← Chapters

အခန်း ၄၃၆

Vol. 43 Ch. 436

အခန်း ၄၃၆

Vol. 43 Ch. 436

အခန်း (၄၃၆) လက်နက်ချ အညံ့ခံခြင်း

"ဒီကိစ္စကိုတော့ ကျွန်တော်တို့ လက်ခံနိုင်မယ်မထင်ဘူး"

ချွီချင်းရှန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ဂိုဏ်းတည်ထောင်သူ၏ ဓားနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုတွေကိုတောင် စွန့်လွှတ်နိုင်တယ်ဆိုပါက နောက်တစ်ကြိမ် ချိုးချန်ထိုက်က ယွမ်ချန်ဓားဂိုဏ်းကို ထပ်လာပြီး တခြားတောင်းဆိုမှုတွေ လုပ်လာရင်လည်း ယွမ်ချန်ဓားဂိုဏ်းက လက်ခံရတော့မှာပဲ ဖြစ်သည်။

ချိုးချန်ထိုက်က ယနေ့မှာ သေးငယ်တဲ့ တောင်းဆိုမှုတစ်ခုကို လုပ်ခဲ့တာဖြစ်နိုင်ပါသေးသည်။ သူ့၏ ရည်ရွယ်ချက်က ယွမ်ချန်ဓားဂိုဏ်းတစ်ခုလုံးကို သူလိုချင်သလို ခြယ်လှယ်အမြတ်ထုတ်ဖို့ ဖြစ်သည်။

လူများသည် အရာရာကို အသားကျသွားတဲ့အခါ ခံစားမှုမဲ့သွားတတ်ကြသည်။ လတ်တလောတွင် ဒေါသထွက်ကောင်း ထွက်နေနိုင်သော်လည်း သည်းခံပြီး ကိုယ့်ကိုယ်ကိုယ် ဖြောင်းဖြလိုက်မယ်ဆိုရင် အရာရာက ပြီးသွားမှာဖြစ်သည်။

လူတစ်ယောက်၏ ခေါင်းပြတ်ကျတော့မယ့် အခြေအနေမျိုး မဟုတ်သရွေ့ အရာအားလုံးက ညှိနှိုင်းလို့ရသလို၊ သဘောတူလို့ရသလို၊ ပေးဆပ်လို့ရတယ်လို့ ထင်ရပါသည်။

ယွမ်ချန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ချွီချင်းရှန်းအနေနဲ့ ယခုကဲ့သို့ကိစ္စများကို မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။

ယနေ့တွင် ချိုးချန်ထိုက်၏ တောင်းဆိုမှုတွေကိုသာ ရိုးရိုးရှင်းရှင်း သဘောတူလိုက်ပါက ယွမ်ချန်ဓားဂိုဏ်းဟာ အရင်က ခမ်းနားမှုတွေ ပျောက်ကွယ်ပြီး ချိုးချန်ထိုက် စိတ်ကြိုက် အသုံးချနိုင်တဲ့ ကိရိယာတစ်ခု အဖြစ်ကို အမှန်တကယ် ပြောင်းလဲသွားပါလိမ့်မည်။ ဤသည်မှာ ရှောင်လွှဲလို့မရသော ရလဒ်တစ်ခုဖြစ်သည်။

ထိုအချိန်ရောက်ပါက ယွမ်ချန်ဓားဂိုဏ်းသည် အမှန်တကယ် ပျက်စီးသွားပါလိမ့်မည်။

"လူတွေက အခြေအနေကို ဘယ်လို သုံးသပ်ရမလဲဆိုတာ သိဖို့လိုသလို၊ ဂိုဏ်းတစ်ခုကလည်း အခြေအနေ ကြည့်တတ်ဖို့ လိုတယ်"

ချွီချင်းရှန်းရဲ့ မျက်နှာထားကို ကြည့်ရင်း ချိုးချန်ထိုက်က ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။

"မင်းတို့က ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ဆီကနေ အကာအကွယ် ရမယ်လို့ မျှော်လင့်နေတယ်ဆိုရင်တော့ သေချာပေါက် စိတ်ပျက်ရလိမ့်မယ်"

