← Chapters

အခန်း ၂၃၃

Vol. 23 Ch. 233

အခန်း ၂၃၃

Vol. 23 Ch. 233

Chapter 233

~

အခန်း ၂၃၃ : ဖစ်တာ အလုပ် စာမေးပွဲ

~

​ မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် အချိန်ကုန်လွန်သွားခဲ့သည် ။

​ ယနေ့ မနက်စောစောတွင် ကျားမိသားစုက စားပွဲတွင် ဝိုင်းထိုင်ကာ မနက်စာ စားနေကြသည် ။

​ စားပွဲပေါ်တွင် ပြောင်းဖူးဆန်ပြုတ် ပန်းကန်လုံးကြီး တစ်လုံးနှင့် ဟင်းသီးဟင်းရွက်ချဥ် ပန်းကန်ငယ်တစ်ခုသာ ရှိနေသည် ။

​ ရိုးရှင်းလှသော်လည်း ကျားမိသားစု၏ လက်ရှိ အခြေအနေအရ ဤသည်က သူတို့ မနက်စာအတွက် တတ်နိုင်သမျှပင် ဖြစ်သည် ။

​ အရင်ကလို အစားအစာတိုင်းအတွက် ပြောင်းဖူးပေါင်း စားနိုင်ရန်မှာ မဖြစ်နိုင်တော့ပေ ။

​ ယခု သူတို့ စားနေရသည့် အရာများကပင် အခြားသူများ၏ ပေးကမ်းစွန့်ကြဲမှုအပေါ် မှီခိုနေရသည် ။

​ ချင်ဟွိုင်ရုက ကျားပန့်ကန့်၏ ပန်းကန်ထဲသို့ ဟင်းသီးဟင်းရွက်ချဥ် အနည်းငယ် ထည့်ပေးလိုက်ပြီး ကျားဒုံရွှီကို မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည် ။

​ " ဒုံရွှီ.. ဒီနေ့က စက်ရုံရဲ့ အရည်အချင်းစစ် စာမေးပွဲနေ့နော်.. ရှင် ဘယ်လောက် ပြင်ဆင်ထားလဲ.. အဆင့် ၄ အလုပ်သမား ဖြစ်ဖို့ ယုံကြည်ချက် ရှိရဲ့လား.. "

​ သူမ ဤသို့ဖြစ်နေသည်မှာ မဆန်းပေ ။ ကျားမိသားစု၏ ဘဝက ယခုအခါ အလွန့်အလွန်ကို ခက်ခဲနေသောကြောင့်ပင် ။

​ အကယ်၍ ကျားဒုံရွှီသာ အဆင့် ၄ အလုပ်သမားအဖြစ် ရာထူးတိုးသွားပါက တစ်လလျှင် ၅၃ ယွမ်နီးပါး ရရှိမည်ဖြစ်ပြီး မိသားစု၏ ဖိအားကို များစွာသက်သာစေမည် ။

​ သူတို့က သူများပေးကမ်းတာကိုပဲ အမြဲ မှီခိုနေလို့ မရပေ ။

​ ကျားဒုံရွှီက ခေါင်းငုံ့ကာ ပြောင်းဖူးဆန်ပြုတ်ကို တစ်ငုံ သောက်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်၍ တွေဝေသော လေသံဖြင့် ...

​ " အဆင်ပြေပါတယ်.. ဒါပေမဲ့ အဆင့် ၄ စာမေးပွဲက တော်တော် ခက်တယ်.. ငါ့မှာ အပြည့်အဝ ယုံကြည်ချက်ရှိတယ်လို့တော့ မပြောနိုင်ဘူး.. "

​ သူတို့က နှစ်ပေါင်းများစွာ အကြင်လင်မယားအဖြစ် နေလာခဲ့ကြသူများဖြစ်၍ သူ ရာထူးတိုးရန် အခွင့်အလမ်း သိပ်မများမှန်း ချင်ဟွိုင်ရု သိလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသည် ။

