← Chapters

အခန်း ၄၃၃

Vol. 34 Ch. 433

အခန်း ၄၃၃

Vol. 34 Ch. 433

အပိုင်း (၄၃၃) အကူညီ တောင်းခြင်း

စုဇီယို က ခေါင်းညိတ်လိုက်ပြီး

"'နတ်ဆိုး ဝါးမြိုခြင်း ခြင်ဆီ' အမှုက သဲလွန်စတွေ အရဆိုရင်၊ ဒီနတ်ဆိုး ဟာ ပုံရိပ်ယောင် တစ်ခုကို ဖန်တီးနိုင်တဲ့ ရုပ်ဖျက် ကျွမ်းကျင်သူ တစ်ယောက် ဆိုတာ သေချာတယ်... “

“အဲ့ရှုထောင့်ကနေ စပြီး တာဝန်ခံချုပ် နဲ့ လူသားမျက်နှာ သားရဲ တို့ရဲ့ လွှမ်းမိုးမှုနဲ့ နှိုင်းယှဉ်ကြည့်ရင် သူတို့ထဲက ဘယ်သူမှ မရှိကြပါဘူး..."

"ငါတို့က လွှမ်းမိုးမှုကိုပဲ စဉ်းစားမယ် ဆိုရင်၊ ကန်နိုင်ငံ ထဲမှာ လက်ရှိ ငါးယောက် ရှိပါတယ်၊ ဒါပေမဲ့ သူတို့က စံနှုန်းတွေနဲ့ မကိုက်ညီဘူး .."

ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဒါဆို မင်းက ဘာလို့ ငါ့အကူအညီကို တောင်းနေတာလဲ... ဘာကို ကူညီရမှာလဲ... မင်း ရှာမတွေ့ရင် ငါက ဘယ်လိုလုပ် ရှာတွေ့မှာလဲ..."

စုဇီယို က ခပ်ဖွဖွ ရယ်မောလိုက်သည်။

"မင်းက ဝရမ်းပြေးတွေရဲ့ ရန်သူတော်ကြီး ပဲလေ... ဝရမ်းပြေး တစ်ယောက်ကို မင်း မျက်စိကျသွားပြီ ဆိုရင် သူတို့ သေချာပေါက် လွတ်မှာ မဟုတ်ဘူး..."

"အဲဒါက သိုင်းလောကသား တွေကြားက နောက်ပြောင်မှု တစ်ခု သက်သက်ပါ..."

ကူမော့ က ဆိုသည်။

"ဒါ့အပြင်၊ ဘယ်ဝရမ်းပြေးမှ ငါ့ဆီကနေ မလွတ်နိုင်ဘူး ဆိုရင်တောင်မှ၊ အချိန် သိပ်မရတော့ဘူး မဟုတ်လား.. အိမ်ရှေ့မင်းသား တင်မြှောက်မယ့် အခမ်းအနား က လဝက်ပဲ လိုတော့တာလေ"

"ငါ သိပါတယ်..."

ဆုဇီယို က ခေါင်းညိတ်လိုက်သည်။

"ငါ မင်းဆီကို အကူအညီ လာတောင်းတာက အဓိက အကြောင်းရင်း နှစ်ခု ကြောင့်ပါ... ပထမတစ်ခုက၊ ဝရမ်းပြေး ပြဿနာ နဲ့ ပတ်သက်ရင် မင်းက တကယ်ကို ထူးခြားတဲ့သူ ဖြစ်နေလို့ ငါ့ကံကို တကယ် စမ်းကြည့်ချင်လို့ပါ..."

"ဒုတိယအချက်ကတော့၊ ငါ စိစစ်ထားတဲ့ ဝရမ်းပြေး တချို့က စံနှုန်းတွေနဲ့ ကိုက်ညီပေမဲ့ သူတို့ကို ငါ အတည်မပြုနိုင်လို့ပါ... ဒီလူဟာ ကျိုတို မှာ ရှိနေတယ်၊ တာဝန်ခံချုပ် နဲ့ ယှဉ်နိုင်တဲ့ လွှမ်းမိုးမှု ရှိတယ်၊ ပြီးတော့ တကယ်ကို ရုပ်ဖျက် ကျွမ်းကျင်သူ တစ်ယောက်ပါ..."

ကူမော့ က ဇဝေဇဝါဖြင့် မေးလိုက်သည် ။

"အဲဒါက လုံလောက်အောင် မရှင်းလင်းသေးဘူးလား..."

စုဇီယို က လေးနက်သော လေသံဖြင့်

"ဒါပေမဲ့၊ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အချက် တစ်ချက် ရှိတယ် ။သူက အခု ထောင်ထဲမှာ ရောက်နေတာ၊ အဲဒါက ပြစ်မှု ကျူးလွန်ဖို့ အခြေအနေတွေနဲ့ မကိုက်ညီဘူးလေ..."

