အခန်း ၂၃၆
Vol. 23 Ch. 236
Chapter 236
~
အခန်း ၂၃၆ : အကြံဉာဏ် တောင်းရမည့်သူ မရှိခြင်း
~
ယန်ကျီဝမ်သည် သူ၏ တူကို ခဏချထားလိုက်ပြီး မေးလိုက်၏ ။
" အဖေ.. ဒီသတင်းကို ဘယ်ကနေ ကြားလာတာလဲ.. "
သူ စိတ်ကူးပေါက်ရာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဤကိစ္စကို ပြောပြရန် စီစဥ်မထားပေ ။ သို့သော် ခြံဝင်းတစ်ခုလုံး ပျံ့နှံ့သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ ။
" သြော်.. အဲ့တာ တာမော့ ပြောတာလေ.. သူက မင်းတို့ စက်ရုံက ကိစ္စတွေကို အသိဆုံးပဲ.. "
ယန်ဖူကွေ့က ပြုံး၍...
" မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ.. ဒါ အမှန်ပဲပေါ့နော်.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည် ။
ယန်ကျီဖန့်က မေးလိုက်၏ ။
" အစ်ကိုနှစ်.. အစ်ကိုက ဖစ်တာဘက်ကို ပြောင်းဖို့ စဥ်းစားနေတာလား.. အဆင့်လေး အလုပ်သမားရဲ့ လစာက တစ်လကို ဘယ်လောက်ရလဲ.. "
ယန်ဖူကွေ့က ဝင်ဖြေလိုက်သည် ။
" အဆင့်လေး အလုပ်သမား တစ်ယောက်ရဲ့ လစာက ၅၃ ယွမ်ရှိတယ်.. "
" ၅၃ ယွမ်.. "
ယန်ကျီဖန့်က အသက်ရှူမှားသွားပြီး သက်ပြင်းချလိုက်သည် ။
" အဲ့လောက်ဆိုရင် အသားတွေ အများကြီး ဝယ်စားလို့ ရပြီ.. "
ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့ကလည်း အံ့အားသင့်စွာဖြင့်...
" အဲ့လောက်ဆိုရင် ပေကျင်းယန် ဆိုဒါတွေနဲ့ ယုန်ဖြူ နို့သကြားလုံးတွေ အများကြီး ဝယ်စားလို့ ရမှာပဲ.. "
ထိုစကားကို ကြားလျှင် ယန်ဖူကွေ့က ရယ်မောရင်း ဆူပူလိုက်သည် ။
" ဟားဟားဟား...မင်းတို့ ကလေးစုတ်တွေ.. စားဖို့ပဲ သိကြတယ်.. "
ဆူပူပြီးနောက် ယန်ဖူကွေ့က ယန်ကျီဝမ်ကို ထပ်မေးလိုက်သည် ။
" ဒုတိယသား.. မင်း ဖစ်တာ လုပ်ဖို့ စဥ်းစားနေတာလား.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး..
