← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆) ပူးပေါင်းတိုက်ခိုက်ခြင်း၊ လနှင့်နေ၏ စွမ်းအား

ရှုချွမ်း၏ ကျင့်ကြံခြင်းနယ်ပယ် မြင့်တက်လာသည်နှင့်အမျှ စနစ်မှ ဖော်ပြပေးသော အချက်အလက်များမှာလည်း သာ၍ စုံလင်လာခဲ့သည်။

ဥပမာအားဖြင့် ရှီထျန်း၏ အချက်အလက်များတွင် သူ၏ မျိုးနွယ်စုသာမက သူ၏ နတ်ဘုရားစွမ်းရည် အသေးစိတ်ကိုပါ ရှုချွမ်း ရှင်းလင်းစွာ မြင်တွေ့နေရခြင်း ဖြစ်၏။

၎င်းက ရန်သူ၏ အစစ်အမှန် ခွန်အားကို သေသေချာချာ ဆုံးဖြတ်နိုင်စေရုံမျှမက လာမည့်တိုက်ပွဲအတွက်လည်း သူ့ကို သာ၍ ယုံကြည်မှု ရှိလာစေသည်။

သို့သော်လည်း ဤမိစ္ဆာအရှင်သခင်၏ ဘဝဇာတ်ညွှန်းကို အပြည့်အဝ မြင်လိုက်ရချိန်တွင်မူ ရှုချွမ်းကိုယ်တိုင်ပင် ရင်ထဲ၌ ထိတ်လန့်သွားခဲ့ရ၏။

ယင်းက တကယ့်ကို 'မကြည့်ခင်က မသိရဘဲ ကြည့်လိုက်ခါမှ သွေးပျက်သွားရတယ်' ဆိုသည်မျိုးပင် ဖြစ်တော့သည်။

ဤသိမ်မွေ့အေးဆေးလှသော ရှီထျန်းဆိုသူက ဤမျှအထိ အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မိစ္ဆာနယ်မြေအတွင်းရှိ မြောက်မြားစွာသော မိစ္ဆာများကြားမှ သူ ဘာကြောင့် ထိုးထွက်အောင်မြင်လာခဲ့သည်ဆိုသည်မှာ မဆန်းတော​့ပေ ။

ရန်သူ၏ အစစ်အမှန် စွမ်းအားကို သိရှိသွားပြီဖြစ်သဖြင့် ရှုချွမ်းလည်း ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်လိုက်တော့သည်။

ဤတိုက်ပွဲမှာ ၎င်းတို့နှစ်ဦးစလုံးအတွက် သေချာပေါက် ခက်ခဲကြမ်းတမ်းသော စစ်ပွဲကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ရှီထျန်းသာ ထိုမိစ္ဆာစစ်သည်များကို ဝါးမျိုလိုက်ပါက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၉ သို့ တစ်ဟုန်ထိုး ရောက်ရှိသွားမည် ဖြစ်သောကြောင့် ဖြစ်၏။

ရှုချွမ်းနှင့် နင်ယို့ချီတို့ မည်မျှပင် သန်မာပါစေ ကမ္မနယ်ပယ်မျှဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၉ ထိပ်သီးပညာရှင်တစ်ဦးကို ရင်ဆိုင်ရန်မှာ အတိုင်းအတာတစ်ခုအထိ ခဲယဉ်းလှပေသည်။

သို့သော်လည်း ရှုချွမ်း၏ ရင်ထဲ၌ ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များသာ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

ရန်သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၉ ပင် ဖြစ်ပါစေ၊ လူသားနှင့် မိစ္ဆာမျိုးနွယ်စုကြား ကျင့်ကြံခြင်းနယ်ပယ် ကြီးမားစွာ ကွာဟနေပါစေ ရှုချွမ်းကမူ ရန်သူ့ကို သေချာပေါက် ခြေမှုန်းနိုင်မည်ဟု ရင်ထဲမှ အကြွင်းမဲ့ ယုံကြည်ထားပေသည်။

