အရှင်လေဟာနယ်ကို ချောင်ပိတ်စေခြင်း
Vol. 023 Ch. 1106
“ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း…” ဝမ်ဝေသည် အရှင်လေဟာနယ်ကို အေးစက်စွာ ကြည့်ကာ ခေါင်းယမ်း၍ ဆိုသည်။ “မြင့်မားလိုက်တဲ့ အဆင့်အတန်းပဲ…”
ဟူကျွမ်သည် ပြုံး၏။ သူမက အရှင်လေဟာနယ်ထံသို့ မထူးခြားနားဟန် ကြည့်သည်။ သူမနှင့်သူမ၏ ယောက်ျားတို့သည် ကျင့်ကြံခြင်းမဟာမိတ်ကို မြင့်မားလွန်းလှသည်ဟု ဘယ်တုန်းကမျှ မယူဆထားပေ။ ထိုသို့ဖြစ်ရခြင်းမှာ အရှင်ကျုံးရွှမ် သို့မဟုတ် မဟာမိတ်အဖွဲ့သည် အားနည်း၍ မဟုတ်၊ သူတို့၏ ကိုယ်ပိုင်မာန်မာန အဆင့်အတန်းကြောင့်သာ ဖြစ်သည်။ အထူးသဖြင့် အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ၌ လူတိုင်းသိရှိကြသော ဝမ်ဝေ၏ ဂုဏ်မာနပင်။
သို့သော် မရေမတွက်နိုင်သော နှစ်များစွာ ပြောင်းလဲမှုများ ရှိလာပြီးနောက် ဝမ်ဝေသည် သူ့စိတ်နေစိတ်ထားကို ဖိနှိပ်ထားခဲ့ကာ လွယ်လင့်တကူ မထုတ်ဖော်တော့ပေ။ သို့သော် သူ့အရိုးထဲရှိ ဂုဏ်မာနမှာ လွယ်လင့်တကူ ဖျောက်ဖျက်ပစ်လို့ ရသည် မဟုတ်ပါ။
ဝမ်ဝေနှင့်ဟူကျွမ်တို့သည် အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ၏ အသန်မာဆုံးလူ ချင်းလင်၏ တပည့်များ ဖြစ်ခဲ့ကြသည် မဟုတ်လား။ သူတို့ ကောင်းကင်ဘုံနယ်မြေ၌ ကျော်ကြားခဲ့စဉ်က ကျင့်ကြံခြင်းမဟာမိတ်သည်ပင် မတည်ရှိခဲ့သေးပေ။ ထိုစဉ်က ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့သည် အတိတ်တုန်းက နိမ့်ကျသောနယ်မြေ၏ ချီကျင့်ကြံသူများ အကိုင်းအခတ်တစ်ခုမျှသာ ရှိခဲ့သေးသည်။
ရှေးဟောင်းနတ်ဆိုးပေလောသည် ညစ်ပြုံးပြုံး၏။ သူ့မျက်လုံးထဲ၌ လှောင်ပြောင်မှု ရှိနေသည်။ ရှေးဟောင်းနတ်ဆိုးတစ်ပါးအနေဖြင့် သူသည် အဖွဲ့အစည်းအသစ်ဖြစ်သည့် သည်ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းအပေါ် အထင်သေးမှု ရှိပေသည်။ သူသည် သည်ချိပ်ပိတ်ခြင်းနယ်မြေကို ကောင်းကင်ဘုံနယ်မြေ ပိုင်ဆိုင်စိုးမိုးခဲ့စဉ်အချိန်ကတည်းက ပြင်ပနယ်မြေတွင် ကျော်ကြားခဲ့ပြီးသူ ဖြစ်သည်။
ထို့အပြင် သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအတွင်း နှစ်ပေါင်းများစွာ ပိတ်လှောင်ခြင်း ခံထားရသော်လည်း ကုန်းမြေသို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူများထံမှ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အကြောင်း တော်တော်များများ သိရှိထားခဲ့ပေသည်။
“မင်းရဲ့ စီနီယာအစ်ကို အရှင်ကျုံးရွှမ်ဟာ ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်ကတည်းက ကျော်ကြားခဲ့တဲ့သူ။ သူ့ကို အသန်မာဆုံး ချီကျင့်ကြံသူတွေထဲက တစ်ယောက်အဖြစ်လည်း ယူဆနိုင်တယ်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့တဲ့ အချိန်က သူဟာ နတ်လေးပါးကလန်ရဲ့ အဇူရာနဂါးအင်ပါယာနဲ့အတူ အသက်စွန့်ပြီး ကောင်းကင်ဘုံနယ်မြေကို ဓားပြတိုက်ဖို့ ကြံစည်ခဲ့တဲ့ ဦးဆုံးလူတွေထဲမှာလည်း ပါခဲ့တယ်...”