" မဟုတ်ဘူး.. ဖစ်တာ လစာက များပေမဲ့ အလကားတော့ မဟုတ်ဘူးလေ.. ဝယ်ယူရေးဘက်ကပဲ ပိုကောင်းပါတယ်.. "
ယန်ဖူကွေ့က ဘာမှ မပြောတော့ပေ ။
ယန်မိသားစုတွင် ငွေကြေး မချို့တဲ့ ။ ဤလစာပမာဏက သူ၏ ငါးဖမ်းခြင်းဖြင့် ရရှိသော ဝင်ငွေနှင့် ယှဥ်လျှင် ရက်အနည်းငယ်စာမျှသာ ရှိ၏ ။
ဥပမာအားဖြင့် သူသည် လက်ရှိတွင် အလုပ်မလုပ်တော့ဘဲ အားလပ်ချိန်များတွင် ဟောက်ဟိုင်၌ ငါးသွားဖမ်းလေ့ရှိသည် ။
သူ အလုပ်လုပ်တုန်းကထက်ပင် တစ်လ ဝင်ငွေပိုများနေသေး၏ ။
ခဏနားပြီးနောက် ယန်ဖူကွေ့က ဖြည့်ပြောလိုက်သည် ။
" တာမော့ ပြောတာ ကြားလိုက်တယ်.. ယီကျုံးဟိုင်က အဆင့်ရှစ် အလုပ်သမား စာမေးပွဲ အောင်သွားတယ်ဆို.. အဲ့ဒါ အမှန်လား.. "
" အမှန်ပဲ.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်သည် ။
သူ ကြော်ငြာသင်ပုန်းကို သွားကြည့်ခဲ့ရာ ယီကျုံးဟိုင်၏ နာမည်ကို အဆင့်ရှစ် အလုပ်သမား စာရင်းထဲတွင် တွေ့ခဲ့ရသည် ။
ယန်ကျီဖန့်က မနေနိုင်ဘဲ မေးလိုက်၏ ။
" အစ်ကိုနှစ်.. အဆင့်ရှစ် အလုပ်သမား တစ်ယောက်ရဲ့ လစာက တစ်လ ဘယ်လောက်လဲ.. "
ယန်ကျီဝမ်က ပြန်ဖြေလိုက်သည် ။
" တစ်လကို ၉၉ ယွမ်.. "
" အို.. ဘုရားရေ.. "
ယန်ကျီဖန့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်စွာ အော်လိုက်၏ ။
" အဲ့လောက်တောင် များတာလား.. ကျွန်တော် တစ်သက်လုံး သုံးလို့တောင် ကုန်မှာ မဟုတ်ဘူး.. "
စကားပုံအတိုင်းပင် ဆင်းရဲခြင်းက စိတ်ကူးဉာဏ်ကို ကန့်သတ်ထားသည် ။
ယန်ကျီဖန့်သည် ဤမျှ များပြားသော ငွေကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် မည်သို့ သုံးစွဲရမှန်းပင် မသိတော့ချေ ။
" ဒါက သာမန်ပါပဲ.. ဘာပဲပြောပြော ယီကျုံးဟိုင်က ဆယ်စုနှစ်ပေါင်းများစွာ ဖစ်တာဆရာ လုပ်လာခဲ့တာလေ.. "
ယန်ဖူကွေ့က နည်းနည်းလေး မနာလို ဖြစ်မိသော်လည်း အလွန် သာမန်ကျသည်ဟု ခံစားရ၏ ။
ယန်ကျီဖန့်က ရုတ်တရက် လက်မြှောက်လိုက်ပြီး..
" အစ်ကိုနှစ်.. ကျွန်တော် ပြောစရာ ရှိတယ်.. "
" ပြောလေ.. "
ယန်ကျီဖန့်က ခဏစဥ်းစားပြီးနောက် ရိုးသားစွာ ပြုံး၍ ပြောလိုက်သည် ။
" အစ်ကိုနှစ်.. ကျွန်တော်တို့ ကျောင်းက ပိတ်ထားတာ ကြာပြီ.. ဘယ်တော့ ပြန်ဖွင့်မယ်မှန်းလည်း မသိဘူး.. "
" အင်း.. ပြီးတော့ရော.. "
ယန်ကျီဖန့်က ခေါင်းကုတ်ရင်း ရှက်ရွံ့ဟန်ဖြင့်...
" ကျွန်တော် ၁၆ နှစ် ပြည့်တော့မှာ မဟုတ်လား.. အစ်ကို ကျွန်တော့်ကို အလုပ်ရအောင် ကူညီပေးလို့ မရဘူးလား.. "
" အခု အဖေလည်း အလုပ် မလုပ်တော့ဘူးဆိုတော့ မိသားစုထဲမှာ အစ်ကိုပဲ အလုပ်လုပ်ပြီး မိသားစုကြီးကို ထောက်ပံ့နေရတာ.. ကျွန်တော်လည်း အစ်ကို့ ဝန်ထုပ်ဝန်ပိုးကို ဝေမျှပေးချင်ရုံသက်သက်ပါ.. "
ထိုစကားကို ကြားလျှင် ယန်ကျီဝမ် ပြုံးလိုက်သည် ။
သူ နားလည်သွားပြီ ။
' ဒီကောင်လေး အလုပ်လုပ်ချင်နေတာပဲ ...'
