← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄- ရှင်သန်ခြင်းဝိညာဉ်သွေးကြောအား ကိုင်တွယ်ခြင်း။

ဝေ့ကျွင်းချန် နိုးလာပြီးနောက် အရင်ဆုံး မေးမြန်းခဲ့သည့်အရာမှာ ဝေ့မိသားစု၏ လက်ရှိအခြေအနေပင် ဖြစ်သည်။

ဝေ့မိသားစုသည် ထိုစစ်ပွဲတွင် အောင်နိုင်ခဲ့ပြီး ယခုအခါ အထက်တန်း မန်ရှင်းအဆင့်ရှိသောရုပ်သေးရုပ်များကိုပင် ပိုင်ဆိုင်ထားကြောင်း သိရှိရသောအခါ ဝေ့ကျွင်းချန်သည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ဝေ့ဝူ၏ ပုခုံးကို မပုတ်ဘဲ မနေနိုင်တော့ချေ။

"ဒါနဲ့... ထူမိသားစုက လူတွေအားလုံးကို သတ်ပစ်လိုက်ပြီလား။"

"အားလုံးကို သတ်ပစ်လိုက်ပါပြီ အနည်းငယ်လောက်ပဲ ထွက်ပြေးလွတ်မြောက်သွားတာမို့ စိုးရိမ်စရာမရှိပါဘူး။"

"သူတို့ရဲ့ သိုလှောင်အိတ်တွေကိုကော သိမ်းဆည်းမိခဲ့လား။"

ဘိုးဘေး ဝေ့ချွမ်ဟဲသည် သူက ယခုလိုအချိန်တွင် သိုလှောင်အိတ်များအကြောင်း အဘယ်ကြောင့် မေးမြန်းနေရသနည်းဟု စိတ်ထဲတွင် ထူးဆန်းနေမိသော်လည်းပြန်လည်ဖြေကြားခဲ့သည်။

"အားလုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။ အထဲက ဝိညာဉ်ကျောက်တုံးတွေကိုတော့ ငါတို့ ထုတ်ယူပြီးပါပြီ ကျန်တဲ့ပစ္စည်းတွေကိုတော့ ရတနာခန်းမမှာ ယာယီ သိမ်းဆည်းထားတယ်။"

"ငါ ထူမိသားစုရဲ့ အလောင်းပြုပြင်တဲ့ကျင့်စဉ်ကို လိုချင်တယ်။ ငါ့ရဲ့ ဝိညာဉ်ပူးကပ်ခြင်းအတတ်က အဓိကအားဖြင့် တိုက်ခိုက်ရေးကိုပဲ ဦးတည်တာ သူတို့ရဲ့ အလောင်းပြုပြင်တဲ့နည်းပညာကတော့ အလောင်းရဲ့ ခုခံကာကွယ်နိုင်စွမ်းကို ကြောက်စရာကောင်းတဲ့အဆင့်ထိ မြှင့်တင်ပေးနိုင်တယ်။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရင် တိုက်ခိုက်ရေးစွမ်းရည်ကို များစွာ မြှင့်တင်ပေးနိုင်လိမ့်မယ်။"

"ကောင်းပြီ... ငါ လူတစ်ယောက်ကို သွားရှာခိုင်းလိုက်မယ်။"

ဝေ့ကျွင်းချန်သည် ဒဏ်ရာမှ ပြလည်သက်သာခါစ ဖြစ်သဖြင့် အနားယူရန် လိုအပ်နေသေးသောကြောင့် သူတို့ ခေတ္တမျှ ထွက်ခွာခဲ့ကြသည်။

မထွက်ခွာမီဝေ့ဝူသည် Cerebroprotein Hydrolysate ဆေးပြား သုံးပြားကို မိမိအတွက် ချန်ထားခဲ့ပြီး ကျန်ရှိသောအရာများကို ဝေ့ကျွင်းချန်ထံသို့ ပေးအပ်ခဲ့သည်။

ဤဆေးသည် စိတ်အာရုံခံစားမှုကို ပြုပြင်ပေးနိုင်ရုံသာမက သန်မာလာအောင်လည်း မြှင့်တင်ပေးနိုင်သည်။ ဝေ့ကျွင်းချန်အနေဖြင့် အလောင်းများကို ထိန်းချုပ်ရန်အတွက် အားကောင်းသော စိတ်အာရုံခံစားမှု လိုအပ်သဖြင့် ဤဆေးသည် သူနှင့် အလွန်ကိုက်ညီလှပေသည်။

