← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) ဆရာမကု၏ သရုပ်မှန်

ဆရာမကုသည် ချန်ဖုန်းအား ကျောင်းအပြင်ဘက်သို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့၏။

ထို့နောက် သူတို့နှစ်ဦးသည် ကော်ဖီဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားကြသည်။

"ချန်ဖုန်း... နင် ဘာသောက်မလဲ..."

"ကြိုက်တာမှာပါ..."

တစ်ဖက်လူက သူ၏ထံမှ ဘာများလိုချင်နေသနည်းဆိုတာကို ချန်ဖုန်း တကယ်ပဲ နားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့် သူက ဆရာမကုကို ဇဝေဇဝါ အမူအရာဖြင့် ကြည့်လိုက်ပေ၏။

ဆရာမကုက ပြုံးလိုက်ပြီး အမေရိကာနို ကော်ဖီနှစ်ခွက် မှာလိုက်ကာ စကားစလာသည်။

"ချန်ဖုန်း... ပြီးခဲ့တဲ့ ပါတီပွဲတုန်းက တောင်မြင့်ရေအေး တေးသွားကို တီးခတ်ဖို့ နင့်ကို ဘယ်သူသင်ပေးခဲ့တာလဲ... နားထောင်လို့ အရမ်းကောင်းတာပဲ... အနည်းဆုံး ဆရာသခင်အဆင့်လောက်တော့ ရှိမယ်ထင်တယ်..."

"အင်း... ကျွန်တော်ဘာသာ လေ့လာထားတာပါ..."

ချန်ဖုန်းက ခေါင်းကုတ်လျက် ပြန်ဖြေလိုက်၏။ သူက စနစ်ထဲကနေ ဝယ်ယူထားတဲ့ စွမ်းရည်တစ်ခုပါလို့ တိုက်ရိုက်ပြောလို့မှ မရနိုင်ဘဲလေ။

ဆရာမကုက သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်သည်။

"နင် ငါ့ကို သင်ပေးလို့ရမလား... ငါ အကြိုက်ဆုံးက ဂူကျန်း တီးခတ်တာပဲ... အထူးသဖြင့် တောင်မြင့်ရေအေး တေးသွားကို ငါ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူးတယ်... ဒါပေမဲ့ နင့်ရဲ့အဆင့်ကို ဘယ်တော့မှ မရောက်နိုင်ခဲ့ဘူး... နင်က ဘယ်လိုလုပ် အဲဒီလောက် တီးနိုင်ရတာလဲ... တီးခတ်သူနဲ့ တူရိယာကြားက ပြီးပြည့်စုံတဲ့ သဟဇာတဖြစ်မှုကို ဘယ်လို လုပ်ယူတာလဲ..."

ချန်ဖုန်းက ခဏတာ တွေးတောလိုက်ပြီးနောက် ရှင်းပြလိုက်၏။

"တကယ်တော့ အရမ်း ရိုးရှင်းပါတယ်... စိတ်ကို တည်ငြိမ်အောင်ထားပြီး ပတ်ဝန်းကျင်က အနှောင့်အယှက်တွေကို ဂရုမစိုက်သရွေ့ လူနဲ့ တူရိယာကြားက သဟဇာတဖြစ်မှုအဆင့်ကို သဘာဝကျကျ ရောက်သွားပါလိမ့်မယ်... လွယ်လွယ်ပြောရရင် အာရုံစူးစိုက်မှုပါပဲ... အာရုံစူးစိုက်မှု လုံလောက်မယ်ဆိုရင် အာရုံခံစားမှု အားလုံးရဲ့ အလားအလာတွေကို အပြည့်အဝ ထုတ်ဖော်နိုင်ပါလိမ့်မယ်..."

"ဟူး..."

ဆရာမကုက သက်ပြင်းချလိုက်သည်။ အာရုံစူးစိုက်မှုတဲ့လား။ ပြောတာက လွယ်ပေမဲ့ တကယ်လုပ်ဖို့က ခက်ခဲလှပေ၏။

ထိုအချိန်၌ စားပွဲထိုးက ကော်ဖီလာချပေးလေ၏။

ဆရာမကုက သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ် စေ့လိုက်ပြီးနောက် ဆက်ပြောသည်။

"ငါက ငယ်ငယ်ကတည်းက ဂူကျန်း တီးခတ်တာကို လေ့ကျင့်ခဲ့ပေမဲ့ ဒီနှစ်တွေထဲမှာ သိပ်ပြီး တိုးတက်မှု မရှိခဲ့ဘူး... တကယ်တော့ ငါ့ရဲ့ ရည်မှန်းချက်က အရင်က ဆရာဝန်တစ်ယောက် ဖြစ်လာဖို့ပဲ... ဒါနဲ့ စကားမစပ်..."

