့်က သူ့အမေ၏ သဘောကို သိထားပြီးသား ဖြစ်သဖြင့် ထိုစကားကို ကြားသောအခါ ရယ်လိုက်ပြီး...

​ " ဟားဟား...အမေက နည်းနည်းတော့ လောလွန်းတယ်.. ကလေးက အခုမှ မွေးထားတာကို ချက်ချင်း လိုက်ကြွားနေပြီ.. "

​ ယန်ဖူကွေ့က ပြုံး၍ ခေါင်းခါလိုက်သည် ။

​ " မင်းအမေက ဒီလိုပါပဲ.. အခု မြေးရသွားပြီဆိုတော့ တစ်ကမ္ဘာလုံးကို သိစေချင်နေတာ.. သူ့ကို လွှတ်ထားလိုက်ပါ.. သူ ပျော်ပါစေ.. "

​ သူတို့ စကားပြောနေစဥ်မှာပင် ရန်ရွေ့ဟွား၏ အသံက အဝေးမှ ထွက်ပေါ်လာသည် ။ သူမ၏ အသံက စိတ်လှုပ်ရှားမှုနှင့်အတူ ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေ၏ ။

​ " အဘိုးကြီးလီ တို့ မိသားစုရေ.. သိကြပြီလား.. ကျုပ်တို့ မိသားစုက ယွီလီ မွေးပြီလေ.. သားယောကျ်ားလေးတဲ့.. အို.. ကလေးလေးက တအားကို ချောတာ.. သူ့အဖေနဲ့ တစ်ပုံစံတည်းပဲတော့်.. "

​ ချက်ချင်းဆိုသလိုပင် ဘေးအိမ်မှ အန်တီဝမ်၏ အသံလည်း ထွက်ပေါ်လာသည် ။

​ " အို.. ဂုဏ်ယူပါတယ်.. ဂုဏ်ယူပါတယ်ရှင်.. ရှင်တို့ ယန်မိသားစုက တကယ် ကံကောင်းတာပဲ.. အခုဆို ဆက်ခံမယ့်သူ ရသွားပြီပေါ့.. "

​ ရန်ရွေ့ဟွား၏ ရယ်သံက ပို၍ ကျယ်လောင်လာသည် ။

​ " ဟင်းဟင်း ...ဟုတ်ပါ့ရှင်.. ကျုပ်တို့ မိသားစုက ဒုတိယသားရော လီလီရောက သိပ်တော်ကြတာလေ.. ဒီကလေးက အနာဂတ်မှာ သေချာပေါက် အောင်မြင်လာမှာ.. "

​ ထို့နောက် ရန်ရွေ့ဟွားသည် ယန်ဖူကွေ့ ပြောခဲ့သည့်အတိုင်း တစ်အိမ်တက်ဆင်း လိုက်လံ ကြွားဝါနေတော့သည် ။

​ ကျားမိသားစု၏ တံခါးဝတွင်....

​ ကျားကျန်းရှီက ဖိနပ်အောက်ခံ ပြုလုပ်ရင်း ထိုင်နေပြီး ရန်ရွေ့ဟွား၏ ကြွားဝါသံများကို ကြားရသောအခါ မကျေမနပ် ဖြစ်သွား၏ ။

​ သူမက နှုတ်ခမ်းမဲ့လိုက်ပြီး အဝတ်လျှော်နေသော ချင်ဟွိုင်ရုဘက်သို့ လှည့်ကာ မကျေမနပ်ဖြင့် ....