​ ကျားကျန်းရှီက ကျားဒုံရွှီကို ဉာဏ်ကောင်းသည်ဟု အမြဲပြောရဲသည်မှာ အံ့သြစရာပင် ။

​ သို့သော် ကျားဒုံရွှီက စက်ရုံတွင် အလုပ်လုပ်လာသည်မှာ ဆယ်နှစ်ရှိပြီဖြစ်သော်လည်း သူက အဆင့် ၃ အလုပ်သမားသာ ရှိသေးသည် ။

​ ဖစ်တာသမား ဖြစ်ရသည်က ဤမျှ ခက်ခဲသည်လော ။ သူမ စာသိပ်မဖတ်ဖူးသဖြင့် ဤကိစ္စများကို သိပ်နားမလည်ပေ ။

​ သို့သော် ကျားကျန်းရှီက ထိုစကားကို ကြားသောအခါ အလွန် မကျေမနပ်ဖြစ်သွားပြီး ဒေါသတကြီး ပြောလိုက်သည် ။

​ " ဒုံရွှီ.. နင် ဘာလို့ ဒီလောက် ယုံကြည်ချက် မရှိရတာလဲ.. နင်က ဒီမိသားစုရဲ့ ထောက်တိုင်ပဲလေ..ဒီ အမေအိုကြီးက နင့်အပေါ် မှီခိုပြီး ကောင်းကောင်းမွန်မွန် နေရဖို့ မျှော်လင့်နေတုန်းပဲ.. နေ့တိုင်း ပြောင်းဖူး​ပေါင်းချည်းပဲ ဆက်မစားချင်တော့ဘူး.. "

​ ထိုစကားကို ကြားသောအခါ ချင်ဟွိုင်ရုက တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်မိသည် ။

​ ' နေ့တိုင်း ပြောင်းဖူးပေါင်းချည်းပဲ ဆက်မစားချင်တော့ဘူး ဟုတ်လား.. '

ဤစကားက သူမ၏ ယောက်ျားကို လှည့်စားရန်သက်သက်သာ ။

​ ဤကျားကျန်းရှီတွင် သီးသန့်စုငွေက အတော်လေး တောင့်တင်းလှသည် ။ ကျားကျန်းရှီ စားသောက်ဆိုင်များသို့ ခိုးထွက်သွားသည်ကို တစ်ကြိမ်ထက်မက သူမ မြင်ဖူးသည် ။

​ သူမ၏ မိသားစု ကြမ်းတမ်းသော အစားအစာများကို စားနေရချိန်တွင်ပင် သူမက အရှက်မရှိ ပြောရဲသေးသည် ။

​ သို့သော် ကျားဒုံရွှီကိုတော့ သူမ မပြောရဲချေ ။

​ ကျားဒုံရွှီက အမေကို အရမ်းကြောက်ပြီး ရိုသေလွန်းသူ ဖြစ်သည် ။ သူမ ပြောပြလျှင်ပင် ကျားဒုံရွှီက ယုံမည်မဟုတ်မှန်း သူမ သိသည် ။ ကျားကျန်းရှီသာ သိသွားပါက သူမ အရိုက်ခံရနိုင်သေးသည် ။

​ ကျားဒုံရွှီက ခါးသက်သက် ရယ်လိုက်ပြီး အကူအညီမဲ့ဟန်ဖြင့် .....