သူမက ချန်ဖုန်းအား ရုတ်တရက် အကဲခတ်ကြည့်လိုက်၏။

"ချန်ဖုန်း... နင်က ဆေးပညာစွမ်းရည်တွေလည်း တတ်တယ်လို့ ငါ ကြားတယ်နော်..."

လူမှုကွန်ရက်ပေါ်တွင် ချန်ဖုန်းကို ရေပန်းစားသွားစေခဲ့သော ဗီဒီယိုကို သူမလည်း မြင်ဖူးထားပေသည်။ ထိုဗီဒီယိုထဲတွင် စာသင်ခန်းထဲ၌ ဆရာတစ်ဦးအား အပ်စိုက်ကုသပေးနေသည်ကို မြင်တွေ့ရခြင်း ဖြစ်၏။

"နည်းနည်းပါးပါးတော့ တတ်ပါတယ်..."

ချန်ဖုန်းက လျှို့ဝှက်မထားခဲ့ချေ။

ဘာပဲဖြစ်ဖြစ် လူတော်တော်များများလည်း သိနေကြပြီဖြစ်ရာ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ သို့သော် ဤဆရာမကုနှင့် ပတ်သက်၍ သူ အလွန် သိချင်နေမိ၏။ တစ်ဖက်လူက သူ၏အကြောင်းကို တမင်သက်သက် လာစုံစမ်းနေသကဲ့သို့ ဖြစ်နေချေသည်။

ဆရာမကု၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားလေသည်။

"ဒါဆို ငါ့မှာ ရောဂါတစ်ခုခု ရှိနေလားဆိုတာ ကြည့်ပေးလို့ရမလား..."

သူမက စကားပြောရင်း နူးညံ့သော လက်မောင်းကို ဆန့်ထုတ်ပေးလိုက်၏။

ချန်ဖုန်းကလည်း ငြင်းဆန်မနေတော့ချေ။ သူ၏ လက်ချောင်းများက သူမ၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။

ထို့နောက် သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ဆရာမကုရဲ့ ကျန်းမာရေးက ကောင်းပါတယ်... ကြီးကြီးမားမား ဘာပြဿနာမှ မရှိဘူး... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ..."

"ဟော်မုန်း မညီမျှမှုကြောင့် ဓမ္မတာက မျှော်လင့်မထားတဲ့ အချိန်မှာ ရောက်လာနိုင်တယ်..."

"ဟင်..."

ဆရာမကု၏ မျက်နှာမှာ နီရဲသွားလေ၏။

ဤသည်မှာ အမျိုးသမီးများအတွက် အလွန် ကိုယ်ရေးကိုယ်တာဆန်သော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ သူမက မျက်စောင်းထိုးလိုက်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။

"ချန်ဖုန်း... နင်က ငါ့ကို ပရောပရည် လာလုပ်နေတာလား..."

"မဟုတ်ပါဘူး..."

ချန်ဖုန်းက နောက်သို့ အနည်းငယ် မှီချလိုက်ပြီး ဖျော့တော့သော အပြုံးဖြင့် ပြောဆိုလိုက်သည်။

"ဆရာမကုရဲ့ သွေးခုန်နှုန်းက အားကောင်းပြီး သန်စွမ်းနေသလို ခန္ဓာကိုယ် အခြေအနေကလည်း သာမန်လူတွေထက် အများကြီး ပိုကောင်းနေတာကို ကျွန်တော် သတိထားမိတယ်... ယုတ္တိတန်တန် တွေးကြည့်ရင် ဒီလိုအခြေအနေမျိုးက ဆရာမမှာ မဖြစ်သင့်ဘူးလေ... ဒါပေမဲ့ တကယ်တမ်းကျတော့ ဖြစ်နေခဲ့တယ်... ဆရာမကု... ဒီအကြောင်းကို ရှင်းပြနိုင်မလား..."

"ငါ..."

