← Chapters

အခန်း ၄၄၃

Vol. 38 Ch. 443

အခန်း ၄၄၃

Vol. 38 Ch. 443

အခန်း (၄၄၃)

အဆင့် ၉ ပလက်ဖောင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

"ပဟေဠိ ဖြေရှင်းရမယ့် ပလက်ဖောင်းတစ်ခုပါလား..." ရဲချီယန်က အလင်းမျက်နှာပြင်ပေါ်ရှိ အမည်နာမကို ကြည့်ရှုရင်း တစ်ခဏမျှ စဉ်းစား တွေးတောနေလိုက်၏။

ရိုးရိုးသားသား ဝန်ခံရလျှင် ပထမရွေးချယ်စရာသာ အဆင့် ၉ ပလက်ဖောင်းတစ်ခု ဖြစ်နေခဲ့မည်ဆိုပါက သူ ပထမတစ်ခုကိုသာ ရွေးချယ်မိလောက်ပေသည်။ ပဟေဠိ ဖြေရှင်းခြင်းဟူသော စကားရပ်က အတော်လေး ဒုက္ခပေးမည့် အရိပ်အယောင် ပေါက်နေသောကြောင့်ပင် ဖြစ်၏။ အတိတ်က ဤသို့သော ဘူတာရုံကမ္ဘာမျိုးနှင့် ကြုံတွေ့ရသည့် အခါတိုင်း ရဲချီယန်မှာ အခြား ရွေးချယ်မှုတစ်ခုကိုသာ ပြုလုပ်လေ့ရှိခဲ့ပေသည်။

"ဘာပဲဖြစ်ဖြစ် ဒါက ပထမဆုံး တွေ့ရတဲ့ အဆင့် ၉ ဘူတာရုံကမ္ဘာပဲလေ၊ ထားလိုက်ပါတော့၊ တစ်ခါတလေလောက် ပုံစံသစ်တစ်ခုကို စမ်းကြည့်တာလည်း မဆိုးပါဘူး"

"ငါ ပလက်ဖောင်း (၂) ကို ရွေးတယ်"

"လူ-ဝံပုလွေ ရွာ"

【ပလက်ဖောင်း ရွေးချယ်မှု ပြီးစီးပါပြီ】

【ကျေးဇူးပြု၍ နေရာတွင် ငြိမ်သက်စွာ ထိုင်ပြီး မြဲမြံစွာ ဖမ်းဆုပ်ထားပါ】

【ရထားသည် သင်၏ သုံးဆယ့်ခုနစ်ခုမြောက် မှတ်တိုင်ဖြစ်သော လူ-ဝံပုလွေ ရွာဆီသို့ မကြာမီ ဆိုက်ရောက်တော့မည် ဖြစ်ပါသည်】

ချလောက်... ချလောက်... ချလောက်...။

လေဟာနယ် ဟာလာဟင်းလင်းပြင်ကြီးကို ဖြတ်သန်းသွားသည်။ ပြတင်းပေါက် ပြင်ပရှိ ရှုခင်းများ ပြောင်းလဲသွားချိန်၌ ရထားအရှိန် နှေးကွေးသွားပြီး ဥဩဆွဲသံ မြည်ဟိန်းလာခဲ့၏။ သူ၏ ရထားမှာ အဆင့် ၉ ဘူတာရုံကမ္ဘာတစ်ခုဆီသို့ ပထမဆုံးအကြိမ်အဖြစ် ဆိုက်ရောက်လာခဲ့ချေပြီ။

【ဒင်... ဒင်... ဒင်...】

【ဘူတာရုံကမ္ဘာအတွင်းသို့ ဝင်ရောက်နေပါပြီ - လူ-ဝံပုလွေ ရွာ】

【ဤပလက်ဖောင်း၏ အန္တရာယ်အဆင့် - ?】

【ဤပလက်ဖောင်းသည် ရပ်နားချိန် ကန့်သတ်ချက် မရှိသော အဆင့်မြင့် ပလက်ဖောင်း ဖြစ်ပါသည်】

【လက်ရှိ ထွက်ခွာနိုင်သည့် နည်းလမ်း - ဤပလက်ဖောင်း၏ ရည်မှန်းချက်တာဝန်ကို ပြီးမြောက်အောင် ဖြေရှင်းပါ (မပြီးမြောက်သေးပါ)】