အဆုံးသပ်မှာ သူဟာ ဘယ်လိုနည်းလမ်း သုံးလိုက်တယ် မသိပေမယ့် မိုးကောင်းကင်ဘုံနယ်မြေရဲ့ အမွေအနှစ်အများစုကို ပိုင်ဆိုင်ခဲ့တယ်။ အဲ့နောက် ကျင့်ကြံခြင်းမဟာမိတ် ဆိုပြီး ကြေငြာခဲ့တယ်။ ငါ ပေလောဟာ ဒီလိုလူမျိုးကို တကယ်လေးစားပါရဲ့။ ဒါပေမယ့်...မင်းကိုတော့...”
အရှင်လေဟာနယ်၏အသွင်က သုန်မှုန်နေ၏။ သူတို့၏အကြည့်က သူ့အား အတော်လေး ဒေါသထွက်စေသည်။ သူက သူ့ဒေါသကို ချုပ်တီးထားရ၏။ သူသည် ဝမ်လင်းထံသို့ လက်ညွှိုးထိုးကာ ပြောလိုက်သည်။ “ဒီဂျူနီယာနဲ့ ငါ့ကြားမှာ ပုဂ္ဂိုလ်ရေး ရန်ငြှိုး ရှိတယ်။ ရောင်းရင်းကျင့်ကြံသူတို့က ပါဝင်လာယောင်ပါတဲ့အတွက် ငါက ဒီကိစ္စကို ဒီအတိုင်း ခဏထားပေးမယ်။ ဒီလှိုဏ်ဂူထဲမှာ ဒီဂျူနီယာကို ဘာတစ်ခုမှ ပြဿနာမရှာပါဘူးလို့ ငါ ကတိပေးတယ်။ ရောင်းရင်းကျင့်ကြံသူတို့ ဒီနေရာမှာ ရှိနေတာ နောက်အထပ်ကို ဝင်ဖို့ အတူလုပ်ဆောင်ဖို့ စောင့်နေတာလို့ ငါ ထင်တယ်။ ဘာကြောင့် ဒီကောင်းမွန်တဲ့ အခြေအနေကို ဖျက်စီးကြမလဲ။ ငါတို့သာ တိုက်ခိုက်ရင် နောက်အထပ်အတွက် ငါတို့ရဲ့ အခွင့်အရေးတွေအပေါ် သက်ရောက်မှု ရှိသွားလိမ့်မယ်။ ဒါက မတန်ဘူး…”
အရှင်လေဟာနယ်က ထိုသို့ ပြောလိုက်ရင်း သူ့ စိတ်ထဲ၌ အတွေးများနေ၏။ သူ့စကားလုံးများသည် ရှင်းလင်းပေသည်။ အရင်ဆုံး သူက အားနည်းဟန် ဟန်ဆောင်ကာ ဝမ်လင်းအတွက်ဖြင့် ဘာပြဿနာမှ မတက်လိုပေ။ ထို့နောက် သူက ခုချိန်သည် တိုက်ခိုက်ဖို့ အခါကောင်းမဟုတ်ကြောင်း ခြုံ၍ ပြောသည်။
သူ့လိုကျင့်ကြံမှုအဆင့်ရှိသူအဖို့ အခုလိုစကားများ နှိမ့်ချပြောရခြင်းသည်ပင် အတော်လေး အရှက်ကွဲရသည့် ကိစ္စ ဖြစ်၏။ ဝမ်လင်းအပေါ် သူ့ ဒေါသများက ပို၍ ကြီးထွားလာခဲ့တော့သည်။ သို့သော် သူက ဝမ်လင်းအား သတ်ဖြတ်ချင်စိတ်ကိုတော့ ကောင်းစွာ ဖုံးကွယ်ထားသည်။
ဝတ်စုံနက်နှင့်လူက အရှင်လေဟာနယ်ဘေးနားကနေ လှမ်းလျှောက်ထွက်လာပြီး ထိုင်ချ၏။ သူက ဝမ်လင်းနှင့်အရှင်လေဟာနယ်တို့ကြားရှိ ပြဿနာတွင် မပါဝင်ကြောင်း သိသာစေလိုက်ခြင်းပင်။ လှပသောအမျိုးသမီးတစ်ဦးသာ အရှင်လေဟာနယ်၏ဘေးနား၌ ဖြူရောစွာ ရပ်နေသည်။