ယင်းက သူ၏ နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာသော ယုံကြည်မှုဖြစ်ပြီး 'ထိုက်ယိမြင့်မြတ်နယ်မြတ်မြေ' ၏ သူတော်စင်သားတော် တစ်ဦး၏ မာန်မာနလည်း ဖြစ်ပေသည်။

"လာစမ်းပါ.. ဒီနေ့တော့ မင်းရဲ့ ယုတ်မာတဲ့ အစီအစဉ်တွေကို ငါ သေချာပေါက် အကောင်အထည်ဖော်ခွင့်ပေးမှာ မဟုတ်ဘူး" ရှုချွမ်းက ရဲရဲတောက် တိုက်ခိုက် လို စိတ်များဖြင့် ကြုံးဝါးလိုက်၏။

ရှုချွမ်း၏ စကားကို ကြားလိုက်ရချိန်တွင် ရှီထျန်း၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရတော့သည်။

သူ၏ လျှို့ဝှက်အစီအစဉ်ကြီးကို ဤလူသားလူငယ်က သိရှိနေခဲ့ပြီ ဖြစ်ကြောင်း ရှုချွမ်း၏ စကားအရ သူ ရိပ်မိလိုက်သောကြောင့် ဖြစ်၏။

၎င်းက ရှုချွမ်းနှင့် နင်ယို့ချီတို့ကို ဤနေရာမှ အသက်ရှင်လျက် လုံးဝ ပေးမထွက်နိုင်ကြောင်း သူ့ကို သာ၍ ဆုံးဖြတ်ချက် ခိုင်မာသွားစေသည်။

မဟုတ်ပါက ၎င်းတို့က သူ၏ အစီအစဉ်ကို မဖျက်ဆီးနိုင်ခဲ့ရင်တောင်မှ ဤလျှို့ဝှက်ချက် အပြင်ဘက်က လူသားကမ္ဘာဆီသို့ ပေါက်ကြားသွားပါက အပြင်ဘက်ရှိ လူသားထိပ်သီးများ၏ အလုံးအရင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

အပြင်ဘက်က လူသားမျိုးနွယ်စုများက မိစ္ဆာဘိုးဘေး ပြန်လည်နိုးထလာမည့်အရေးကို ဘယ်သောအခါမျှ ခွင့်ပြုကြမည်မဟုတ်သည်ကို ရှီထျန်း အသေအချာ အာမခံနိုင်ပေသည်။

"ကောင်းတယ်... တကယ့်ကို ကောင်းတယ်..."

"မင်းတို့တွေ ငါ့ရဲ့အစီအစဉ်ကို ဘယ်ကနေ သိလာခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့... ငါ့ရဲ့လျှို့ဝှက်ချက်ကို သိတဲ့သူမှန်သမျှမှာ ရလဒ်တစ်ခုတည်းပဲ ရှိတယ်၊ အဲဒါက သေခြင်းပဲ"

ရှီထျန်း၏ မျက်ဝန်းများထဲမှ ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်ခြင်းအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ရှုချွမ်းနှင့် နင်ယို့ချီတို့၏ အပေါ်သို့ ဖိနှိပ်လိုက်တော့၏။

ကနဦးကမူ သူက ရှုချွမ်းနှင့် နင်ယို့ချီတို့ကို အရှင်ဖမ်းဆီးကာ မိစ္ဆာဘိုးဘေး နိုးထလာချိန်တွင် ခွန်အားများ ပြန်လည်ဖြည့်တင်းရန်အတွက် ယဇ်ကောင် များအဖြစ် အသုံးပြုရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုမူ ၎င်းတို့ကို သတ်ပစ်ရန်သာ ဆုံးဖြတ်လိုက်တော့၏။

သူ၏ အစီအစဉ် ပေါက်ကြားသွားနိုင်မည့် မည်သည့် အလားအလာမျိုးကိုမျှ သူ ခွင့်မပြုနိုင်ပေ။ အနည်းငယ်မျှပင် အဖြစ်မခံနိုင်ပေ ။

"သတ်စမ်း.."

