← Chapters

အခန်း ၂၃၈

Vol. 23 Ch. 238

အခန်း ၂၃၈

Vol. 23 Ch. 238

Chapter 238

~

အခန်း ၂၃၈ : ယောကျ်ားတိုင်း မငြင်းနိုင်သော လက်​​ဆောင်...

~

​ အမျိုးသမီး နှစ်ယောက် အထဲဝင်သွားပြီးနောက် ကျန်းဝေ့ကောက ပြုံးလိုက်ပြီး ယန်ကျီဝမ်၏ ပခုံးကို ပုတ်ကာ...

​ " ယန်ကျီဝမ်.. ဂုဏ်ယူပါတယ်.. ရှီတိုးလေး တစ်လပြည့်သွားပြီဆိုတော့ မင်းတို့လင်မယားလည်း ကာလတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီပေါ့.. "

​ သူ၏ လေသံထဲတွင် အားကျမှုများဖြင့် ပြည့်နှက်နေ၏ ။

​ သူနှင့် မော်ရှောင်ဖန်းတို့ လက်ထပ်ခဲ့ကြသည်မှာ အတန်ကြာခဲ့ပြီဖြစ်သော်လည်း ယခုထက်ထိ ကလေး မယူဖြစ်သေးပေ ။

​ သူတို့၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု မူမမှန်၍ မဟုတ်ဘဲ ကျန်းဝေ့ကောက မော်ရှောင်ဖန်းအပေါ် စာနာပြီး ကလေးမယူခင် သူမ၏ ကျန်းမာရေးကို အရင်ဆုံး ပြန်လည်ကောင်းမွန်လာစေချင်သောကြောင့် ဖြစ်သည် ။

​ မော်ရှောင်ဖန်းသည် သူနှင့် မပေါင်းဖက်ရခင်က ဒုက္ခမျိုးစုံကို ခံစားခဲ့ရသည် ။

​ သူမသည် လေတစ်ချက်တိုက်ရုံနှင့် လဲကျသွားတော့မည့်အလား အသားအရေ ညိုမည်းကာ ပိန်လှီခြောက်ကပ်နေခဲ့ခြင်း ဖြစ်သည် ။

​ လအနည်းငယ်ခန့် ပြုစုပျိုးထောင်ပြီးနောက်တွင် မော်ရှောင်ဖန်း၏ အခြေအနေက များစွာ ကောင်းမွန်လာခဲ့ပေသည် ။

​ သူမ၏ မျက်နှာလေးက ပို၍ ပြည့်ဖြိုးလာပြီး ကိုယ်အလေးချိန်လည်း အနည်းငယ် တက်လာသည် ။

​ မကြာမီ အချိန်အတွင်း သူမ ကိုယ်ဝန်ဆောင်ရန်အတွက် စတင် ပြင်ဆင်နိုင်တော့မည် ။

​ ယန်ကျီဝမ်က ပြုံး၍...

​ " ခင်ဗျားနဲ့ မော်ရှောင်ဖန်းလည်း မြန်မြန်လုပ်ကြလေ.. အဲ့ဒါမှ ကလေးတွေ အတူတူ ကစားဖော် ရကြမှာ.. "

​ ကျန်းဝေ့ကော၏ မျက်နှာက နီရဲသွားပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့်...

​ " မကြာခင်ပါပဲ.. မကြာခင်ပါပဲ.. မော်ရှောင်ဖန်းရဲ့ ခန္ဓာကိုယ် ပိုကောင်းလာတာနဲ့ ငါတို့လည်း ကလေးယူဖို့ ပြင်ဆင်တော့မှာ.. "

​ " ဒါဆိုရင်တော့ ကြိုတင်ပြီး ဂုဏ်ယူလိုက်ပါတယ်ဗျာ.. "

​ " ဟားဟား.. အားနာစရာ မလိုပါဘူး.. အားနာစရာ မလိုပါဘူး.. "