​ " ဘယ်လောက်တောင် ကြွားနေလိုက်လဲ ကြည့်ပါစမ်းဦးအေ.. တခြားသူတွေမှာ မြေးမရှိတဲ့ အတိုင်းပဲ.. အဲ့ကလေး အသက်ရှင်ပါ့မလား ဆိုတာတောင် မသေချာသေးဘဲနဲ့.. "

​ ချင်ဟွိုင်ရုက ထိုစကားကို ကြားသောအခါ လန့်သွားပြီး အမြန် သတိပေးလိုက်သည် ။

​ " အမေ.. သူများကို အဲ့ဒီလို မကျိန်ဆဲရဘူးလေ.. "

​ သူတို့ မိသားစု နှစ်စုကြား ဆက်ဆံရေး သိပ်မကောင်းသော်လည်း ဤသို့ ကျိန်ဆဲခြင်းကတော့ လွန်လွန်းလှသည် ။

​ " အေးပါအေ.. ညည်းနှယ်... ငါက ဒီအတိုင်း ပြောလိုက်တာပါ.. "

​ ကျားကျန်းရှီက ခေါင်းမာစွာဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း ဆက်၍ အဓိပ္ပါယ်မရှိ ပြောဆိုရန်တော့ မဝံ့ရဲတော့ဘဲ မနာလိုဟန်ဖြင့်သာ ...

​ " ဘာတွေများ အဲ့လောက်တောင် ကောင်းနေလို့လဲ.. တစ်ခြံလုံးမှာ ငါတို့ မိသားစုက ကျားပန့်ကန့်ကပဲ အနာဂတ်မှာ အအောင်မြင်ဆုံး ဖြစ်လာမှာ.. "

​ သားဖြစ်သူအကြောင်း ပြောလာသောအခါ ချင်ဟွိုင်ရုက ပြုံးလိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်သည် ။

​ " ဒါပေါ့.. ကျားပန့်ကန့်က ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းတာလေ.. "

​ သူတို့ နှစ်ယောက်စလုံးက ကျားပန့်ကန့် အပေါ်တွင် ထူးဆန်းသော ယုံကြည်မှုမျိုး ရှိနေကြပြီး အနာဂတ်တွင် သူ ကြီးကျယ်သော အရာများ လုပ်ဆောင်နိုင်မည်ဟု အမြဲ ခံစားနေကြသည် ။

​ သူတို့ စကားပြောနေစဥ်မှာပင် ကျားပန့်ကန့် အပြင်မှ ပြန်ရောက်လာသည် ။

​ သူ၏ မျက်နှာက ရွှံ့များ ပေကျံနေသကဲ့သို့ ဝါကြန့်ကြန့် ဖြစ်နေပြီး သူ၏ အဝတ်အစားများကလည်း နေရာအနှံ့ ရွှံ့များ ပေကျံနေကာ ရွှံ့ရုပ်လေး တစ်ရုပ်နှင့် တူနေလေ၏ ။

​ " အဘွား.. အဘွား.. "

​ ကျားပန့်ကန့်က ပြေးလာရင်း အော်ခေါ်လိုက်သည် ။

​ ကျားကျန်းရှီက သဘောကျသွားပြီး ပြုံးကာ ....

​ " အို.. ငါ့မြေးလေးအကြောင်း ပြောနေတုန်း ရှိသေး မြေးလေး ပြန်လာပြီပဲ.. "

​ ခေါင်းလှည့်ကြည့်လိုက်ရာ ရွှံ့များ ပေကျံနေသော ကျားပန့်ကန့်ကို မြင်လိုက်ရသော်လည်း ကျားကျန်းရှီက မဆူပူဘဲ ပျော်ရွှင်စွာ မေးလိုက်သည် ။

​ " မြေးလိမ္မာလေး.. ဘယ်သွားဆော့လာတာလဲ.. "

​ အဘွားဖြစ်သူ မေးသည်ကို ကြားသောအခါ ကျားပန့်ကန့်က ကြွားလုံးထုတ်ဟန်ဖြင့် သူ၏ လက်သေးသေးလေးများကို ဖြန့်ပြကာ စိတ်လှုပ်ရှားစွာဖြင့်...

​ " အဘွား.. သား ရွှံ့ရုပ် သွားလုပ်တာလေ.. ကြည့်ပါဦး.. တူတယ်မလား.. "

​ ကျားကျန်းရှီက တစ်ချက်ကြည့်လိုက်ပြီး အထပ်ထပ် ခေါင်းညိတ်ကာ...

