← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) အစွမ်းထက်လှသော မိစ္ဆာအရှင်သခင်

မိုဝူ သေဆုံးသွားပြီးနောက်တွင်မူ ဤနေရာ၌ မိစ္ဆာမျိုးနွယ်စုများ၏ အရိပ်အယောင်မျှပင် မရှိတော့သလို ၎င်းတို့၏ လမ်းကို ပိတ်ဆို့ဝံ့သည့် မိစ္ဆာတစ်ကောင်မျှလည်း မရှိတော့ပေ ။

ဤတိုတောင်းလှသော အချိန်ကာလအတွင်း မိစ္ဆာမျိုးနွယ်စုများ၏ သေဆုံးဒဏ်ရာရမှု အရေအတွက်မှာ လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်း သေဆုံးခဲ့သမျှ စုစုပေါင်းထက်ပင် သာလွန်များပြားနေခဲ့ပြီ ဖြစ်သည်။

၎င်းအပြင် အဆင့်မြင့် မိစ္ဆာကြီး မိုဝူပါ သေဆုံးသွားခဲ့ရသဖြင့် မိစ္ဆာမျိုးနွယ်စုအားလုံး အလွန် ကြောက်ရွံ့ထိတ်လန့်ခြင်းထဲသို့ ကျဆင်းသွားခဲ့ကြရတော့၏။

၎င်းတို့အနေဖြင့် ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားလှဟု ထင်ရသော ဤလူသားနှစ်ဦးက ဘာကြောင့် ဤမျှအထိ ထိတ်လန့်ဖွယ် ကောင်းလှသော စွမ်းရည်များကို ပိုင်ဆိုင်ထားရသနည်းဆိုသည်ကို လုံးဝ နားမလည်နိုင်ခဲ့ကြပေ။

သို့သော် ၎င်းတို့မှာ ဤဘဝတွင် ထိုအဖြေကို ဘယ်သောအခါမျှ သိရှိခွင့်ရတော့မည် မဟုတ်ပေ ။

ခဏမျှ အနားယူပြီးနောက် ရှုချွမ်းက စောစောက ဝါးမျိုထားသော စွမ်းအားများကို အပြည့်အဝ ချေဖျက်လိုက်နိုင်ပြီဖြစ်သော နင်ယို့ချီကို ဦးဆောင်လျက် ပင်မမိစ္ဆာနန်းတော်ကြီးဆီသို့ ဆက်လက် လျှောက်လှမ်းခဲ့တော့သည်။

ထိုဧရာမ စွမ်းအားကြီးကို စုပ်ယူပြီးနောက် နင်ယို့ချီ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သဘာဝအလျောက် ကမ္မနယ်ပယ် အဆင့် ၉ သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့ပြီ ဖြစ်ရာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ အပြည့်အဝ ခြေချနိုင်ရန် လွန်စွာ နီးစပ်သွားခဲ့ချေပြီ။

ယခုအခါ နင်ယို့ချီမှာ ကမ္မနယ်ပယ်၌သာ ရှိသေးသော်လည်း သူမ၏ အစစ်အမှန် ခွန်အားမှာမူ ထူးခြားဆန်းပြားစွာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထိုက်ယင်စွမ်းအ၏ ပံ့ပိုးမှုပါ ရှိနေသဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၄ အောက်ရှိ ကျင့်ကြံသူများထဲတွင် သူမကို ယှဉ်ပြိုင်နိုင်မည့်သူ ရှားပါးလိမ့်မည်ဟု ခန့်မှန်းရပေသည်။

ယင်းက ကြီးမားသော ကံကြမ္မာ ပိုင်ဆိုင်ထားသူများ၏ ထိတ်လန့်ဖွယ်ရာ အားသာချက်ပင် ဖြစ်၏။

....