​ နောက်ဆုံးမှ ရောက်လာသူများမှာ အဘိုးဝမ်နှင့် အဘွားလင်းတို့ ဖြစ်ကြသည် ။

​ သူတို့သည်လည်း နို့မှုန့်များနှင့် ကြက်ဥများကဲ့သို့သော အာဟာရဖြည့်စွက်စာ အများကြီးကို ယူဆောင်လာခဲ့ကြသည် ။

​ အဘွားလင်းက သူမ၏ မြစ်လေးကို ကြည့်ချင်သည်ဟု ချက်ချင်းပင် ပြောလိုက်သည် ။

​ ယန်ကျီဝမ် ရွေးချယ်စရာမရှိဘဲ သူတို့ကို အိမ်ထဲသို့ ခေါ်ဆောင်သွားရတော့သည် ။

​ သူတို့ အထဲသို့ ဝင်ဝင်ချင်းပင် အမျိုးသမီး အနည်းငယ်က ရှီတိုးလေးကို ဝိုင်းအုံကြည့်နေကြသည်ကို မြင်လိုက်ရ၏ ။

​ ရှီတိုးလေးက လူစိမ်းများကို မကြောက်ဘဲ သူ၏ မျက်လုံးဝိုင်းကြီးများဖြင့် ပုတ်ခတ်ပုတ်ခတ် ကြည့်နေသည် ။

​ အဘွားလင်းက ရန်ရွေ့ဟွား၏ အနီးသို့ တန်းတန်းမတ်မတ် သွားလိုက်ပြီး လက်လှမ်း၍ ရှီတိုးလေးကို ပွေ့ချီလိုက်ကာ သူမ၏ မျက်နှာပေါ်တွင် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေပြီး.....

​ " အို.. ငါတို့ရဲ့ ရှီတိုးလေးက တကယ့်ကို ထွားထွားလေးပဲ.. ပါးဖောင်းဖောင်းလေးနဲ့ အရမ်း ချစ်စရာကောင်းတာပဲ.. "

​ ရန်ရွေ့ဟွားက ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး...

​ " ဟုတ်ပါ့ရှင်.. ဒီကလေးက သူ့အဖေ ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ.. "

​ အဘွားလင်းက သဘောကျလွန်း၍ ပါးစပ်မပိတ်နိုင်အောင် ရယ်လိုက်ပြီး ယွီလီနှင့် ယန်ကျီဝမ်တို့ကို ပြောလိုက်သည် ။

​ " ယွီလီ.. ယန်ကျီဝမ်.. မင်းတို့ အားတဲ့အခါကျရင် ရှီတိုးလေးကို ငါ့ဆီ မကြာမကြာ ခေါ်လာခဲ့ကြအုံး.. ငါ သူ့ကို ငါ့ရဲ့ မြစ်အရင်းလေးလို တကယ့်ကို အသည်းယားတာ.. "

​ ယန်ကျီဝမ်နှင့် ယွီလီတို့က အမြန် ခေါင်းညိတ်လိုက်ကြပြီး...

​ " အဘွားလင်း စိတ်ချပါ.... ကျွန်တော်တို့ ရှီတိုးလေးကို အဘွားဆီ မကြာခဏ ခေါ်လာခဲ့ပါ့မယ်.. "

​ ဧည့်သည်များအားလုံး စုံလင်စွာ ရောက်ရှိလာကြပြီဖြစ်၍ ကလေးတစ်လပြည့်ပွဲကို တရားဝင် စတင်လိုက်တော့သည် ။

​ လူတိုင်းက ယန်ကျီဝမ် စိတ်ကြိုက် ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိလှသည့် ဟင်းလျာများကို ပျော်ပျော်ရွှင်ရွှင် သုံးဆောင်ကြပြီး ဤအစားအစာအပေါ် များစွာ ကျေနပ်အားရကြသည် ။

​ ပွဲလမ်းသဘင် ပြီးဆုံးသွားပြီးနောက်တွင် ဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြ၏ ။

​ ညနေခင်း ရောက်သောအခါ ယန်ကျီဝမ်သည် နောက်ဆုံးတွင် သူ အလိုရှိသည့်အတိုင်း အိမ်နောက်ဘက်သို့ ပြန်ရောက်လာခဲ့သည် ။

​ ရှီတိုးလေးက ပုခက်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေလေ၏ ။

​ ယန်ကျီဝမ်က မှိုရသည့် မျက်နှာဖြင့်..