​ " တူတယ်.. တူတယ်.. ဒီဖားပြုပ်က အစစ်နဲ့ တအား တူတာပဲ.. "

​ ကျားပန့်ကန့်၏ ပါးစပ်လေး တွန့်သွားပြီး မကျေမနပ်ဖြင့် ....

​ " အဘွားကလည်း မျက်လုံး ဘယ်လိုဖြစ်နေတာလဲ.. ဒါ လူလေ.. ဖားပြုပ် မဟုတ်ဘူး.. "

​ ကျားကျန်းရှီ ခဏတာ ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် ။

​ " အေးပါ.. အေးပါ.. လူပါ.. ဒီလူကို အရမ်း သေသပ်အောင် လုပ်ထားတာပဲ.. မြေးလိမ္မာလေး.. ဘယ်သူ့ပုံကို လုပ်ထားတာလဲ.. "

​ ကျားပန့်ကန့်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်...

​ " ဒီလောက် ဝတုတ်နေတာ.. သေချာပေါက် အဘွားပုံပေါ့.. "

​ ကျားကျန်းရှီ.... " ...... "

​ ချင်ဟွိုင်ရုက ထိုစကားကို ကြားသောအခါ ရယ်ချင်သော်လည်း မရယ်ရဲသဖြင့် သူမ၏ မျက်နှာက နီရဲလာသည် ။

​ ကျားကျန်းရှီက ကျားပန့်ကန့် လက်ထဲရှိ ရွှံ့ရုပ်ကို မကျေမနပ်ဖြင့် ကောက်ကိုင်လိုက်ပြီး...

​ " ဒီ အလုံးကြီးက ဘယ်နေရာက အဘွားနဲ့ တူလို့လဲ.. ပြီးတော့ ဒီရွှံ့ရုပ်က ဘာလို့ သေးနံ့ နံနေတာလဲ.. "

​ ကျားပန့်ကန့်က သွားဖြီးပြကာ...

​ " ဒါပေါ့... သေးနဲ့ ရောနယ်ထားတာလေ.... ဘယ်လိုလဲ သား ဉာဏ်ကောင်းတယ်မလား.. "

​ ကျားကျန်းရှီ... " ...... "

​ ချင်ဟွိုင်ရု... " ...... "

​ သူတို့က ကျားပန့်ကန့် အနာဂတ်တွင် အောင်မြင်မည်ဟု ချီးကျူးထားကာမှ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပင် ။

​ ရွှံ့ကို သေးနှင့် ရောနယ်တတ်သော သူ့ပုံစံက ဉာဏ်ကောင်းသည့်ပုံစံနှင့် လားလားမှ မတူလှချေ ။

​ ခဏအကြာတွင်..

​ ကျားကျန်းရှီက အားတင်း၍ပြုံးလိုက်ပြီး...

​ " ရပါတယ်.. ဒုံရွှီ ငယ်ငယ်တုန်းကလည်း သေးနဲ့ ရောနယ်ထားတဲ့ ရွှံ့တွေနဲ့ ခဏခဏ ဆော့တာပဲ.. အခုဆို သူက ခြံဝင်းထဲမှာ အအောင်မြင်ဆုံးလူ ဖြစ်နေပြီလေ... "

​ ထိုစကားကို ကြားသောအခါ ချင်ဟွိုင်ရုက ပါးစပ်ဟသွားသော်လည်း မည်သို့ ထောက်ခံရမည်ကို မသိတော့ချေ ။

​ အရင်ကတော့ ကျားဒုံရွှီ အဆင်ပြေခဲ့ကောင်း ပြေခဲ့မည် ဖြစ်သော်လည်း အခုတော့......

