← Chapters

အခန်း ၂၃၅

Vol. 23 Ch. 235

အခန်း ၂၃၅

Vol. 23 Ch. 235

Chapter 235

~

အခန်း ၂၃၅ : အလျှော့ပေးခြင်း...

~

​နေ့လည်ခင်း အလုပ်ဆင်းပြီးနောက် ကျားဒုံရွှီက စိတ်ပျက်လက်ပျက်ဖြင့် အိမ်ပြန်လာသည် ။

​တံခါးဝသို့ ရောက်သည်နှင့် အဝတ်လျှော်နေသော ချင်ဟွိုင်ရုက မျှော်လင့်တကြီးဖြင့် ဆီးကြိုမေးလေ၏ ။

​" ဒုံရွှီ.. ရှင် အရည်အချင်းစစ် စာမေးပွဲ အောင်ခဲ့လား.. "

​မနက်ကတည်းက ကျားဒုံရွှီက သိပ်ယုံကြည်မှုမရှိကြောင်း ပြောခဲ့သော်လည်း သူမက အောင်မြင်မည်ဟု မျှော်လင့်နေဆဲပင် ။ သို့သော် လက်တွေ့က ရက်စက်လှသည် ။ ကျားဒုံရွှီက ခါးသီးသော မျက်နှာဖြင့် ခေါင်းခါပြရုံသာ တက်နိုင်တော့၏ ။

​ထိုအခါ ချင်ဟွိုင်ရု၏ မျက်နှာတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားသော်လည်း သူမက နှစ်သိမ့်ပေးရှာသည် ။

​" ကိစ္စမရှိပါဘူး.. ဒီတစ်ခါ မအောင်ရင်လည်း နောက်တစ်ခါ ပြန်ဖြေလို့ရတာပဲ.. နောက်ဆုံးကျရင်တော့ အောင်သွားမှာပါ.. "

​" ဟူး.. ခက်မယ်ထင်တယ်.. "

​ကျားဒုံရွှီက ခေါင်းခါရင်း သက်ပြင်းချလိုက်သည် ။

​ချင်ဟွိုင်ရုက အံ့သြသွားပြီး ရှုပ်ထွေးဟန်ဖြင့်...

​" ဒုံရွှီ.. ရှင် ဘာလို့ အဲ့လိုပြောရတာလဲ.. "

​ကျားဒုံရွှီက နောက်သို့ လှည့်ကြည့်လိုက်ပြီး ယီကျုံးဟိုင်က သူ့အခန်းထဲ ပြန်ဝင်သွားသည်ကို မြင်လျှင် တိုးတိုးလေး ပြောလိုက်သည် ။

​" မင်းနဲ့ အမေ ပြောတာ မှန်လောက်တယ်.. ယီကျုံးဟိုင်က တကယ်ပဲ ပညာချန်ထားပြီး ငါ့ကို အစစ်အမှန် ကျွမ်းကျင်မှုတွေ သင်မပေးခဲ့ဘူး.. "

​ချင်ဟွိုင်ရု၏ မျက်လုံးများ ပြူးကျယ်သွားသည် ။ အမြဲတမ်း ရိုသေကိုင်းရှိုင်းတတ်သော ကျားဒုံရွှီက ဤသို့ ပြောထွက်လာလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ ။ သူမက ဆက်မေးလိုက်၏ ။

​" ဒုံရွှီ.. ရှင် တစ်ခုခု သိလာခဲ့လို့လား.. "

​" မသိပါဘူး.. "

​ကျားဒုံရွှီက ခေါင်းခါလိုက်ပြီး...

​" ဒါပေမဲ့ ယန်ကျီဝမ်က စသင်တာ လဝက်ပဲ ရှိသေးတယ်.. အဆင့် ၄ အလုပ်သမား စာ​မေးပွဲကို အောင်သွားပြီ.. ငါ နှစ်ပေါင်းများစွာ သင်လာတာ မအောင်စရာ အကြောင်းမရှိဘူးလေ.. "

​" ငါက ယန်ကျီဝမ်လောက် ဉာဏ်မကောင်းတာ ဖြစ်နိုင်ပေမဲ့ ငါ့ကိုယ်ငါတော့ တုံးတယ်လို့ မထင်ဘူး.. ငါ မယုံချင်ပေမဲ့ ဒါက အမှန်တရား ဖြစ်နိုင်တယ်.. "

​" အယ်.. "

​ချင်ဟွိုင်ရုက ကြောင်တောင်တောင်ဖြင့် ....