ပင်မမိစ္ဆာနန်းတော်ကြီးအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မှောင်မည်းနေသော ခန်းမကြီးအတွင်း၌ ခရမ်းရင့်ရောင် မိစ္ဆာမီးတောက်များ ဝုန်းခနဲ တဟုန်းဟုန်း တောက်ပလာခဲ့ကြရာ နန်းတော်တစ်ခုလုံးကို သွေးပျက်စရာ ကောင်းလောက်အောင် ခြောက်ခြားဖွယ်ရာ ပုံဖော်လိုက်သကဲ့သို့ ရှိနေတော့သည်။

ခန်းမကြီး၏ အထက်ဘက်တွင်မူ မိစ္ဆာအရှင်သခင်က သူ၏ သီးသန့်ပလ္လင်ပေါ်၌ တည်ငြိမ်စွာ ထိုင်နေခဲ့ပြီး လက်တစ်ဖက်ဖြင့် မေးထောက်လျက် ရှုချွမ်းနှင့် နင်ယို့ချီတို့ရှိရာဆီသို့ အေးစက်စွာ လှည့်ကြည့်လိုက်၏။

"မင်းတို့တွေ နောက်ဆုံးတော့ ရောက်လာကြပြီပဲ... ငါ မင်းတို့ကို စောင့်နေတာ တော်တော်ကြာသွားပြီ"

၎င်းတို့၏ ခြေသံများကို ကြားရသည်နှင့် ပလ္လင်ပေါ်ရှိ မိစ္ဆာအရှင်သခင်က သူ၏ နီရဲလှသော မျက်ဝန်းအစုံကို ရုတ်တရက် ဖွင့်လိုက်ပြီး ၎င်းတို့နှစ်ဦးအား စိုက်ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

သူက အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကောင်းစွာ သိရှိထားခဲ့သော်လည်း ကိုယ်တိုင် ထွက်ပေါ်လာခြင်းမရှိဘဲ ရှုချွမ်းနှင့် နင်ယို့ချီတို့က မိုဝူကို သတ်ဖြတ်လိုက်သည်ကိုသာ အေးဆေးစွာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။

သူ၏ ရည်ရွယ်ချက်မှာ ရှုချွမ်းနှင့် နင်ယို့ချီတို့၏ အစစ်အမှန် ခွန်အားကို စမ်းသပ်ကြည့်ချင်ရုံမျှသာ ဖြစ်ပြီး အခြားမရှိပေ။

သေဆုံးသွားခဲ့ရသော မိုဝူနှင့် အခြားအဆင့်နိမ့် မိစ္ဆာများ၏ အသက်အတွက်မူ သူ အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိပေ ။

ယခင်က ကမ္မနယ်ပယ် မိစ္ဆာအရေအတွက်ကို သူဂရုစိုက်ခဲ့ရခြင်းမှာ ပျောက်ဆုံးနေသော 'မိစ္ဆာလက်နက်' ကို ရှာဖွေရန်အတွက် ထိုအစွမ်းထက် မိစ္ဆာအင်အားစုများကို လိုအပ်ခဲ့သောကြောင့်သာ ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သော နေ့ဝက်ခန့်ကတင်... သူ နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့ရသော မိစ္ဆာလက်နက်ကို နောက်ဆုံးတွင် သူကိုယ်တိုင် ရှာဖွေတွေ့ရှိသွားခဲ့ချေပြီ။

ထို့အပြင် ယခုအခိုက်အတန့်တွင် ထိုလက်နက်ကို သူကိုယ်တိုင် အောင်မြင်စွာ သန့်စင်ပြီး ဖြစ်၏။

ယင်းက သူ၏ အစီအစဉ်ကြီးတစ်ခုလုံး အတိုင်းအတာတစ်ခုအထိ အောင်မြင်သွားခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေပေသည်။

သို့ဖြစ်ရာ ယခုအခါတွင်မူ ဤမိစ္ဆာများ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းများကို သူ လုံးဝ ဂရုစိုက်စရာ မလိုတော့ပေ။ သူသာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပါက မိစ္ဆာဘိုးဘေးကြီးသာ ချိပ်ပိတ်ခြင်းကို ဖျက်ဆီးပြီး ဤကမ္ဘာပေါ်သို့ တစ်ကျော့ပြန် ဆင်းသက်လာနိုင်ပါက မိစ္ဆာကောင်ရေ မည်မျှပင် သေဆုံးပါစေ တန်ဖိုးရှိပေသည်။

