← Chapters

အပိုင်း(၁၁၀၉)

Vol. 023 Ch. 1109

အပိုင်း(၁၁၀၉)

Vol. 023 Ch. 1109

မိစ္ဆာ ဆိုသည် စကားလုံး လွင့်ပြယ်သွားသည့် အခိုက်တွင် ဝင်ပေါက်သည် ပွင့်ဟသွားပေပြီ။ သည်အခိုက်၌ အောက်ဘက်ရှိ ချောရည်များသည် ရုတ်တရက် ပြင်းပြင်းထန်ထန် တဝီဝီလှည့်လည် လာတော့သည်။ သည့်နောက် ပေါက်ကွဲသံတစ်ခုနှင့်အတူ ချောရည်များသည် ကောင်းကင်ထက်သို့ မြင့်တက်လာချေသည်။

မီးတောင်ပေါက်ကွဲခြင်းပင်။

ချောရည်ပူများ မြင့်တက်လာချိန်၌ အပူချိန်သည် အရင်ထက် အဆများစွာ မြင့်မားလာတော့သည်။ သိပ်သည်းသော အပူချိန်သည် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကိုပါ ချက်ခြင်း အက်ကွဲကြေမွသွားစေသည်။

အနက်ရောင်အခိုးငွေ့ မြောက်များစွာသည် လေထုထဲသို့ ထိုးတက်ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်လိုသည့််အလားပင်။

အနက်ရောင်အခိုးငွေ့များ ပန်းထွက်လာရင် ကောင်းကင်သည် ချက်ခြင်း ဖုံးလွှမ်းခြင်း ခံရလုနီးပါး ဖြစ်ရ၏။

မီးတောင်အတွင်း၌ ဝင်ပေါက် ပွင့်သွားသည့်အခိုက်တွင် ပေလောက ချောရည်ပူများ ပန်းထွက်မြင့်တက်လာနေရင်း နန်းတော်အတွင်းသို့ တရကြမ်း ဝင်ရောက်လိုက်၏။ လူတိုင်းသည် သူတို့၏ စိတ်အာရုံ ပြန်ရရှိလာခဲ့ကာ သူ့နောက်သို့ လိုက်ပါလာကြသည်။

သို့ရာတွင် လူတိုင်း၏အမြန်နှုန်းမှာ အနည်းငယ် နှေးနေ၏။ မွန်းစတားဆန်သော ချောရည်များသည် တဟုန်ထိုး မြင့်တက်လာနေခြင်း မဟုတ်လော။ ထိုသို့ဖြစ်လျှင်ပင် သည်အစွမ်းထက်ကျင့်ကြံသူများ ထိတ်လန့်ပျာယာခတ်သွားဖို့အတွက်တော့ မလုံလောက်သေးပါ။ သို့ရာတွင် ချောရည်များ ဖြတ်သန်းလာနေရင်း ဧရာမလက်ကြီးတစ်ဖက်သည် ဆန့်ထွက်လာကာ လှပသောအမျိုးသမီးကို ဖမ်းဆုပ်သွားသည်။

လှပသောအမျိုးသမီးက အံ့အားတသင့်ဖြစ်ကာ ရှောင်လို၏။ သို့သော် သူမသည် ထိုလက် ရောက်မလာခင် ရှောင်နိုင်ဖို့ရာ နှေးလွန်းခဲ့ပေပြီ။ သူမသည် မီးတောက်များနှင့် ချက်ခြင်း လွှမ်းခြုံခြင်းခံရကာ ချောရည်အတွင်းသို့ ဆွဲချခြင်း ခံလိုက်ရတော့သည်။

သည်ရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်နှလုံးကို တုန်လှုပ်စေတော့သည်။

သို့ရာတွင် ထိုမျှသည် အဆုံးသပ် မဟုတ်သေးပေ။ ချောရည်များ တရကြမ်းတိုးဝင်လာရင်း ချောရည်ပူများထံမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ထိုအသံကြောင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည်ပင် နောက်တစ်ကြိမ် ပျက်စီးကုန်ရသည်။

ထိုဟိန်းသံ မြည်ဟိန်းလာရင်း လှိုင်းထန်နေသော ချောရည်ပူများထံမှ ခရမ်းနီရောင်ခေါင်းတလား တစ်ခု ထွက်ပေါ်လာ၏။ ထိုခေါင်းတလားထံမှ အော်မြည်သံသည် ပို၍ပင် ပြင်းထန်နေသည်။