​" ဒုံရွှီ.. ရှင် ဘာပြောလိုက်တယ်.. ယန်ကျီဝမ်က အဆင့်လေးကို အောင်သွားပြီ ဟုတ်လား.. သူက ဝယ်ယူရေး ဝန်ထမ်း မဟုတ်ဘူးလား.. "

​ကျားဒုံရွှီက ညှိုးနွမ်းစွာဖြင့် ...

​" အဲ့ကောင် ဘာတွေ စဥ်းစားနေလဲ ငါလည်း မသိဘူး.. လဝက်လောက်က သူ အလုပ်ရုံကို ရုတ်တရက် ရောက်လာပြီး ဖစ်တာပညာ သင်ချင်တယ်လို့ ပြောတယ်.. အဲ့ဒါနဲ့ ကောတာဖျဲ့ဇီ က သူ့ကို ဆရာတစ်ယောက် ပေးလိုက်တာပဲ.. "

​ဤနေရာသို့ ရောက်သောအခါ ကျားဒုံရွှီက အလွန် မကျေမနပ် ဖြစ်သွားသည် ။ သူသည် အလုပ်သင်အဖြစ် သုံးနှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ယီကျုံးဟိုင်ကို ဆရာအဖြစ် သတ်မှတ်ကာ အိုမင်းမစွမ်းချိန်တွင် လုပ်ကျွေးပြုစုပါမည်ဟု ကတိပေးခဲ့ရ၏ ။ ထိုမှသာ ယီကျုံးဟိုင်က သူ၏ ပညာများကို သင်ပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည် ။

​သို့သော် ယန်ကျီဝမ်သည်တော့ ရောက်ရောက်ချင်းပင် အစစ်အမှန် ပညာများကို သင်ပေးမည့်သူ ရှိနေခဲ့သည် ။ ထို့အပြင် သူက အဆင့်လေး အလုပ်သမားအရည်အချင်းစစ်ကို အောင်မြင်ရန် လဝက်သာ အချိန်ယူခဲ့ရ၏ ။ တစ်ပါးသူနှင့် နှိုင်းယှဥ်ကြည့်ပါက ဒေါသထွက်စရာပင် ။

​ထို ကျန်းတာ့လီကလည်း လူမိုက်ပင် ။ သူ ပင်ပင်ပန်းပန်း သင်ယူခဲ့ရသော ပညာများကို အလွယ်တကူ သင်ပေးလိုက်သည် ။ ပိုဆိုးသည်က ယန်ကျီဝမ်သည် ကျန်းတာ့လီကို တကယ့်ဆရာ တစ်ယောက်အနေဖြင့် သတ်မှတ်ထားပုံ မရချေ ။

​ဤသည်ကို ကြားလျှင် ချင်ဟွိုင်ရု၏ သူငယ်အိမ်များ ကျယ်လာပြီး အံ့အားသင့်စွာ ရေရွတ်လိုက်၏ ။

​" ဒါဆို ယန်ကျီဝမ်က လဝက်လေးနဲ့တင် အဆင့် ၄ အလုပ်သမား ဖြစ်သွားတာပေါ့.. "

​ကျားဒုံရွှီက ဝန်မခံလိုသော်လည်း ခေါင်းညိတ်ပြလိုက်သည် ။

​အတည်ပြုချက် ရပြီးနောက် ချင်ဟွိုင်ရုက အသက်ရှူမှားသွား၏ ။ ဤ ယန်ကျီဝမ်က အရမ်း တော်လွန်းနေသည် ။ သူမ၌ ထိုသို့ အရည်အချင်းရှိသော ယောက်ျားမျိုးကို တွေ့ရန် အဘယ်ကြောင့် ကံမပါခဲ့ပါသနည်း ။ သူမ၏ နှလုံးသားထဲတွင် မနာလိုမှုများ ပြည့်နှက်သွားသည် ။