ထူးဆန်းသော ဆိုက်ရောက်မှု သတင်းအချက်အလက်ပင် ဖြစ်၏။ ပလက်ဖောင်းတိုင်းအတွက် ပုံမှန် ထွက်ပေါ်လေ့ရှိသော အန္တရာယ်အဆင့်သတ်မှတ်ချက်မှာ ဤနေရာတွင် မေးခွန်းထုတ်ရာ သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲနေခဲ့သည်။

"ထွက်ခွာမယ့် နည်းလမ်းက ရထားဒင်္ဂါးလည်း မကုန်ကျဘူးပဲ၊ အဲဒီအစား ရည်မှန်းချက်တာဝန်ကို ပြီးမြောက်အောင် လုပ်ရမယ်ပေါ့၊ ရည်မှန်းချက်က... ပဟေဠိကို ဖြေရှင်းဖို့လား"

ဤပလက်ဖောင်း၏ ထူးဆန်းမှုတို့မှာ ထိုမျှနှင့် ရပ်တန့်မနေခဲ့ချေ။ အန္တရာယ်ရှိသော သက်ရှိများ၏ တည်နေရာကို ပြသရမည့် ရထားတွဲအတွင်းရှိ သဲပုံစံငယ်ထက်၌ မည်သည့်အရာမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ မြေပုံလည်း မရှိသလို တည်နေရာ ကိုဩဒိနိတ်လည်း မရှိဘဲ ဘာတစ်ခုမျှကို မတွေ့ရတော့ချေ။

"ဘူတာဆိုက်တာနဲ့ တစ်ပြိုင်နက် ငါ့ကို အံ့ဩစရာကြီး ပေးတာပဲ၊ တကယ် စိတ်ဝင်စားဖို့ ကောင်းလိုက်တာ"

စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုက ရဲချီယန်၏ ရင်တွင်း၌ လျှံတက်လာခဲ့၏။ ဤမျှ အမည်မသိ အခြေအနေများအောက်တွင် စွန့်စားရခြင်းကသာလျှင် စစ်မှန်သော စွန့်စားခန်းတစ်ခု ဖြစ်သင့်ပေသည်။

"ဝေါလီ... မင်းကို ဒုက္ခပေးရပြန်ပြီ၊ ငါ အများကြီး မပြောတော့ဘူး၊ ဘေးကင်းအောင်ပဲ နေပါ"

သူက ပလက်ဖောင်းဆီသို့ ဝင်ရောက်ပြီးသည်နှင့် သူ၏ ခြေသလုံးနားဆီ ပြေးလာသော ဝေါလီကို ငုံ့၍ ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဝေါလီက ၎င်း၏ စက်ယန္တရား လက်မလေးများကို ဝှေ့ယမ်းပြပြီးနောက် ကိုယ်ပိုင် ရှာဖွေရေး ခရီးစဉ်ဆီသို့ စတင် ထွက်ခွာသွားခဲ့တော့၏။ ၎င်းမှာ ရဲချီယန်၏ ပလက်ဖောင်း ဖြတ်သန်းမှု တရားဝင် စတင်ပြီ ဖြစ်ကြောင်းကိုလည်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဝေါလီ၏ ကျောပြင်လေး အမြင်အာရုံထဲမှ အပြည့်အဝ ပျောက်ကွယ်သွားချိန်တွင် ရဲချီယန်က အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး စိတ်အခြေအနေကို ထိန်းညှိကာ ရထားပြတင်းပေါက်မှတစ်ဆင့် ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်လိုက်လေသည်။