​ " အမေ.. ကျွန်တော်လည်း အောင်ချင်တာပေါ့.. ဒါပေမဲ့ အဆင့် ၄ စာမေးပွဲက တကယ် မလွယ်ဘူး.. ကျွန်တော့်ရဲ့ လက်ရှိ ကျွမ်းကျင်မှုက အဆင့် ၃ အလုပ်သမား အဆင့်ပဲ ရှိသေးတယ်.. အဆင့် ၄ ဖြစ်ဖို့ နည်းနည်း လိုနေသေးတယ်.. "

​ ကျားကျန်းရှီက နှာခေါင်းရှုံ့ကာ ညည်းတွားလိုက်သည် ။

​ " နင့် ယီကျုံးဟိုင်က အစွမ်းကုန် သင်မပေးလို့ နေမှာပါ.. နင်နဲ့ တစ်ချိန်တည်း စက်ရုံထဲ ဝင်လာတဲ့ တချို့လူတွေဆို အဆင့် ၅ အလုပ်သမားတောင် ဖြစ်နေပြီလို့ အမေ ကြားတယ်.. နင် ကတော့ ခုထိ အဆင့် ၃ ပဲ ရှိသေးတယ်.. သူ သေချာပေါက် အကုန်သင်မပေးတာပဲ ဖြစ်ရမယ်.. "

​ ထိုစကားကို ကြားသောအခါ ကျားဒုံရွှီ လန့်သွားသည် ။

​ ဤအရာက ယခင်က ယန်ကျီဝမ် သူ့ကို ပြောခဲ့သည့် စကားကို ပြန်အမှတ်ရစေသည် ။ ယီကျုံးဟိုင်က ပညာဝှက်ထားသည်ဟု ယန်ကျီဝမ်လည်း ပြောခဲ့သည် မဟုတ်ပါလော ။

​ ယခု သူ၏ အမေကပါ အလားတူ စကားမျိုး ပြောလာလိမ့်မည်ဟု သူ မျှော်လင့်မထားပေ ။ သူ သံသယ ဝင်လာမိသည် ။

' ငါ့ ဆရာက ငါ့ကို တကယ့် ကျွမ်းကျင်မှုတွေ သင်ပေးဖို့ ဆန္ဒမရှိတာလား ...'

​ သူက သံသယဖြင့် မေးလိုက်သည် ။

​ " ဆရာက အဲ့လိုလူမျိုး မဟုတ်လောက်ပါဘူးနော်.. "

​ တခြားကိစ္စများကို ဘေးဖယ်ထားလျှင် ယီကျုံးဟိုင်က သူ့အပေါ် ဤနှစ်များတစ်လျှောက်လုံး ကောင်းမွန်ခဲ့သည် ။

​ ငွေချေးပေးပြီး ပြောင်းဖူးမှုန့်တွေပေးခဲ့သည် ။ ထို့အပြင် အဆင်ပြေမှသာ ပြန်ဆပ်ရန် ပြောပြီး ပြန်ဆပ်ရန် ဘယ်တော့မှ မတိုက်တွန်းခဲ့ပေ ။

​ " အဲ့လိုလူမျိုး မဟုတ်ဘူးလား.. ဟမ့်.. သူက ငါတို့ မိသားစု အဆင်ပြေနေတာကို မကြည့်ချင်လို့ပဲ နေမှာ.. "

​ ကျားကျန်းရှီက အေးစက်သော မျက်နှာထားဖြင့် ...

​ " ငါတို့ မိသားစု ဘဝ တိုးတက်လာရင် သူ့အိုမင်းတဲ့အချိန်မှာ ပြုစုစောင့်ရှောက်ဖို့ နင် ဆန္ဒမရှိတော့မှာကို သူ ကြောက်နေတာ ဖြစ်ရမယ်.. "

​ ကျားဒုံရွှီက ခေါင်းခါလိုက်ပြီး..