​ " နောက်ဆုံးတော့ မိန်းမနဲ့အတူတူ ပြန်အိပ်လို့ ရပြီ.. အရမ်း လွမ်းနေတာ.. "

​ ထိုသို့ပြောရင်း သူက ယွီလီကို အိပ်ရာပေါ်သို့ ဆွဲခေါ်ကာ အနားယူရန် ပြင်လိုက်သည် ။

​ ယွီလီက ငေါက်လိုက်သည် ။

​ " တိုးတိုးလုပ်ပါ.. ရှီတိုးလေး နိုးသွားပါအုံးမယ်.. "

​ " ရပါတယ်.. သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပဲဟာ.. "

​ ယန်ကျီဝမ်က ယွီလီကို ဖက်ထားလိုက်သည် ။ တစ်လတာလုံး ခံစားခဲ့ရသော ဝေဒနာက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ ။

​ သို့သော် သူ အပျော်စောသွားခဲ့ခြင်းသာ ဖြစ်သည် ။

​ တစ်ညလုံးတွင် ရှီတိုးလေး ဗိုက်ဆာ၍ဖြစ်စေ၊ သေးပေါက်၍ဖြစ်စေ၊ အီးပါ၍ဖြစ်စေ သူ အကြိမ်ကြိမ် ထခဲ့ရသည် ။

​ မနက်ခင်းတွင် ယန်ကျီဝမ်က ကလေးကို နို့တိုက်ရန် ယွီလီထံသို့ ကမ်းပေးလိုက်သည် ။ သူ၏ မျက်နှာထက်တွင် ပန်ဒါမျက်ကွင်းကြီး နှစ်ကွင်း ဖြစ်ပေါ်နေလေ၏ ။

​ ယွီလီက သူ့ကို တစ်ချက်ကြည့်ကာ ရယ်လိုက်ပြီး...

​ " ဟိဟိ...အမေက မရဘူးလို့ ပြောတာကို ရှင်ကပဲ တတ်နိုင်ပါတယ်ဆိုပြီး ဇွတ်လုပ်တာလေ.. အခုတော့ နောင်တရနေပြီ မလား.. "

​ ယန်ကျီဝမ်က ကသိကအောက် ပြုံးလိုက်ပြီး...

​ " ဒီကောင်လေးက ဒီလောက်တောင် မငြိမ် ဖြစ်လိမ့်မယ်လို့ ကိုယ် ထင်မထားမိဘူး.. "

​ ယွီလီက ပြုံးကာ...

​ " မေမေ့ကိုပဲ ပြန်လာပြီး စောင့်ရှောက်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ.. ရှင် နေ့ဘက်ကျရင် အလုပ်သွားရအုံးမှာလေ.. "

​ " ရပါတယ်.. ကိုယ် ကျင့်သားရသွားမှာပါ.. ပြီးတော့ စက်ရုံကျမှ အိပ်လို့ ရတာပဲ.. "

​ သူက ကလေး၏ အဖေဖြစ်သဖြင့် ထိုမျှလောက်သော တာဝန်သိစိတ်တော့ ရှိပေသည် ။

​ ယွီလီ ဆက်၍ မဖျောင်းဖျတော့ပေ ။

​ မနက်စာ စားပြီးနောက် ယန်ကျီဝမ်က သူ၏ ပြိုင်ကားကို နင်းကာ အလုပ်သွားရန် ပြင်လိုက်သည် ။

​ သူ ခြံဝင်းတံခါးမှ ထွက်ထွက်ချင်းပင် ယန်ကျီဖန့်က လမ်းပိတ်ရပ်လိုက်သည် ။

​ ယန်ကျီဝမ်က မျက်ခုံးပင့်လိုက်ပြီး...

