← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

Chapter 230

~

အခန်း ၂၃၀ : နှင်ထုတ်ခံရခြင်း

~

​ သုံးရက်အကြာ ဆေးရုံဝင်ပေါက်တွင်..

​ ယန်ကျီဝမ်က ယွီလီအား သုံးဘီးစက်ဘီးပေါ်သို့ ဂရုတစိုက် တွဲတင်ပေးနေသည် ။

ယွီလီက သူမ၏ မွေးကင်းစ သားလေးအား ရင်ခွင်ထဲတွင် ထွေးပိုက်ထားပြီး ကလေးလေးကို နွေးထွေးစွာ ထုပ်ပိုးထားသဖြင့် ပန်းရောင်သန်းနေသော မျက်နှာလေးသာ ပေါ်နေလေ၏ ။

ရန်ရွေ့ဟွားက အိတ်ကြီးအိတ်ငယ်များကို ဆွဲကာ အနောက်မှ လိုက်လာပြီး သူမ၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည် ။

​ " ဖြည်းဖြည်းနင်း.. ဖြည်းဖြည်းနင်း... ကလေး မလှုပ်စေနဲ့နော်.. "

ရန်ရွေ့ဟွားက ယန်ကျီဝမ်ကို သတိပေးရင်း တစ်စုံတစ်ရာ မှားယွင်းမည်ကို စိုးရိမ်သဖြင့် ယွီလီ၏ ရင်ခွင်ထဲရှိ ကလေးလေးကို လှမ်း၍ အကာအကွယ် ပေးလိုက်သည် ။

​ ယန်ကျီဝမ်က အကူအညီမဲ့စွာ ပြုံးလိုက်ပြီး..

" အမေ စိတ်မပူပါနဲ့.. ကျွန်တော် ငြိမ်ငြိမ်လေး နင်းမှာပါ.. "

​ ယွီလီက သုံးဘီးပေါ်တွင် ထိုင်၍ ကလေးကို ပွေ့ပိုက်ထားပြီး သူမ၏ မျက်နှာ အနည်းငယ် ပင်ပန်းနေဟန် ရှိသော်လည်း မျက်လုံးများထဲတွင်တော့ ပျော်ရွှင်မှုများ ပြည့်နှက်နေသည် ။

သူမက ရင်ခွင်ထဲရှိ သားလေးကို နူးညံ့စွာ ငုံ့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည် ။

" ရှီတိုး( ရှစ်ထို..မှားရေးမိလို့.. ).. မေမေတို့ အိမ်ပြန်ကြမယ်နော်.. "

​ ...

​ နာရီဝက်အကြာတွင် သုံးဘီးစက်ဘီးက ခြံဝင်းအဝင်ဝတွင်း ဖြည်းဖြည်းချင်း ရပ်တန့်သွားသည် ။

ယန်ကျီဖန့် ၊ ယန်ကျီတိ နှင့် ယန်ကျီခွမ်း တို့အပြင် ယန်ဖူကွေ့ပါ အဝင်ဝတွင် စောင့်နေကြပြီး ယန်ကျီဝမ်တို့ ပြန်ရောက်လာသည်ကို မြင်သည်နှင့် တပြိုင်နက် ချက်ချင်း ဝိုင်းအုံလာကြသည် ။

​ " မမ..မမ.. သမီး တူလေးကို ပြပါဦး.. "

ယန်ကျီတိက စိတ်လှုပ်ရှားစွာ တိုးဝင်ရင်း ပြောလိုက်သည် ။

​ ယန်ကျီခွမ်းကလည်း အားကျမခံ အော်ပြောလေသည် ။

" သားလည်း ကြည့်ချင်တယ်.. သားလည်း ကြည့်ချင်တယ်.. "

​ ယန်ကျီဖန့်က စကားမပြောသော်လည်း သူ၏ မျက်နှာတွင်လည်း မျှော်လင့်နေသော အရိပ်အယောင်များ အတိုင်းသား ပေါ်လွင်နေ၏ ။