ဆရာမကု၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။

သူမက ရယ်မောလိုက်ပြီး ပြန်လည်တုံ့ပြန်လိုက်သည်။

"ချန်ဖုန်း... ငါက လေ့ကျင့်ခန်း အမြဲလုပ်တော့ သွေးခုန်နှုန်း အားကောင်းတာ သာမန်ပါပဲ... ငါ့ကို ဘာများ ရှင်းပြစေချင်နေတာလဲ... နင်က ငါ့လက်ကို ကိုင်ပြီး အခွင့်အရေး ယူသွားတဲ့အကြောင်းကို ရှင်းပြရမှာလား... ဟွန့်... နည်းပြဆရာမ ကျင်းထျန် ကို နင့် အကြောင်း သေချာပေါက် တိုင်ပြောလိုက်မယ်..."

ချန်ဖုန်းက ပျင်းရိပျင်းတွဲဖြင့် မျက်လုံးများကို အနည်းငယ် ပင့်ကြည့်လိုက်လေသည်။

ထို့နောက် ရှေ့သို့ အနည်းငယ် တိုးကပ်သွားပြီး တစ်ဖက်လူ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်ကာ မေးမြန်းလိုက်၏။

"နည်းပြဆရာမ ကျင်းထျန် ကို ဘာသွားပြောမှာလဲ... ငါတို့ရဲ့ ဆရာမကု က အရမ်း အစွမ်းထက်တယ်လို့လား...ဒါမှမဟုတ် အနည်းဆုံး ကောင်းကင်ဘုရင်အဆင့် ထက်မနိမ့်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်လို့များ သွားပြောမှာလား..."

ဝုန်း...

ဆရာမကု၏ နုနယ်သော ခန္ဓာကိုယ်လေး တုန်ရီသွားပေသည်။ သူမ လုံးလုံးလျားလျား ဆွံ့အသွားခဲ့တော့၏။

သူမကိုယ်သူမ ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ချန်ဖုန်းက သူမ၏ သရုပ်မှန်ကို ဤမျှ လျင်မြန်စွာ ဖော်ထုတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူက ဘယ်လိုလုပ် သိသွားတာလဲ။ သွေးခုန်နှုန်း တစ်ခုတည်းကို ကြည့်ရုံနဲ့တင် သိသွားတာလား။

ဤအချိန်၌ ဆရာမကု၏ စိတ်နှလုံးသည် ကမောက်ကမ ဖြစ်သွားရလေပြီ။ သူမက ထိုင်ခုံမှ ချက်ချင်း ခုန်ထကာ မေးလိုက်၏။

"ဘယ်လို... နင် ဘယ်လိုလုပ် သိတာလဲ..."

"သွေးခုန်နှုန်းကနေ သိတာပေါ့..."

ချန်ဖုန်းက တစ်ဝက်တစ်ပျက် အပြုံးဖြင့် ပြောဆိုလိုက်သည်။

"လူတိုင်းရဲ့ သွေးခုန်နှုန်းက မတူကြဘူးလေ... လူတစ်ယောက်က ပိုသန်စွမ်းလေ သွေးခုန်နှုန်းက ပိုအားကောင်းလေပဲ... ဆရာမကု က သာမန်လူ မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ... အနုပညာဌာနက ဆရာမ ဆိုတာက ခင်ဗျားရဲ့ အပေါ်ယံ သရုပ်မှန်တစ်ခု သက်သက်ပါပဲ... ခင်ဗျားဆီမှာ ပြင်းထန်တဲ့ ရန်လိုမှုတွေ အများကြီး ရှိနေတယ်... ပြီးတော့ ခင်ဗျားက သွေးထွက်သံယိုတွေကို ရှင်းရှင်းလင်းလင်း မြင်ဖူးထားတယ်... ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ခင်ဗျား ဂူကျန်း တီးခတ်တာက စိတ်နဲ့ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ဖို့နဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် သက်သက်ပဲ..."

"ဟီးဟီး..."

ဆရာမကုက ရယ်မောလိုက်၏။ သူမ၏ အမှားကို ချန်ဖုန်းက ချက်ချင်း ဖောက်ထွင်းသိမြင်သွားလိမ့်မည်ဟု သူမ တကယ်ပင် မမျှော်လင့်ထားခဲ့ချေ။ ‘ချန်ဖုန်း အို ချန်ဖုန်း... နင်က တကယ်ကို ထူးခြားတဲ့သူပဲ’

"ချန်ဖုန်း... ငါက အစွမ်းထက်တယ်ဆိုတာ နင်သိနေမှတော့ နင်ကို သတ်ပစ်မှာကို မကြောက်ဘူးလား..."

"ခင်ဗျား မရဲပါဘူး..."