​ " တတိယညီ.... မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ.. "

​ ယန်ကျီဖန့်က ထစ်ထစ်ငေါ့ငေါ့ဖြင့်...

​ " အစ်ကိုနှစ်.. ကျွန်တော် ဟို..ဟိုကိစ္စ.. အလုပ်ကိစ္စကို လာမေးတာပါ.. "

​ ယန်ကျီဝမ်က မျက်လုံးလှန်ပြလိုက်ပြီး...

​ " အေးပါ.. ငါ ဒီနေ့ မင်းအတွက် သွားမေးပေးမယ်.. အခုတော့ ဖယ်တော့.. "

​ " ဟုတ်ကဲ့.... "

​ ယန်ကျီဖန့်၏ မျက်နှာက ချက်ချင်းပင် ဝင်းပသွားပြီး ဘေးသို့ ဖယ်ပေးလိုက်သည် ။

​ အခြား ရွေးချယ်စရာ မရှိပေ ။

​ ယန်ကျီဝမ်က သူ့ကို စောင့်ရန် ပြောထားခဲ့ပြီးနောက် လဝက်ခန့် ကုန်ဆုံးသွားခဲ့လေပြီ ။ သူ အနည်းငယ် စိုးရိမ်ပူပန်လာသည် ။

​ ယန်ကျီဝမ်သည်လည်း သူ့ကို ကူညီစုံစမ်းပေးရန် အချိန်တန်ပြီဟု ခံစားမိသည် ။ သို့မဟုတ်ပါက ဤကောင်လေးက သူ့ကို တစ်နေ့လုံး လာရောက် နှောင့်ယှက်နေပေလိမ့်မည် ။

​ လမ်းခုလတ်တွင် ယန်ကျီဝမ်က စနစ်၏ ရမှတ်စတိုးထဲမှ ကောင်းမွန်သော ပစ္စည်းတစ်ခုကို လဲလှယ်လိုက်သည် ။

​ စက်ရုံသို့ ရောက်ရှိပြီး သူ၏ ပြိုင်ကားကို ပါကင်ထိုးကာ လီဟွိုက်တဲ၏ ရုံးခန်းသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည် ။

​ ရုံးခန်းတံခါးဝတွင် အတွင်းရေးမှူးကျိုးက အပြင်၌ ရပ်နေသည် ။

​ ယန်ကျီဝမ်က ရှေ့သို့ တိုးသွားပြီး စီးကရက်တစ်လိပ် ကမ်းပေးကာ ...

​ " အစ်ကိုကျိုး.. စက်ရုံမှူးလီ အခု အားရဲ့လား.. "

​ အတွင်းရေးမှူးကျိုးက စီးကရက်ကို ယူလိုက်ပြီး ပြုံး၍ ခေါင်းညိတ်ကာ...

​ " အားပါတယ်.. စက်ရုံမှူးက အခုလေးတင် ရောက်တာ.. "

​ ထိုသို့ပြောပြီးနောက် သူက ယန်ကျီဝမ်အတွက် တက်တက်ကြွကြွပင် တံခါး ခေါက်ပေးလိုက်ပြီး...