ချွီချင်းရှန်းက တိတ်ဆိတ်နေဆဲပင် ဖြစ်၏။ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့အတွင်းက အင်အားစု အသီးသီးကြား၏ ပဋိပက္ခတွေကို မဟာမိတ်အဖွဲ့က သိပ်ပြီး ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးဆိုတာကို သူ သိထားပြီးသား ဖြစ်သည်။

လူတွေရှိတဲ့နေရာမှာ ပဋိပက္ခဆိုတာ ရှောင်လွှဲလို့မရပေ။ အထူးသဖြင့် အစွမ်းထက်တဲ့ အင်အားစုတွေကြားမှာ ပိုပြီးတော့ မှန်ကန်ပါသည်။

ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့အတွင်းက အင်အားစုများစွာကြားမှာ မျိုးနွယ်စုတစ်ခုလုံးကို မျိုးတုံးသတ်ဖြတ်တဲ့အထိ လွန်လွန်ကျွံကျွံ မလုပ်သရွေ့တော့ မဟာမိတ်အဖွဲ့က ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။ ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ ပြင်ပက လူတစ်ယောက်က လာပြီး အနိုင်ကျင့်မယ်ဆိုရင်တော့ တစ်မျိုး ဖြစ်သွားလိမ့်မည်။

ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ချိုးချန်ထိုက်အနေနဲ့ ထို အတွင်းစည်းမျဉ်းတွေကို သဘာဝကျကျ အလွန် ကောင်းကောင်း နားလည်ထားပါသည်။ ထိုကဲ့သို့ နားမလည်ထားပါက သူတို့၏ အင်အားကို အတည်ပြုပြီးသည်နှင့် သူတို့၏တံခါးဝကို တိုက်ရိုက် ရောက်လာမှာ မဟုတ်ပေ။

ချိုးချန်ထိုက်၏ စိတ်ထဲတွင် ယွမ်ချန်ဓားဂိုဏ်းနဲ့ ချန်ရွှေတောင်ကြားဂိုဏ်းတို့ကို သူ စိတ်ကြိုက် ခြယ်လှယ်နိုင်တဲ့ သူ့လက်ဖဝါးထဲက ပစ္စည်းတွေလို သဘောထားခဲ့တာ ကြာပြီ ဖြစ်သည်။

ချိုးချန်ထိုက်၏ စိတ်ထဲမှာတွင် ဤဂိုဏ်းနှစ်ခုကို ဖျက်ဆီးပြီး ရွှေဥဥတဲ့ငန်းကို သတ်ပစ်သကဲ့သို့ မဖြစ်ချင်ပေ။ မည်သို့ပင်ဆိုစေ ချိုးချန်ထိုက်၏ အမြင်တွင် ဤဂိုဏ်းနှစ်ခုက အနာဂတ်တွင် သူ့အတွက် လုံလောက်သော သယံဇာတ အရင်းအမြစ်တွေကို ဆက်ပြီး ပေးစွမ်းနိုင်သေးသည်။

လူတိုင်းကို သတ်ပစ်လိုက်ပါက ဤဂိုဏ်းနှစ်ခုကို သိမ်းပိုက်နိုင်ရင်တောင် သိပ်ပြီး အဓိပ္ပာယ်ရှိမှာ မဟုတ်ပေ။

ဂိုဏ်းတစ်ခုကို ဘယ်လို ကျွန်ပြု၍ သူတို့ကို ဘယ်လို အသံမထွက်ရဲအောင် လုပ်ပြီး အမိန့်တွေကို နာခံလာအောင် လုပ်ရမလဲဆိုတာ ချိုးချန်ထိုက်အတွက် အလွန် ရင်းနှီးကျွမ်းဝင်ပြီးသား ကိစ္စတစ်ခု ဖြစ်သည်။

ချွီချင်းရှန်းက ဘာမှ ပြန်မပြောတာကို ချိုးချန်ထိုက် မြင်တဲ့အခါ သူ့မျက်နှာပေါ်က အပြုံးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်လုံးတွေက အေးစက်မှောင်မိုက်သွားပါသည်။