စုစုပေါင်း Cerebroprotein Hydrolysate ဆေးပြား ၂၄ ပြား ရှိသည့်အနက် တစ်ပြားကို လျူရှုယွီ*၏ စမ်းသပ်ချက်များအတွက် အသုံးပြုခဲ့ပြီး၊ဝေ့ကျွင်းချန်က တစ်ပြား သောက်သုံးခဲ့ကာဝေ့ဝူက သုံးပြား ချန်ထားခဲ့သဖြင့် ကျန်ရှိသော ၁၉ ပြားကို ဝေ့ကျွင်းချန်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သူက ဘာကြောင့် သုံးပြား ချန်ထားချင်ရသနည်းဆိုလျှင်ကယ်လ်စီယမ်ဆေးပြားများကိုပင် အတုယူဖော်စပ်နိုင်ခဲ့လျှင် အခြားသောဆေးဝါးများကိုလည်း အတုယူဖော်စပ်နိုင်မည် မဟုတ်ပါလားဟု တွေးမိသောကြောင့် ဖြစ်သည်။

သူသည် ဤကိစ္စကို လျူရှုယွီအား ကိုင်တွယ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

ပေါက်စီနှင့် ပတ်သက်၍မူလျူရှုယွီက ဤအရာသည် သူ၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေပြီး လုံးဝ အတုယူဖော်စပ်ရန် မဖြစ်နိုင်ကြောင်း ပြောကြားထားခဲ့သည်။

ချန်ချွမ်တောင်သို့ ပြန်ရောက်သောအခါ ဝေ့ဝူသည်အရသာခြောက်မျိုးရှိသော ရီမန်နီးယား ဆေးပြားကို ဝေ့ကျင်းပေါ်ထံသို့ ပေးအပ်လိုက်သည်။

၎င်း၏ အာနိသင်များကို ကြားရသောအခါ ဝေ့ကျင်းပေါ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ဘိုးဘေး ဝေ့ချွမ်ဟဲကမူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဝူအာ... ဒီဆေးက ကောင်းတယ်ဟေ့။ မိသားစုတစ်ခုအတွက် မျိုးဆက်ပြန့်ပွားဖို့ထက် ဘာက ပိုအရေးကြီးဦးမှာလဲ။ အထူးသဖြင့် ငါတို့လို ကျင့်ကြံသူမိသားစုအတွက် မိသားစုဝင်တွေ များလေလေ ဝိညာဉ်အပေါက်ပါလာမယ့်သူ ပိုများလေလေပဲ။ ဒါက တကယ့် အံ့ဖွယ်ဆေးပဲ။"

ထို့အတူပင် ဝေ့ဝူသည် ဆေးလုံးအချို့ကို မိမိအတွက် ချန်ထားခဲ့ပြီး လျူရှုယွီအား သုတေသနပြုရန် ပေးအပ်ရန် ရည်ရွယ်ထားခဲ့သည်။

၎င်းနောက်တွင် ဝေ့ကျင်းပေါ်သည် ရှင်သန်ခြင်းဝိညာဉ်သွေးကြောကို စတင်ချထားရန် ဆုံးဖြတ်လိုက်တော့သည်။

ဝိညာဉ်ပိတ်လှောင်ခြင်းအစီအရင် ကို အသုံးပြုရန်အတွက် အရင်ဆုံး ရှင်သန်ခြင်းဝိညာဉ်သွေးကြောကို လွှတ်ထုတ်ရန် လိုအပ်ပြီး ထို့နောက်မှ ဝိညာဉ်သွေးကြောကို ပိတ်ဆို့ရန် ဝိညာဉ်ပိတ်လှောင်ခြင်းအစီအရင်ကို အသက်သွင်းရမည် ဖြစ်သည်။

သို့သော် ရှင်သန်ခြင်းဝိညာဉ်သွေးကြော*ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းက အခြားသူများ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။

အဓိကရှင်သန်ခြင်းဝိညာဉ်သွေးကြောကို ချောင်ချောင် က ရရှိခဲ့ခြင်း ဖြစ်သဖြင့် ၎င်းကို လုံးဝ အသိပေး၍ မဖြစ်ချေ။

"အဖေ... ကျွန်တော် လူသူမရှိတဲ့နေရာတစ်ခုကို သွားရှာပြီး ဝိညာဉ်သွေးကြောကို အရင်ဆုံး ပိတ်ဆို့လိုက်မယ် ပြီးမှ ပြန်ယူလာခဲ့မယ်။"