​ ယန်ကျီဝမ်ကို ထည့်မတွက်လျှင်ပင် ရွှီတာမော့နှင့် လျှိုကွမ်ချီတို့ကိုပင် မယှဥ်နိုင် ။

​ တစ်ယောက်က ပရိုဂျက်တာသမား ဖြစ်ပြီး အခွင့်အရေး အများကြီး ရနေသည် ။

​ လျှိုကွမ်ချီဆိုလျှင်လည်း ကေဒါပေါက်စလေး ဖြစ်နေ၏ ။ စက်ရုံအသေးလေး ဆိုပေသော်ငြား ကေဒါ အစစ်ဖြစ်ပေသည် ။

​ ကျားဒုံရွှီ၏ လစာက မနည်းသော်လည်း မိသားစု တစ်စုလုံး သုံးစွဲရန်တော့ မလောက်ငှချေ ။

​ သူက ရှာကျူးကိုတောင် မယှဥ်နိုင် ။ ရှာကျူး၏ လစာက ကျားဒုံရွှီလောက် မများသော်လည်း သူက စားဖိုမှူး ဖြစ်သဖြင့် စားစရာ ပူရန် မလိုပေ ။

​ ဤသည်ကို မည်သို့များ ကျားဒုံရွှီက အတော်ဆုံးဟု ပြောရဲပါသနည်း ။

​ ထိုသို့ မျက်နှာပြောင်တိုက် ဝန်ခံရန် သူမ တကယ်ပင် ရှက်မိလေသည် ။

​ ယန်မိသားစု မြေးရသွားသည့် သတင်းက ရန်ရွေ့ဟွား၏ ကြေညာမှုမှတစ်ဆင့် ခြံဝင်း တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည် ။

​ မွန်းလွဲပိုင်း အလုပ်ဆင်းသွားသော ယောကျ်ားများ တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်ရောက်လာကြသောအခါ သူတို့အားလုံး ထိုသတင်းကို ကြားသိခဲ့ကြသည် ။

​ ရှာကျူး၏ အိမ်တွင်တော့..

​ ရှာကျူးက မြေပဲလှော်ကို မြည်းရင်း စိတ်ညစ်ညစ်ဖြင့် အရက်သောက်နေ၏ ။

​ သူက တစ်ငုံသောက်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ...

​ " ဘာတွေများ အဲ့လောက်တောင် ကောင်းနေလို့လဲ.. သားတစ်ယောက် ရတာလေးများ.. "

​ အမှန်တော့ သူ၏ ရင်ထဲ၌ အလွန် မနာလို ဖြစ်နေ၍ အူများပင် စိမ်းစို နေချေသည် ။

​ သူက ယန်ကျီဝမ်ထက် အသက် ၃ နှစ်ကျော် ပိုကြီးသည် ။ ယခုအခါ ယန်ကျီဝမ်က အဖေတစ်ယောက် ဖြစ်နေလေပြီ ။ သူ့မှာတော့ ချစ်ရမည့်သူပင် မရှိ ။

​ သူက မသိစိတ်မှ မော်ရှောင်ဖန်းကို သတိရသွားသည် ။

​ အကယ်၍ ထိုစဥ်ကသာ သူ နောက်ဆုတ်မသွားခဲ့လျှင် သူတို့ ကလေး မရသေးလျှင်ပင် သူမ ကိုယ်ဝန်ရှိနေလောက်လေပြီ ။

​ ထို့အပြင် မော်ရှောင်ဖန်းက အတော်လေး လှပသဖြင့် ထိုအကြောင်းကို တွေးမိသောအခါ ရှာကျူး၏ ရင်ထဲ၌ ပို၍ပင် နာကျင် သွားသည် ။

​ မနှစ်က နှစ်သစ်ကူးကာလတွင် မော်ရှောင်ဖန်းက ယန်မိသားစုထံ နှစ်သစ်ကူး လာနှုတ်ဆက်စဥ် သူ သူမကို တစ်ခါ မြင်လိုက်ရသည် ။

​ ယန်လောင်အာ ပြောခဲ့သလို အချိန်ကြာလာသည်နှင့်အမျှ သူမက ပိုလှလာသည် ။

​ အခုတော့ သူမ ဒုက္ခိတ တစ်ယောက်နှင့် လက်ထပ်လိုက်သည်က တကယ့်ကို နှမြောစရာ ။

​ ယီမိသားစုတွင်တော့...