ဝမ်လင်းက အရှင်လေဟာနယ်ထံမှ သူ့အေးစက်စက်အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အရှင်လေဟာနယ်ကို ခုချိန်၌ သတ်ပစ်ရန်မှာ ခက်ခက်ခဲခဲကြီး မဟုတ်လှသော်လည်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့်အလောက် ပြဿနာတော့ ရှိနေဆဲပင်။ သူသည် ဒဏ်ရာအပြင်းအထန် ရထားသော်လည်း အရှင်လေဟာနယ်မှာ ကျုံးရွှမ်၏ ဂျူနီယာညီဖြစ်နေသည့်အတွက် သူ့ထံတွင် အချို့မန္တာန်များနှင့် ရတနာအချို့တို့ ပိုင်ဆိုင်ထားပေလိမ့်မည်။ အခုချိန်၌ သူ့ဆရာ ချင်းလင်းကို ကယ်တင်ဖို့က ဝမ်ဝေအတွက် ဦးစားပေး နံပါတ်တစ် ဖြစ်၏။ ဝမ်လင်းအတွက် ပြန်လက်စားချေဖို့ရန် သည်လူ့ကို အလျင်စလို သတ်ပစ်ဖို့ မလိုသေးပေ။
သည်ကိစ္စက တည်တည်ငြိမ်ငြိမ် အဆုံးသပ်တော့မည်ဟန်ကို တွေ့မှ အရှင်လေဟာနယ်သည် စိတ်ထဲကနေ သက်သာရာရ၏။ သို့ရာတွင် ဤအခိုက်အတန့်၌ ဝမ်လင်းသည် မတ်တပ်ရပ်လာ၏။ အရှင်လေဟာနယ်က ဝမ်လင်းထံသို့ ရုတ်တရက် စူးရဲစွာ ကြည့်လိုက်သည်။
သူ ဝမ်လင်းထံသို့ လှမ်းကြည့်လိုက်သည့်အခိုက်တွင် ကျောက်ရီသည် အေးစက်စက်အော်ရာကို ချက်ခြင်း ထုတ်လွှတ်သည်။ သူသည် ဓားစွမ်းအင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အရှင်လေဟာနယ်ထံသို့ ဦးတည်ဝင်ရောက်လာသည်။
ကျောက်ရီ လှမ်းဝင်သွားသည်နှင့် ဝမ်လင်းကလည်း ရှေ့သို့ လှမ်းလာသည်။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ မီးတောက်များ သူ့မျက်လုံးထဲ၌ ပေါ်လာသည်။ သူ့ညာလက်ကနေ မီးတောက်များ ထွက်ပေါ်လာကာ သူ့ရှေ့၌ ဟင်္သာငှက်အသွင် မြန်ဆန်စွာ ဖွဲ့တည်သည်။
၎င်းဟင်္သာငှက်သည် ကျောက်ရီနှင့်အတူ အရှင်လေဟာနယ်ထံသို့ မြည်ဟိန်းသံပေးကာ တိုးဝင်သွားသည်။
“မင်းက သေချင်နေတာပဲ…” အရှင်လေဟာနယ်က သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရင်း သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ပေါ်လာ၏။ အဝါရောင်ဝဲကတော့တစ်ခုသည် ပါးလှပ်သော လေထုထဲသို့ ပျံ့လွင့်လာကာ ရှေ့သို့ ရိုက်ခတ်သွားသည်။