ဤနေရာမှာ အလွန်အမင်း ဟောင်းနွမ်း စုတ်ပြတ်နေသော သစ်သားပလက်ဖောင်းတစ်ခု ဖြစ်၏။ စက်ခေါင်းတွဲ၏ အရှေ့ဘက်၌ နေ့ခင်းဘက်တွင်ပင် အလင်းရောင် လုံးဝ ကင်းမဲ့နေသည့် လိုဏ်ခေါင်းမည်းကြီး တစ်ခုကို တွေ့မြင်နေရသည်။ ထိုအမှောင်ထုကြီးထဲမှ မျက်လုံးအစုံပေါင်း များစွာက စိုက်ကြည့်နေသကဲ့သို့ ခံစားရစေ၏။

ဘယ်ဘက်ခြမ်းတွင်မူ မိုးမခတမျှ မြင့်မားသော ချောက်ကမ်းပါးကြီး တစ်ခုက မားမားမတ်မတ် ရပ်တည်နေသည်။ အပြာရင့်ရောင် ကျောက်သားပြင်ကြီးမှာ ကောင်းကင်ထက်ဆီသို့ တည့်မတ်စွာ ဆန့်တန်းနေပြီး တစ်ချက်ကြည့်ရုံဖြင့် အဆုံးအစ မရှိသကဲ့သို့ ထင်မှတ်ရ၏။

ကောင်းကင်ထက်တွင် နေမင်းကြီးက အမြင့်ဆုံး၌ တောက်ပနေသော်လည်း မည်သည့် နွေးထွေးမှု အရိပ်အယောင်ကိုမျှ မပေးစွမ်းနိုင်ခဲ့ချေ။ ဤနေရာ၌ နေမင်းကြီးမှ ဖြာကျနေသော အလင်းရောင်မှာ အေးစက်စက် အရောင်အဆင်း ရှိနေလေသည်။

ညာဘက်ခြမ်းကို ကြည့်လိုက်သောအခါတွင်မူ ရဲချီယန်က သာမန်ပုံစံ ရွာလေးတစ်ရွာကို မြင်တွေ့လိုက်ရသည်။

အဆင့် ၉ ပလက်ဖောင်းက ရွာလေးတစ်ရွာတဲ့လား။

"အဆင့်မြင့် ပလက်ဖောင်းတွေ ဆိုတာနဲ့ ပြည့်စုံတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်နေစရာ မလိုဘူးပေါ့၊ မဟုတ်သေးဘူး... ငါ ဘက်လိုက်ပြီး မတွေးသင့်ဘူး၊ ဒီရွာလေး ကိုယ်တိုင်ကကို ပြည့်စုံတဲ့ ဘူတာရုံကမ္ဘာတစ်ခု ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ"

တစ်ခဏမျှ စဉ်းစားပြီးနောက် သူ အဖြေရှာ မရခဲ့ချေ။ ဘာပဲဖြစ်ဖြစ် လွင်တီးခေါင်ပြင်ကြီးထဲ၌ မည်သည့်အရာပင် ဖြစ်ပျက်သည်ဖြစ်စေ၊ ထွက်ပေါ်လာသည်ဖြစ်စေ အံ့ဩထိတ်လန့်နေရန် မတန်ပေ။

"လူ-ဝံပုလွေ ရွာ... စနစ်ရဲ့ ကြေညာသံမှာရော၊ ကံကြမ္မာ လမ်းဆုံလမ်းခွမှာ ပြထားတဲ့ နာမည်မှာပါ တမင်သက်သက် ရပ်တန့်ထားတဲ့ ခြားနားချက်တွေ ပါနေတယ်၊ တကယ် ထူးဆန်းတာပဲ..."

"လူ... ဝံပုလွေ..."