​ " စက်ရုံမှူးခင်ဗျာ.. ရဲဘော်ရှောင်ယန် ရောက်နေပါတယ်.. "

​ " ဝင်ခဲ့ပါ.. "

​ အထဲမှ လီဟွိုက်တဲ၏ အသံ ထွက်ပေါ်လာသည် ။ ထိုအခါမှသာ အတွင်းရေးမှူးကျိုးက ယန်ကျီဝမ်ကို အထဲသို့ ဝင်ရန် အချက်ပြလိုက်သည် ။

​ " ကျေးဇူးပါ အစ်ကိုကျိုး.. နောက်ရက်ကျရင် ထမင်းဖိတ်ကျွေးပါ့မယ်.. "

​ ယန်ကျီဝမ်က ယဉ်ကျေးစွာ ပြောပြီးနောက် အထဲသို့ လျှောက်ဝင်သွားသည် ။

​ လီဟွိုက်တဲက သူ၏ စာရေးစားပွဲတွင် လက်ဖက်ရည် သောက်နေရင်း ယန်ကျီဝမ် ရောက်လာသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး...

​ " မင်းက ဘာကိစ္စရှိလို့... ဒီနေ့ ငါ့ဆီကို အချိန်ပေးပြီး ရောက်လာတယ်ပေါ့..ကောင်လေး.. "

​ " ကျွန်တော့်ဆီမှာ ကောင်းတဲ့ပစ္စည်းလေး ရထားလို့ ဦးလေးလီကို သတိရပြီး လာခဲ့တာပါ.. "

​ ယန်ကျီဝမ်က ပြုံးစိစိဖြင့် ရှေ့သို့ လျှောက်သွားကာ ဖန်ပုလင်းကြီးတစ်လုံးကို စားပွဲပေါ်သို့ တင်လိုက်သည် ။

​ " တော်စမ်းပါ.. ပုံမှန်ဆို ငါ ဖိတ်ရင်တောင် မင်း မလာဘူး.. အခုတော့ လက်ဆောင်ပါ ယူလာတယ်ဆိုတော့ ငါ့ကို အကူအညီတောင်းစရာ တစ်ခုခု ရှိနေလို့ ဖြစ်ရမယ်.. "

​ လီဟွိုက်တဲက မျက်လုံးလှန်ပြလိုက်သည် ။

​ ထို့နောက် သူ၏ အကြည့်က ထိုဖန်ပုလင်းကြီးပေါ်သို့ ကျရောက်သွားသည် ။

​ အထဲတွင် ဂျင်ဆင်းအချို့နှင့် အရိုးအချို့ ရှိနေသည် ။

​ လီဟွိုက်တဲ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပြီး မသေချာဟန်ဖြင့် ...

​ " ယန်လေး.. ဒါက... "

​ " ဟဲဟဲ.. ဦးလေး.. ဒါက တကယ့် ပစ္စည်းကောင်းနော်.. "

​ ယန်ကျီဝမ်က အနားသို့ တိုးသွားပြီး စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်ရာ လီဟွိုက်တဲ၏ နှုတ်ခမ်းများက ချက်ချင်းပင် အပေါ်သို့ ကွေးညွတ်သွားတော့သည် ။

​ သူက ယန်ကျီဝမ်ကို လက်ညိုးထိုးကာ ရယ်၍ ဆဲလိုက်သည် ။

​ " ကောင်စုတ်လေး.. မင်း တကယ်မလွယ်ဘူးပဲ.. ကဲ ပြောစမ်းပါအုံး.. ငါ့ဆီက ဘာအကူအညီ လိုချင်လို့လဲ.. ဒီပစ္စည်းကို ထောက်ထားပြီး ငါ ကူညီနိုင်တာဆိုရင် သေချာပေါက် ကူညီပေးမှာပေါ့.. တကယ်လို့ မကူညီနိုင်ရင်တောင်မှ မင်းအတွက် နည်းလမ်းတစ်ခုခု ရှာပေးမယ်.. "

​ ယန်ကျီဝမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ပီတိဖြာသွားသည် ။

​ လီဟွိုက်တဲ ဤပစ္စည်းကို သေချာပေါက် ကြိုက်နှစ်သက်လိမ့်မည်ကို သူ သိထားပြီးသားပင် ။