လက်နက်ချဖို့ ဆန္ဒမရှိတဲ့ ဂိုဏ်းတွေကို ကိုယ်တွယ်ဖြေရှင်းဖို့ ချိုးချန်ထိုက်မှာ သဘာဝကျကျ နည်းလမ်းရှိပြီးသားပင်၊ အလွယ်ကူဆုံး နည်းလမ်းမှာ သူတို့ကို ကြောက်လန့်သွားပြီး အရှိတရားကို အတင်းအကျပ် ရင်ဆိုင်လာရတဲ့အထိ ရိုက်နှက်ဆုံးမပစ်ဖို့ ဖြစ်သည်။

ချိုးချန်ထိုက်က ခေါင်းမာသောသူတွေ အများကြီးကို တွေ့ဖူးပြီး အလုံအလောက်လည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ဖူး၍ ကိစ္စများကို ဘယ်လို လုပ်ဆောင်ရမည်ကို သဘာဝကျကျ နားလည်ထားပါသည်။

"မင်းတို့က ဒီလို မျက်နှာထားမျိုးနဲ့ ငါ့ကို ရင်ဆိုင်မလို့လား။”

လော့စန်းဖုန်းက ချွီချင်းရှန်းကို ကြည့်လိုက်ပြီး တခြားသူတွေကိုလည်း အကဲခတ်ကာ လှောင်ပြောင်လိုက်သည်။

ချိုးချန်ထိုက်က စကားမပြောသော်လည်း ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်၏ အရှိန်အဝါက လေထုထဲမှာ ပြန့်နှံ့နေပြီဖြစ်သည်။ ခန်းမထဲရှိ လူတိုင်းရဲ့ ကျောရိုးထဲမှာ ချမ်းစိမ့်သွားပြီး ထက်မြက်တဲ့ ဓားတစ်လက်က သူတို့၏ မျက်လုံးများကို တိုက်ရိုက် ချိန်ရွယ်ထားသလို ခံစားလိုက်ရသည်။

မျက်မြင်တွေ့နေရသည့် ခြိမ်းခြောက်မှုက လူတိုင်းကို ချက်ချင်း ထိတ်လန့်သွားစေသည်။

ယွမ်ချန်ဓားဂိုဏ်းနဲ့ ချန်ရွှေတောင်ကြားဂိုဏ်းတို့က ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားကို ကောင်းကောင်း သိထားကြပါသည်။ ယခင်က နတ်တိမ်မြို့တွင် နတ်တိမ်ဓားဂိုဏ်းက ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် လှုပ်ရှားတာကို တစ်ကြိမ်မက သူတို့ မြင်တွေ့ခဲ့ဖူးပါသည်။

ယခုကဲ့သို့ နားလည်ထားမှုကြောင့် ယခု လက်ရှိ ရင်ဆိုင်နေရသည့် အကျပ်အတည်းက တကယ့်ကို ဘယ်လောက်အထိ ဆိုးရွားနေသည်ကို ပိုပြီး သိရှိနေကြပါသည်။

နှစ်ယောက်စလုံးက ဒွာရသန့်စင်ခြင်း အဆင့်မှာ ရှိနေကြသော်လည်း သူတို့၏ ခွန်အားများမှာ လုံးဝ မတူညီတဲ့ အဆင့်တွေမှာ ရှိနေကြပါသည်။

သိုင်းပညာ ကျင့်ကြံခြင်းဆိုသည်မှာ တစ်လှမ်းချင်းစီ လျှောက်လှမ်းရပြီး ခြေလှမ်းတိုင်းက လောကကြီးကို ပိုပြီး မြင်တွေ့နိုင်ဖို့ အခွင့်အရေးတွေ ပေးစွမ်းသလို ခွန်အားကိုလည်း သိသိသာသာ မြင့်တက်လာစေပါသည်။

"ကျွန်တော်တို့က ခင်ဗျားတို့ နှစ်ယောက်စလုံးနဲ့ ရန်သူဖြစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး"