​ " အဲ့လို ဖြစ်လာမှာ မဟုတ်ပါဘူး.. တပည့်တစ်ယောက်ဆိုတာ ဆရာအတွက် သားတစ်ဝက်ပါပဲ.. ကျွန်တော်က သူ့တပည့် ဖြစ်လာပြီးမှတော့ သူကလည်း ကလေးမရှိဘူးဆိုတော့ သူ့အိုမင်းတဲ့အချိန်မှာ ကျွန်တော် သေချာပေါက် ပြုစုစောင့်ရှောက်ပေးမှာပါ.. "

​ ကျားကျန်းရှီက နားထောင်ရင်း ကျိန်ဆဲကာ သူမ၏ စိတ်ပျက်မှုကို ဖော်ပြလိုက်သည် ။

​ " ဒုံရွှီ.. နင် က အရမ်း ရိုးသားလွန်းတယ်.. အဲ့ဒါကြောင့် အမြတ်ထုတ်ခံရတာ လွယ်တာပေါ့ သိလား.. "

​ " နင် ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတာပဲ.. ယီကျုံးဟိုင်သာ တကယ် ပညာမဝှက်ထားဘူးဆိုရင် နင် အခုလောက်ဆို အဆင့် ၅ အလုပ်သမားတောင် ဖြစ်နေလောက်ပြီ.. "

​ ဤစကားကို ကြားသောအခါ ကျားဒုံရွှီ၏ မျက်မှောင်များ ပို၍ နစ်ဝင်သွားသည် ။

​ သူကိုယ်သူ ပါရမီရှင်ဟု ယူဆ မထားသော်လည်း ဉာဏ်ထိုင်းသူ မဟုတ်မှန်းတော့သိ၏ ။

​ သူ့အမေ ပြောသကဲ့သို့ပင် နှစ်ပေါင်းများစွာ ကြာပြီးနောက် အဆင့်၅ သို့ မရောက်လျှင်တောင် အနည်းဆုံး အဆင့်၄ သို့ ရောက်နေသင့်သည် ။

​ သို့သော် မည်သို့ ဖြစ်နေသနည်း ။ သူသည် အဆင့် ၃ အလုပ်သမားအဖြစ်သာ ရှိသေးပြီး ထိုအဆင့်ကိုပင် သီသီလေး ရောက်နေခြင်း ဖြစ်သည် ။

​ ဤအချိန်တွင် ချင်ဟွိုင်ရုကလည်း ဝင်ပြောလိုက်သည် ။

​ " ဒုံရွှီ.. အမေ ပြောတာလည်း အဓိပ္ပါယ် ရှိတယ်လို့ ထင်တယ်.. ဥပမာပြောရရင် မနှစ်က ကျွန်မ အလုပ်တစ်ခု ရဖို့ ဦးလေးယီကို အကူအညီ တောင်းခဲ့တယ်လေ.. ဒါပေမဲ့ နှစ်ဝက်ကျော်သွားတာတောင် သူက ဆင်ခြေတွေချည်းပဲ ပေးနေတာ.. "

​ အကယ်၍ သူမသာ စက်ရုံအလုပ်သမားတစ်ယောက် ဖြစ်လာပါက သူမ၏ ကနဦးလစာ သိပ်မများသော်လည်း ကျားဒုံရွှီ၏ ဖိအားများကို လျော့ကျစေနိုင်သည် ။

​ ထို့အပြင် သူမ တရားဝင် အလုပ်သမား ဖြစ်လာသည်နှင့် သူမ၏ အိမ်ထောင်စုစာရင်းကို မြို့သို့ ရွှေ့ပြောင်းနိုင်မည် ။

​ ထိုအခါ သူမနှင့် ကလေးများ အားလုံး မြို့ပြ ရိက္ခာဝေစုများကို ရရှိမည်ဖြစ်ပြီး ရှာကျူးနှင့် ယီကျုံးဟိုင်တို့၏ ပေးကမ်းစွန့်ကြဲမှုကို မျှော်လင့်စောင့်စားနေစရာ မလိုတော့ပေ ။

​ ကျားဒုံရွှီက သိပ်တော့မယုံချင်သေး ။ သူက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် လက်ယမ်းလိုက်ပြီး..