ထို့အပြင် ယခုအခါတွင် မိစ္ဆာလက်နက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သဖြင့် ရှုချွမ်းနှင့် နင်ယို့ချီတို့ကို သူ အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိတော့ပေ ။

၎င်းတို့ မည်မျှပင် သန်မာ ပါစေ ကျင့်ကြံခြင်းနယ်ပယ်မှာ ကမ္မနယ်ပယ်မျှသာ ရှိသေးသည် မဟုတ်ပါလော။

သူက မိစ္ဆာလက်နက်ကို အသုံးပြု၍ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ အချိန်မရွေး တက်လှမ်းနိုင်ချေပြီ။

ယင်းအပြင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားမှာ အဆမတန် ပေါက်ကွဲမြင့်မားလာမည်ဖြစ်ရာ ၎င်းက သူ၏ ရဲရဲတောက် ယုံကြည်မှု အရင်းအမြစ်ပင် ဖြစ်တော့သည်။

"မိစ္ဆာမျိုးနွယ်စု.. ဒီနေ့က နင် သေရမယ့်နေ့ပဲ" နင်ယို့ချီက မျက်ခုံးပင့်ကာ ဒေါသတကြီး ပြောလိုက်၏။

သူမ၏ နင်မိသားစုမှာ မျိုးဆက်ပေါင်းများစွာ ရှေးဟောင်းစစ်မြေပြင်ကြီးကို စောင့်ရှောက်လာခဲ့ကြသူများ ဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း ၎င်းတို့၏ မြို့ တော်ကိုပင် ဤစစ်မြေပြင်ကြီးပေါ်၌ တည်ဆောက်ထားခဲ့ကြခြင်း ဖြစ်သည်။

မိစ္ဆာနယ်မြေအတွင်းမှ ထွက်ပေါ်လာသော မိစ္ဆာများ၏ လက်ချက်ကြောင့် သူမ၏ မိသားစုဝင် မြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ရဖူးသည်။

ယင်းက ဘယ်သောအခါမျှ ဖျေဖျက်၍မရနိုင်သော သွေးကြွေးကမ္ဘာ့ရန်ငြိုးကြီးပင် ဖြစ်၏။

"ဟမ်......"

မိစ္ဆာအရှင်သခင်က စိတ်ဝင်စားစရာ အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ အံ့ဩသံတစ်ချက် ပြုလုပ်လိုက်သည်။

"ကောင်းတယ်... တကယ့်ကို ကောင်းတယ်။ မဟာဝေ ဧကရာဇ်သွေးမျိုးဆက်ထဲက တစ်ယောက်က ငါ့ရဲ့ မိစ္ဆာနယ်မြေထဲကို ဝင်လာရဲလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး"

"ဒါက တကယ့်ကို 'ရှာလို့ မတွေ့နိုင်တာ... အခုတော့ အလွယ်တကူ လက်ထဲရောက်လာတယ်' ဆိုတာမျိုးပဲ"

"ဒီနေ့တော့ ငါ မင်းကို သေသေချာချာလေး ဧည့်ခံပြီး ငါတို့မိစ္ဆာမျိုးနွယ်စုရဲ့ 'ဖော်ရွေလှတဲ့' နည်းလမ်းတွေအကုန်လုံးကို မြည်းစမ်းစေရမယ်" မိစ္ဆာအရှင်သခင်က ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။