ချွီချင်းရှန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"ဒါပေမဲ့ အခု ရှင်တို့က ကျွန်မတို့ကို အခက်တွေ့အောင် လုပ်နေတာပဲ"

လော့စန်းဖုန်းက မျက်လုံးမှေးကြည့်ရင်း ပြောလိုက်သည်။

"ခင်ဗျားတို့ နားလည်မှုလွဲနေပြီ"

ချွီချင်းရှန်းက အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။

လော့စန်းဖုန်းက လက်ကိုဝှေ့ယမ်းကာ ချွီချင်းရှန်းကို ဖြတ်ပြောလိုက်သည်။

"ဒါက ဓားတစ်လက်ပါပဲ၊ ဒါကိုတောင် ရှင်တို့က လက်မလွှတ်ချင်ကြဘူး။ ကျွန်မတို့ ဒီနေ့ ဒီကိုလာတာ သွေးထွက်သံယို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက် ဘာတစ်ခုမှ မရှိပါဘူး။ ဒါပေမဲ့ ရှင်တို့ရဲ့ သဘောထားက ဒီလိုဆိုရင်တော့ တစ်မျိုးပေါ့!"

ချွီချင်းရှန်းက တိတ်ဆိတ်နေသလို ကျိုးကျိရွှမ်းနဲ့ ကျီရွေ့ချင်းတို့ကလည်း တိတ်ဆိတ်နေကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့၏ နောက်ဆုံးစည်းမျဉ်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤစည်းကိုသာ ကျော်သွားခဲ့ရင် နောက်ထပ် ဘာစည်းမျဉ်းမှ ကျန်တော့မည် မဟုတ်ပေ။

“သေချာ စဉ်းစားပြီးပြီလား..”

ချိုးချန်ထိုက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အကြည့်တွေ အနည်းငယ် ဝေဝါးနေတဲ့ တစ်ယောက်၊ နှစ်ယောက်ကလွဲ၍ ကျန်တဲ့သူတွေ အားလုံးမှာ အလွန် ပြတ်သားနေပုံရသည်။ သူ အနည်းငယ် အံ့အားသင့်မသွားဘဲ မနေနိုင်ခဲ့ချေ။

ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ ပြင်ပက ဤဂိုဏ်းနှစ်ခုကို ခေါ်သွင်းလာတာက အနည်းငယ်တော့ မျှော်လင့်မထားခဲ့တဲ့ ကိစ္စပါ။ သို့သော် အနည်းငယ် အံ့အားသင့်စရာသာ ဖြစ်ပြီး မြန်ဆန်ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆိုပါက အရာအားလုံးကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။

ချိုးချန်ထိုက်က အနည်းငယ် မျှော်လင့်နေမိသည်။ သူက နောက်ပိုင်းမှာ လူအနည်းငယ်ကို ဒဏ်ရာရအောင်လုပ်ဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့တောင် ရည်ရွယ်ထားပြီး ထိုသို့လုပ်မှသာ ဤလူများမှာ အမှန်တကယ် ထိတ်လန့်သွားပြီး သူ့ကို လက်နက်ချ အညံ့ခံလာမှာ ဖြစ်သည်။

"ကျေးဇူးပြုပြီး ခင်ဗျားရဲ့ တောင်းဆိုမှုကို ပြောင်းလဲပေးပါ!"

ချွီချင်းရှန်းက လေးနက်သော အသံဖြင့် ပြောလိုက်ရာ သူ၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းနေသည်။

"ဟားဟားဟား... ကောင်းပြီလေ... မင်းတို့က ဒီလိုဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့"

ချိုးချန်ထိုက်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ရာ ကြီးမားလှသော အသံကြီးက ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ ကျင့်ကြံမှုအဆင့် အနည်းငယ် နိမ့်ကျသူများ၊ အထူးသဖြင့် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်တွင် ရှိသူများ၏ မျက်နှာများပေါ်တွင် နာကျင်နေသော အမူအရာများ ပေါ်လာသည်။