ဝမ်ဝေနှင့်ဟူကျွမ်တို့၏ အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။ သူတို့နှစ်ယောက်သည် သည်ခေါင်းတလားနှင့် ပတ်သတ်၍ သိနေသည်မှာ ထင်ရှား၏။ တုံ့ဆိုင်းမနေဘဲ သူတို့နှစ်ယောက်သည် ချိပ်ဟန်တစ်ခုစီ ဖြစ်ပေါ်စေကာ အတူချိတ်ဆက်လိုက်ကြသည်။ သူတို့က ဝေဝါးသွားပြီး လူတိုင်းကို ချက်ခြင်း ဖြတ်ကျော်ကာ နန်းတော်ရှိရာသို့ ဝင်ရောက်လာကြတော့သည်။

သူတို့နန်းတော်အတွင်းသို့ ဝင်ရောက်သွားကြသည့်အခိုက်တွင် ခေါင်းတလားသည် ပျက်စီးက မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် လူတိုင်းပေါ်သို့ ကျဆင်းလာသည်။ တချိန်တည်းမှာပင် ယင်းပျက်စီးသွားသည့် ခေါင်းတလားထဲကနေ အနီရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက် လှမ်းလျှောက်ထွက်လာသည်။

သည်အဘိုးအိုမှာ အသက်ဓာတ်ကင်းမဲ့နေကာ သေဆုံးခြင်းအော်ရာနှင့်သာ ပြည့်နှက်နေ၏။ သူ ပေါ်လာသည်နှင့် လူတိုင်းထံသို့ တိုးဝင်လာသည်။ ရှေ့ဖြစ်ဟောသူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက တစ်ခုခုကို ရွတ်ဆိုလိုက်သည့်အလား သူ့ပါးစပ်သည် လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ထို့နောက် အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် ရုတ်တရပ် ရပ်တန့်သွားတော့သည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအို တန့်သွားသည်ကို အခွင့်ကောင်းယူကာ ရှေ့ဖြစ်ဟောသူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရင်း နန်းတော်ထဲသို့ တိုးဝင်သွားသည်။ သည်အခိုက်အတန့်၌ အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ ခန္ဓာကိုယ်သည် ပျက်စီးကာ ဟိန်းမြည်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ ထို့နောက် မီးတောက်ပင်လယ်တစ်ခု ဖြစ်ပေါ်လာကာ မီးနဂါးအဖြစ်သို့ ပြောင်း၍ လူတိုင်းအား ဝါးမြိုရန် တာဆူလာတော့သည်။

နှင်းပွင့်များ ဝန်းရံထားသည့် ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး၏ အသွင်ဟန်ပန်သည် ဖြူရောသွားသည်။သူမသည်လည်း နန်းတော်ထံသို့ တရကြမ်း တိုးဝင်နေ၏။ သို့ရာတွင် သူမ အထဲသို့ မဝင်ရောက်ခင်မှာပင် သူမ၏ခန္ဓာကိုယ်သည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ မီးနဂါး၏ ရှိုက်သွင်းခြင်းကို ခံလိုက်ရသည်။

လူတိုင်းသည် နန်းတော်အတွင်းသို့ ဝင်ရောက်နေကြ၏။အခြားလူများကို စိတ်ပူနေဖို့ မအားပေ။ ဝမ်လင်းသည်လည်း နန်းတော်ထံသို့ ဦးတည်နေ၏။ သို့ရာတွင် သူက နန်းတော်အတွင်းသို့ ဝင်ရောက်ခါနီး၌ အရှင်လေဟာနယ်သည် ရုတ်တရက် လှည့်လာကာ သူ့အား အေးစက်စက်ကြည့်သည်။

အရှင်လေဟာနယ် မတိုက်ခိုက်နိုင်ခင် မီးနဂါးသည် ရောက်ရှိလာပေပြီ။ မီးနဂါးသည် သည်နန်းတော်တစ်ခုလုံးကို ဝါးမြိုနိုင်သည့်အထိ ကြီးမားလှသည်။ ဝမ်လင်းသည် ပြင်းထန်သော စုပ်အားကို ခံစားမိ၏။ သူသည် မီးနဂါး၏ ဝါးမြိုခြင်းကို နန်းတော်နှင့်အတူ ခံလိုက်ရတော့သည်။

မီးနဂါးသည် အရာအားလုံးကို ဝါးမြိုကာ ချောရည်ပူများထဲသို့ ဝင်ရောက်သွား၏။ မီးနဂါး ၎င်းအတွင်းသို့ ဒိုင်ပင်ပစ် တိုးဝင်လာချိန်၌ ချောရည်ပူများသည် ပို၍ ပြင်းထန်စွာ တဝီဝီလှည့်လည်လာတော့သည်။ ချောရည်များသည် အထက်သို့ ပိုမြန်သထက်မြန်စွာ မြင့်တက်လာရင်း မီးတောင်ကနေ ပေါက်ကွဲထွက်၍ ကောင်းကင်ယံကို ဖုံးအုပ်သည်။ ထို့နောက် ချောရည်ပူများသည် မီးလုံးများအဖြစ် မြေပြင်ထက်သို့ ပြန်ကျဆင်း၏။