"အင်း... ဒါက ကောင်းတဲ့အကြံပဲ ဒါပေမဲ့ မင်း သတိထားရမယ်နော်။"

ထို့နောက် ဝေ့ဝူသည် ကူယွန်းတောင်တန်းပြင်ပသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။

သူ့စိတ်ထဲတွင် ဦးတည်ရာတစ်ခု ရှိပြီးသားဖြစ်သည်။ ၎င်းမှာ အဆိပ်တစ်သောင်းလိုဏ်ဂူ ပင် ဖြစ်သည်။

ဤသည်မှာ မြေအောက်နက်ရှိုင်းသောနေရာတွင် ပျံ့နှံ့တည်ရှိနေသည့် ကြီးမားလှသော လိုဏ်ဂူအစုအဝေးကြီး ဖြစ်သည်။ လိုဏ်ဂူစနစ်တစ်ခုလုံးသည် မိုင်ပေါင်းများစွာ ကျယ်ဝန်းလှသည်။

၎င်းတွင် အဆိပ်ပြင်းသော ဝိညာဉ်သားရဲများ ဝိညာဉ်ဆေးဖက်ဝင်အပင်များနှင့် ဆန်းကြယ်သောပစ္စည်းများ ပေါများသဖြင့် သာမန်ကျင့်ကြံသူများ မဆိုထားနှင့် သာမန်လူသားများပင် ရှောင်ရှားကြသည့် တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။

သူသည် ခဏမျှ ပျံသန်းပြီးနောက် အဆိပ်တစ်သောင်းလိုဏ်ဂူသို့ ရောက်ရှိကာ အတွင်းသို့ ဝင်ရောက်ခဲ့သည်။

၎င်းသည် တားမြစ်မြေတစ်ခု ဖြစ်သော်လည်း ဤကဲ့သို့သောနေရာများသည် ကောင်းမွန်သောအရာများကို မကြာခဏ ထွက်ရှိတတ်သဖြင့် အတွင်း၌ လာရောက်စူးစမ်းရှာဖွေနေကြသော ကျင့်ကြံသူ အနည်းငယ်မျှ ရှိနေဆဲဖြစ်သည်။

ဝေ့ဝူ ဤနေရာသို့ လာရဲရခြင်း အကြောင်းရင်းမှာ သူ၏ အရုပ်များ ကို အားကိုးနိုင်သောကြောင့် ဖြစ်သည်။ သူသည် အဆိပ်ရှိသော သတ္တဝါများကိုရော ကျင့်ကြံသူများကိုပါ ကြောက်ရွံ့ခြင်းမရှိချေ။

အဆိပ်တစ်သောင်းလိုဏ်ဂူအတွင်း လှည့်လည်သွားလာပြီးနောက် လူသူမရှိသော နေရာတစ်ခုကို ရွေးချယ်ကာဝေ့ဝူသည် ဝေ့ကျင်းပေါ်ပေးအပ်လိုက်သော ဝိညာဉ်ပိတ်လှောင်ခြင်းအစီအရင်ကို စတင်ချလိုက်သည်။

သဘာဝကျကျပင် ဤသေးငယ်လှသော ဝိညာဉ်ပိတ်လှောင်ခြင်းအစီအရင်သည် မိုင်ပေါင်းများစွာရှည်လျားသော ရှင်သန်ခြင်းဝိညာဉ်သွေးကြောကို မနှိမ်နင်းနိုင်ချေ။ ၎င်းက ဘာမှမရှိသည်ထက်စာလျှင် ပိုကောင်းသည်ဟုသာ ပြောနိုင်သည်။

သူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရှင်သန်ခြင်းဝိညာဉ်သွေးကြောပါရှိသောသေတ္တာကို ထုတ်ယူလိုက်ကာထို့နောက် ဝိညာဉ်ပိတ်လှောင်ခြင်းအစီအရင်ကိုပါ ထုတ်လိုက်သည်။

"ပွင့်စေ။"

သူသေတ္တာကို ဖွင့်လိုက်သည့်အခါ ဆူဝေနေသော ဝိညာဉ်စွမ်းအားများသည် ဒီရေလှိုင်းကဲ့သို့ ဂရုန်းဂရက် တိုးဝှေ့ထွက်ပေါ်လာခဲ့တော့သည်။

သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများသည် အရည်အဖြစ်သို့ပင် ခဲလုနီးပါး ဖြစ်နေသဖြင့် ဝေ့ဝူအား ဝိညာဉ်စွမ်းအား သမုဒ္ဒရာကြီးတစ်ခုထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားရစေသည်။

စစ်မှန်သော ဝိညာဉ်စွမ်းအား သမုဒ္ဒရာကြီးပင်။

ဝိညာဉ်သွေးကြောဆိုသည်မှာ တစ်ပိုင်းတစ်စ စိတ်ကူးယဉ်ဆန်သော တည်ရှိမှုမျိုး ဖြစ်သည်။ ၎င်းသည် လိုဏ်ဂူ၏ ကန့်သတ်မှုကို ခံရမည်မဟုတ်ဘဲ ကျောက်ဆောင်များ၏ အတွင်းပိုင်းထဲသို့ တိုက်ရိုက် ညှပ်ဝင်သွားမည် ဖြစ်သည်။

ဝေ့ဝူသည် ၎င်းကို မြေအောက်ထဲတွင်သာ အတတ်နိုင်ဆုံး ပြန့်ပွားသွားစေရန် ကြိုးစားလိုက်သည်။

"မြန်မြန် ပိတ်ဆို့မှ ဖြစ်မယ်။"

အဆိပ်တစ်သောင်းလိုဏ်ဂူထဲတွင် ရေတွက်မရနိုင်သော အဆိပ်ရှိသတ္တဝါများနှင့် အချို့သော ကျင့်ကြံသူများ ရှိနေကြရာအချိန်ကြာမြင့်သွားပါက မတော်တဆမှုတစ်ခုခု သေချာပေါက် ဖြစ်ပွားလာပေလိမ့်မည်။

ဝေ့ဝူသည် ဝိညာဉ်ပိတ်လှောင်ခြင်းအစီအရင်ကို အသက်သွင်းလိုက်ပြီးအော်ဟစ်လိုက်သည်။

"ပိတ်ဆို့စမ်း။"

ဝိညာဉ်ပိတ်လှောင်ခြင်းအစီအရင်ထံမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး အတွင်းမှ သေးငယ်လှသော ရွှေရောင်အတုံးကွက်လေးများ ရေတွက်မရနိုင်အောင် ပျံသန်းထွက်ပေါ်လာခဲ့ရာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။

ဤရွှေရောင်အပြားလေးများသည် ရှင်သန်ခြင်းဝိညာဉ်သွေးကြောနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ၎င်းအပေါ်တွင် ကပ်တွယ်သွားခဲ့ကြပြီး ရှင်သန်ခြင်းဝိညာဉ်သွေးကြောကို နှိမ်နင်းလိုက်သဖြင့် ၎င်း၏ ဝိညာဉ်စွမ်းအားများ ဆုတ်ယုတ်သွားကာ အရွယ်အစားမှာလည်း လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။

မကြာမီအချိန်အတွင်းမှာပင် ရှင်သန်ခြင်းဝိညာဉ်သွေးကြော၏ လှုပ်ရှားမှုများသည် သေးငယ်သည်ထက် သေးငယ်လာခဲ့တော့သည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက်တွင်မူ ရှင်သန်ခြင်းဝိညာဉ်သွေးကြောသည် လုံးဝဥဿုံ ပိတ်ဆို့ခြင်း ခံလိုက်ရပြီဖြစ်သည်။

သို့သော် ဝေ့ဝူကြောင်အမ်းသွားခဲ့ရသည်။ သူသည် ဤအရာကို မည်သို့ ပြန်ယူသွားရမည်နည်း။

"ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ..."

ရုတ်တရက် သူသည် လိုဏ်ဂူ၏ အစွန်းတစ်ဖက်တွင် အိမ်တစ်အိမ်နီးပါး ကြီးမားလှသော အနီရောင်အလင်းတန်း နှစ်ခုကို လှမ်းမြင်လိုက်ရသည်။

"ဒါ... ဒါက... ကောင်းကင်ပြာမြွေကြီးလား။"

"ဒီအရှိန်အဝါအရဆိုရင် ဒါ သေချာပေါက် ကျန်းရွှယ်အဆင့် ၈ဖြစ်ရမယ်။"

ဝေ့ဝူအလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် သွားများပင် စုရိုက်မိမတတ် တုန်ရင်သွားခဲ့သည်။

သူ အများကြီး စဉ်းစားနေရန် အချိန်မရှိသဖြင့် Tsunade၊ Tiga နှင့် Narutoတို့ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။