ထိုအသံက နတ်ဆိုးတစ်ကောင်ရဲ့ တီးတိုးသံကဲ့သို့ သူတို့၏ စိတ်ထဲတွင် အဆက်မပြတ် တုန်ခါနေပြီး သူတို့၏ ဝိညာဉ်တွေကို ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲက လှေငယ်တစ်စင်းကဲ့သို့ အချိန်မရွေး တိမ်းမှောက်သွားနိုင်သည့် အန္တရာယ်ရှိနေသလို ခံစားရစေပါသည်။

ချွီချင်းရှန်းနဲ့ အခြားနှစ်ယောက်က ချက်ချင်း တင်းမာသွားကြပြီး ချိုးချန်ထိုက်ကို သတိထားနေတဲ့ အမူအရာတွေနဲ့ ကြည့်လိုက်ကြသည်။

"ကျွန်မ ယောကျာ်းက ဝင်တိုက်ခိုက်မယ်ဆိုရင် ရှင်တို့အတွက် နည်းနည်း မတရားသလို ဖြစ်နေလိမ့်မယ်။ ရှင်တို့ကို တကယ် လက်ခံယုံကြည်သွားအောင် ကျွန်မနဲ့ အရင် သိုင်းကွက် အနည်းငယ် ဖလှယ်ကြည့်ရအောင်"

လော့စန်းဖုန်းက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ချွီချင်းရှန်းနဲ့ အခြားနှစ်ယောက်၏ အရှေ့ကို ရောက်လာကာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ချိုးချန်ထိုက်နဲ့ ယှဉ်လိုက်ရင် လော့စန်းဖုန်း၏ အရှိန်အဝါက သံသယဖြစ်စရာမလိုအောင် အများကြီး ပိုအားနည်းပေမယ့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်မှာတော့ လော့စန်းဖုန်းက ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်နေတာ သေချာပါသည်။

ဒွာရ တစ်ရာနဲ့ဆိုပါက ယခုလို ကျင့်စဉ်မျိုးက ဒွာရသန့်စင်ခြင်း အဆင့်မှာ အလွန် မြင့်မားတဲ့ အဆင့်မှာ ရှိနေပါသည်။

ထိုကျင့်စဉ်မျိုးကို တွေ့ကြုံရဖို့ အခွင့်အလမ်း မရှိသည့် ဂိုဏ်းမဲ့ကျင့်ကြံသူတွေကို ဘေးဖယ်ထားလိုက်လျှင် ယခင်က ယွမ်ချန်ဓားဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေး အများအပြားမှာ ဤအဆင့်ရှိသည့် ကျင့်ကြံခြင်း နည်းလမ်းများတောင် မရှိကြပါပေ။

ယခုအချိန်မှာတောင် ချန်ရွှေတောင်ကြားဂိုဏ်း အတွင်းမှာ လက်ဆင့်ကမ်းလာတဲ့ အစွမ်းအထက်ဆုံး ကျင့်စဉ်များမှာ ဒွာရ တစ်ရာနီးပါးလောက်ပဲ ရှိပါသေးသည်။

"မင်းတို့ကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့။ မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့မိန်းမကို အနိုင်ယူနိုင်ရင် ဒီကိစ္စ ပြီးပြီ"

ချိုးချန်ထိုက်က လက်နှစ်ဖက်ကို နောက်ကျောမှာ ယှက်ထားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တချို့ကို ရင်ဆိုင်ရတာက ချိုးချန်ထိုက်အတွက် အရမ်း လွယ်ကူလွန်းနေ၍ စိတ်ဝင်စားမှု အားလုံး ပျောက်ဆုံးသွားစေသည်။

ချိုးချန်ထိုက်၏ အမြင်တွင် သူ့မိန်းမ လော့စန်းဖုန်းရဲ့ ခွန်အားက ဤလူတွေကို အနိုင်ယူဖို့ လုံလောက်တာထက်ကို ပိုနေပါသည်။