ချန်ဖုန်း၏ မျက်နှာပေါ်တွင် ယုံကြည်မှုများ အပြည့်ရှိနေပေသည်။

"ခင်ဗျားလို ကျွမ်းကျင်သူ တစ်ယောက်က ကျောင်းထဲမှာ ပုန်းအောင်းနေပြီး အခု ကျွန်တော့်ကို တမင်သက်သက် လာချဉ်းကပ်နေတယ်... ကျွန်တော့်ရဲ့ တကယ့် စွမ်းရည်တွေကို ခင်ဗျား ရှင်းရှင်းလင်းလင်း သိနေတာပဲ...တကယ်တမ်း တိုက်ခိုက်ရင် ကျွန်တော့်ကို အနိုင်ယူနိုင်မယ်လို့ ဆရာမကု တကယ် ထင်နေတာလား..."

"နင်..."

ဆရာမကုက ညင်သာစွာ သက်ပြင်းချလိုက်၏။ တစ်ဖက်လူကသာ ဆက်ပြီး ခန့်မှန်းနေမည်ဆိုပါက သူမ၏ တကယ့် သရုပ်မှန်ကိုပါ သိရှိသွားမည်ကို သူမ ကြောက်ရွံ့သွားမိသည်။

ထို့ကြောင့် သူမက အလျင်အမြန် ပြန်ဖြေလိုက်၏။

"ငါက ဘာရည်ရွယ်ချက်မှ မရှိပါဘူး... နင့်ရဲ့ ဆေးပညာစွမ်းရည်တွေကို ဘယ်မှာ သင်ခဲ့တာလဲဆိုတာ သိချင်ရုံ သက်သက်ပါ..."

"ဘာလို့လဲ..."

ချန်ဖုန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။

ဆရာမကုက အနည်းငယ် နာကြည်းသော လေသံဖြင့် ပြောဆိုလာ၏။

"ငါ လူတစ်ယောက်ကို ရှာနေလို့ပါ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့သူငယ်ချင်း တစ်ယောက် အရမ်း နေမကောင်းဖြစ်တော့ သူ့ကို ကုသပေးဖို့ ဟွာရှနိုင်ငံ အနှံ့အပြားမှာ လူလိုက်ရှာနေခဲ့တာ... ဒါကြောင့် နင် ဒါမှမဟုတ် နင့်ကို ဆေးပညာစွမ်းရည် သင်ပေးခဲ့တဲ့သူက ငါ့သူငယ်ချင်းနဲ့များ တွေ့ဖူးလားလို့ သိချင်လို့ပါ..."

"မတွေ့ဖူးပါဘူး..."

ချန်ဖုန်းက ခေါင်းခါပြလိုက်သည်။

"ကျွန်တော်က လွန်ခဲ့တဲ့ တစ်လလောက်ကမှ လူနာတွေကို စပြီး ကုသပေးတာပါ... ခင်ဗျား ရှာနေတဲ့သူနဲ့ တစ်ခါမှ မဆုံဖူးဘူး..."

"ကောင်းပါပြီလေ..."

ဆရာမကုက သူ့အား ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ချန်ဖုန်း... ငါ့ကိစ္စတွေကို နင် လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်... သေချာတာပေါ့...နင့်ရဲ့ ကိစ္စတွေကိုလည်း ငါ ဘယ်သူ့ကိုမှ မပြောပါဘူး..."

ထိုသို့ ပြောဆိုပြီးနောက် သူမ ချက်ချင်း ထွက်ခွာသွားလေသည်။

ချန်ဖုန်းနှင့် ဆက်လက်နေထိုင်ရန် သူမ မရဲတော့ချေ။ ထိုကောင်လေး၏ အကဲခတ်နိုင်စွမ်းက လွန်ကဲလွန်းလှပေသည်။

မကြာမီမှာပင် သူမသည် လမ်းကြားတစ်ခုသို့ ရောက်ရှိသွား၏။

ဤအချိန်၌ အမျိုးသားတစ်ဦးသည် သူမကို ထိုနေရာတွင် စောင့်ဆိုင်းနေပြီး သူ၏လက်ထဲတွင် ထောင့်မှန်စတုဂံပုံ သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားလေသည်။ ၎င်းမှာ အလွန် ကြီးမားလှပြီး အတွင်း၌ မည်သည့်အရာ ပါဝင်သည်ကို မသိနိုင်ချေ။

"ဘယ်လိုနေလဲ..."

