အခန်း ၂၁၀
Vol. 21 Ch. 210
အခန်း (၂၁၀) ချန်ဖုန်း၏ ဩဇာကြီးမားမှု
ထိုအချိန်၌ ချန်ဖုန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
ဆရာမကုနှင့် အဇူရာနန်းတော်မှ အခြားကျွမ်းကျင်သူများ ရုတ်တရက် ပေါ်လာခြင်းကို သူ လုံးဝ မမျှော်လင့်ထားခဲ့ကြောင်း ရှင်းလင်းနေပေသည်။
"သခင်လေး..."
သူ တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။
အမှန်တကယ်တော့ ဆရာမကုက သူ့ကို တိတ်တဆိတ် နောက်ယောင်ခံလိုက်နေကြောင်း ချန်ဖုန်း အစကတည်းက သိထားခဲ့ပေသည်။
စောစောက သူ လှုပ်ရှားလိုက်ချိန်တွင် အဇူရာတိုကင်ကို တစ်ဖက်လူ မြင်တွေ့စေရန် မြေပြင်ပေါ်သို့ တမင်တကာ ပြုတ်ကျစေခဲ့ခြင်း ဖြစ်၏။
အဇူရာတိုကင်ကို မြင်ချိန်တွင် ဆရာမကု မည်သို့ တုံ့ပြန်မည်ကို မူလက သူ ကြည့်ရှုလိုခဲ့သည်။
ဤသည်မှာ သူ၏အပေါ် အဇူရာနန်းတော်၏ သဘောထားကို ကြိုတင်စမ်းသပ်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေ၏။
ဤသို့ဖြစ်လာမည်ကို သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။
အဇူရာတိုကင် ထွက်ပေါ်လာခြင်းက ဤလူများကို သူ့အား ၎င်းတို့၏ သခင်လေးအဖြစ် အမှန်တကယ် အသိအမှတ်ပြုသွားစေခဲ့သည်။
အဇူရာနန်းတော်၏ သခင်လေးဆိုသော ရာထူးမှာ သူ ယူသင့်သော နေရာတစ်ခုဖြစ်ကြောင်း ယခု သိသာထင်ရှားနေလေပြီ။ မလိုချင်ရင်တောင် ယူရတော့မည်သာ ဖြစ်၏။
အဇူရာနန်းတော်မှာ မည်သို့ပင်ဆိုစေ အစွမ်းထက်သော အဖွဲ့အစည်းတစ်ခု ဖြစ်ရာ ချန်ဖုန်းက မည်သည့်အရာကိုမျှ ငြင်းဆန်နေခြင်း မရှိခဲ့ချေ။
ကိုယ့်အကျိုးအတွက် အသုံးချနိုင်ရင် အကောင်းဆုံးပဲလေ။
သူ၏ ဘေးတွင် ရွှီချင်းချန်မှာ လုံးလုံးလျားလျား ဆွံ့အသွားခဲ့လေပြီ။
သူမ၏ စိတ်ထဲတွင် လုံးဝ ရှုပ်ထွေးနေတော့၏။ သူမသည် ဤသို့သော အဖြစ်အပျက်မျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ရွှီချင်းချန် အလွန်အမင်း ထိတ်လန့်ခြောက်ခြား လွန်း၍ တွေးမိတွေးရာ တွေးနေတော့၏။
‘ငါ ဘယ်သူလဲ’
‘ငါ ဘယ်ရောက်နေတာလဲ’
ဤအချိန်တွင် မျက်နှာတစ်ထောင်မြေခွေးသည် ချန်ဖုန်းထံသို့ လျှောက်လာခဲ့၏။
ချန်ဖုန်း အလွန် အစွမ်းထက်ကြောင်း သိထားသော်လည်း သူမက တစ်စက္ကန့်မျှပင် အနားမယူရဲချေ။
ရှုပ်ထွေးသော အမူအရာဖြင့် သူမက ပြောဆိုလိုက်သည်။
"သခင်လေး... အဇူရာနန်းတော်က တခြား ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ အားလုံး ကျိုတိုကို လာနေကြပါပြီ... နယ်စပ်ပြင်ပ စစ်မြေပြင်က အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တချို့လည်း ပါပါတယ်..."