ဝမ်ဝေသည် မူလက ခုချက်ခြင်း တိုက်ခိုက်လိုခြင်း မရှိပေ။ သို့သော် ဝမ်လင်းနှင့်ကျောက်ရီတို့ တိုက်ခိုက်လိုက်သည်ကို တွေ့မြင်ရသည့်အခါ သူ သည်အတိုင်း ထိုင်နေ၍ မရတော့ပေ။ ကျောက်ရီသည် သေ၍မရ။ ထို့အတူ ချင်းရှောင်အား သည်နေရာထိ ခေါ်ယူလာပေးသည့် ဝမ်လင်းသည်လည်း သေ၍မရပေ။
သက်ပြင်းချလိုက်ပြီးနောက် ဝမ်ဝေသည် ရှေ့တည့်တည့်သို့ လက်ညွှန်လိုက်ရာ ရေလိုက်ကာစ တစ်ခု ပေါ်လာသည်။ ၎င်းရေလိုက်ကာစသည် ငါးရောင်စုံအလင်းကို ထုတ်လွှတ်ကာ ချက်ခြင်း ရှေ့သို့ တိုးဝင်သွားသည်။ ၎င်းရေလိုက်ကာစသည် မြန်ဆန်စွာပင် အရှင်လေဟာနယ် ဖန်တီးလိုက်သော အဝါရောင်ဝဲကတော့နားသို့ ချက်ခြင်း ရောက်ရှိသွားသည်။
ဝမ်ဝေက တည်ငြိမ်စွာ ဆို၏။ “ချိပ်ပိတ်ခြင်း…”
သူ ထိုသို့ ပြောလိုက်သည်နှင့် ငါးရောင်စုံ ရေလိုက်ကာစသည် ရေခိုးရေငွေ့များအဖြစ်သို့ ပြောင်းလဲကာ အဝါရောင်ဝဲကတော့ပတ်လည်တွင် ပျံ့လွင့်သည်။သည့်နောက် ၎င်းသည် မြန်ဆန်စွာ ကျုံ့လာတော့သည်။ ရေငွေ့များ အဝါရောင်ဝဲကတော့နှင့် ပေါင်းစပ်သွားနေရင်း တစီစီအသံများ ထွက်ပေါ်လာသည်။
ထိုဝဲကတော့သည် လှည့်ပတ်နေရာကနေ ချက်ခြင်း ရပ်တန့်သွားသည်ဟု ထင်ရကာ ရုတ်တရက် ပျက်စီးသွားတော့သည်။
အရှင်လေဟာနယ်၏ အစောပိုင်းက အချိုသပ်သည့် အကြံအစည်သည် ဝမ်လင်း၏ တိုက်ခိုက်မှုကြောင့် လုံးဝ ပျက်စီးသွားရတော့သည်။ ဝမ်လင်း၏ ရဲဝံ့ခြင်းနှင့်ဉာဏ်နီဉာဏ်နက်တို့သည် အရှင်လေဟာနယ်အား တုန်လှုပ်စေမိ၏။ သည်လိုမျိုး ပြတ်သားသော လုပ်ဆောင်မှုသည် အရှင်လေဟာနယ်သည် သူ ဝမ်လင်း၏အသက်အရွယ်တွင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်မှန်း သူ့ကိုယ်သူ သိသည်။
အဝါရောင်ဝဲကတော့ ပျက်စီးသွားခြင်းကြောင့် ဝမ်လင်းမန္တာန်ကြောင့် ဖြစ်ပေါ်လာသော ဟင်္သာငှက်သည် ရှေ့သို့ တိုးဝင်လာနိုင်တော့သည်။ ၎င်းငှက်သည် တရကြမ်း ဝင်လာရင်း မွန်းစတားဆန်သော မီးတောက်များကို ထုတ်လွှတ်ရင်း အရှင်လေဟာနယ်ထံသို့ ဦးတည်သည်။
သံဓားကို ထပ်မံ ထုတ်ဖော်ခြင်း မရှိပါက အရှင်လေဟာနယ်သည် ဝမ်လင်း၏ တိုက်ခိုက်မှုကို ဂရုစိုက်မည် မဟုတ်ပေ။ သူ ဂရုစိုက်သည်က ဝမ်ဝေ၊ဟူကျွမ်းနှင့် ပေလောတို့ကိုပင်။