သူက ပလက်ဖောင်း၏ အမည်ကို တီးတိုး ရေရွတ်နေဆဲမှာပင် ရထားခေါင်းမိုးထက်ရှိ အီဗ်ထံမှ သတိပေး သံစဉ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

သစ်သားပလက်ဖောင်း၏ အဝင်ဝတွင် စူးရှသော အနီရောင် အလင်းကွင်းတစ်ခု ပေါ်ထွက်လာသည်။ ရဲချီယန်၏ အမိန့်ပေးချက် တစ်ချက်တည်းဖြင့် ပစ်မှတ်ထား ချိတ်ဆက်ခံထားရသူကို အမှုန့်ဖြစ်အောင် မှုတ်ထုတ် ပစ်ခတ်တော့မည် ဖြစ်၏။

ရဲချီယန် မော့ကြည့်လိုက်သည်။

ပစ်မှတ်ထား ချိတ်ဆက်ခံထားရသူမှာ အံ့ဩဖွယ်ရာ လူသားတစ်ဦး ဖြစ်နေခဲ့သည်။ အသက် သုံးဆယ်ဝန်းကျင် အရွယ်ရှိ လူရွယ်တစ်ဦးဖြစ်ပြီး သာမန် အဝတ်အစားများကို ဝတ်ဆင်ထားသည်။ အသွင်အပြင်ကို ကြည့်ရသည်မှာ ထိုရွာမှ ရွာသားတစ်ဦး ဖြစ်ပုံရလေ၏။

ထိုမျှမကသေးချေ။

ထိုအမျိုးသား၏ နောက်ကျောဘက်တွင် ဝတ်စားဆင်ယင်မှု အမျိုးမျိုးဖြင့် အမျိုးသား၊ အမျိုးသမီး အတော်များများက မီးဖိုချောင်သုံး ဓားများနှင့် ဂျုံလှိမ့်တုတ်များကဲ့သို့သော ပစ္စည်းများကို ကိုင်ဆောင်လျက် ပုန်းအောင်းနေကြသည်။ သူတို့သည်လည်း အီဗ်၏ ပစ်မှတ်ထား ချိတ်ဆက်မှုကို ခံထားရပေသည်။

သူတို့ မည်မျှပင် ပုန်းအောင်းရန် ကြိုးစားစေကာမူ ခြေထောက်အောက်မှ အလင်းကွင်းများက သူတို့နောက်သို့ ကပ်ပါနေဆဲပင် ဖြစ်၏။

"ပဟေဠိ ဖြေရှင်းတာလား..."

သူက တံခါးဖွင့်သည့် ခလုတ်ကို ဖိနှိပ်လိုက်သည်။

တံခါး ပွင့်ဟသွားသည်နှင့် ရဲချီယန်က ဆွေးမြည့်နေသော သစ်သား အနံ့အသက် သဲ့သဲ့ ထွက်ပေါ်နေသည့် ပလက်ဖောင်းပေါ်ဆီသို့ ခြေချလိုက်၏။ သူ ရှေ့သို့ တစ်လှမ်း တိုးသွားတိုင်း ထိုအမျိုးသားနှင့် အမျိုးသမီးများမှာ နောက်သို့ တစ်လှမ်းစီ ဆုတ်ခွာသွားကြပြီး နောက်ဆုံးတွင် ဆုတ်ခွာစရာ နေရာမရှိတော့သည့် အခြေအနေသို့ ရောက်သွားကာ ဦးဆောင်လာသည့် အမျိုးသားမှာ တည့်တည့်ကြီး တွန်းပို့ခံလိုက်ရလေတော့သည်။

"မ... မင်းက ဘယ်သူလဲ၊ ငါတို့ရွာကို ဘာလာလုပ်တာလဲ"

မည်သည့် ကိုယ်ရေးအချက်အလက် ကိုယ်စားပြုမှုမျှ မရှိဘူးလား။

ဤလူများက ရထားမောင်းနှင်သူများ၏ တည်ရှိမှု သို့မဟုတ် လွင်တီးခေါင်ပြင်ကြီးအကြောင်းကို သိရှိပုံ မရချေ။