ယန်ဖူကွေ့က ဆူလိုက်သည် ။
" မင်း ဘာတွေ စဥ်းစားနေတာလဲ.. အလုပ်ဆိုတာ အဲ့လောက် လွယ်လွယ် ရှာလို့ရတာ မဟုတ်ဘူး.. ပြီးတော့ မင်းအဖေ အလုပ် မလုပ်တော့ပေမဲ့ အခုဝင်ငွေက မနည်းဘူး.. မင်းတို့တွေ ငတ်သေမှာ ကြောက်နေတာလား.. "
" ကဲပါ.. အမှန်အတိုင်း ပြောတော့မယ်.. "
ယန်ကျီဖန့်က ပခုံးတွန့်လိုက်ပြီး ရိုးသားစွာ ပြောသည် ။
" ကျွန်တော်က အစ်ကိုနှစ်လောက် မတော်မှန်း သိတယ်.. စာကျက်ရတာလည်း မကြိုက်ဘူး.. အမှတ်တွေကလည်း အမြဲ နိမ့်တယ်.. အခု ကျောင်းတွေ ပိတ်ထားပြီး ဘယ်တော့ ပြန်ဖွင့်မယ်မှန်း မသိတော့ အလုပ်သွားလုပ်လိုက်တာက ပိုကောင်းမယ်လို့ တွေးမိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် အထက်တန်းကျောင်း ဒါမှမဟုတ် နည်းပညာကျောင်းတွေ တက်နိုင်ဖို့လည်း မသေချာဘူးလေ.. "
" ဒီလိုဆိုရင်လည်း အစ်ကို့ရဲ့ မိသားစု ဖိအားတွေကို ဝေမျှပေးနိုင်မှာပေါ့.. "
ယန်ဖူကွေ့က ရယ်လိုက်ပြီး..
" မင်း အစောက ပြောတာတွေက ကောင်းပါတယ်.. နောက်ဆုံး ကျန်တာကတော့ မပြောနဲ့တော့.. "
" မင်း စက်ရုံကို အရင်ဆုံး ဝင်တာနဲ့ အလုပ်သင်ပဲ ဖြစ်ဦးမှာ.. အလုပ်သင် လစာက တစ်လမှ ဆယ်ဂဏန်းလောက်ပဲ ရှိမှာ.. မင်းက ဘယ်လို ဖိအားကို ဝေမျှမှာလဲ.. "
ယန်ကျီဖန့်၏ မျက်နှာက ထိုစကားကို ကြားလျှင် ရှက်ရွံ့မှုကြောင့် နီရဲသွား၏ ။
သူက ကြားကောင်းသည့် စကားကောင်းလေး ပြောချင်ရုံသက်သက်ပင် ။ သို့သော်...
ယန်ကျီဝမ်က ဝင်ပြောလိုက်သည် ။
" တတိယညီ.. မင်း ဘာအလုပ်မျိုး လုပ်ချင်တာလဲ.. "
ယန်ကျီဝမ်သည် ယန်ကျီဖန့် ပြောသောစကားက မှန်သည်ဟု တွေးမိသည် ။
စာကျက်ရသည်ကို သဘောမကျလျှင် ကျောင်း ဆက်တက်နေလည်း ဘာမှ ထူးခြားလာမည် မဟုတ်ပေ ။
တန်းပြီး အလုပ်ရှာလိုက်သည်က ပိုကောင်းပေသည် ။
ယန်ကျီဖန့်က ခဏစဥ်းစားပြီး ...