ရှုချွမ်းနှင့် နင်ယို့ချီတို့က တစ်ပြိုင်နက်တည်း ဟစ်အော်လိုက်ကြပြီး ပလ္လင်ပေါ်ရှိ ရှီထျန်းရှိရာဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့ကြတော့သည်။

တိုက်ကွက်များက ရှီထျန်း၏ အပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲတွင်မူ ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပွားသွားခဲ့၏။

"ဟမ့်... ကလေးကလား တိုက်ကွက်တွေပါလား.."

ရှီထျန်းက သူ၏ ဧရာမ လက်ဝါးကြီးကို ဝှေ့ယမ်းလိုက်ရာ ပုံသဏ္ဍာန်မျိုးစုံရှိသော မိစ္ဆာ ရုပ်သေးရုပ်၁၀ ရုပ် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့နှစ်ဦး၏ တိုက်ကွက်များကို အရှေ့မှ ချက်ချင်း ဆီးကြိုပိတ်ဆို့လိုက်တော့သည်။

ထိုမိစ္ဆာများမှာ ၎င်းတို့၏ ခန္ဓာကိုယ် သက်သက်ဖြင့်တင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နှင့် ယှဉ်နိုင်သော စွမ်းအားများ ရှိနေကြသဖြင့် ရှုချွမ်းနှင့် နင်ယို့ချီတို့၏ တိုက်ကွက်များက ထိုရုပ်သေးရုပ်များ၏ အဝတ်အစားများကိုသာ ဆုတ်ဖြဲနိုင်ခဲ့ကြ၏။

၎င်းမှလွဲ၍ ထိုရုပ်သေးများမှာ မည်သည့် ထိခိုက်ဒဏ်ရာမျှ ရရှိခြင်းမရှိပေ။

"ငါ့ရဲ့ ရုပ်သေး စစ်တပ်ကြီးကို အားရပါးရ မြည်းစမ်းကြည့်ကြစမ်းပါဦး.."

ရှီထျန်းကမူ ပလ္လင်ပေါ်၌ ပျင်းရိငြီးငွေ့စွာ ထိုင်နေဆဲဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်မှုများကို အနည်းငယ်မျှ အာရုံမစိုက်ပေ။

သူ၏ အရှေ့ရှိ မိစ္ဆာရုပ်သေး ၁၀ ရုပ်မှာ ဤမိစ္ဆာနယ်မြေအတွင်းရှိ လွန်စွာ ဆန်းပြားလှသော မျိုးနွယ်စုများ ဖြစ်ကြသည်။

၎င်းတို့က မိစ္ဆာချီများကို ကျင့်ကြံခြင်းမရှိဘဲ ၎င်းတို့၏ ခန္ဓာကိုယ်ခွန်အားကိုသာ အစွန်းကုန် လေ့ကျင့်ထားကြသူများ ဖြစ်၏။

ရှီထျန်းက မိစ္ဆာအရှင်သခင်အာဏာကို အသုံးပြု၍ ထိုဆန်းပြားသော မိစ္ဆာများကို စုစည်းခဲ့ပြီး မိစ္ဆာမျိုးနွယ်စု၏ လျှို့ဝှက်နည်းလမ်းများဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များကို သာ၍ သန်မာအောင် ပြုပြင်မွမ်းမံထားခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ၎င်းတို့၏ ခန္ဓာကိုယ်သက်သက်ဖြင့်တင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နှင့် ယှဉ်နိုင်သော အစွမ်းများ ရရှိသွားခဲ့ပြီး အသိစိတ်မဲ့သော ရုပ်သေး များအဖြစ် ပြောင်းလဲကာ ဤရုပ်သေးစစ်တပ်ကြီး ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