​ " ကဲပါ.. ဘာပဲဖြစ်ဖြစ် ဆရာယီက ငါ့ဆရာပဲလေ.. ဒီလိုကိစ္စတွေကို ဆက်မပြောရအောင်.. "

​ ချင်ဟွိုင်ရုက နားထောင်ပြီးနောက် ဆက်မပြောရဲတော့ပေ ။

​ ကျားကျန်းရှီက မျက်လုံးလှန်လိုက်ပြီး ထပ်ပြောရန် ပျင်းရိသွားသည် ။

​ မည်သို့ပင် ဆိုစေကာမူ ထိုကလေးမရှိသော ယီကျုံးဟိုင်သည် အိုမင်းချိန်တွင် ထောက်ပံ့ရန် သူမ၏ သားဖြစ်သူကို မျှော်လင့်နေဆဲဖြစ်သဖြင့် သူမတို့ မိသားစုကို အငတ်ထားမည် မဟုတ်ပေ ။

​ ထိုကြောင့် သူမ စိုးရိမ်မနေတော့ ။

​ ထို့အပြင် သူမ၏ သီးသန့်ငွေစုဘူးတွင် ငွေအတော်အတန် စုဆောင်းထားပြီး ဖြစ်သည် ။

​ အဘိုးကျားထံမှ ရသော ပင်စင်လစာနှင့် သားဖြစ်သူ ကျားဒုံရွှီက နေထိုင်စရိတ်အတွက် လစဥ်ပေးသော ငါးယွမ်တို့ဖြင့် နှစ်အတော်ကြာ စုဆောင်းလာခဲ့ရာ အတော်လေး များပြားနေလေပြီ ။ သူမ စားသောက်ဆိုင်များသို့ အကြိမ်များစွာ ခိုးထွက်ရန် လုံလောက်သည် ။

​ ထို့အပြင် သူမတွင် ရွှေလက်စွပ် တစ်ကွင်းလည်း ရှိသေးသည် ။

​ ...

​ မနက်စာ စားပြီးနောက်...

​ ကျားဒုံရွှီနှင့် ယီကျုံးဟိုင်တို့ သံမဏိစက်ရုံသို့ သွားကြသည် ။

​ စက်ရုံသို့ ရောက်သည်နှင့် သူနှင့် ယီကျုံးဟိုင်တို့က အလုပ်ရုံမှူးကော၏ ရုံးခန်းသို့ တန်းသွားလိုက်ကြသည် ။

​ ယနေ့သည် သံမဏိစက်ရုံ၏ သုံးလတစ်ကြိမ် အရည်အချင်းစစ် စာမေးပွဲနေ့ ဖြစ်သည် ။

​ သူတို့က စာမေးပွဲအတွက် စာရင်းသွင်းရန် သွားနေခြင်းပင် ။

​ ကျားဒုံရွှီက အဆင့် ၄ အလုပ်သမားအဖြစ် စာမေးပွဲ ဝင်မည်ဖြစ်ပြီး ယီကျုံးဟိုင်ကတော့ အဆင့် ၈ အလုပ်သမားအဖြစ် ဝင်ရောက် ဖြေဆိုမည် ဖြစ်သည် ။

​ နှစ်ပေါင်းများစွာ အတွေ့အကြုံများ စုဆောင်းပြီးနောက် ယီကျုံးဟိုင်က စာမေးပွဲကို အောင်မြင်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည် ။

​ အလုပ်ရုံမှူးကော၏ ရုံးခန်းသို့ ရောက်သောအခါ တံခါးပွင့်နေသည်ကို တွေ့လိုက်ရသည် ။

​ သူတို့ အထဲသို့ ဝင်လိုက်စဥ် သူတို့ လုံးဝ မမြင်ချင်သော လူတစ်ယောက်ကို မြင်လိုက်ရ၏ ။

​ ကျားဒုံရွှီက အာမေဍိတ်သံဖြင့်ပင်..