သူက မဟာဝေမင်းဆက်ရဲ့ ဧကရာဇ်မိသားစုနှင့် စိမ်းသက်နေသူ မဟုတ်ပေ။

သူက ဤမိစ္ဆာနယ်မြေ၏ အရှင်သခင်အဖြစ် အမြဲတမ်း ရှိနေခဲ့သည်တော့ မဟုတ်ပေ ။

ယခင် မိစ္ဆာအရှင်သခင်ဟောင်းမှာ ပိတ်လှောင်ခံထားရသော ပျင်းရိငြီးငွေ့မှုကို မခံမရပ်နိုင်ဖြစ်ကာ ရှေးဟောင်းစစ်မြေပြင်ကြီး၏ အစီအရင်ကို ခွန်အားရှိသမျှ အသုံးပြု၍ အက်ကွဲကြောင်းအသေးစားလေးတစ်ခု ဖွင့်လှစ်ပြီး လူသားကမ္ဘာဆီသို့ ထွက်ပြေးရန် အားထုတ်ခဲ့ဖူးသည်။

သို့သော် ထိုအချိန်ကပင် သူက ထိုခေတ်က 'ဧကရာဇ် နင်'၏ ချက်ချင်း ချေမှုန်းသတ်ဖြတ်ခြင်းကို ခံခဲ့ရဖူး၏။

ထိုအချိန်က သူက ယခင်မိစ္ဆာအရှင်သခင်ဟောင်း၏ ဘေးနားရှိ သာမန်မိစ္ဆာအစေခံတစ်ဦးမျှသာ ဖြစ်ပြီး အဆင့်မြင့်မိစ္ဆာတစ်ကောင်ပင် မဟုတ်ခဲ့ပေ ။

သို့သော် ယခင်မိစ္ဆာအရှင်သခင်ဟောင်း သေဆုံးသွားသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီးနောက် သူ၏ ရင်ထဲ၌ ရည်မှန်းချက်ကြီးမားသော လောဘစိတ်တစ်ခု နိုးထလာခဲ့သည်။

သူက ချက်ချင်းပင် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သော 'ဝါးမျိုခြင်း'ကို အသုံးပြုကာ ယခင်မိစ္ဆာအရှင်သခင်ဟောင်း သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သမျှ အရာအားလုံးကို ဝါးမျိုပစ်လိုက်ပြီး သူ၏ ကိုယ်ပိုင်ခွန်အားအဖြစ် ပြောင်းလဲပစ်ခဲ့တော့၏။

ထို့နောက်တွင်မူ သူက သူ၏ မျိုးနွယ်စုဝင်များကိုပါ အဆက်မပြတ် ဝါးမျိုခဲ့ပြီး နောက်ဆုံးတွင် မိစ္ဆာအရှင်သခင်ရာထူး ပြိုင်ပွဲ၌ အနိုင်ရရှိကာ ယခုကဲ့သို့ မိစ္ဆာအရှင်သခင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ၏ ခွန်အားများ ကြီးမားလာသည်နှင့်အမျှ အပြင်ဘက်ရှိ လူသားကျင့်ကြံသူများ မည်မျှအထိ သန်မာ ကြောင်းကို သူ သာ၍ နားလည်လာခဲ့ရသည်။

သူက မဟာဝေမင်းဆက်ရဲ့ ဧကရာဇ်မိသားစု၏ သွေးမျိုးဆက် အော်ရာကို ရင်ထဲ၌ သေသေချာချာ မှတ်မိနေခဲ့ပြီး တစ်နေ့တွင် ထိုသွေးမျိုးဆက်မှ တိုက်ရိုက်မျိုးနွယ်စုဝင်တစ်ဦးကို ကိုယ်တိုင် သတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။

ဤနေ့ရက်က ဤမျှအထိ ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဟမ့်... ဘယ်သူက အသက်ရှင်ပြီး ဘယ်သူက သေရမယ်ဆိုတာ အခုထိတော့ အတပ်မပြောနိုင်သေးဘူး" နင်ယို့ချီက ပြန်လည် ချေ ပလိုက်၏။

တစ်ချိန်တည်းမှာပင် ရှုချွမ်းက မိစ္ဆာအရှင်သခင်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူ၏ စနစ်ကို အသုံးပြု၍ သူ၏ အချက်အလက်များကို ချက်ချင်း စတင်စစ်ဆေး ကြည့်လိုက်တော့သည်။