အချိန်အတန်ကြာပြီးနောက် မီးတောင်ပေါက်ကွဲမှုသည်လည်း အဆုံးသပ်သွား၏။ အနက်ရောင်အခိုးအငွေ့များကတော့ ထွက်နေတုန်းပင်။ ချောရည်များသည် အောက်ဘက်သို့ ပြန်နစ်ဆင်းကျသွားကာ မီးတောင်အောက်ခြေသည် ပြန်လည် ငြိမ်သက်သွားတော့သည်။ သို့ရာတွင် ခုချိန်၌ နန်းတော်သည် ပျောက်ရှသွားခဲ့ပေပြီ။

သည်အခိုက်အတန့်၌ မီးနဂါး၏ ဝါးမြိုခြင်း ခံလိုက်ရသော နန်းတော်သည် ချောရည်ပူအတွင်းနက်ဆုံးပိုင်းတွင် ပြန်ပေါ်လာသည်။ သို့ရာတွင် ခုချိန်၌ ၎င်းနန်းတော်သည် ချောရည်များနှင့် ဝန်းရံထားခြင်း ခံရ၏။ ထို့ကြောင့် လူတိုင်းသည် နန်းတော်အတွင်း၌ ရှိနေလျှင်ပင် သိပ်သည်းသောအပူကို ခံစားရသည်။

ဝမ်လင်း၏ပုံရိပ်သည် အကွာအဝေးတစ်ခုရှိ ချောရည်ပူများထဲ၌ ပေါ်လာ၏။ ချောရည်ပူမှ ထွက်ပေါ်နေသည့် အပူသည် သူ့ကို ဒဏ်ရာ မရစေသည့်အပြင် သူ့ဒဏ်ရာများကိုပါ ပိုကောင်းမွန်နေစေသည်။ ချောရည်သည် ထူထဲကာ ဝမ်လင်းအား မီးမူလစွမ်းအင်တို့ဖြင့် ဝန်းရံထားနေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဟင်္သာငှက်အမှတ်အသားတက်တူးသည် တောက်ပနေ၏။ ဟင်္သာငှက်မြည်ဟိန်းသံများပင် ထုတ်လွှတ်နေချေသည်။

သူက ထိုင်ချလိုက်ရင်း တဖြည်းဖြည်း ချောရည်ပူ အောက်ခြေထိ နစ်မြုပ်သွားသည်။ သူသည် နန်းတော်နှင့် ပေတစ်သောင်းအကွာလောက်ထိ ရောက်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ သိပ်သည်းသောမီးမူလစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

သူသည် မီးမူလစွမ်းအင်ကို စုပ်ယူနေရင်း သူ့ခန္ဓာကိုယ်သည် နီရဲနေ၏။ အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ အချိန်မည်မျှ ကုန်ဆုံးသွားပြီးမှန်း မသိပြီးနောက် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် လျော့ပါးသွားခြင်း မရှိသည့်အပြင် ပို၍ပင် အသက်ဝင်လာနေ၏။ စဉ်းစားနေရင်း ဝမ်လင်းသည် သည်နေရာကနေ ချက်ခြင်း မထွက်ခွာတော့ဘဲ ဆက်လက် ကျင့်ကြံနေလိုက်၏။

သည်အခွင့်အရေးက သူ့အတွက် အဖိုးထိုက်တန်လှသည် မဟုတ်လော။ သည်လို မီးမူလစွမ်းအင် ပေါများလှသည့် နောက်ထပ်နေရာတစ်ခု ရှာဖွေရန်မှာ သူ့အတွက် အလွန်ခက်ခဲပေမည်။ ဝမ်လင်းသည် မျက်လုံးမှိတ်ကာ မီးမူလစွမ်းအင်တို့ကို ဆက်လက် စုပ်ယူနေ၏။

အချိန်သည် ကုန်ဆုန်းနေသည်။ ဝမ်လင်းသည် စုပ်ယူနေရင်း ချောရည်ပူမြောက်များစွာသည် တဖြည်းဖြည်း လျော့ကျလာ၏။ သည်အချိန်အတွင်း ဝမ်လင်းသည် သုံးကြိမ်တိုင်တိုင် ကျင့်ကြံနေရာကနေ နိုးထခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ချောရည်ပူများ၏ သိပ်သည်းသောတုန်ခါမှုများက မီးတောင်ကို ပေါက်ကွဲစေသောကြောင့် ဖြစ်၏။