၎င်းသည် ကျန်းရွှယ်အဆင့် ၈ မျှသာ ရှိသော်လည်း ၎င်း၏ ခုခံကာကွယ်နိုင်စွမ်းမှာ အလွန်မြင့်မားပြီး အထူးသဖြင့် အသားအလွန်ထူလှသဖြင့် အရုပ်သုံးရုပ်မှာ ၎င်းကို နှိမ်နင်းရန်အတွက် အားစိုက်ထုတ်မှု အမြောက်အမြား ပြုလုပ်ခဲ့ရသည်။

ဤလုပ်ငန်းစဉ်အတွင်း ဝေ့ဝူသည် တုန်တုန်ရင်ရင်ဖြင့် ဤနေရာတွင် လုံးဝ မနေရဲဘဲ ရှိနေခဲ့သည်။

တိုက်ပွဲ ငြိမ်သက်သွားပြီးနောက်မှသာ သူ ပြန်လည်ရောက်ရှိလာခဲ့သည်။

"ငါ ဒါကို ဘယ်လို ပြန်သယ်ရမလဲ။"

ကျန်းရွှယ်အဆင့် ၈ရှိသော ဝိညာဉ်သားရဲ၏ အလောင်းမှာ ကောင်းမွန်သောအရာတစ်ခု ဖြစ်သဖြင့် အလဟဿ အဖြစ်မခံနိုင်ချေ။ သို့သော် ၎င်းက အလွန်ကြီးမားလှရာ မည်သို့ ယူဆောင်သွားရမည်နည်း။

ဝေ့ဝူခဏမျှ စဉ်းစားလိုက်ရာ အကြံတစ်ခု ရလာခဲ့သည်။ သူသည် ပိတ်ဆို့ထားသော ရှင်သန်ခြင်းဝိညာဉ်သွေးကြောကို ၎င်း၏အထဲတွင် ဝှက်ထားပြီး ပြန်သယ်ဆောင်သွားရန်သာ ဖြစ်သည်။

သူ စဉ်းစားသည့်အတိုင်း ချက်ချင်း လက်တွေ့လုပ်ဆောင်ခဲ့သည်။

ဝေ့ဝူသည် ရှင်သန်ခြင်းဝိညာဉ်သွေးကြောကို ကောင်းကင်ပြာမြွေကြီး၏ ပါးစပ်ထဲသို့ သွတ်သွင်းလိုက်ပြီးနောက် နာရူတိုအား ၎င်းကို ထမ်းပိုးစေကာ လိုဏ်ဂူ၏ အပြင်ဘက်သို့ ဦးတည်လျှောက်လှမ်းခဲ့ကြသည်။

လမ်းခရီးတွင် ကျန်းရွှယ်အဆင့် ၈ရှိသော ကောင်းကင်ပြာမြွေကြီး၏ အရှိန်အဝါ နှိမ်နင်းမှုကြောင့် မည်သည့် ဝိညာဉ်သားရဲမျှ ပြဿနာရှာရန် မရဲကြချေ။ ကျင့်ကြံသူများသည်လည်း ကောင်းကင်ပြာမြွေကြီးပင် အလောင်းဖြစ်သွားခဲ့သည်ကို မြင်တွေ့ရသဖြင့် သူတို့အနေဖြင့် မဆွတ်ခင်ကညွတ်ချင်ကြဘဲ မနှောင့်ယှက်ရဲကြချေ။

အဆိပ်တစ်သောင်းလိုဏ်ဂူမှ ထွက်ခွာပြီးနောက် နာရူတိုသည် ကောင်းကင်ပြာမြွေကြီးကို ထမ်းပိုးကာ အိမ်ဆီသို့ ပျံသန်းသွားခဲ့တော့သည်။

ဘာပဲဖြစ်ဖြစ် နာရူတိုကိုမူ အများပြည်သူ သိရှိပြီးသားဖြစ်သဖြင့် ဘာမှ ဖုံးကွယ်ထားရန် မလိုတော့ချေ။

ချန်ချွမ်တောင်သို့ ရောက်ရှိသည့်အခါ လှမ်းအော်လိုက်သည်။

"အဖေ... ကျွန်တော်ပြန်ရောက်ပြီ။"

ဝေ့ကျင်းပေါ်ထွက်လာကြည့်လိုက်ရာ ကောင်းကင်ပြာမြွေကြီးကို မြင်တွေ့လိုက်ရသဖြင့် သတိလစ်မတတ် ဖြစ်သွားခဲ့ရတော့သည်။

All Chapters