ဝမ်လင်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း အရှင်လေဟာနယ်သည် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သေးငယ်သောအိတ်တစ်ခု ပေါ်လာ၏။ သူက ထိုအိတ်ငယ်ကို ရိုက်ပုတ်လိုက်ရာ ခရမ်းရောင်ပြာမှုန်များ ပျံသန်းထွက်လာသည်။
သည်ခရမ်းရောင်ပြာများ ပေါ်လာသည်နှင့် ၎င်းတို့က ရွှံ့များအဖြစ်သို့ ပြောင်းလဲကာ ပုတ်သိုးသိုးအနံ့ကို ပေးစွမ်းလာသည်။ထိုအနံ့သည် ဝမ်လင်းနှင့် ကျောက်ရီတို့ထံသို့ တိုးဝင်လာသည်။
ပေလောသည် ပြုံး၏။ သူက ရှေ့သို့ မြန်ဆန်စွာ ခြေလှမ်းလိုက်သည်။ သူ့ခြေတစ်လှမ်းဖြင့်ပင် သူသည် ထိုရွှံပေါ်၌ ပေါ်လာကာ ၎င်းတို့ကို ခပ်ကြမ်းကြမ်း ရှိုက်သွင်းသည်။ ရွှံ့ထုသည် ပေလော၏ ပါးစပ်ထဲသို့ စုပ်ယူခြင်း ခံရကာ တဝီဝီအသံများ ထွက်ပေါ်တော့သည်။
ပေလော၏ မျက်လုံးထဲ၌ လောဘတက်ဟန် ဖြစ်ပေါ်နေသည်။သူက လျှာသပ်လိုက်၏။ ထို့နောက် သူသည် အရှင်လေဟာနယ် အနားသို့ ပေါ်လာကာ သူ့လက်ကို ဆန့်ထုတ်သည်။ အရှင်လေဟာနယ်၏အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။ သူက နောက်သို့ ချက်ခြင်း ဆုတ်၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ထပ်ခါထပ်ခါ လက်ခုပ်တီးလိုက်ရာ သည်ခန်းမအတွင်း မိုးခြိမ်းသံတမျှ တုန်ဟီးသံတစ်ခုကို ဖြစ်ပေါ်လာစေသည်။
သည်အခိုက်အတန့်၌ ဝမ်လင်း ဖန်တီးလိုက်သည့် ဟင်္သာငှက်သည် သိပ်သည်းသောအပူနှင့်အတူ အနား ရောက်လာခဲ့ပေပြီ။ အရှင်လေဟာနယ်သည် မာန်သွင်းလိုက်၏။ ထို့နောက် သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ် ပတ်လည်၌ ပေါ်လာကာ ဝမ်လင်း၏ ဟင်္သာငှက်ကို လက်ညွှန်သည်။
သူက သူ့လက်ညွှိုးတစ်ချက်ဖြင့်ပင် ဟင်္သာငှက်ကို တစစီဖြစ်သွားစေရန် သူ့အစွမ်းထက် ကျင့်ကြံမှုကို အသုံးပြုသည်။ အရှင်လေဟာနယ်သည် ရပ်တန့်ခြင်း မရှိပေ။ သူက ဘေးတစ်ဖက်သို့ ခြေလှမ်းကာ ပေလောကို လှုပ်ခတ်ရန် ကြိုးစားသည်။
သို့သော် ပေလောက ပို၍ မြန်၏။ သူက အရှင်လေဟာနယ်နောက်သို့ ထပ်ကြပ်မကွာလိုက်ပါလာနေဆဲပင်။ ခန်းမအတွင်း၌ တစီစီအသံများ ထွက်ပေါ်လာနေ၏။ အသံထွက်ပေါ်တိုင်း အရှင်လေဟာနယ်၏အသံသည် အနည်းငယ် ဖြူရောလာလာနေသည်။