ထိုမိစ္ဆာအရှင်သခင်နှင့် ပတ်သက်သော အချက်အလက် မြောက်မြားစွာက သူ၏ မျက်စိအရှေ့သို့ တန်းစီ၍ ပေါ်ထွက်လာခဲ့ချေပြီ။

သူ့အကြောင်းနှင့် ရန်သူ့အကြောင်းကို ကောင်းစွာ သိရှိမှသာ မည်သည့်စစ်ပွဲတွင်မဆို အမြဲတမ်း အောင်နိုင်မည် မဟုတ်ပါလော။

【အမည် : ရှီထျန်း】

【မျိုးနွယ်စု : မိစ္ဆာမျိုးနွယ်စု — ထူးဆန်းစွာ သွေးပြောင်းလဲထားသော ဝါးမျိုခြင်းမိစ္ဆာ】

【ကျင့်ကြံခြင်းနယ်ပယ် : ကမ္မနယ်ပယ် အထွတ်အထိပ် (လက်ထဲတွင် မိစ္ဆာလက်နက် ရှိနေသဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ အချိန်မရွေး တက်လှမ်းနိုင်သည်)】

【စွမ်းရည် : ပြိုင်ဘက်ကင်း】

【ဇာတ်ကောင်ကံကြမ္မာ : ထူးဆန်းသော သွေးမျိုးဆက် (ရွှေရောင်)၊ အနန္တ ဝါးမျိုခြင်း (ရွှေရောင်)၊ အသက်ပြန်လည်ရောက်ရှိခြင်း (ခရမ်းရောင်)၊ စွမ်းအားစုကာ ပေါက်ကွဲခြင်း (အနီရောင်)】

【နတ်ဘုရားစွမ်းရည် : ကောင်းကင်နှင့် မြေကြီးကို ဝါးမျိုခြင်း၊ အောက်ခြေမဲ့ အစာအိမ်】

【ဘဝဇာတ်ညွှန်း : ဗီလိန်အသေးစား ဇာတ်ညွှန်း】

【ဘဝ ဇာတ်ကြောင်း : ဝါးမျိုခြင်းမိစ္ဆာနှင့် လောဘမိစ္ဆာတို့ ပေါင်းစပ်ရာမှ မွေးဖွားလာခဲ့သော ထူးဆန်းသော သွေးပြောင်းလဲမိစ္ဆာတစ်ကောင် ဖြစ်ပြီး မွေးရာပါ မျိုးနွယ်စုနှစ်ခုစလုံး၏ နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ငယ်စဉ်ကတည်းက ယခင်မိစ္ဆာအရှင်သခင်ဟောင်း၏ သတိပြုမိခြင်းကို ခံခဲ့ရပြီး သူ၏ ဘေးနားတွင် လေ့ကျင့်ပေးခြင်း ခံခဲ့ရကာ အစေခံ ဖြစ်လာခဲ့သည်။ လူငယ်ဘဝတွင် မိစ္ဆာအရှင်သခင်ဟောင်း သေဆုံးသည်ကို မြင်တွေ့ခဲ့ရပြီး သူ၏ သွေးမျိုးဆက် နိုးထလာကာ အကြွင်းအကျန်များကို ဝါးမျိုခဲ့သည်။ ဒုက္ခများကို ကြံ့ကြံ့ခံပြီးနောက် သူ၏ ထူးခြားလှသော ပါရမီကို အားကိုး၍ မျိုးဆက်သစ် မိစ္ဆာအရှင်သခင်အဖြစ် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ရှေ့ဆက်ရန် မျှော်လင့်ချက်မရှိသော အနာဂတ်ကို ရိပ်မိသဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် မိစ္ဆာလက်နက်ကို ရှာဖွေခဲ့ပြီး မိစ္ဆာဘိုးဘေး ပြန်လည်နိုးထလာရန်အတွက် ကြားခံခန္ဓာကိုယ်အဖြစ် ခံယူခဲ့ကာ နောက်ဆုံးတွင် ဇာတ်လိုက်၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်။】