​ ယီကျုံးဟိုင်နှင့် သူ၏ ဇနီးသည်တို့က အစာကို တိတ်ဆိတ်စွာ စားသောက်နေကြပြီး မည်သူကမှ စကားမပြောကြချေ ။

​ အဒေါ်ကြီး၏ မျက်နှာပေါ်တွင်သာ ပူပန်နေသော အရိပ်အယောင်များ ရှိနေသည် ။

​ ယီကျုံးဟိုင်က အကြောင်းရင်းကို သိနေသဖြင့် စိတ်ညစ်နေသည် ။

​ သူ ပြန်ရောက်ရောက်ချင်းမှာပင် အိမ်နီးချင်းများ ထိုအကြောင်း ပြောနေကြသည်ကို သူ ကြားခဲ့ရသည် ။

​ " မိန်းမ.. အရမ်းကြီး တွေးမနေပါနဲ့.. ဒီလောက် နှစ်တွေ ကြာနေပြီပဲ.. မင်းကို ငါ အပြစ်မတင်ပါဘူး.. "

​ ယီကျုံးဟိုင်က သူမကို နှစ်သိမ့်ရန် ပြောလိုက်သည် ။

​ သူ ထိုသို့ ပြောလိုက်သော်လည်း ယီကျုံးဟိုင်၏ ရင်ထဲတွင်တော့ အလွန် အားကျနေလေ၏ ။

​ ကလေး ဆိုသည်က သူ၏ ရင်ထဲမှ အမြဲတမ်း နာကျင်စရာ တစ်ခု ဖြစ်ခဲ့သည် ။

​ အထူးသဖြင့် တခြားမိသားစုများ သားယောကျ်ားလေး မွေးတိုင်း သူ ပို၍ အားကျမိသည် ။

​ အပြင်လူများကို ထည့်မတွက်လျှင်ပင် ခြံဝင်း၏ ဦးလေး သုံးယောက်ထဲ၌ လျှိုဟိုင်ကျုံးနှင့် ယန်ဖူကွေ့တို့ နှစ်ယောက်စလုံးတွင် သားများစွာ ရှိကြသည် ။

​ အခုဆိုလျှင် ယန်ဖူကွေ့သည် မြေးယောကျ်ားလေးပင် ရနေပြီ ။

​ သူ မည်သို့ အားမကျဘဲ နေနိုင်မည်နည်း ။

​ ထို့အပြင် လျှိုဟိုင်ကျုံးက သူ၏ သားများကို မကြာခဏ ရိုက်နှက်တတ်သေးသည် ။

​ ဗိုက်ဝနေတဲ့လူက ဗိုက်ဆာတဲ့လူရဲ့ ဆာလောင်မှုကို နားလည်နိုင်ပေ ။

​ ယီကျုံးဟိုင်က ကလေးလိုချင်သည်မှာ တပိုင်းသေနေသော်လည်း တစ်ယောက်မှ မရှိ ။ တခြားသူတွေကျတော့ အများကြီး ရှိနေတယ် ထင်ပြီး နေ့တိုင်းလိုလို ရိုက်နှက် ဆဲဆိုနေကြသည် ။

​ အဒေါ်ကြီးက မျက်ရည်များကို သုတ်ကာ အပြစ်မကင်းသည့်ဟန်ဖြင့် ...

​ " လောင်ယီ.. တော် ကျုပ်ကြောင့် ဝန်ပိနေရပြီ.. ကျုပ် သာ တော့်အတွက် သားတစ်ယောက် မွေးပေးနိုင်ခဲ့ရင် အခုလို... "

​ " တော်ပါတော့.. "

​ ယီကျုံးဟိုင်က အနည်းငယ် မကျေမနပ်ဖြင့် အဒေါ်ကြီးကို တားလိုက်ပြီးနောက် သက်ပြင်းချကာ နှစ်သိမ့်လိုက်သည် ။

​ " ရပါတယ်.. ကျားဒုံရွှီလည်း တော်ပါတယ်.. ရိုသေပြီး စကားနားထောင်တယ်လေ.. နောင်ကျရင် သူက တို့တွေကို သေချာပေါက် စောင့်ရှောက်ပေးမှာပါ.. "

​ " ..အင်း.. "

All Chapters