" အစ်ကိုနှစ်.. ကျွန်တော် အလုပ်ရုံထဲ သွားလုပ်လို့ ရမလား.. "
ယန်ကျီဝမ် မျက်မှောင်ကြုတ်လိုက်သည် ။
" ဝယ်ယူရေးလိုမျိုးဆိုရင်တော့ ပြောရလွယ်ပါတယ်.. ဒါပေမဲ့ အလုပ်ရုံအတွက်ဆိုရင်တော့ စောင့်ရလိမ့်ဦးမယ်.. "
ဝယ်ယူရေး အလုပ်အတွက်ဆိုရင် သူ လီဟွိုက်တဲကို အကူအညီ တောင်း၍ ရသည် ။
ငွေကြေးနဲ့ မဆိုင်သည်မို့ လီဟွိုက်တဲကလည်း သူ့မျက်နှာကို ထောက်ထားပေလိမ့်မည် ။
သို့သော် အလုပ်ရုံက စက်ရုံမှူးယန် နှင့် သက်ဆိုင်သဖြင့် လီဟွိုက်တဲ ဖြေရှင်းပေးနိုင်မည်လား မသိ ။
" ဟုတ်ကဲ့.. ကျွန်တော် အလျင်မလိုပါဘူး အစ်ကို့ စိတ်ထဲ မှတ်ထားပေးပါ.. "
ယန်ကျီဖန့်က ခေါင်းညိတ်လိုက်သည် ။
ယန်ဖူကွေ့က စိတ်မရှည်ဟန်ဖြင့်...
" အလျင်လိုလို့ ရမှာလည်း မဟုတ်ပါဘူး.. တတိယသား.. ဒုတိယသားက ကူညီပေးရင်တော့ မင်း သူ့ကျေးဇူးကို ကောင်းကောင်း မှတ်ထားရမယ်.. လူဆိုတာ ကျေးဇူးကန်းလို့ မဖြစ်ဘူး.. "
" ပြီးတော့ မင်းတို့ အရင်က ဆွေးနွေးထားသလိုပဲ.. အလုပ်အတွက် ပေးရတဲ့ ငွေတွေကို အစ်ကို့ဆီက ချေးထားတာလို့ပဲ သတ်မှတ်.. နောက်ပိုင်း ပြန်ဆပ်ရမယ်.. "
ယန်ကျီဖန့်က အမြန် သဘောတူလိုက်သည် ။
" မှတ်မိပါတယ်.. အလုပ်စလုပ်တာနဲ့ တစ်လ ဆယ်ယွမ်စီ ပြန်ဆပ်ပါ့မယ်.. အကြွေးကျေတဲ့အထိပေါ့.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး..
" မင်း အဲ့လောက်အထိ ပြန်ဆပ်စရာ မလိုပါဘူး.. အလုပ်သင် လစာက တစ်လ ၁၈ ယွမ်ပဲ ရှိတာ.. တစ်လ ၅ ယွမ်ဆိုရင် ရပါပြီ.. "
" ရပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာပဲ စားနေတာလေ.. အဲ့လောက် မလိုပါဘူး.. "
ယန်ကျီဖန့်သည် အကြွေးကျေအောင် ဆပ်ပြီးလျှင် လစာက သူ့အတွက်ပဲ ဖြစ်လာတော့မည်ကို စိတ်ကူးယဥ်နေ၏ ။
အလုပ်အဆင့် တိုးလာရင် လစာက ပိုများလာမည် ။
နောက်နှစ်အနည်းငယ်ဆိုရင် သူ အိမ်ထောင်ပြုရန် ငွေစုနိုင်တော့မည် ။
ထိုဘဝကို တွေးကြည့်ရုံဖြင့် သူ့ရင်ထဲ၌ ပီတိများ ဖြစ်ပေါ်လာသည် ။
ယန်ကျီဝမ်က အတင်း မတိုက်တွန်းတော့ဘဲ ခေါင်းညိတ်ပြလိုက်၏ ။
" မင်း သဘောအတိုင်းပါပဲ.. ဒါပေမဲ့ အဲ့လောက်တော့ မြန်မှာ မဟုတ်ဘူး.. သတင်းစောင့်နေလိုက်.. "
" ဟုတ်ကဲ့.. "
....