​ ဖန်ပုလင်း အတွင်းတွင် ဂျင်ဆင်းများ ထည့်ထားသော ကျားရိုးအရက် ဖြစ်သည် ။

​ ဤသည်ကို လဲလှယ်ရန်အတွက် သူ ရမှတ် အများကြီး အသုံးပြုခဲ့ရသည် ။

​ မည်သည့်ယောကျ်ားမှ ဤလက်ဆောင်ကို ငြင်းပယ်နိုင်မည် မဟုတ်ချေ ။ အထူးသဖြင့် လီဟွိုက်တဲ ကဲ့သို့သော အသက်လတ်ပိုင်းအရွယ် လိုက်စားတက်သူ အတွက် အလွန်အဖိုးတန်၏ ။

​ ယန်ကျီဝမ်က လက်ဝါးချင်း ပွတ်ကာ အနည်းငယ် အားနာဟန်ဖြင့် ...

​ " အမှန်တော့ ကြီးကြီးမားမား မဟုတ်ပါဘူး.. ကျွန်တော့် တတိယညီလေးက အလုပ်လုပ်ရမယ့် အသက်အရွယ်ကို ရောက်လာပြီဆိုတော့ ဦးလေးဆီမှာ အလုပ်နေရာတစ်ခုလောက် တောင်းချင်လို့ပါ.. "

​ " ဒါပဲလား.. "

​ လီဟွိုက်တဲက လက်ဝှေ့ယမ်းလိုက်ပြီး...

​ " ငါက ကြီးကြီးကျယ်ကျယ် ကိစ္စမှတ်လို့.. အလုပ်နေရာတစ်ခုပဲကို.... ပြောစမ်းပါအုံး.. သူ ဘယ်ဌာနကို သွားချင်တာလဲ.. "

​ ဤကဲ့သို့သော ခေါင်းဆောင်များ၏ လက်ထဲတွင် အလုပ်နေရာ အနည်းငယ်စီ ရှိနေကြသည်မှာ သဘာဝပင် ။

​ ဤသည်က ပြဿနာ မဟုတ်ချေ ။

​ ယန်ကျီဝမ် ပေးအပ်ခဲ့သော လက်ဆောင်ကလည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည် ။

​ ဤကျားရိုးအရက် တစ်လုံး၏ တန်ဖိုးက အလုပ်နေရာတစ်ခုထက် ပိုပေသည် ။

​ သို့မဟုတ်ပါက လီဟွိုက်တဲ ဤမျှလောက်အထိ စေတနာ ကောင်းနေလိမ့်မည် မဟုတ်ချေ ။

​ " ဦးလေးက တကယ့်ကို ရက်ရောတာပဲ.. "

​ ယန်ကျီဝမ်က လက်မထောင်ပြလိုက်ပြီးနောက် ဆက်ပြောသည် ။

​ " ကျွန်တော့်ညီလေးက အလုပ်ရုံဘက်ကို သွားချင်တယ်လို့ ပြောပါတယ်.. "

​ လီဟွိုက်တဲ ထိုစကားကို ကြားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မကျေမနပ်ဖြင့်...

​ " မင်းကတော့.... တကယ်လို့ ထောက်ပံ့ရေးဌာနသာဆိုရင် ငါတစ်ခွန်းပြောရုံနဲ့ ရပေမဲ့ အလုပ်ရုံဘက်ကျတော့... "

​ ယန်ကျီဝမ်က အလျင်အမြန်ပင်...

​ " ဦးလေး.. အခက်အခဲ ရှိတယ်ဆိုရင်လည်း ထားလိုက်ပါတော့ဗျာ.. ထောက်ပံ့ရေးဌာနလည်း အဆင်ပြေပါတယ်.. အဲ့ဒါမှမရရင်လည်း သူ ကျွန်တော့်နောက်ပဲ လိုက်ခိုင်းလိုက်ပါ့မယ်.. "

All Chapters