"ဒီနေ့ အဇူရာနန်းတော်က သခင်လေးကို ငါတို့ရဲ့ သခင်အဖြစ် ခစားပါမယ်... သခင်လေးရဲ့ အမိန့်နဲ့ဆိုရင် ငါတို့ အကုန်လုံး တိုက်ခိုက်ပါမယ်..."
"မလိုဘူး..."
ချန်ဖုန်းက ခေါင်းခါလိုက်၏။
မည်သို့ပင်ဆိုစေ သူသည် ဟွာရှနိုင်ငံသား တစ်ဦးဖြစ်ပြီး သူ၏ မိဘများလည်း ဤနေရာတွင် နေထိုင်ကြပေသည်။
ဝန်ကြီးကျန်းနှင့် အခြားသူများကို သူ အခက်မတွေ့စေချင်ချေ။
သူ၏ အကြည့်များ ရုတ်တရက် ရှေ့သို့ ရောက်ရှိသွားပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါက စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ချန်ဖုန်းပဲ... ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း... မင်း မသေချင်ဘူးဆိုရင် မင်းလူတွေကို ဒီကနေ ထွက်သွားခိုင်းလိုက်..."
"ဒါက..."
ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း၏ မျက်နှာအမူအရာ ကြီးမားစွာ ပြောင်းလဲသွားခဲ့လေ၏။
စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဟုတ်လား။ မမှန်ဘူးလေ။
ဝန်ကြီးကျန်းက ဒီအကြောင်း ပြောတာကို သူ ဘာလို့ မကြားဖူးရတာလဲ စစ်ဘက်ဆိုင်ရာဌာနမှာ စစ်သေနာပတိ တစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလား။
ပြီးတော့ သူ့ဘေးက လူတွေက စစ်ဘက်ဆိုင်ရာဌာနက လူတွေနဲ့ လုံးဝ မတူဘူး။
အချိန်တိုအတွင်းမှာပင် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းမှာ အကြပ်ရိုက်သွားလေ၏။
ဖမ်းရမလား။
အဲဒါက သေချာပေါက် မဖြစ်နိုင်ဘူး။
တစ်ဖက်တွင် လူနှစ်ဆယ်ခန့်သာ ရှိသော်လည်း ၎င်းတို့တစ်ဦးချင်းစီတိုင်းက အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ ဒါက သေချာပေါက် ရန်စလို့ရတဲ့သူ မဟုတ်ဘူး။
ဘေးတွင် ရပ်နေသော ကျန်းကျိုးက ရယ်မောလိုက်၏။
"စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဟုတ်လား... လျှောက်ပြောနေတာ... မင်းတို့ပုံစံက ခြိမ်းခြောက်ချင်စရာ ကောင်းနေတာ... မင်းတို့က သေချာပေါက် ရန်သူ့သူလျှိုတွေပဲ..."
"အဖေ... မြန်မြန်... သူတို့ကို မြန်မြန်ဖမ်းလိုက်... ဒီလူတွေကို ဖမ်းမိတာက ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်..."
"အဲဒါဆို အဖေက ဟွာအန်းဗျူရိုရဲ့ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးသွားနိုင်တယ်..."
"..."
ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းက စကားပြောရန် အခွင့်အရေးပင် မရလိုက်သေးချေ။
ချန်ဖုန်း ရုတ်တရက် ယိမ်းနွဲ့သွားပြီး ကျန်းကျိုး၏ ရှေ့တည့်တည့်တွင် ပေါ်လာကာ သူ၏မျက်နှာကို လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။
ဖြောင်း။
ကျန်းကျိုး၏ ခန္ဓာကိုယ်မှာ ငါးမီတာခန့် အဝေးသို့ လွင့်စင်သွား၏။သူ၏ မျက်နှာတစ်ခုလုံး ချက်ချင်း ဖောင်းအစ်သွားတော့သည်။
"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ..."
ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းမှာ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
ချန်ဖုန်းက သူ့ကို လျစ်လျူရှုကာ ဘေးရှိလူတစ်ဦးကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလျက် ပြောဆိုလိုက်၏။
"မင်း... သူ့ကို ဒီဆွဲခေါ်လာပြီး သေချာ ရိုက်နှက်လိုက်...ဘယ်သူက မောက်မာနေလဲဆိုတာကိုတောင် မသိဘူး..."
"ငါက ဘာပဲဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ပဲ... အချက်အလက်တွေကို မစစ်ဆေးဘဲနဲ့ ငါ့ကို ရန်သူ့သူလျှိုလို့ လျှောက်ပြောနေတာလား...ဘာလဲ...ငါ့ကို အနိုင်ကျင့်ရ လွယ်တယ်လို့ တကယ် ထင်နေတာလား..."
"ဟွာအန်းဗျူရို ဟုတ်လား... ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း ဟုတ်လား...ဒီနေ့ မင်း ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်..."
"မင်း..."
ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းမှာ အလွန်အမင်း ဒေါသထွက်နေသဖြင့် သူ၏ အဆုတ်များ ပေါက်ကွဲထွက်တော့မည်ဟုပင် ခံစားလိုက်ရပေ၏။ သူ၏ ရင်ထဲရှိ ဒေါသများသည် ထိန်းမနိုင်သိမ်းမရ ဆူပွက်နေခဲ့သည်။
အထူးသဖြင့် အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်ဦးက သူ၏သားကို သေနေသော ခွေးတစ်ကောင်အလား ဆွဲခေါ်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။
သူက ကျန်းကျိုးကို ချန်ဖုန်းရှေ့သို့ ဆွဲခေါ်လာခဲ့သည်။
ထို့နောက် လက်နှစ်ဖက်စလုံးဖြင့် လှုပ်ရှားလိုက်တော့၏။
သူ့ကို ဘယ်ညာ နှစ်ဖက်စလုံးမှ ပြင်းပြင်းထန်ထန် ရိုက်နှက်လေသည်။
ဤလူများသည် မယုံနိုင်လောက်အောင် အစွမ်းထက်ကြပြီး မည်သူမဆို ကြယ်ငါးပွင့်အဆင့် ဗိုလ်ချုပ် သို့မဟုတ် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများ ဖြစ်နိုင်ပေသည်။
ခွန်အားက ကြီးမားလွန်းလှ၏။
တစ်မိနစ်ပင် မပြည့်ခင်မှာပင် ကျန်းကျိုး၏ မျက်နှာတစ်ခုလုံး အစိမ်းလိုက် အသားလန်သွားလေသည်။
သွေးများက လွတ်လပ်စွာ စီးကျနေခဲ့၏။
အမြဲတမ်း တည်ငြိမ်လေ့ရှိသော ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းပင်လျှင် ဤအခိုက်အတန့်၌ သူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။
ဒီအတိုင်း ဆက်သွားနေရင် လူသေလိမ့်မယ်။
"ရပ်လိုက်စမ်း... သူ့ကို အခုချက်ချင်း ရပ်ခိုင်းလိုက်..."