ဤ ရုပ်သေးမိစ္ဆာ ၁၀ ရုပ်မှာ အသိစိတ်မရှိကြသလို မောပန်းခြင်းကိုလည်း မသိကြပေ၊ နာကျင်မှုကိုလည်း မခံစားရဘဲ လွန်စွာ အစွမ်းထက်လှသော မိစ္ဆာ အစီအရင်ကိုပါ ခင်းကျင်း နိုင်ကြသဖြင့် ၎င်းက ရှီထျန်းအတွက် မိစ္ဆာအရှင်သခင်ရာထူးကို ခိုင်မာစွာ ထိန်းချုပ်ထားနိုင်စေသည့် ဝှက်ဖဲများထဲမှ တစ်ခုပင် ဖြစ်၏။

"သွားကြစမ်း... သူတို့ကို သတ်ပစ်ကြစမ်း"

ရှီထျန်း၏ အမိန့်ပေးသံနှင့်အတူ ရုပ်သေးစစ်တပ်ကြီးက ချက်ချင်း လှုပ်ရှားလာခဲ့ပြီး ၎င်းတို့၏ ဧရာမ လက်သီးကြီးများကို မြှောက်ကာ ၎င်းတို့နှစ်ဦးအား ပြင်းထန်စွာ ထုနှက်တော့သည်။

"သတိထား ယို့ချီ... ဒီမိစ္ဆာ ၁၀ ကောင်ထဲက တစ်ကောင်ချင်းစီက စောစောက မိုဝူထက် အများကြီး ပိုပြီးတော့ သန်မာတယ်" ရှုချွမ်းက ခေါင်းလှည့်ကာ နင်ယို့ချီကို သတိပေးလိုက်၏။

သူမအနေဖြင့် ပေါ့ဆမိပြီး ထိုမိစ္ဆာ များ၏ လက်ထဲသို့ ကျရောက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"အင်း... သိပါပြီ..."

နင်ယို့ချီကလည်း လေးနက်သော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

သူမသည်လည်း ထိုရုပ်သေးများ၏ ကြောက်မက်ဖွယ် ခွန်အားကို သဘာဝအလျောက် ရိပ်မိပေသည်။

"နေဝန်းနီ ကောင်းကင်လှည့်လည်ခြင်း"

ရှုချွမ်းက လက်သီးတစ်ချက် ပစ်လွှတ်လိုက်ရာ ထိုလက်သီးချက်က မိစ္ဆာတစ်ကောင်၏ အပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။

သို့သော်လည်း မူလက လွန်စွာ ပြင်းထန်လှသော သူ၏ 'မဟာနေမင်း နတ်ဘုရားလက်သီး' မှာ ဂွမ်းစတစ်ခုကို ထုလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး မည်သည့် သက်ရောက်မှုမျှ ရှိမနေခဲ့ပေ ။

"ဒီနေ့တော့ ငါ တကယ် မယုံဘူး... မင်းတို့ရဲ့ ခုခံမှုကို ငါမဖျက်ဆီးနိုင်ဘူးဆိုတာ ကိုပေါ့" ရှုချွမ်းက မျက်မှောင်ကြုတ်ရင်း ခပ်ထစ်ထစ် လေသံဖြင့် ပြောလိုက်၏။

သူ ဤကဲ့သို့သော အခြေအနေမျိုးနှင့် မည်သည့်အခါက ကြုံတွေ့ဖူးပါသနည်း။

ယခင်က ရန်သူများမှာ သူ၏ လက်သီးတစ်ချက် သို့မဟုတ် ဓားတစ်ချက်အောက်တွင်တင် မရှုမလှ ပျက်စီးသွားခဲ့ကြရပြီး သူ၏ လက်သီးနှင့် ဓားချက်နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း တောင့်ခံနိုင်သောရန်သူမှာ လွန်စွာ ရှားပါးလှသည်။

သို့သော် ဤဆန်းပြားသော မိစ္ဆာ များကမူ ၎င်းတို့၏ ခန္ဓာကိုယ်သက်သက်ဖြင့် သူ၏ တိုက်ကွက်ကို တောင့်ခံနိုင်ရုံမျှမက ဒဏ်ရာအနည်းငယ်မျှပင် ရရှိခြင်းမရှိပေ။