သူ ကျင့်ကြံခြင်းကနေ နိုးထတိုင်း ဝမ်လင်းသည် မီးတောင်ပေါက်ကွဲမှုကို သေချာ ကြည့်ရှု၏။ မီးတောင်ပေါက်ကွဲမှု ပြီးသည့်နောက် သူသည် သူ့ကိုယ်သူ မီးမူလစွမ်းအင် စုပ်ယူခြင်းတွင်သာ ပြန်နစ်မြုပ်ထားလိုက်သည်။

သည်နေ့တွင် ဝမ်လင်းသည် လေးကြိမ်မြောက် နိုးထလာ၏။ ချောရည်ပူများထဲ၌ အဆုံးမဲ့ မီးမူလစွမ်းအင်တို့ ကျန်နေသေးသော်လည်း ဝမ်လင်းသည် ဆက်၍ မစုပ်ယူဝံ့တော့ပေ။သူသည် မီးမူလစွမ်းအင်ကို စုပ်ယူနေရင်း ချောရည်နှင့် တစ်သားတည်း ဖြစ်လာတော့သည်။ တဖြည်းဖြည်းဖြင့် သည်ချောရည်အတွင်း ဆန်းကြယ်သောစိတ်ဝိညာဉ်တစ်ခု ရှိနေသည်ဟု ခပ်ရေးရေး ခံစားမိသည်။

သူသာ အများကြီးဆက်၍ စုပ်ယူပါက သည်ဆန်းကြယ်သောစိတ်ဝိညာဉ်ကို နှောက်ယှက်မိနိုင်၏။ ဝမ်လင်း၏ လေ့လာချက်အရ သည်ဆန်းကြယ်စိတ်ဝိညာဉ်မှာ အရာအားလုံးကို ဝါးမြိုခဲ့သည့် မီးနဂါး ဖြစ်နိုင်သည်။

စဉ်းစားနေရင်း ဝမ်လင်းက တဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ ချောရည်ထဲရှိ နန်းတော်ထံသို့ လှမ်းလျောက်သွားသည်။သို့ရာတွင် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူသည် နန်းတော်အပေါ်၌ နီးကပ်ကပ်ရှိနေသော ချောရည်ပူဖောင်းတစ်ခုကို တွေ့မြင်လိုက်ရာ ရုတ်တရက် ရပ်တန့်လိုက်သည်။

ချောရည်ပူဖောင်းကို သေချာကြည့်ပါက ဝမ်လင်း၏အသွင်သည် ထူးဆန်းသွားသည်။တချိန်တည်းမှာပင် သူက ၎င်းပူဖောင်းအတွင်းရှိ ကျင့်ကြံသူများကလည်း ဝမ်လင်းကို တွေ့မြင်လိုက်ကြ၏။

ထိုချောရည်ပူဖောင်းအတွင်း လူနှစ်ယောက် ရှိနေသည်။ သူတို့က မီးနဂါး၏ ဝါးမြိုခြင်း ခံလိုက်ရသော ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး၊ လှပသောအမျိုးသမီးတို့ ဖြစ်ကြ၏။ လှပသောအမျိုးသမီးက အသိစိတ်လွတ်နေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း နီရဲနေ၏။ သူမက သေခြင်းရှင်ခြင်းမျဉ်းပေါ်သို့ ရောက်ရှိနေသည့်ပုံပင်။ ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးကတော့ သူမအား ဝန်းရံပေးထားသော နှင်းပွင့်များမှာ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။ သူမ၏မျက်ခုံးနှစ်ခုကြား၌ နှင်းပွင့်စာလုံးတစ်ခု လင်းလက်နေကာ ၎င်းစာလုံးက အအေးစွမ်းအင်ကို ထုတ်လွှတ်ပေး၍ သူမအား သည်ချောရည်ပူဖောင်းအတွင်း ရှင်သန်နေနိုင်စေ၏။

သူမကလည်း ဝမ်လင်း ချဉ်းကပ်လာသည်ကို တွေ့သည့်အခါ သူမမျက်လုံးထဲ၌ အံ့အားသင့်၍ ထိတ်လန့်ဟန် ပြည့်နှက်သွား၏။ သူမသည် ဝမ်လင်းမှာ ဟင်္သာငှက်ကို နိုးထပြီး ဖြစ်သည် သိထားသော်လည်း ဝမ်လင်းသည် သည်ချောရည်ပူအတွင်း၌ မည်သည့်ဒဏ်ရာမှ မရဘဲ ရှိနေလိမ့်မည်ကိုတော့ မတွေးမိပေ။ ဝမ်လင်းက မြေပြင်ထက်တွင် လှုပ်ရှားသလိုမျိုး သည်ချောရည်ပူအတွင်း၌ လှုပ်ရှားနေသည် မဟုတ်လော။