ယန်ဖူကွေ့က ရှေ့တိုးလာပြီး ရန်ရွေ့ဟွား ထံမှ အိတ်များကို ကူသယ်ပေးလိုက်သည် ။

ယန်ကျီဝမ်က သုံးဘီးပေါ်မှ အရင်ဆင်းကာ ယွီလီကို ဂရုတစိုက် တွဲချပေးသည် ။

​ ထို့နောက် ယွီလီက ပြုံး၍ ကလေးလေးကို သူမ၏ ခဲအိုနှင့် ယောက်မလေးတို့ကို ပြလိုက်သည် ။

တစ်ချက် ကြည့်လိုက်ရုံဖြင့် ယန်ကျီတိနှင့် ယန်ကျီခွမ်းတို့က ချက်ချင်း ရေရွတ်လိုက်ကြသည် ။

" ဝါး.. တူလေးက သေးသေးလေးပဲ.. အရမ်း ချစ်စရာကောင်းတာပဲ.. "

​ ကလေးလေး တစ်ယောက်၏ ပြောင်းလဲမှုက တစ်နေ့တခြား သိသာလှပေသည် ။

သုံးရက်အတွင်းမှာပင် ရှီတိုးလေးက အရေတွန့်နေသော မွေးကင်းစ အရွယ်မှ အေးချမ်းပြီး ချစ်စရာကောင်းသော ကြွေရုပ်လေး တစ်ရုပ်အဖြစ် ပြောင်းလဲသွားပြီ ။

သူ၏ မျက်လုံးဝိုင်းကြီးများက ရှေ့ရှိ လူများကို မျက်တောင်တဖျပ်ဖျပ် ခတ်ကာ ကြည့်နေပြီး သူ၏ လက်သေးသေးလေးများကို ပါးစပ်ထဲထည့်ကာ စုပ်နေသဖြင့် ကလေးနှစ်ယောက်က အကြည့်မလွှဲနိုင်အောင်ပင် ဖြစ်နေကြသည် ။

သူတို့က ရှီတိုးလေးကို ချီချင်နေကြသေး၏ ။

​ ထိုသည်ကိုမြင်သော် ရန်ရွေ့ဟွားက ချက်ချင်း ရှေ့တိုးလာကာ သူတို့ကို တားလိုက်ပြီးနောက် ....

" ကဲ.. ကဲ.. ဒီမှာ လမ်းလာမပိတ်ကြနဲ့.. လီလီနဲ့ ကလေးကို အိမ်ထဲဝင်ပြီး အနားယူခိုင်းလိုက်ဦး.. "

​ မိသားစုဝင်များက ယွီလီနှင့် ကလေးကို ဝိုင်းရံ၍ အိမ်ထဲသို့ ဝင်သွားကြပြီး ရန်ရွေ့ဟွားက တစ်ခုခု လိုအပ်သွားမည်ကို စိုးရိမ်သဖြင့် အလုပ်များနေတော့သည် ။

ယွီလီကို ကုတင်ပေါ်တွင် နေရာချပေးပြီး ကလေးကိုတော့ သူမဘေးရှိ ပုခက်ထဲတွင် ဂရုတစိုက် သိပ်ထားလိုက်သည် ။

ယန်ကျီဝမ် ကိုယ်တိုင် လုပ်ထားသော ထိုပုခက်လေးက ယခုမှသာ အသုံးပြုခွင့် ရတော့သည် ။

ကလေးထိုင်ခုံ တစ်ခု ရှိသေးသော်လည်း ယခုတော့ အသုံးမလိုသေးချေ ။

​ ထို့နောက် ရန်ရွေ့ဟွားက အငွေ့တထောင်းထောင်း ထနေသော သကြားညိုရည် တစ်ပန်းကန်ကို ယူလာပြီး ယွီလီအား ကမ်းပေးလိုက်သည် ။

" လီလီ.. ခန္ဓာကိုယ် အားရှိအောင် ပူတုန်းလေး သောက်လိုက်ဦး.. "

​ ယွီလီက ပန်းကန်ကို ယူကာ ကျေးဇူးတင်စွာဖြင့်....

" ကျေးဇူးတင်ပါတယ် အမေ.. အမေလည်း အနားယူဦးလေ.. အမေ ပင်ပန်းနေပြီ.. "

​ ရန်ရွေ့ဟွားက လက်ယမ်းကာ ပြုံးလိုက်ပြီး....