"ဒါဆို မင်း ဘာကို ဆိုလိုတာလဲဟ..."

စုဇီယို က လေးနက်သော လေသံဖြင့်

"သူတို့ကို မင်း အတည်ပြုပေးစေချင်တယ်... ထောင်ထဲမှာ ရှိနေတဲ့ တစ်ယောက်က အတု ဖြစ်နိုင်တယ်လို့ ငါ သံသယရှိတယ်၊ ဒါပေမဲ့ တံခါးခြောက်ချပ်အဖွဲ့၊ တရားရေး ဝန်ကြီးဌာန၊ တာလီ ဘုရားကျောင်း နဲ့ နန်းတွင်း ဆရာတော် ကျန်း တောင်မှ သူတို့ရဲ့ အထောက်အထားကို အတည်ပြုပြီးပြီလေ..."

"အဲဒါ ဘယ်သူလဲ.."

ကူမော့က မေးလိုက်သည်။

"လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ချန်အန်း မှာ ကြီးမားတဲ့ မုန်တိုင်းကြီး တစ်ခု ဖန်တီးခဲ့တဲ့ ရက်စက်တဲ့ ဘုန်းတော်ကြီး တာဘေး ပါ"

စုဇီယို က ဆိုသည်

"သူက ချူနိုင်ငံ မှာရှိတဲ့ ကြီးမြတ်သော တောက်ပခြင်း ဘုရားကျောင်း ရဲ့ ယခင် ဆရာတော် ပါ... ဗုဒ္ဓဘာသာ တရားတော်တွေကို ဖလှယ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါတို့ မဟာ ကန်နိုင်ငံ ရဲ့ ချန်အန်း ကို သူ လာခဲ့တာလေ..."

"အဲဒီတုန်းက၊ ဗုဒ္ဓဘာသာ မှာ သည် ရက်စက်တဲ့ ဘုန်းတော်ကြီး တာဘေး ရဲ့ အဆင့်အတန်း ဟာ တာအိုဘာသာ မှာ လက်ရှိ ကောင်းကင်ဘုံ ဆရာတော် ကျန်း ရဲ့ လွှမ်းမိုးမှုနဲ့ အတူတူပါပဲ...”

“ ငါတို့ ကန်နိုင်ငံ မှာ တာအိုဘာသာ ကြီးထွားနေပေမဲ့၊ ဗုဒ္ဓဘာသာ ရဲ့ လွှမ်းမိုးမှုကလည်း အားမနည်းပါဘူး... မြို့တော် ကို သည် ရက်စက်တဲ့ ဘုန်းတော်ကြီး တာဘေး ရောက်လာတာက သဘာဝကျကျပဲ ဗုဒ္ဓဘာသာဝင် တွေအတွက် ကြီးကျယ်တဲ့ ပွဲကြီး တစ်ခု ဖြစ်ခဲ့တာပေါ့..."

"ဒါပေမဲ့ ခုလို ခမ်းနားကြီးကျယ်စွာ ရောက်ရှိလာတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆရာတော် ကြီးမှာ တကယ်တမ်း မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပြီး၊ ချန်အန်း က ယုံကြည်သူတွေကို ပြုစားခဲ့တယ်”

“ သူတို့ထဲက အများစုဟာ နန်းတွင်း အရာရှိတွေ ၊ သူတို့ရဲ့ မိသားစုဝင်တွေ ဖြစ်နေကြပြီး၊ ငါတို့ မဟာ ကန်နိုင်ငံ နန်းတွင်း ရဲ့ အခြေခံအုတ်မြစ် ကို လှုပ်ခတ်ဖို့ တကယ်ကို ရည်ရွယ်ထားခဲ့မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."

သူ၏ အစစ်အမှန် အထောက်အထား ကို ဖော်ထုတ်ခံလိုက်ရချိန်တွင် သူသည် ပို၍ပင် အစွန်းရောက်သွားကာ သူ၏ နောက်လိုက်များအား ဗုဒ္ဓ နှင့်အတူ ကောင်းကင်ဘုံသို့ တက်လှမ်းမည် ဟု ဆိုကာ မိမိကိုယ်ကိုယ် သတ်သေရန် လှုံ့ဆော်ခဲ့လေသည်။

နောက်ဆုံးတွင် သူသည် နန်းတွင်း မှ ကျွမ်းကျင်သူများ ပူးပေါင်း ၍ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထိုအချိန်မှစ၍ အကျဉ်းချခံထားရခြင်း ပင် ဖြစ်လေသည်။

ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဒီလောက်တောင် ရက်စက်တာလား... ဘာလို့ သူ့ကို မသတ်လိုက်တာလဲ.."