'ဝမ်ကျီဓား' ကို ရှုချွမ်းက လက်ထဲ၌ ကျစ်ကျစ်ပါအောင် ပြန်လည်ဆုပ်ကိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအားများကို အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်ရာ 'နေမင်းအစစ်အမှန် မီးတောက်' များက ဓားသွားပေါ်တွင် အပြည့်အဝ လွှမ်းခြုံသွားခဲ့တော့သည်။

မူလက နက် ရွှေရောင် ဓားမှာ တခဏချင်းအတွင်း မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေသော ဓားရှည်ကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

"သေစမ်း"

ရှုချွမ်းက အော်ဟစ် လိုက်ပြီး သူ၏ ခွန်အားအားလုံးကို အသုံးပြုလျက် ဓားချက်တစ်ချက်ကို ပြင်းထန်စွာ ပိုင်းဖြတ်ချလိုက်တော့သည်။

ရုပ်သေးရုပ် များမှာ အသိစိတ်မရှိကြသဖြင့် ရှုချွမ်း၏ ဓားချက်ကို မရှောင်ရှားနိုင်ဘဲ ရုပ်သေးမိစ္ဆာ၏ အပေါ်သို့ တိကျစွာ ကျရောက်သွားခဲ့၏။

"ဘုန်း.."

ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်သွားခဲ့သည်။

ခန်းမကြီးအတွင်းရှိ မီးတောက်များမှာလည်း တခဏချင်းအတွင်း ငြိမ်းသတ်သွားခဲ့ရပြီး ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ လေထုထဲ၌ ပျံလွင့်သွားခဲ့သဖြင့် လက်ရှိအခြေအနေကို လုံးဝ မမြင်နိုင်တော့ပေ။

"ရား......"

နာကျင်လှသော အော်ဟစ်ညည်းတွားသံတစ်ခု ခန်းမကြီးတစ်ခုလုံးအတွင်း ရုတ်တရက် ဟိန်းထွက်သွားခဲ့၏။

၎င်းက ရှုချွမ်းကို အနည်းငယ် အံ့ဩသွားစေသည်။

ဤမိစ္ဆာများမှာ နာကျင်မှုကို မခံစားတတ်ဟု ထင်ရသော်လည်း ဘာကြောင့် ယခုကဲ့သို့ အသံထွက်လာရသနည်း။ သူ၏ ရင်ထဲ၌ သိချင်စိတ်များ ပြည့်နှက်သွားခဲ့ရသည်။

ခန်းမအတွင်းရှိ မိစ္ဆာမီးတောက်များ ပြန်လည်လင်းထိန်လာခဲ့ချိန်တွင်မူ လူသားနှစ်ဦးနှင့် မိစ္ဆာတစ်ကောင်တို့က လက်ရှိအခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရတော့၏။

ရှုချွမ်း၏ ဓားချက်အောက်သို့ ကျရောက်သွားခဲ့သော မိစ္ဆာရုပ်သေးမှာ ယခုအခါ ခန္ဓာကိုယ် ထက်ပိုင်းပြတ်တောက်နေခဲ့ပြီ ဖြစ်ပြီး နေမင်းအစစ်အမှန် မီးတောက်များမှာလည်း ကပ်ပါးကောင်များအလား သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိလျက် ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့သည်။

ဤအခိုက်အတန့်တွင် ထိုရုပ်သေး၏ အသိစိတ်များ အတိုင်းအတာတစ်ခုအထိ ပြန်လည်နိုးထလာပုံရပြီး နာကျင်မှု ခံစားချက်များလည်း ပေါ်ထွက်လာခဲ့ပုံရပေသည်။

သူ၏ မျက်ဝန်းများထဲတွင် အသက်ရှင်လိုသော ပြင်းထန်လှသည့် တောင့်တမှုများ ပြည့်နှက်နေခဲ့သော်လည်း လွန်စွာ လျင်မြန်လှစွာပင် ရှုချွမ်း၏ နေမင်းအစစ်အမှန် မီးတောက်များ၏ လောင်ကျွမ်းမှုကြောင့် ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ရတော့သည်။