နောက်တစ်နေ့ ....
ကျားဒုံရွှီက ယီကျုံးဟိုင်နှင့်အတူ ပုံမှန်အတိုင်း အလုပ်သွားကြသည် ။
သူ့အလုပ်ခုံက ယီကျုံးဟိုင်နှင့် အလွန် နီးကပ်နေသဖြင့် အခြားသူများကို အကြံဉာဏ် တောင်းရန် အခွင့်အရေး မရသေးချေ ။
ယီကျုံးဟိုင် အပြင်ဘက်သို့ ဆေးလိပ်သောက်ရန် ထွက်သွားမှသာ သူ အခွင့်အရေးကို အသုံးချ၍ တစ်ယောက်ယောက်ကို အကြံဉာဏ် သွားတောင်းလိုက်သည် ။
" ဆရာကျိုး.. တစ်ခုလောက် မေးလို့ ရမလားခင်ဗျာ.. "
ကျားဒုံရွှီက အဆင့် ၅ အလုပ်သမား ဆရာကျိုးကို ရိုသေစွာ မေးလိုက်၏ ။
ဆရာကျိုးက အသက် ၄၀ ကျော်အရွယ် ဖြစ်သည် ။
သူက စပ်စုဟန်ဖြင့်....
" ဘာများ မေးချင်လို့လဲ.. "
ကျားဒုံရွှီက..
" ကျွန်တော် အဆင့် ၄ အလုပ်သမားနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ မေးချင်လို့ပါ.. "
ဆရာကျိုးက ခဏလေး တွန့်ဆုတ်သွားပြီး လက်ယမ်းကာ ပြုံးလိုက်သည် ။
" မင်းက လာနောက်နေတာပဲ.. မင်းရဲ့ ဆရာ ယီက အဆင့်၈ အလုပ်သမားလေ.. ငါဘယ်လိုလုပ် မင်း ဆရာလောက် သိမှာလဲ... "
ပြောပြီးနောက် ဆရာကျိုးက သူ့အလုပ်ကို သူ ဆက်လုပ်နေသည် ။
ထိုသည်ကို မြင်လျှင် ကျားဒုံရွှီ အလွန် စိတ်ပျက်သွားသည် ။
ဆရာကျိုးက ယီကျုံးဟိုင်ကို ကြောက်၍ ပြောပြရန် ဝန်လေးနေခြင်း ဖြစ်ကြောင်း သူ ခန့်မှန်းမိသည် ။
ယီကျုံးဟိုင်က အဆင့် ၈ အလုပ်သမား ဖြစ်ပြီး အလွန် ရိုသေလေးစားခံရသူမို့ စက်ရုံက လူတွေက သူ့ကို မစော်ကားလိုကြသည်မှာ ထူးဆန်းသည် မဟုတ်ပေ ။
ထို့နောက် ကျားဒုံရွှီက အခြားသော အသက်ကြီးသည့် ဆရာကြီး အချို့ကို ဆက်တိုက် မေးမြန်းခဲ့သော်လည်း အားလုံးက ယောင်ဝါးဝါး ငြင်းဆန်ကြသည် ။
သူတို့ထဲက မည်သူမှ ယီကျုံးဟိုင်ကို မစော်ကားရဲကြပေ ။
ယီကျုံးဟိုင်က တမင် ဖုံးကွယ်ထားကြောင်း သူ သိပြီးပြီ ဖြစ်သော်လည်း ဘာမှ မတတ်နိုင်တော့ချေ ။
ကျားဒုံရွှီ၏ ရင်ထဲ ဝမ်းနည်းမှုတို့ ပြည့်နှက်သွားပြီး သူ၏ အနာဂတ်က မှောင်မိုက်နေသလိုပင် ။
မကြာမီ ယီကျုံးဟိုင် ပြန်ရောက်လာပြီး ကျားဒုံရွှီက သူတစ်ခုခု ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် အလုပ်ကို ကြိုးစားလုပ်နေဟန် ချက်ချင်း ဆောင်လိုက်ရတော့သည် ။