ပေလောသည် နောက်က လိုက်နေရင်း သူ့ခန္ဓာကိုယ်ကနေ နတ်ဆိုးစွမ်းအင်တို့ ပေါက်ကွဲထွက်လာသည်။ သူသည် မန္တာန်များ ထွက်ပေါ်လာဖို့ ချိပ်ဟန် ပြုလုပ်ရန် မလိုဘဲ သူ့လက်ကို ပင့်မြှောက်ရန်သာ လို၏။အရှင်လေဟာနယ်အတွက် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး မရှိဖြစ်ရသည်။ သူက ခံဘက်သပ်သပ်ဖြင့် နောက်သို့သာ ဆုတ်နေရသည်။
အရှင်လေဟာနယ်သည် သူ ဖျက်စီးလိုက်သည့် ဟင်္သာငှက်က မထင်မှတ်စွာ ပြန်ဖြစ်ပေါ်လာသည့်အခါ သူ့အား ခေါင်းကိုက်စေတော့သည်။ ၎င်းငှက်ထံမှ အရင်ထက် ပိုအားကောင်းသည့် မီးတောက်များကိုပါ ပေးစွမ်းလာကာ အရှင်လေဟာနယ်ထံသို့ တိုးဝင်လာပြန်သည်။
အရှင်လေဟာနယ်သည် ပေလော သူ့နောက်သို့ လိုက်လာနေရင်း ဟင်္သာငှက်ကို အကြိမ်မည်မျှ ဖျက်စီးခဲ့သည် ဖြစ်စေ ၎င်းသည် မီးတောက်များကနေ ပြန်ဖြစ်ပေါ်နေသည်။ ထိုဟင်္သာငှက်သည် အညံ့မခံ၊ဖိဆန်သည့် စိတ်ဝိညာဉ်တစ်ခု အမှန်တကယ် ဖြစ်နေသည့်အလားပင်။
ကျောက်ရီသည် ဓားအလင်းတန်းအဖြစ်သို့ ပြောင်း၍ နီးကပ်စွာ လိုက်ပါနေ၏။ သူသည် အရှင်လေဟာနယ် အနီးသို့ မပြတ် တိုးဝင်ခြင်း မပြုဘဲ အခွင့်အရေးပေါ်လာသည်နှင့် တိုးဝင်တိုက်ခိုက်ပေမည်။
လှပသောအမျိုးသမီး၏ မျက်လုံးထဲ၌ ချီတုံ့ချတုံ ဖြစ်နေ၏။ သူမက အရှင်လေဟာနယ်ကို ကူညီပေးရန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်း၏ အေးစက်စက်အကြည့်က သူမထံသို့ ရုတ်တရက် ရောက်ရှိလာ၏။ ဝမ်လင်း၏အကြည့်က ပထမထပ်တွင် ဝမ်လင်းထုတ်ဖော်ခဲ့သည့် သံဓား၏ ကြောက်မက်ဖွယ်စွမ်းအားကို သူမအား ပြန်တွေးမိစေလေ၏။
လှမ်းမြှောက်ရန် ပြင်နေသည့် သူမ ခြေထောက်ကို အတင်း ပြန်ချကာ သူမကိုယ်သူမ မလှုပ်ရှားမိအောင် တန့်ထားရသည်။ သူမသည် ဝမ်လင်း၏အကြည့်ကို အလိုလို ရှောင်မိနေ၏။ အရှင်လေဟာနယ်ကို ကူညီပေးဖို့ အတွေးသည်လည်း မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့ရပေပြီ။