၎င်းကို မြင်လျှင် နင်ယို့ချီကလည်း အလျှော့မပေးလိုတော့ဘဲ သူမ၏ ဓားရှည်ကို သိမ်းဆည်းလိုက်ကာ သူမ၏ နဖူးထက်ရှိ အမှတ်အသားကို အသက်သွင်းလိုက်တော့၏။

ဧရာမ ထိုက်ယင်စွမ်းအားများက သူမ၏ လက်ထဲတွင် လမင်းစက်ဝန်း တစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး သူမ၏ သွယ်လျလှသော လက်မောင်းကို ဝှေ့ယမ်းကာ ပစ်လွှတ်လိုက်ရာ လမင်းစက်ဝန်းက မိစ္ဆာတစ်ကောင်ထံသို့ တိကျစွာ ရိုက်ခတ်သွားခဲ့သည်။

ထိုထိုက်ယင်ယင်ချီ များကလည်း ထိုရုပ်သေး၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကို ချက်ချင်း စတင် တိုက်စားလေတော့သည်။

ရှုချွမ်း၏ နေမင်းအစစ်အမှန် မီးတောက်ကဲ့သို့ လျင်မြန်စွာ မလောင်ကျွမ်းနိုင်သော်လည်း ဤရုပ်သေးမိစ္ဆာကို ရှင်းလင်းပစ်ရန်အတွက်မူ လုံလောက်လှပေသည်။

"ထိုက်ယင်စွမ်းအားနဲ့ နေမင်းအစစ်အမှန် မီးတောက်တွေက သူတို့ကို ချုပ်ကိုင်ထားနိုင်တာပဲ... ကိုတို့တွေ ပူးပေါင်းပြီး တိုက်ခိုက်ကြရအောင်" ရှုချွမ်းက ဤမြင်ကွင်းကို ကြည့်ပြီး ဝမ်းသာအားရဖြင့် နင်ယို့ချီကို လှမ်းအော်ပြောလိုက်၏။

"ကောင်းပြီလေ.."

စကားအရှည်ကြီး ပြောမနေတော့ဘဲ နင်ယို့ချီ၏ ခန္ဓာကိုယ်ထံမှ ဧရာမ ထိုက်ယင်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ရှုချွမ်း၏ နေမင်းအစစ်အမှန် မီးတောက်များနှင့် လေထုထဲ၌ အပြန်အလှန် ရောယှက်သွားခဲ့ကာ ကောင်းကင်ယံတွင် ယင်နှင့်ယန် 'ထိုက်ကျိစက်ဝန်းကြီး'တစ်ခုကို ဖော်ဆောင် လိုက်တော့သည်။

"အတူတူ တိုက်ခိုက်ကြမယ်.."

"အင်း."

စကားဆုံးသည်နှင့် ထိုထိုက်ကျိစက်ဝန်းကြီးက ရှေ့သို့ တစ်ဟုန်ထိုး ပျံသန်းသွားခဲ့ပြီး ကျန်ရှိနေသေးသော မိစ္ဆာ များ၏ အသက်များကို တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် စတင်ရိတ်သိမ်းဖျက်ဆီးပစ်လိုက်တော့သတည်း။

"ဘာ......"

သူ ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်ထားခဲ့သော စစ်တပ်ကြီးမှာ ရှုချွမ်းနှင့် နင်ယို့ချီတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးမည့် အချိန်ပင် မရှိသေးဘဲ တစစ ပျက်စီးနေခဲ့ရသည်ကို မြင်လိုက်ရချိန်၌ ရှီထျန်းတစ်ယောက် ပလ္လင်ပေါ်မှ ချက်ချင်း မတ်တပ်ရပ်လိုက်မိပြီး ဤမြင်ကွင်းကို ကြည့်ကာ အကြီးအကျယ် ထိတ်လန့်အံ့ဩသွားခဲ့ရတော့သည်။

All Chapters