သူ ရုတ်တရက် ခါးကြားမှ သေနတ်ကို ဆွဲထုတ်လိုက်၏။
သေနတ်ပြောင်းဝမှာ ချန်ဖုန်းထံသို့ တည့်တည့်ချိန်ထားပြီး သူ၏ လက်များမှာ တုန်ရီနေကာ အချိန်မရွေး ပစ်ခတ်တော့မည့်အလား ဖြစ်နေပေသည်။
ဟွာအန်းဗျူရိုမှ အခြားအဖွဲ့ဝင်များလည်း ၎င်းတို့၏ တုတ်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကြ၏။
သူတို့၏ နှလုံးသားများ မှာလည်း ခုန်ပေါက်နေခဲ့သည်။
ပဋိပက္ခတစ်ခု ဖြစ်ပွားလာသည်နှင့် ၎င်းတို့မှာ သွားကြိတ်ကာ ရှေ့သို့ ပြေးဝင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
သူတို့လည်း ကြောက်နေကြသည်။
ရှေ့ရှိ အနက်ရောင်ဝတ်စုံနှင့် အစွမ်းထက်သော ပုံရိပ်များသည် ၎င်းတို့ကဲ့သို့သော သာမန်လူများ၏ စွမ်းဆောင်နိုင်ရည်ထက် များစွာ သာလွန်နေပေ၏။
‘ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း
မင်း ငါတို့ကို သေတွင်းထဲ ပို့နေတာပဲ’
"ငါ့ကို ပစ်ကြည့်လိုက်လေ..."
ချန်ဖုန်းက လှောင်ပြောင်သော အပြုံးတစ်ခုဖြင့် ခေါင်းကိုမော့လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ရှိနေခဲ့၏။
သူတို့၏ အကြည့်များ ဆုံမိသွားသော အခိုက်အတန့်တွင် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းသည် အကြောက်တရားကြောင့် တုန်ရီသွားလေသည်။
သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ အကြောက်တရားတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး သူ၏ ကျောပြင်တစ်ခုလုံး ချွေးအေးများ ပြန်သွားစေခဲ့တော့၏။
ဘာဖြစ်သွားတာလဲ ခုနလေးတင် ထူးဆန်းတဲ့ အကြောက်တရားကို ခံစားလိုက်ရတာပဲ။
သူ၏ လက်များက တုံ့ပြန်မှု မရှိတော့သလို လက်ချောင်းများမှာလည်း တောင့်တင်းနေသဖြင့် ခလုတ်ကို လုံးဝ မဆွဲနိုင်တော့ကြောင်းကိုပင် သူ တွေ့ရှိလိုက်ရသည်။
ဒီလောက်တင် မကသေးဘူး အရပ်မျက်နှာ အသီးသီးမှ ပုံရိပ်များ ထပ်မံပေါ်ထွက်လာခဲ့၏။
ဤလူများသည် စက်ဝိုင်းတစ်ခု ဖွဲ့စည်းထားသကဲ့သို့ ဟွာအန်းဗျူရိုမှ လူတိုင်းကို ဝိုင်းရံထားပြီး အချိန်နှင့်အမျှ လူများ ပိုမို ပါဝင်လာကြပေသည်။
အချိန်တိုအတွင်းမှာပင် လေထုမှာ ပို၍ပင် တင်းမာလာခဲ့လေသည်။
ယခင်က ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းသည် သူ၏ဘက်တွင် လူအင်အား သာလွန်မှုရှိသည်ဟု ခံစားခဲ့ရသေး၏။
ဒါပေမဲ့ အခုတော့ အစွမ်းထက်သော ပုံရိပ်များ ပိုမိုပေါ်ထွက်လာသည်နှင့်အမျှ သူသည် ပြင်းထန်သော အန္တရာယ်ရှိသည့် ခံစားချက်ကိုပင် ရရှိလာခဲ့သည်။
သူ တကယ် သေနတ်ပစ်ရဲလို့လား…
သူ မရဲဘူး…
ဒီလူတွေကို ရန်စမိမှာကိုလည်း သူ ကြောက်နေခဲ့သည်။နောက်ဆုံး ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် သူပဲ အခုချက်ချင်း ထိခိုက်နစ်နာရမှာပဲ။
ယခုအခါ ကျန်းကျိုးမှာ အရိုက်ခံနေရဆဲဖြစ်ပြီး သူ၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေလေပြီ။
ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းမှာ ရင်ကွဲမတတ် ခံစားနေရ၏။
တစ်ဖက်လူက စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်ဟု ဆိုနေသဖြင့် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ဝန်ကြီးကျန်းအား ဆက်သွယ်ရန်ပင် ဖြစ်ပေသည်။
ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းသည် သွားကြိတ်ကာ သူ၏ ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်သည်။
သူ ကျန်းထျန်ရှန်း၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်၏။
"ဆောရီးပါ... သင်ခေါ်ဆိုသော ဖုန်းနံပါတ်မှာ မအားသေးပါ..."