ညင်သာသော အပြုံးတစ်ခုက ရဲချီယန်၏ မျက်နှာထက်၌ ပေါ်ထွက်လာသည်။

သူက လက်ကို မြှောက်ပြလိုက်ရာ ရထားခေါင်းမိုးထက်ရှိ အီဗ်က ပစ်မှတ်ထား ချိတ်ဆက်ထားမှုများကို ချက်ချင်းပင် ရုပ်သိမ်းပေးလိုက်တော့၏။

"ကျွန်တော်က တိုက်ဆိုင်စွာ ဖြတ်သန်းသွားလာတဲ့ ခရီးသွားတစ်ယောက်ပါ၊ ကျွန်တော့်နာမည်က ရဲချီယန်ပါ၊ လမ်းကြုံရင်း ဒီရွာလေးကို တွေ့လိုက်ရလို့ ခရီးဆက်မထွက်ခင် ဒီမှာ ခဏလောက် အနားယူချင်လို့ပါ"

"ခင်ဗျားတို့အားလုံး လက်ခံပေးနိုင်မလား မသိဘူး"

အခြားသော နောက်ခံ အချက်အလက်များ မရှိသည့် အချိန်တွင် ခရီးသွား ဟူသော သတ်မှတ်ချက်က လူများကို ယုံကြည်စေရန် အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး ကိုယ်စားပြုမှုတစ်ခု ဖြစ်ပေသည်။

ဦးဆောင်သူ အမျိုးသားက သူ၏ နောက်ကျောဘက်ရှိ အမျိုးသား၊ အမျိုးသမီးများကို လှည့်ကြည့်လိုက်ပြီးနောက် ရဲချီယန်၏ ရထားကြီးကို ခိုးကြည့်လိုက်သည်။ တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက်တွင်မူ သူ ကိုင်ဆောင်ထားသော သစ်သားတုတ်ကို အောက်သို့ ချလိုက်လေ၏။

"ခရီးသွားတစ်ယောက်လား၊ ဒါဆိုရင်လည်း ကြိုဆိုပါတယ်၊ ငါက လူ-ဝံပုလွေ ရွာရဲ့ ရွာသူကြီး ဝါရန်ပါ၊ ငါ့နောက်က လူတွေကတော့ ရွာသူရွာသားတွေပါ"

လူ-ဝံပုလွေ ရွာတဲ့လား။

ရဲချီယန်၏ မျက်ခုံးက အနည်းငယ် တွန့်ခနဲ ဖြစ်သွားသည်။

ရွာသူကြီး ဝါရန်၏ နောက်မှ လိုက်ပါလာသော ရွာသားများမှာ ဤမြင်ကွင်းကို သိပ်စိတ်ဝင်စားပုံ မရချေ။ ဝါရန်က သူတို့ကို မိတ်ဆက်ပေးရန် ကြိုးစားချိန်တွင် အားလုံးက ထွက်ခွာသွားရန်သာ ရွေးချယ်ခဲ့ကြသည်။

စကတ်တိုနှင့် ဘယ်ရီဦးထုပ်ကို ဆောင်းထားပြီး လွယ်အိတ်ငယ်လေး တစ်လုံးကို လွယ်ထားသည့် လူငယ်လေး တစ်ဦးသာ ကျန်ရစ်ခဲ့လေ၏။ သူက ရထားကြီးကို အလွန်အမင်း စိတ်ဝင်စားနေသည့်အလား ဝါရန်၏ နောက်ကျောဘက်မှနေ၍ အကဲခတ် ကြည့်ရှုနေခဲ့သည်။

"ဘာလို့ အကုန် ထွက်သွားကြတာလဲ၊ တောင်းပန်ပါတယ်၊ ရွာထဲက လူတွေက ပြင်ပက လူတွေကို သိပ်ပြီး စိတ်မဝင်စားကြဘူးလေ၊ ဩော်... တစ်ယောက်တော့ ကျန်သေးတာပဲ၊ ကျားအိုက်စေ့... ငေးကြည့်မနေနဲ့တော့၊ မင်း လုပ်စရာရှိတာ သွားလုပ်ချေတော့"