စာဇီယို က ပြန်ဖြေသည်။

"အကြောင်းရင်း နှစ်ခု ရှိပါတယ်... ပထမတစ်ခုက သူက ချူနိုင်ငံ တော်ဝင် မိသားစု ရဲ့ မသေမျိုး သွေးဆက် အကြောင်း အမှန်တရား ကို သိနေလို့ နန်းတွင်း က သူ့ဆီကနေ အဲဒါကို သိချင်နေလို့ပါ...”

“ ဒုတိယတစ်ခုက တာဘေး လို အရည်အချင်းရှိတဲ့ သူတစ်ယောက် က အသက်ရှင်နေတာက သေတာထက် အမြဲတမ်း ပိုပြီး တန်ဖိုးရှိလို့ပါ..."

"ဥပမာအားဖြင့် အခုအချိန်မှာ ငါတို့က ချူနိုင်ငံ နဲ့ ရှေ့တန်းမှာ စစ်ဖြစ်နေပြီး ချူနိုင်ငံ ရဲ့ ဗုဒ္ဓဘာသာ ကလည်း ကြီးထွားနေကာ သိသာထင်ရှားတဲ့ လွှမ်းမိုးမှု ရှိနေတယ်လေ... တာဘေး မိစ္ဆာ ဘုန်းတော်ကြီး ကို ငါတို့ အကျိုးရှိအောင် အသုံးပြုနိုင်ပြီး ချူနိုင်ငံ နန်းတွင်း ကလည်း ပြည်သူတွေကို နှစ်သိမ့်ဖို့အတွက် တန်ဖိုးတစ်ခု ပေးရလိမ့်မယ်..."

"ဒီတစ်ခါတော့ အိမ်ရှေ့မင်းသား တင်မြှောက်မယ့် အခမ်းအနား မှာ တာဘေး မိစ္ဆာ ဘုန်းတော်ကြီး ကို စစ်မြေပြင်က သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့နဲ့ ညှိနှိုင်းဖို့ မင်းသမီး ရှောင်ဇီယင် ကို ချူနိုင်ငံ က ကိုယ်တိုင် စေလွှတ်ခဲ့တယ်... တာဘေး မိစ္ဆာ ဘုန်းတော်ကြီး တစ်ယောက်ကို ငါတို့ စစ်သား ရာနဲ့ချီ၊ ထောင်နဲ့ချီပြီးတောင် လဲလှယ်လို့ ရနိုင်တယ်"

"သြော်၊ ငါ နားလည်ပြီ..."

ကူမော့က ရုတ်တရက် နားလည်သွားကာ ဆိုသည်။

စုဇီယို က ဆိုသည်။

"ဒါပေမဲ့ အခု ခြင်ဆီ စားတဲ့ နတ်ဆိုး အမှု ကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့၊ အဲဒါက မိစ္ဆာ ဘုန်းတော်ကြီးလုပ်တာ ဖြစ်နိုင်တယ်... ဒါကြောင့် ငါ နည်းနည်း ထိတ်လန့်သွားပြီး အဲဒါကို အတည်ပြုပေးဖို့ မင်းကို လာတောင်းဆိုတာပါ...”

“ မင်းက ဒီနေ့ခေတ် လောကမှာ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်ပြီး မင်းရဲ့ နည်းလမ်းတွေက နန်းတွင်း က အရာတွေထက် သေချာပေါက် သာလွန်ပါတယ်"

ကူမော့က ဖြည်းညင်းစွာ ဆိုသည်

"ကောင်းပြီလေ၊ ငါ မင်းနဲ့ လိုက်ခဲ့မယ်..."

ထိုသို့ ပြောခဲ့သော်လည်း ကူမော့သည် ထောင်ထဲရှိ မဟာ ကရုဏာရှင် မိစ္ဆာ ဘုန်းတော်ကြီး မှာ အတု ဖြစ်ကြောင်း သူ၏ စိတ်ထဲတွင် သိနေပြီ ဖြစ်လေသည်။

ဘာလို့လဲဆိုတော့ စနစ် က အသိပေးချက် တစ်ခု ပေးပြီးသား ဖြစ်လို့ပါပဲ ။

【ပစ်မှတ်အသစ်ကို ရှာဖွေတွေ့ရှိပါသည်】

【ဝရမ်းပြေး ပစ်မှတ်—မဟာ ကရုဏာရှင်? နတ်ဆိုး?】

【တာဝန်အဆင့်—ကြယ်ခြောက်ပွင့်】

【တာဝန်ဆုလာဘ်—အမြင့်ဆုံးအဆင့် ကမ္ဘာများကို ခွဲခြားသည့် ဓားတစ်လက်】

…

All Chapters