“နတ်လေးပါးကလန်က လူတွေ ကြောက်မက်ဖွယ် ကောင်းတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ ကြည့်ရတာ ဟင်္သာငှက်နိုးထလာပြီးတဲ့နောက် သူက ဒီမီးအပူဓာတ်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခုခံနိုင်စွမ်း ရှိလာတာပဲ…” ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူမသည် ချောရည်ပူအတွင်း၌ လအတော်အတန် နစ်မြုပ်နေခြင်းဖြစ်ရာ မြန်မြန်ဆန်ဆန် ရွှေ့လျားသွားလာနိုင်စွမ်း မရှိတော့ပေ။ ကံကောင်းစွာဖြင့် သူမသည် လှပသောအမျိုးသမီးကို ရှာတွေ့နိုင်စွမ်း ရှိခဲ့၏။ သို့သော် သည်အမျိုးသမီးက တချိန်လုံးအသိစိတ်လွတ်နေကာ သူမ၏ခန္ဓာကိုယ်မှာလည်း ဆန်းကြယ်သောမီးတောက်တစ်ခုနှင့် ပြည့်နှက်နေပေသည်။

ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက သည်လှပသောအမျိုးသမီးကို နိုးထလာအောင် လုပ်နိုင်စွမ်း မရှိပေ။ သူမသည် သူမကိုယ်သူမ သူမ၏စီနီယာအမ ပေးထားခဲ့သော ရတနာဖြင့် သည်ချောရည်ပူအတွင်း ကာကွယ်နိုင်စွမ်း ရှိသော်လည်း ရှေ့ဆက်သွားရန်ကမူ ခက်ခဲနေ၏။ ထို့အတွက်ကြောင့် သူမသည် နန်းတော်ကို ရှာတွေ့နိုင်ရန် လအတော်အတန် ကြာမြင့်ခဲ့ခြင်းပင်။ သို့သော် သူမသည် ဝမ်လင်းကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

သူမ ဝမ်လင်းကို တွေ့မြင်ရချိန်၌ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် နှလုံးခုန်သံတစ်ချက် မြန်သွားကာ စိုးရိမ်ပူပန်သွားသည်။ သူမက ပူဖောင်းကို အလျင်အမြန် ထိန်းချုပ်ကာ နန်းတော်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့၏။

ရုတ်တရက် အရှိန်ပြောင်းလဲမှုကြောင့် သည်ပူဖောင်းက မတည်မငြိမ်ဖြစ်လာကာ အချိန်မရွေး ပျက်စီးတော့မည့်ဟန် ဖြစ်လာ၏။ သို့ရာတွင် သည်ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးက သည်အဖြစ်ကို ပူပန်မနေတော့ဘဲ နန်းတော်ထံသို့သာ အမြန် နီးကပ်အောင် သွားနေသည်။

ဝမ်လင်း၏အသွင်က မထူးခြားနားပင်။ သူက ပူဖောင်းရှိရာသို့ ခြေလှမ်း၍ သွားနေ၏။ သူသည် မြန်ဆန်စွာ နီးကပ်လာနေရင်း ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးက ပို၍ စိတ်ပူပန်လာ၏။ သူမသည် ဝမ်လင်း ဘာတွေးနေသည်ကို မသိပေ။ သို့သော် ဝမ်လင်းသည် အရင်တုန်းက လှပသောအမျိုးသမီးတို့ အုပ်စုနှင့် ပြဿနာ ဖြစ်ခဲ့ဖူးသည်ကို သိထားခဲ့၏။ သူမက သူသည် ပူဖောင်းထံသို့ တိုးကပ်လာနေခြင်းမှာ လှပသောအမျိုးသမီးကို သတ်ပစ်ဖို့ဟု တွေးထင်နေမိ၏။

ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးက ဝမ်လင်း ပေရာချီအကွာသို့ ရောက်လာသည်ကို တွေ့မြင်သည့်အခါ ခပ်မြန်မြန် လှမ်းအော်၏။ “ဝမ်လင်း…နင်က အရှင်လေဟာနယ်နဲ့ပဲ ရန်ငြှိုးရှိတာ။ ငါတို့နှစ်ယောက်နဲ့တော့ ဘာရန်ငြှိုးမှ မရှိဘူးနော်…”

***

All Chapters