အရှင်လေဟာနယ်၏ မျက်နှာသည် ပို၍ပင် ဖြူရောလာနေ၏။ သည်လိုသာ ဖြစ်လျှင်ပင် သိပ်မဆိုးလွန်းလှသေးပေ။ သို့သော် အရှင်လေဟာနယ်ကို စိတ်ပူပန်နေစေသည်က ဝမ်ဝေသည် မမျှော်လင့်စွာ မတ်တပ်ထရပ်လာခြင်းပင်။ ပေလော၏ နောက်ကနေ ကပ်၍ တိုက်ခိုက်မှုကလည်း အရှင်လေဟာနယ်ကို လုံးဝ ချောင်ပိတ်ထားသည်။
ဝမ်ဝေတိုက်ခိုက်တော့မည်ကို တိုက်ခိုက်တော့မည်ကို တွေ့မြင်သည့်အခါ အရှင်လေဟာနယ်သည် စိတ်ပူလာ၏။ သူက လှမ်းအော်လိုက်သည်။ “ရောင်းရင်းကျင့်ကြံသူတို့ ဒီကိစ္စမှာ ဝင်မပါရင် ငါ ဒီကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူထဲကနေ ဘာတစ်ခုမှ မယူတော့ဘဲ ဒီနေရာမှာ ရှိတဲ့ အတားအဆီးကို ချိုးဖျက်ဖို့ သင်တို့ကို ကူညီပေးမယ်…”
ဝမ်ဝေ၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ ပေလော၏ မျက်လုံးသည်ပင် ကျဉ်းမြောင်းသွားကာ သူသည် ခဏတာ တုံ့ဆိုင်းသွားသည်။
ဤအခိုက်အတန့်၌ ခန်းမအပြင်ဘက်ကနေ နောက်ထပ် တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာ၏။ တယောက်ယောက် ရောက်လာခဲ့ပြီ။ ရှေ့ဖြစ်ဟောသူသည် လင်းထျန်ဟူ၊ ဘူးသီးခြောက်ပေါ်မှ အဘိုးအိုတို့နှင့်အတူ ဖြည်းဖြည်းချင်း ဝင်ရောက်လာ၏။
ခန်းမအတွင်း၌ ဖြစ်ပျက်နေသည်ကို တွေ့မြင်သည့်အခါ လင်းထျန်ဟူသည် မင်သက်သွား၏။ ရှေ့ဖြစ်ဟောသူကတော့ အရာရာကို ကြိုသိမြင်နေသလို အကြည့်တစ်ခုကို ထုတ်ဖော်သည်။ သူက အရှင်လေဟာနယ်ထံသို့ အပြုံးမမည်သောအပြုံးဖြင့် လှမ်းကြည့်သည်။
“ရှေ့ဖြစ်ဟောသူ…ငါ့ကို ကူညီပေး…” အရှင်လေဟာနယ်က နောက်သို့ အမြန်ဆုတ်သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ ဟင်္သာငှက်သည် တဖန် ပြန်သိပ်သည်းလာ၏။ ၎င်းငှက်သည် အရှင်လေဟာနယ်ထံသို့ တိုက်ရိုက်ပစ်မှတ်ထားခြင်း မဟုတ်ပေ။သို့သော် ၎င်းသည် ရုတ်တရက် အရှင်လေဟာနယ် ဘေးနား၌ မီးတောက်ပင်လယ်အဖြစ်သို့ ပြိုပျက်သွားတော့သည်။
ဤအခိုက်၌ ကျောက်ရီဖြစ်ပေါ်နေသည့် ဓားအလင်းတန်းသည် ကြမ်းကြုတ်သည့်စွမ်းအင်ကို ထုတ်လွှတ်၏။ သည်စွမ်းအင်ထဲ၌ အတုအပနိဗ္ဗာနလေဟာနယ် ရတနာတစ်ခု အော်ရာအငွေ့အသက်ပါဝင်နေပေသည်။ သူသည် မီးတောက်ပင်လယ်အတွင်းရှိ အရှင်လေဟာနယ်ထံသို့ တိုက်ရိုက် တိုးဝင်လာတော့သည်။
***