【အခွင့်အလမ်း: မိစ္ဆာလက်နက်ကို ဝါးမျိုပြီးနောက် သူ၏ ထူးဆန်းသော သွေးမျိုးဆက်မှာ သာ၍ပင် အစွမ်းထက်လာခဲ့ပြီး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၉ သို့ တစ်ဟုန်ထိုး တိုက်ရိုက် တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိသည်။】

【ခင်မင် မှု အဆင့် : -၁၀၀ (သတ်ချင်နေသည်) 】

ဇာတ်ကောင်ကံကြမ္မာ အသေးစိတ်

ထူးဆန်းသော သွေးမျိုးဆက် : တိုက်ဆိုင်လှသော အခြေအနေများအောက်တွင် သွေးမျိုးဆက်နှစ်ခု ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော ထူးခြားလှသည့် သွေးမျိုးဆက်ဖြစ်ပြီး အကန့်အသတ်မဲ့ အလားအလာများနှင့် ရှာဖွေဖော်ထုတ်ရန် တန်ဖိုးရှိသော စွမ်းရည် မြောက်မြားစွာ ပါဝင်နေသည်။

အနန္တ ဝါးမျိုခြင်း : ထူးဆန်းသော သွေးပြောင်းလဲဝါးမျိုခြင်းမိစ္ဆာ ဖြစ်သည့်အတွက် သွေးမျိုးဆက် ပြောင်းလဲမှုကြောင့် သူ၏ မွေးရာပါ ဝါးမျိုခြင်းစွမ်းရည်မှာလည်း ပြောင်းလဲသွားခဲ့သည်။ မူလဝါးမျိုခြင်း၏ ကန့်သတ်ချက်များမှာ လွန်စွာ ကြီးမားသော်လည်း ယခုအခါတွင်မူ သူဝါးမျိုလိုက်သမျှ မည်သည့်အရာမဆို သူ၏ ခွန်အားကို တိုးမြင့်စေပြီး သူ့ကို သာ၍ အစွမ်းထက်လာစေနိုင်သည်။

အသက် ပြန်လည်ရောက်ရှိခြင်း : စွမ်းအား မြောက်မြားစွာ ပါဝင်သော အရာဝတ္ထုများကို ဝါးမျိုပြီးနောက် သူ၏ ခန္ဓာကိုယ်ကို အမြင့်ဆုံး အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိစေနိုင်ပြီး ဆုံးရှုံးသွားသော အသက်စွမ်းအားများကိုပါ ပြန်လည် ဖြည့်တင်းပေးနိုင်သည်။

စွမ်းအားစုကာ ပေါက်ကွဲခြင်း : ကမ္မနယ်ပယ်အတွင်း၌ အချိန်အတော်ကြာ ပိတ်မိနေခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဧရာမ စွမ်းအားကြီးများ သိုလှောင်မိနေခဲ့သည်။ သူသာ ကျင့်ကြံခြင်းနယ်ပယ်ကို ဖောက်ထွက်နိုင်ပါက ထိုစွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး အမြင့်ဆုံးအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားပေလိမ့်မည်။

နတ်ဘုရားစွမ်းရည်

ကောင်းကင်နှင့် မြေကြီးကို ဝါးမျိုခြင်း : လုံလောက်သော ကျင့်ကြံခြင်းစွမ်းအား ရှိလာပါက ပါးစပ်တစ်ချက် ဟရုံမျှဖြင့် ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမျိုပြီး သန့်စင်ပစ်နိုင်စွမ်း ရှိသည်။ မည်သူမျှ တားဆီးနိုင်ခြင်း မရှိပေ ။

အောက်ခြေမဲ့ အစာအိမ် : သူ၏ အစာအိမ်မှာ လျှို့ဝှက်ဆန်းကြယ်လှသော 'ဖရိုဖရဲဟင်းလင်းပြင်' နှင့် ချိတ်ဆက်ထားသည်။ အရာဝတ္ထုများ မည်မျှပင် များပြားပါစေ အားလုံးကို ၎င်းအတွင်း၌ သိုလှောင်ထားနိုင်စွမ်း ရှိပေသည်။

All Chapters