သို့သော် ထိုအချိန်ရောက်၍ ဤလူများက ခေါင်းမာနေတုန်းပဲဆိုလျှင် ချိုးချန်ထိုက်က သူတို့ကို မလွှဲမရှောင်သာ သတ်ပစ်ရပါလိမ့်မည်။ သူက အခွင့်အရေး ပေးပြီးပြီကို သူတို့က ကျေးဇူးမတင်သေးဘူးပါက သတ်ပစ်လိုက်သည်မှာ ပို၍ကောင်းပါသည်။ သူတို့ အသက်ရှင်နေလည်း ဘာအဓိပ္ပာယ်မှ မရှိပေ။

ချွီချင်းရှန်းနဲ့ အခြားနှစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ကျိုးကျိရွှမ်းက ရှေ့သို့ တစ်လှမ်းထွက်လာပြီး လော့စန်းဖုန်းရှေ့တွင် ရပ်လိုက်သည်။

"ယွမ်ချန်ဓားဂိုဏ်းက ကျိုးကျိရွှမ်းပါ... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး!"

ကျိုးကျိရွှမ်းက သူ၏ ဝိညာဉ်ဓားကို ကိုင်ဆောင်လျက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ရွှမ်ဟဲနန်းတော်က လော့စန်းဖုန်းပါ... လာခဲ့ပါ!"

လော့စန်းဖုန်း၏ လက်ထဲတွင် ဓားမြှောင်တစ်လက် ပေါ်လာပြီး လော့စန်းဖုန်း၏ အရှိန်အဝါက ချက်ချင်း မြင့်တက်လာကာ ထက်မြက်၊ ထိုးဖောက်နိုင်ပြီး မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်စွမ်း ရှိလာသည်။

ခပ်တိုးတိုး အော်ဟစ်သံနှင့်အတူ ကျိုးကျိရွှမ်းက သူ၏ အနည်းငယ် ကိုင်းနေသော ကျောကို ချက်ချင်း မတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်း တက်လိုက်ရာ လော့စန်းဖုန်း၏ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်၏။

နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။ သူက ရှင်သန်လိုတဲ့ ဆန္ဒနဲ့အတူ သေမင်းကို ရင်ဆိုင်သည်။ ကျိုးကျိရွှမ်းက သူ၏ ဓားကို ဆွဲထုတ်လိုက်သည်နှင့် ကြေကွဲဖွယ်ကောင်းပြီး သူရဲကောင်းဆန်သော အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်ကို ရုတ်တရက် ဖုံးလွှမ်းသွား၏။ ကျိုးကျိရွှမ်း၏ ဓားချက်ကြောင့် လော့စန်းဖုန်း၏ မျက်လုံးထဲရှိ အထင်သေးမှုများ အနည်းငယ် လျော့ကျသွားသော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။

ဘီလူး ဝိညာဉ်ဓားသိုင်းက ကျိုးကျိရွှမ်း သူ၏ တစ်သက်တာလုံး မြှုပ်နှံထားခဲ့တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပြီး သူ၏ စွမ်းအင်အားလုံးကို ထိုအမွေအနှစ်ထဲတွင် ပုံအောထားခဲ့သည်။ တစ်ချိန်တုန်းကဆိုရင် ကျိုးကျိရွှမ်းက ဘီလူး ဝိညာဉ်ဓားသိုင်းကို အခြေခံပြီး လမ်းကြောင်းသစ်တစ်ခု ဖောက်ဖို့တောင် စဉ်းစားခဲ့ဖူးပါသည်။

ကံမကောင်းစွာဖြင့် ကျိုးကျိရွှမ်း၏ ဆန္ဒစွမ်းအားက မလုံလောက်ခဲ့ဘဲ နောက်ဆုံးမှာ ကျရှုံးသွားခဲ့ရပါသည်။

သို့သော် ဘီလူး ဝိညာဉ်ဓားသိုင်းအပေါ် သူ၏ စိတ်အားထက်သန်မှုနှင့် မြှုပ်နှံထားမှု အပိုင်းကို ပြောရရင် ဤသိုင်းကို ပြီးပြည့်စုံအောင် ကျွမ်းကျင်ထားသည့် ချန်ဖေးတောင်မှ ကျိုးကျိရွှမ်းကို ယှဉ်နိုင်ဖို့ ခက်ပါလိမ့်မည်။