" မပင်ပန်းပါဘူး.. မပင်ပန်းပါဘူး.. သမီးသာ ကောင်းကောင်း အနားယူ.. အမေ ကလေးကို ကြည့်ပေးမယ်.. "

​ ညနေပိုင်းတွင် ယန်ကျီဝမ်က ရှင်းလင်းပြီးနောက် အိပ်ရန် သူ့ အခန်းသို့ ပြန်မည်ပြုစဥ် ရန်ရွေ့ဟွားက သူ့ကို တားလိုက်သည် ။

​ " ယန်ကျီဝမ်..နင် ဒီည အိမ်မကြီးမှာ သွားအိပ်.. "

ရန်ရွေ့ဟွား၏ လေသံက ပြတ်သားပြီး ငြင်းဆန်ခွင့် မပေး ။

​ ယန်ကျီဝမ် လန့်သွားပြီး အနည်းငယ် ရှုပ်ထွေးဟန်ဖြင့်..

" အမေ.. ကျွန်တော် ကိုယ့်အခန်းမှာပဲ အိပ်လို့ရတာပဲ.. ဘာလို့ အိမ်မကြီးကို သွားရမှာလဲ.. "

​ ရန်ရွေ့ဟွားက သူ့ကို စိုက်ကြည့်ကာ ....

" နင် အိပ်ရင် အရမ်း လှုပ်တာလေ.. ကလေးကို ဖိမိသွားရင် ဘယ်လိုလုပ်မလဲ.. ဒီည အမေ လီလီနဲ့ ကလေးဘေးမှာ အိပ်မယ်.. နင် အရင် အခန်းလေးမှာ ပြန်သွားအိပ်.. "

​ " ကျီတိကရော.. "

ယန်ကျီဝမ် ပြောင်းပြန်အခန်းသို့ ပြောင်းသွားကတည်းက အိမ်မကြီးမှာ ယန်ကျီဖန့်နှင့် ယန်ကျီခွမ်းတို့အတွက် ဖြစ်သွားသည် ။

ယန်ကျီဝမ် ယခင်က နေခဲ့သော အခန်းငယ်လေးကိုတော့ ယန်ကျီဝမ်၏ ညွှန်ကြားချက်ဖြင့် ယန်ကျီတိအား ပေးထားခဲ့သည် ။

​ ရန်ရွေ့ဟွားက စိတ်မရှည်စွာဖြင့်..

" ကျီတိကို နင့်အဖေနဲ့ ခဏလောက် အိပ်ခိုင်းထားလိုက်မယ်.. "

​ ယန်ကျီဝမ်က ထိုစကားကို ကြားသောအခါ အကူအညီမဲ့ဟန်ဖြင့် ခါးသီးစွာ ပြုံးလိုက်ပြီး ...

" အမေ.. ကျွန်တော် အိပ်ရင် အရမ်းငြိမ်ပါတယ်.. ကလေးကို မဖိမိပါဘူး.. "

​ သို့သော် ရန်ရွေ့ဟွားက သူပြောသည်ကို ဂရုမစိုက် ။ အခန်းထဲမှ တွန်းထုတ်လိုက်သည် ။

" ကဲ.. ကဲ.. အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့.. အိမ်မကြီးကို သွားပြီး မြန်မြန်အိပ်တော့.. ဒီမှာ လာရှုပ်မနေနဲ့.. "

​ ယန်ကျီဝမ်မှာ အကူအညီမဲ့စွာဖြင့် အိမ်မကြီးသို့ သွားရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ ။

ယန်ဖူကွေ့က အုတ်ကုတင်ပေါ်တွင် ထိုင်ကာ ရေနွေးကြမ်း သောက်နေပြီး သူ၏ သား ဝင်လာသည်ကို မြင်သောအခါ ပြုံး၍ မေးလိုက်သည် ။

" ဘယ်လိုလဲ.. မင်းအမေ နှင်ထုတ်လိုက်တာလား.. "

​ ယန်ကျီဝမ်က ခါးသီးစွာ ပြုံးပြီး ခေါင်းညိတ်လိုက်သည် ။

" အမေက လီလီနဲ့ ကလေးကို စောင့်ပေးမယ်ဆိုပြီး ကျွန်တော့်ကို နှင်ထုတ်လိုက်တာလေ.. "

​ ယန်ဖူကွေ့က အားရပါးရ ရယ်မောလိုက်ပြီး ယန်ကျီဝမ်၏ ပခုံးကို ပုတ်ကာ ...