​သို့သော် သူမက ဆက်ပြောသည် ။

​" ဒုံရွှီ.. ဦးလေးယီက ရှင့်အပေါ် ပညာချန်ထားတာ အမှန်ပဲလို့ ကျွန်မလည်း ထင်တယ်.. ရှင်ပြောသလိုပဲ ရှင်က ယန်ကျီဝမ်လောက် မတော်ရင်တောင် အရမ်းကြီး ကွာခြားနေမှာ မဟုတ်ဘူးလေ.. ဒီလောက် နှစ်တွေ ကြာနေမှတော့ ရှင် အဆင့်ငါး အလုပ်သမားတောင် ဖြစ်နေသင့်ပြီ.. "

​" ငါလည်း အဲ့လိုပဲ တွေးမိတယ်.. "

​ကျားဒုံရွှီက ခေါင်းညိတ်၍ ထပ်ဖြည့်ပြောသည် ။

​" ပြီးတော့ မင်းမသိသေးဘူး.. ယီကျုံးဟိုင်က ဒီတစ်ခေါက် အဆင့်ရှစ် အလုပ်သမား စာမေးပွဲကို အောင်သွားတယ်.. သူက အခု စက်ရုံမှာ လက်ချိုးရေလို့ရတဲ့ အဆင့်ရှစ် အလုပ်သမားတွေထဲက တစ်ယောက် ဖြစ်သွားပြီ.. "

​ချင်ဟွိုင်ရု၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည် ။

​" အဆင့်ရှစ် အလုပ်သမား.. ဒါဆို တစ်လ လစာက အများကြီး ရမှာပေါ့.. "

​ယီကျုံးဟိုင် အဆင့်ခုနစ် အလုပ်သမား ဘဝတုန်းက သူ၏ လစာသည် ၈၅ ယွမ် ရနေပြီဖြစ်ကြောင်း ကျားဒုံရွှီပြောပြဖူးသည် ။ ထောက်ပံ့ကြေးများနှင့်ဆိုလျှင် ယွမ် ၉၀ ပင် ကျော်လွန်နေ​သည် ။ ယခု အဆင့်ရှစ် အလုပ်သမား ဖြစ်သွားပြီဆိုလျှင် သူ၏ လစာက မည်မျှအထိ မြင့်တက်သွားပါသနည်း ။

​ကျားဒုံရွှီက မနာလိုဟန်ဖြင့် ...

​" အဆင့်ရှစ် အလုပ်သမား တစ်ယောက်ရဲ့ လစာက တစ်လကို ၉၉ ယွမ်ပဲ.. ထောက်ပံ့ကြေးတွေနဲ့ ခံစားခွင့်တွေ ပေါင်းလိုက်ရင် ၁၁၀ ဝန်းကျင်လောက် ရှိနိုင်တယ်.. "

​" ဘုရားရေ.. "

​ချင်ဟွိုင်ရုက အံ့သြတကြီးဖြင့် သူမ၏ ပါးစပ်ကို အုပ်လိုက်သည် ။ တစ်လလျှင် ၁၁၀ ဆိုသည်က သူမ တစ်သက်နှင့်တစ်ကိုယ် ဤမျှ များပြားသော လစာကို မမြင်ဖူးခဲ့ချေ ။ တစ်နှစ်ဆိုလျှင် ထောင်ဂဏန်းပင် ကျော်သွားမည် ။ သူတို့ မိသားစုတွင် လူနှစ်ယောက်သာ ရှိသဖြင့် တစ်လလျှင် ၃၀ သုံးလျှင်ပင် လတိုင်း ယွမ် ခုနစ်ဆယ် ရှစ်ဆယ်ခန့် စုဆောင်းနိုင်မည် ဖြစ်သည် ။ သူမ၏ မိသားစုသာ ဖြစ်ခဲ့လျှင် မည်မျှကောင်းမည်နည်း ။

​သူမ အသက်ရှူမှားသွားသည်ကို မြင်လျှင် ကျားဒုံရွှီက မျက်မှောင်ကြုတ်လိုက်ပြီး..