​ " ယန်လောင်အာ.. မင်း ဒီမှာ ဘာလာလုပ်တာလဲ.. "

​ ယန်ကျီဝမ်က ခေါင်းလှည့်ကာ သူ့ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်ပြီး ....

​ " မင်း လာလုပ်တဲ့ ကိစ္စမျိုးကိုပဲ လာလုပ်တာပေါ့.. "

​ " ဟမ့်.. မင်းလို ဝယ်ယူရေး ဝန်ထမ်းက ဖစ်တာ စာမေးပွဲ လာဖြေမလို့လား.. မင်းက စက်အစိတ်အပိုင်းတွေကိုတောင် သွေးတတ်လို့လား.. "

​ ထိုစကားကို ကြားသောအခါ ကျားဒုံရွှီ ချက်ချင်းပင် အံ့သြသွားသည် ။

​ ဝယ်ယူရေး ဝန်ထမ်းတစ်ယောက်က ဖစ်တာအလုပ်သမား စာမေးပွဲ ဝင်ဖြေမည် ဟူသည်က သူ၏ ဘဝတွင် ကြားဖူးသမျှ အကြီးမားဆုံး ဟာသတစ်ခုပင် ။

​ ဤ ယန်လောင်အာသည် ပြီးခဲ့သည့် လဝက်ခန့်က နေ့စဥ် အလုပ်ရုံသို့ လာရောက် လေ့လာ သင်ယူနေခဲ့သည်မှာ မှန်သော်ညား....

​ လဝက်အတွင်း သူ ဘာများ သင်ယူနိုင်မည်နည်း ။

​ သူ လုံးဝ မယုံ ။

​ ယီကျုံးဟိုင်လည်း အနည်းငယ် ရယ်ချင်သွားသည် ။

​ ဤ ယန်လောင်အာ၏ မာနက မိုးသို့ ထိုးနေ၏ ။

​ စာအနည်းငယ် ပိုသင်ထားရုံဖြင့် အခြားသူများထက် သာလွန်မည်ဟု ထင်နေသည်လော ။

​ သို့သော် ယန်ကျီဝမ် လူရယ်စရာဖြစ်မည့် အဖြစ်မျိုး မြင်ရမည်ဖြစ်၍ သူ အလွန် ဝမ်းသာနေသည် ။

​ သူက ကျားဒုံရွှီကို ပြုံးပြကာ ...

​ " ကဲပါ ဒုံရွှီ.. သူ လုပ်ချင်တာ လုပ်ပါစေ.. ငါတို့နဲ့မှ မဆိုင်တာ.. ငါတို့အလုပ် ငါတို့ လုပ်ကြရအောင်.. "

​ " ဟုတ်ကဲ့ပါ ဆရာ.. "

​ ကျားဒုံရွှီက ခေါင်းညိတ်လိုက်ပြီးနောက် အလုပ်ရုံမှူးကောကို ပြောလိုက်သည် ။

​ " အလုပ်ရုံမှူး.. ကျွန်တော် အဆင့် ၄ အလုပ်သမား စာမေးပွဲအတွက် စာရင်းပေးချင်လို့ပါ.. "

​ " ကောင်းပြီ.. မင်းနာမည် မှတ်ထားလိုက်မယ်.. "

​ အလုပ်ရုံမှူးကောက စာရင်းသွင်းဖောင်ကို ယူကာ ကျားဒုံရွှီ၏ နာမည်ကို ရေးမှတ်လိုက်သည် ။

​ ကျားဒုံရွှီက မတော်တဆ ယန်ကျီဝမ်၏ နာမည် ပါနေသည်ကို တွေ့လိုက်ရသဖြင့် မယုံနိုင်စွာဖြင့် အော်ပြောလိုက်သည် ။

​ " သောက်ခွေး.. ယန်လောင်အာလည်း အဆင့် ၄ စာမေးပွဲ ဝင်ဖြေမလို့လား.. "

All Chapters