"ဟားဟားဟားးး... မင်းအမေရဲ့ အကျင့်က ဒီလိုပါပဲကွာ.. အခု မြေးလေး ရလာပြီဆိုတော့ တစ်နေကုန် ကြည့်ချင်နေတာလေ.. သည်းခံလိုက်.. အချိန်နည်းနည်း ကြာလာရင် ပုံမှန်ပြန်ဖြစ် သွားမှာပါ.. "

​ ယန်ကျီဝမ်က သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည် ။

" ဒီလိုပဲ လုပ်ရတော့မှာပေါ့.. "

​ သားအဖ နှစ်ယောက် အတန်ကြာ စကားပြောပြီးနောက် ယန်ကျီဝမ်လည်း အိပ်ရန် သူ၏ အခန်းသို့ ပြန်သွားသည် ။

ယန်ကျီတိ သည်တော့ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း သူမ၏ အဖေနှင့်သာ သွားအိပ်ရသည် ။

​ ...

​ နောက်ရက်များတွင် ရန်ရွေ့ဟွားက ယွီလီနှင့် ကလေးကို စောင့်ရှောက်ရန် အချိန်ပြည့် မြှုပ်နှံထားလေသည် ။

ယွီလီ ကောင်းကောင်း မစားရမည်ကို စိုးရိမ်သဖြင့် နေ့စဥ် စောစောထကာ ဟင်းချိုချက်ပြုတ်ခြင်း ၊ ဆန်ပြုတ်ပြုတ်ခြင်းများကို လုပ်ဆောင်ပေးသည် ။ ကလေး ငိုသည်နှင့် တပြိုင်နက် သူမက ချက်ချင်း ပြေးလာပြီး နှစ်သိမ့်ပေးကာ ယွီလီက ကလေးကို ချီချင်လျှင်ပင် သူမက အချိန်အကြာကြီး ပေးမချီပေ ။

" လီလီ.. သမီး ကိုယ်ခံအား မကောင်းသေးဘူး.. မပင်ပန်းစေနဲ့.. အမေပဲ ကလေးကို ချီထားလိုက်မယ်.. "

​ ညဘက်တွင်လည်း ထိုနည်းလည်းကောင်းပင် ။ ကလေး ငိုသည်နှင့် ရန်ရွေ့ဟွားက ချက်ချင်း ထလာပြီး ဟိုဟာလုပ် ဒီဟာလုပ်ဖြင့် အလုပ်ရှုပ်နေတတ်သည် ။

ကလေး ဆာလောင်၍ နို့တိုက်ရန် လိုအပ်ချိန်မှသာ ယွီလီ ပါဝင်ခွင့်ရလေသည် ။

​ ပို၍ ဆိုးရွားသည်မှာ ယန်ကျီဝမ်ကို သူ၏ ဇနီးနှင့် သားကို တွေ့ရန် အခန်းထဲသို့ပင် ဝင်ခွင့်မပြုခြင်း ဖြစ်သည် ။

ကလေးကို လန့်နိုးစေမည်ဟု ဆိုကာ တားမြစ်ထား၏ ။

ကလေးကို ချီခွင့်လည်း မပြု ။ သူက ကြမ်းတမ်းပြီး နူးညံ့မှု မရှိဟု ဆိုကာ တားမြစ်ထားသည် ။

ဤသည်က ယန်ကျီဝမ်ကို အလွန် စိတ်ဓာတ်ကျစေသည် ။

​ ထိုကာလအတွင်း သူ၏ တပည့်ဖြစ်သူ မာဟွာနှင့် မော်ရှောင်ဖန်းတို့လည်း ယွီလီနှင့် ကလေးကို လာရောက် ကြည့်ရှုကြပြီး ဥနီများ ယူလာပေးကြသည် ။

ရွှီတာမော့ကတော့ ငွေကိုသာ တိုက်ရိုက် ပေးလေသည် ။

​ မိခင်ဖြစ်သူ၏ ဖယ်ကျဥ်ထားမှုကြောင့် ယန်ကျီဝမ်သည် သူ၏ ဇနီးနှင့် သားကို တွေ့ရခဲသဖြင့် အလွန် စိတ်ဓာတ်ကျနေသည် ။

အကူအညီမဲ့စွာဖြင့် သူ အချိန်ဖြုန်းရန် တစ်ခုခု ရှာဖွေရတော့သည် ။

​ ဝယ်ယူရေး ဌာန ရုံးခန်းအတွင်းတွင်..