​" အသံတိုးတိုးပြောပါ.. တစ်ယောက်ယောက် ကြားသွားဦးမယ်.. "

​ချင်ဟွိုင်ရုက ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏ ။

​" ဒုံရွှီ.. အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ.. "

​ယီကျုံးဟိုင် ပညာချန်ထားခြင်း ရှိမရှိ အတည်မပြုနိုင်သေးသော်လည်း အမှန်တရားနှင့် အလွန်နီးစပ်နေမည်မှာ သေချာပေသည် ။ အကယ်၍ အမှန်သာဆိုလျှင် သူသည် တစ်သက်လုံး အဆင့်သုံး အလုပ်သမား ဘဝဖြင့်သာ နေရတော့မည် ။ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန် လုံးဝ မဖြစ်နိုင်တော့ချေ ။

​ကျားဒုံရွှီက ခဏစဥ်းစားပြီးနောက် တိုးတိုးလေး ပြောလိုက်သည် ။

​" မနက်ဖြန် စက်ရုံသွားရင် အဆင့်လေး အလုပ်သမားရဲ့ ပညာရပ်တွေကို တစ်ယောက်ယောက်ဆီကနေ တိတ်တိတ်လေး သွားမေးကြည့်ဖို့ စဥ်းစားထားတယ်.. ယီကျုံးဟိုင် သင်ပေးထားတာတွေနဲ့ မတူဘူးဆိုရင် သူ တကယ် ပညာချန်ထားတာကို အတည်ပြုလို့ရပြီ.. "

​ချင်ဟွိုင်ရုက ခေါင်းညိတ်လိုက်ပြီး...

​" ပြီးတော့ရော.. "

​ကျားဒုံရွှီက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်သည် ။

​" ဘာပြီးတော့ရောလဲ.. ယီကျုံးဟိုင်က အခု အဆင့်ရှစ် အလုပ်သမား ဖြစ်နေပြီ.. သူ တကယ် ပညာချန်ထားတာကို သိရင်တောင် ငါတို့ သူ့ကို ဖွင့်ချလို့ မရဘူး.. "

​သူသည် ယီကျုံးဟိုင်၏ တပည့် မဟုတ်ခဲ့လျှင်ပင် ယီကျုံးဟိုင်ကို မစော်ကားရဲပေ ။ ယခုအခါ ယီကျုံးဟိုင်က အဆင့်ရှစ် အလုပ်သမား ဖြစ်နေလေပြီ ။ သူ့ကို ထိန်းချုပ်ရန် အလွန်လွယ်ကူလွန်းလှသည် ။ ထို့အပြင် သူ၏ မိသားစုက ယီကျုံးဟိုင်၏ အကူအညီကို မှီခိုနေရဆဲပင် ။ ထို့ကြောင့် ပညာချန်ထားသည်ကို အတည်ပြုနိုင်လျှင် သူ မသိချင်ယောင်ဆောင်ကာ အရှက်ကို မြိုသိပ်ထားရုံသာ တက်နိုင်တော့မည် ။

​ချင်ဟွိုင်ရုသည်လည်း ဤအချက်ကို သတိထားမိပုံရသည် ။ သူမက နာကြည်းစွာဖြင့်...

​" အခုကစပြီး တခြားသူတွေရဲ့ အကူအညီကို မှီခိုပြီး ရှင်သန်ရတော့မှာလား.. အီး..ဟင့်ဟင့်.. "

​ပြောရင်းဆိုရင်း သူမ စတင် ငိုကြွေးလေတော့၏ ။

​ဤသည်ကို မြင်လျှင် ကျားဒုံရွှီက စိတ်အနှောင့်အယှက် ဖြစ်သွားသည် ။ သူက လက်ဝေ့ယမ်းကာ...

​" ကဲပါ.. ငို မနေပါနဲ့.. ငါလည်း စိတ်ညစ်နေရတဲ့အထဲ.. တကယ်လို့သာ အဆင်မပြေရင် တခြားသူတွေဆီကနေ တိတ်တိတ်လေး အကြံဉာဏ် သွားတောင်းကြည့်မယ်.. နောက်ပိုင်းကျရင် အဆင့်လေး အလုပ်သမား စာမေးပွဲကို အောင်ဖို့ မျှော်လင့်ချက် ရှိနိုင်သေးတာပဲ.. "

​' ယန်ကျီဝမ်ဆီကများ အကြံဉာဏ် သွားတောင်းရမလား... '

​ဤအတွေးက ကျားဒုံရွှီ၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်လာသော်လည်း ချက်ချင်းပင် ပယ်ဖျက်လိုက်သည် ။ ထိုသည်က မဖြစ်နိုင် ။ အစောပိုင်းက ကောက်ပဲသီးနှံများ ဝယ်ရန် အကူအညီတောင်းသည်ကိုပင် သူက လက်မခံခဲ့ပေ ။ ယခု သူ့ကို မည်သို့ ကူညီနိုင်ပါမည်နည်း ။ စာမေးပွဲ မအောင်သည်ကိုပင် တိတ်တိတ်လေး လှောင်ပြောင်နေမည်မှာ သေချာ၏ ။

'မေ့လိုက်တာပဲ ကောင်းပါတယ်လေ ..'