ကျားအိုက်စေ့၊ လူ-ဝံပုလွေ ရွာ၏ အပြေးအလွှား အကူအညီပေးသူ ကောင်လေးပင်။

သူက ရွာသူရွာသားများ အချင်းချင်းအကြား စာများနှင့် ပစ္စည်းများကို ပို့ဆောင်ပေးရသည့် တာဝန်ကို ယူထားသူ ဖြစ်သည်။

သူက တဟီးဟီး ရယ်မောလိုက်ပြီး ရဲချီယန်၏ ရထားကြီးကို နောက်တစ်ကြိမ် ခိုးကြည့်ကာ သစ်သားပလက်ဖောင်းပေါ်မှ အပြေးအလွှား ထွက်ခွာသွားခဲ့တော့၏။

ရွာသူကြီး ဝါရန်က ရဲချီယန်ကို ရွာတွင်းရှိ တစ်ခုတည်းသော တည်းခိုခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

တည်းခိုခန်း၏ ပိုင်ရှင်အမျိုးသမီးမှာ စောစောက သစ်သားပလက်ဖောင်းပေါ်၌ ပါဝင်ခဲ့သော အမျိုးသမီး နှစ်ဦးအနက်မှ ရှီးရှန်ကျိ အမည်ရသူ ဖြစ်ပေသည်။

"လူငယ်လေး... ဒီညတော့ မင်း ဒီမှာ တည်းခိုနိုင်ပါတယ်၊ လူ-ဝံပုလွေ ရွာမှာတော့ ထူးထူးခြားခြား ဘာမှ မရှိပါဘူး၊ မင်း ရွာကို လှည့်ပတ် ကြည့်ရှုချင်ရင်တော့ မနက်ဖြန်ကျမှ ကျားအိုက်စေ့ကို လိုက်ပြခိုင်းလိုက်မယ်"

အရာအားလုံးက တစ်ဆင့်ပြီးတစ်ဆင့် ပုံမှန်အတိုင်း စီးဆင်းနေသည်။

အရာအားလုံးမှာ ပြီးပြည့်စုံစွာ သာမန်အတိုင်းပင် ဖြစ်၏။

ဤနေရာမှာ အလွန်အမင်း ရိုးရှင်း သာမန်ဆန်လွန်းလှရာ အဆင့် ၉ ပလက်ဖောင်းတစ်ခုနှင့် လုံးဝ မတူတော့ချေ။

ထိုအစား လူသစ်ကာလ၌ ဝင်ရောက်လေ့ရှိသော ဘေးကင်းလုံခြုံသည့် သာမန် ဘူတာရုံကမ္ဘာများနှင့်သာ ပို၍ တူညီနေခဲ့သည်။

"လူ-ဝံပုလွေ ရွာ... ရန်းလန်းရွာ..."

"ဖြေရှင်းရမယ့် ပထမဆုံး ပဟေဠိက ဒီလောက် မြန်မြန်ကြီး ပေါ်လာခဲ့ပြီပဲ..."

ကြည်လင် ပြတ်သားသော လက်ဖြောင့်သံ တစ်ချက်က အခန်းအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။

ကြိုတင်သတိပေးသူ ကတ်ပြားထဲမှ ကျီးကန်းနတ်ဆိုး ပေါ်ထွက်လာလေ၏။

"သွားတော့"

"ဒီရွာထဲက သေဆုံးသွားတဲ့သူတွေကို လိုက်ရှာချေ"

"ဒီတစ်ခေါက်တော့ အသံမထွက်စေနဲ့"

【လူ-ဝံပုလွေ ရွာ】

သူ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့မည်ဆိုပါက။

သေဆုံးနေသော အလောင်းကောင်များသည် ဤရွာတွင်း၌ အမြဲတမ်း ထွက်ပေါ်လာစမြဲပင် ဖြစ်၏။

All Chapters