အာရုံစိုက်မှု ရှိ၍ စိတ်အားထက်သန်မှု ရှိလာသည်။ စိတ်အားထက်သန်မှု ရှိ၍ အသေးစိတ် သုတေသနပြုမှုတွေ ရှိလာသည်။

ကျိုးကျိရွှမ်းက သူ့ရဲ့ ဓားချက်ကို ထုတ်လွှတ်လိုက်တဲ့အခါ ဧရာမ နတ်ဘုရားတစ်ပါးက သူ့နောက်တွင် ရပ်နေပြီး သူ့ခန္ဓာကိုယ်ထဲကို ကြီးမားလှသည့် စွမ်းအားများ လောင်းထည့်ပေးလိုက်သကဲ့သို့ပင်၊ ဓားသွား ဖြတ်သန်းသွားသည့် နေရာတိုင်းမှာ မရေမတွက်နိုင်တဲ့ လှိုင်းဂယက်တွေက လေထုထဲမှာ ပြန့်နှံ့သွားပါသည်။

"ဘုန်း!"

နားကွဲမတတ် ပေါက်ကွဲသံကြီးက ကောင်းကင်ယံအထိ ထွက်ပေါ်လာပြီး ပင်မခန်းမကြီး တစ်ခုလုံးရဲ့ အစီအရင်က ချက်ချင်း ထွက်ပေါ်လာကာ တိုက်ပွဲရဲ့ တုန်ခါမှုလှိုင်းတွေကို ပိတ်ဆို့လိုက်ပါသည်။

လော့စန်းဖုန်းက လက်တစ်ဖက်တည်းနှင့် ဓားမြှောင်ကို ကိုင်ဆောင်လျက် ကျိုးကျိရွှမ်းရဲ့ တိုက်ခိုက်မှုကို လက်တစ်လုံးလောက်တောင် မရွေ့ဘဲ ကာကွယ်လိုက်ပါသည်။ ဘီလူး ဝိညာဉ်ဓားထဲတွင် ပါဝင်နေသည့် ကြီးမားလှသော စွမ်းအားများမှာ လော့စန်းဖုန်းရှေ့တွင် အရောင်အဝါ မှေးမှိန်သွားသလို ဖြစ်နေသည်။

ဓားမြှောင်ဆိုသည်မှာ အနီးကပ် တိုက်ပွဲများတွင် သုံးသည့် လက်နက်ဖြစ်ပြီး အသုံးပြုသူက အနီးကပ် အကွာအဝေးမှာ ရှိနေမှသာ သူ့ရဲ့ ထိရောက်မှုကို အမြင့်ဆုံး ရရှိနိုင်လေ့ရှိပါသည်။ ခွန်အားဆိုသည်မှာ သူ့ရဲ့ အားနည်းချက် ဖြစ်နိုင်ပါသည်။

သို့သော် ဤအခိုက်အတန့်တွင် ဓားမြှောင်က လော့စန်းဖုန်း၏ လက်ထဲတွင် ရှိနေပြီး သူမက ကျိုးကျိရွှမ်းရဲ့ တိုက်ခိုက်မှုကို အလွယ်တကူ ခံနိုင်ရည် ရှိခဲ့ပါသည်။

ကျိုးကျိရွှမ်း၏ နဖူးပေါ်က သွေးကြောတွေ တဖြည်းဖြည်း ထောင်ထလာပေမယ့် သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့လက်ထဲက ဓားက လော့စန်းဖုန်းရဲ့ ဓားမြှောင်ကို အနည်းငယ်လေးတောင် ဖိချလို့ မရခဲ့ပေ။

"ကောင်းတဲ့ သိုင်းကွက်ပဲ၊ ဒါပေမဲ့ နက်နဲမှုတော့ လိုနေသေးတယ်"