ယန်ကျီဝမ်က လီရှန်းလီအား ပျင်းရိစွာ မေးလိုက်သည် ။

" အစ်ကိုလီ.. ဖစ်တာ အလုပ်ရုံက ခေါင်းဆောင်ကို သိလား.. "

​ " မင်းက ဘာလို့ အဲ့ဒါကို မေးတာလဲ.. "

လီရှန်းလီက ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။

​ ယန်ကျီဝမ်က ပခုံးတွန့်ကာ ပျင်းရိစွာဟန်ဖြင့်....

" ဒီရက်ပိုင်း အရမ်း ပျင်းနေလို့.. ကျွမ်းကျင်မှု တစ်ခုခုကို သင်ချင်လို့ပါ.. "

​ " ဘာ.. "

လီရှန်းလီက အံ့သြတကြီး ရေရွတ်လိုက်သည် ။

" မင်းက ဖစ်တာသမားအဖြစ် ပြောင်းချင်လို့လား.. "

​ " မင်း ရူးနေလား.. ဝယ်ယူရေး ဌာနမှာက ဘယ်လောက် သက်တောင့်သက်သာ ရှိလဲ.. အလုပ်ချိန်ကလည်း လွတ်လပ်တယ်.. ဘယ်သူမှလည်း လာမကြီးကြပ်ဘူး.. အလုပ်ရုံမှာက မတူဘူးလေ.. ပြီးတော့ ထုတ်လုပ်ရေးပိုင်းက ငါ့ ဦးလေး စီမံခန့်ခွဲတဲ့ အပိုင်းမှ မဟုတ်တာ.. "

​ သံမဏိစက်ရုံတွင် စက်ရုံမှူးယန်က ထုတ်လုပ်ရေးပိုင်းကို စီမံခန့်ခွဲပြီး လီဟွိုက်တဲက ထောက်ပံ့ရေးနှင့် လုံခြုံရေး ဌာနကို စီမံခန့်ခွဲသည် ။

ယန်ကျီဝမ်က လက်ယမ်းကာ ရှင်းပြလိုက်သည် ။

" ကျွန်တော် ရာထူးပြောင်းဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး.. အချိန်ဖြုန်းဖို့ လုပ်စရာ တစ်ခုခု ရှာချင်ရုံပဲ.. ဖစ်တာလုပ်ရတာက ခက်သလား ဆိုတာကို သိချင်လို့ပါ.. စိတ်ကူးပေါက်လို့ လုပ်ကြည့်ချင်တာ... "

​ 'ဒီလိုလုပ်တာက ယီကျုံးဟိုင်ကို ပြဿနာ ရှာပေးနိုင်မှာပဲ..'

သူ၏ ကောင်းကင်ဘုံကို အံတုနိုင်သော နားလည်နိုင်စွမ်းကြောင့် ယန်ကျီဝမ်သည် သင်ယူသမျှကို အလွယ်တကူ တတ်မြောက်နိုင်သည် ။

ကျားဒုံရွှီက နှစ်ပေါင်းများစွာ သင်ယူခဲ့သော်လည်း အဆင့်သုံး အလုပ်သမားသာ ဖြစ်နေဆဲပင် ။

အကယ်၍ သူက ကျားဒုံရွှီကို အချိန်တိုအတွင်း ကျော်တက်သွားသည်ကို မြင်လျှင် ကျားဒုံရွှီ အထင်လွဲပြီး အများကြီး တွေးနေမည်လား မည်သူသိမည်နည်း ။

ထိုသို့ ဆိုလျှင် ဤကိစ္စက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလာမည် ။ သူ ပျင်းရိနေ၍ သားရဲများအား စိတ်အနှောက်အယှက် ပေးရန် ကြိုးစား ပေတော့မည် ။

All Chapters