သူ အကြိမ်များစွာ ခေါ်ဆိုခဲ့သော်လည်း အလားတူ မက်ဆေ့ခ်ျကိုသာ ရရှိခဲ့ပေသည်။
ဘာဖြစ်တာလဲ။
သူ လုံးလုံးလျားလျား ဆွံ့အသွားခဲ့လေပြီ။
ဝန်ကြီးကျန်းက ငါ့ဖုန်းကို ချပစ်လိုက်တာလား။
"ချီးပဲ... ဖြစ်ချင်တာဖြစ်တော့... ငါ သေရင်သေပါစေတော့..."
အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းသည် သွားကြိတ်ကာ ဖုန်းကို နောက်တစ်ကြိမ် ခေါ်ဆိုလိုက်သည်။
ထို့နောက် သူက အော်ဟစ်လိုက်ပေသည်။
"ဟွာအန်းရဲ့ ဌာနခွဲအားလုံး... အခုချက်ချင်း စုဝေးကြ... အားလုံး လက်နက်တွေယူပြီး မင်တူးကလပ်ကို အခုချက်ချင်း သွားကြ..."
သူ၏သားကို သူ ကယ်ဆယ်ချင်ခဲ့၏။
ကျိုတိုရှိ ဝန်ထမ်းများအားလုံးကို စေလွှတ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်းသည် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရပြီး ဤအမည်မသိ ကျွမ်းကျင်သူများကို သူ ခံနိုင်ရည် ရှိ၊ မရှိ မသေချာခဲ့ချေ။
ထိုအချိန်မှာပင်။
ကြည်လင်ပြီး အေးစက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"နင် ဘယ်လောက်တောင် ရဲတင်းနေတာလဲ... ဒုတိယညွှန်ကြားရေးမှူး ကျန်းဖုန်းရှင်း... နင် သေချင်နေတာလား... ငါ့ရဲ့ စစ်ဘက်ဆိုင်ရာဌာနက လူကို နင်က ထိရဲတယ်ပေါ့လေ..."
ညနေခင်းဝတ်စုံနှင့် အမျိုးသမီးတစ်ဦး လျှောက်လာခဲ့၏။
အနီရောင် ညနေခင်းဝတ်စုံက ပရိသတ်တစ်ခွင်လုံးကို မှင်တက်သွားစေခဲ့သည်။
သို့သော် ညနေခင်းဝတ်စုံက အလွန်ရှည်လျားနေပြီး သူမ၏ လှုပ်ရှားမှုကို ကန့်သတ်နေပုံရသဖြင့် သူမက ၎င်းကို ဒူးခေါင်းနားမှ ဆွဲဆုတ်လိုက်လေ၏။
သူမသည် ရှန်ကွမ်ယွဲ့ ပင် ဖြစ်သည်။
ရှန်ကွမ်ယွဲ့သည် တရားဝင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ အစွမ်းထက်သော ဘုရင်မတစ်ပါးကဲ့သို့ အငွေ့အသက်ကို မဖုံးကွယ်နိုင်ခဲ့ချေ။
အပြင်ဘက်ရှိ အဇူရာနန်းတော် အဖွဲ့ဝင်များအားလုံး သူမ၏ အငွေ့အသက်ကြောင့် အံ့အားသင့်သွားကြလေ၏။
စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိ။
သူမ တကယ်ကို ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။