​" ဒါပဲ တက်နိုင်တော့တာပေါ့.. "

​ချင်ဟွိုင်ရုက အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည် ။

​သို့သော် သူမ မသိလိုက်သည်မှာ ယီကျုံးဟိုင်က ထိုသို့ ဖြစ်လာစေရန် လုံးဝ ခွင့်ပြုမည် မဟုတ်ပေ ။ အရင်ကတည်းက လုပ်နိုင်ခဲ့ပြီး ယခု အဆင့်ရှစ် အလုပ်သမား ဖြစ်လာချိန်တွင် သူ့ကို ထိန်းချုပ်ရန် ပို၍ပင် လွယ်ကူသွားသည် ။ ယီကျုံးဟိုင် ခေါင်းမညိတ်သရွေ့ ကျားဒုံရွှီ ရာထူးတိုးရန် ဤတစ်သက်တွင် မဖြစ်နိုင်တော့ချေ ။

​အခြားတစ်ဖက်တွင် ...

​ယန်မိသားစုက ညစာစားနေကြသည် ။ ယွီလီက ထမင်းစားဝိုင်း၌ မရှိချေ ။ ယခုအခါ သူမကို ရန်ရွေ့ဟွားက ကျွေးမွေးပြုစုပေးနေပြီး အိမ်ထဲမှ မထွက်ရသည်မှာ လဝက်ပင် ရှိနေလေပြီ ။

​မိခင်ကြီးက ကောင်းမွန်စွာ ပြုစုပေးနေသဖြင့် ယန်ကျီဝမ်က စိုးရိမ်ပူပန်ခြင်း မရှိပေ ။ ယန်ကျီဝမ်သည် သူ၏ ဇနီးကို သိပ်မတွေ့ရသည်မှာ လဝက်ခန့် ရှိနေပြီဖြစ်၍ အလွန် နေရခက်နေခြင်းသာ ဖြစ်သည် ။ သို့သော် မကြာမီ အဆင်ပြေသွားမည် ။ ကလေး တစ်လပြည့်သွားသည်နှင့် သူ့အမေက သူ့ကို တားမြစ်တော့မည် မဟုတ်ချေ ။

​ယန်ဖူကွေ့က ကြက်သားတစ်တုံးကို ယူ၍ ပါးစပ်ထဲ ထည့်လိုက်ပြီး စားရင်းဖြင့် ယန်ကျီဝမ်ကို စပ်စုချင်ဟန်ဖြင့် မေးလိုက်သည် ။

​" ဒုတိယသား.. ဒီနေ့ မင်း ဖစ်တာ အရည်အချင်းစစ် သွားဖြေတာ အဆင့် ၄ အောင်လာတယ်ဆို.. "

​အခြားသူများသည် ယွီလီ၏ ကျေးဇူးကြောင့် ကြက်သားစားခွင့် ရနေကြ၏ ။ ယွီလီ မီးတွင်းထဲ ရှိနေစဥ် ရန်ရွေ့ဟွားက သူမကို နေ့တိုင်းနီးပါး ကြက်တစ်ကောင် ချက်ကျွေးသည် ။ ယွီလီ ကုန်အောင် မစားနိုင်သည်များကို ကျန်လူများက ခွဲဝေစားသောက်ကြ၏ ။ ကြက်များကိုတော့ ယန်ကျီဝမ်က ပြန်ယူလာခဲ့ခြင်း ဖြစ်သည် ။

​ယခုလို အရင်းအမြစ်များ ရှားပါးနေချိန်တွင် ငွေရှိလျှင်ပင် ကြက်များ ဤမျှလောက် ရရန် မဖြစ်နိုင်ပေ ။ ယန်ကျီဝမ်က နို့မှုန့်ကဲ့သို့သော အာဟာရဖြည့်စွက်စာများကိုလည်း အများအပြား ပြန်ယူလာခဲ့သေးသည် ။

All Chapters