လော့စန်းဖုန်းက ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်သည်။

ကျိုးကျိရွှမ်းက စကားမပြောချေ။ သူက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရာ ဓားသွားပေါ်တွင် အနက်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာ၏။ သူ၏ ပတ်လည်တွင် စွမ်းအားစက်ကွင်းတစ်ခု ပေါ်လာပြီး လော့စန်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်သည်။

လော့စန်းဖုန်းက သူမ၏ ခန္ဓာကိုယ် နိမ့်ကျသွားသည်ကို ခံစားလိုက်ရပြီး သူမ၏ အတွင်းအား လှည့်ပတ်မှု၌ပင် သက်ရောက်မှုရှိသွားကာ အနည်းငယ် နှေးကွေးသွား၏။

‘ကျုံးယွမ်ဓား!’

ချန်ဖေးက ချန်ဟုန်ဂိုဏ်း၏ အမွေအနှစ် နေရာမှ ယွမ်ချန် ဓားကျမ်းစာ၏ ပထမ အဆင့်နှစ်ဆင့်ကို ပြန်လည်ရယူလာသောအခါ ကျိုးကျိရွှမ်းက က

ကြိုးကြိုးစားစား စတင် ကျင့်ကြံခဲ့ပါသည်။

သိုင်းပညာ လမ်းကြောင်းပေါ်တွင် ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာကို ကျိုးကျိရွှမ်းက စိတ်မပူခဲ့ပေ။ သူ့၏ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံမှုနှင့် ဒွာရပေါင်းစည်းခြင်း အဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကျရှုံးခဲ့သောကြောင့် သူ့၏ အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီးစေခဲ့သည်။

ကျိုးကျိရွှမ်းက ယွမ်ချန် ဓားကျမ်းစာကို ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီး အမွေအနှစ် အမျိုးမျိုးကို လေ့ကျင့်ခဲ့ရသည့် အကြောငမှာ ဂိုဏ်းက အကျပ်အတည်းနှင့် ရင်ဆိုင်ရသောအခါ ယွမ်ချန်ဓားဂိုဏ်းကို အန္တရာယ်ကနေ ကာကွယ်ရန် သူ ဆက်လက် မတ်တတ်ရပ်နိုင်ဖို့အတွက်ပင် ဖြစ်သည်။

ယွမ်ချန်ဓားဂိုဏ်းမှာ မွေးဖွားလာသည့် ကျိုးကျိရွှမ်းမှာ ငယ်ရွယ်စဉ်ကတည်းက ဂိုဏ်းအတွက် သူ့အသက်ကို စွန့်လွှတ်ဖို့ ရည်မှန်းထားခဲ့သည်။ ဤသည်မှာ ကျိုးကျိရွှမ်း၏ ဆန္ဒဖြစ်ပြီး သူ ထိုဆန္ဒအတိုင်း အမှန်တကယ် နေထိုင်ခဲ့ပါသည်။

နှစ်များကြာလာသည့်အခါ ကျိုးကျိရွှမ်းက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်၏ အခြေခံနဲ့အတူ နောက်ဆုံးတွင် ကျုံးယွမ်ဓားကို အထွတ်အထိပ်ရောက်တဲ့အထိ ကျင့်ကြံနိုင်ခဲ့ပြီး ဘီလူး ဝိညာဉ်ဓားကို အခြေခံအဖြစ် အသုံးပြုကာ ကျုံးယွမ်ဓားကို ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့ပါသည်။

ယခုအခိုက်အတန့်တွင် ကျုံးယွမ်ဓားနှင့် တိုက်ခိုက်လိုက်သည့်အခါ ကျိုးကျိရွှမ်း၏ ဓားနှင့် လော့စန်းဖုန်း၏ ဓားမြှောင်တို့ ရိုက်ခတ်သွားရာ နေရာကနေ ကြမ်းတမ်းသော ပွတ်တိုက်သံကြီး ထွက်ပေါ်လာပါသည်။ လော့စန်းဖုန်း၏ သက်သောင့်သက်သာ ဖြစ်နေတဲ့ မျက်နှာထားက အနည်းငယ် လေးနက်သွားပါတော့သည်။

All Chapters