"ပေ့ဟူ မြို့က နာမည်ကြီး ဆရာဝန်တွေ အကုန်လုံးကို ငါ မေးကြည့်ပြီးပြီ... ချန်ဖုန်းကိုတောင် ငါ မေးခဲ့သေးတယ်... ဒါပေမဲ့ အဇူရာနန်းတော်သခင် ကို ဘယ်သူမှ မတွေ့ဖူးကြဘူးတဲ့..."

ဆရာမကုက သက်ပြင်းချလိုက်သည်။

"လဲ့ယန်... ချန်ဖုန်းက ယင်ယန် အပ်ကိုးချောင်း ကုထုံးကို တတ်တယ်လေ... တကယ်လို့ အဇူရာနန်းတော်သခင် သာ အသက်ရှင်နေသေးရင် သူ့ခန္ဓာကိုယ်ကို ကုသဖို့ ချန်ဖုန်းဆီ သေချာပေါက် ရောက်လာမှာပဲ... ဒါပေမဲ့ အခုလေးတင် ငါ သူ့ကို မေးကြည့်တော့ အဇူရာနန်းတော်သခင် ကို သူ တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောတယ်... ဒါကြောင့် အဇူရာနန်းတော်သခင် က အသက်ရှင်မနေတော့ဘူးဆိုတာ သေချာသလောက်ပါပဲ..."

လဲ့ယန်၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွား၏။

"အဇူရာနန်းတော်သခင် က အသက်ရှင်မနေတော့ဘူးဆိုရင် သူ့ရဲ့ ရုပ်အလောင်းက ဘယ်မှာလဲ... ပြီးတော့ အဇူရာတိုကင် ကရော ဘယ်မှာလဲ..."

"ဟွာရှနိုင်ငံက ဒီလောက် ကျယ်ဝန်းတာ... အဇူရာတိုကင် ကို ရှာဖို့ဆိုတာ ကောင်းကင်ပေါ် တက်ရတာထက်တောင် ခက်ခဲသေးတယ်..."

"ငါလည်း မသိဘူး..."

ဆရာမကုက ခေါင်းခါလျက် ပြောဆိုလိုက်၏။

"ဒီကိစ္စက အရေးမကြီးသေးပါဘူး... ဖြည်းဖြည်းချင်း ရှာကြတာပေါ့... ငါ အခု သွားရတော့မယ်... စကားမစပ် နင် ချန်ဖုန်းကို သွားမဆက်သွယ်နဲ့နော်... သူက နည်းနည်း ထူးဆန်းတယ်... သူရဲ့ အကဲခတ်နိုင်စွမ်းက အရမ်း ထူးချွန်လွန်းလို့ ငါတို့ ဘယ်သူလဲဆိုတာကို သူ အမြန်ဆုံး သိသွားနိုင်တယ်..."

"အဲဒီ ကောင်လေးလား..."

လဲ့ယန်က အေးစက်စွာ ရယ်မောလိုက်သည်။

သူက ဤကိစ္စကို အလေးအနက် မထားကြောင်း ရှင်းလင်းနေပေ၏။

"ကောင်းပြီလေ... သတင်းတစ်ခုခုရရင် ငါ့ကို ပြန်ဆက်သွယ်လိုက်ပါ... အရင်က အဇူရာနန်းတော်သခင် ပြောဖူးတဲ့ နေရာတစ်ခုကို ငါ မှတ်မိသေးတယ်... အဲဒီကို သွားကြည့်ချင်လို့..."

ထိုသို့ ပြောဆိုပြီးနောက် သူတို့နှစ်ဦး အလျင်အမြန် ထွက်ခွာသွားကြလေသည်။

သူတို့နှစ်ဦး ထွက်သွားပြီး မကြာမီမှာပင် ချန်ဖုန်း၏ ပုံရိပ်သည် ထိုလမ်းကြားလေးထဲ၌ ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွား၏။

"ဆရာမကု က အဇူရာနန်းတော် ကလား..."

ဒါကြောင့်လည်း သူမက အရမ်း အစွမ်းထက်နေတာကိုး။ သူ၏ အိတ်ကပ်ထဲရှိ အဇူရာတိုကင် ကို အမှတ်တမဲ့ သူ စမ်းကြည့်မိသွားလေသည်။

ဤလူများက အဇူရာတိုကင် ကို ရှာဖွေနေကြခြင်းပင်။ သူ့အနေနဲ့ သေချာ ပုန်းကွယ်နေတာ ပိုကောင်းမယ်ထင်တယ်…

All Chapters