ရှေးဟောင်းမိစ္ဆာ၏စွမ်းအား
Vol. 023 Ch. 1114
နန်းတော်ပျက်စီးမှုသည် ရုတ်တရပ် ရပ်တန့်သွားသည်။ ထို့နောက် ထိုအပျက်အစီးအားသည် နေရာအနှံ့သို့ ပြန့်ကြဲ၏။မတ်တပ်ထရပ်လာသည့် သက်လတ်ပိုင်းလူမှာ အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေလေးခု ကြားတွင် ပြိုင်ဘက်ကင်း နံပါတ်တစ် ဖြစ်ခဲ့သည့် ကောင်းကင်ဘုံအင်ပါယာချင်းလင် ဖြစ်သည်။
သို့ရာတွင် ခုချိန်တွင် သူ့ညာမျက်လုံးထဲတွင် အားကောင်းသော မိစ္ဆာမီးတောက်များ ပြည့်နှက်နေကာ အနက်ရောင်ချပ်ဝတ်နှင့် ခြုံလွှမ်းထားသည်။
သူ့နောက်၌ မွန်းစတားဆန်သောမိစ္ဆာစွမ်းအင်သည် ဝတ်ရုံတစ်ခုကဲ့သို့ ဖြစ်ပေါ်ကာ လေမတိုက်ဘဲ ရွှေ့လျားနေ၏။ ထိုဝတ်စုံ၏ အနားစအဆုံးတွင် ရှေးဟောင်းမိစ္ဆာတစ်ပါး၏ အရိပ်တစ်ခု ဖြစ်ပေါ်နေသည်။
အနက်ရောင်ချပ်ဝတ်က သူ့ပုံပန်းအသွင်ကို လုံးဝ ဖုံးထား၏။ နန်းတော်ပျက်စီးချိန်၌ သူသည် လှမ်းထွက်လာပေပြီ။
သည်အခိုက်အတန့်တွင် ပျက်စီးသွားသော နန်းတော်ပြင်ပ၌ ဝမ်ဝေ၏ ကြီးမားလှသော ပင်လယ် မန္တာန်သည် ကောင်းကင်ကို ခြုံလွှမ်းထား၏။ နန်းတော်ပျက်စီးမှုက မြန်ဆန်လွန်း၏။ ထို့ကြောင့် ဝမ်လင်းအဖို့ သူ့မန္တာန်ကို ရပ်တန့်ရန် အချိန်မရှိခဲ့ပေ။ မြင့်တက်နေသော ပင်လယ်လှိုင်းများက ပျက်စီးနေသော နန်းတော်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချဆင်းလာ၏။
ချက်ခြင်းလိုလိုပင် လောကရှိ အရာအားလုံးမှာ ထိုမန္တာန်ကြောင့် ဖြစ်ပေါ်သည့် ပင်လယ်၏ အစားထိုးခြင်းကို ခံလိုက်ရသည့်အလား လောက၌ ရေခိုးရေငွေ့များ ပြည့်နှက်ကုန်သည်။
ထိုမန္တာန်သည် ဝမ်လင်းကို ယနေ့ခေတ် အစွမ်းထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်အောင် ပြုလုပ်ပေးဖို့ရာအတွက် လုံလောက်ပေသည်။ လောကတစ်ခုလုံးသည် ဤလှိုင်းထန်နေသည့် ပင်လယ်၏ ရိုက်ချခြင်းကို ခံရသည်ဟု ထင်မှားရချေ၏။
ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူက ဝမ်ဝေ၏ ခွန်အားသည် ချင်းရွှေ သူ့ဂျိနယ်ပယ်ကို ထည့်မတွက်ချိန်နှင့်ဆိုပါက နှိုင်းယှဉ်နိုင်နေသည်ဟူ၍ တွေ့မြင်၏။
သို့ရာတွင် ပင်လယ်လှိုင်း ရောက်ရှိလာချိန်၌ ချပ်ဝတ်နှင့်သက်လတ်ပိုင်းလူသည် ခြေတလှမ်းလှမ်းကာ လေထဲသို့ ရောက်ရှိလာ၏။
“ဒီလောက်လေးနဲ့…” သွေးဆာမှု၊ရူးသွပ်မှုတို့နှင့်အတူ ထိုလူက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်၏။ အနက်ရောင်အခိုးငွေ့မြောက်များစွာသည် သူ့လက်ကနေ ထွက်ပေါ်ကာ ချက်ခြင်း ကောင်းကင်ယံသို့ လျှံတက်ပြီး ပင်လယ်ပြင်ကို ဖုံးလွှမ်း၏။ ဝမ်ဝေဖန်တီးခဲ့သည့် ပင်လယ်သည် မရေမတွက်နိုင်သော မိုးစက်များအဖြစ်သို့ နေရာတိုင်းသို့ ပြန့်ကြဲကုန်ရ၏။ သည်လူ့ရှေ့၌ ဝမ်ဝေ၏ မန္တာန်က ကလေးကွက်လောက် ဖြစ်သွားသည့်အလား။
“ဆရာ တပည့်နောက်ကျသွားခဲ့ပြီ…” ဝမ်ဝေ၏ မျက်နှာသည် ဖြူရောနေ၏။ သူက နောက် ပေရာချီသို့ ပြန်ဆုတ်ကာ ကျောက်ရီအနားသို့ ရောက်လာသည်။ သူက သက်လတ်ပိုင်းလူကို နာကျင်စွာ ကြည့်၏။ သို့သော် သူသည် သူ့စိတ်ခံစားချက်ကို အမြန် ပြန်ဖိနှိပ်ကာ ဆုံးဖြတ်ချက်ပြတ်သားသောအကြည့်တစ်ခု ပေါ်လာတော့၏။ ကျောက်ရီသည် အရှင်လေဟာနယ်ကြောင့် ရခဲ့သည့် ဒဏ်ရာ ပြန်မကောင်းသေးဘဲ ဤနေရာ၌ အန္တရာယ်ရှိနေ၏။ ဝမ်ဝေသည် သူ့လက်ကို ဝေ့ယမ်းလိုက်၏။ ကျောက်ရီက ဝမ်ဝေ၏ ရည်ရွယ်ချက်ကို သိပေသည်။ သူက ဝမ်လင်းကို လှမ်းကြည့်လိုက်ပြီးနောက် အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်ဝေ၏ သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားတော့သည်။
ကောင်းကင်ထက်၌ ဝမ်ဝေ၏ ပင်လယ်ပြင်သည် တစစီ ဖြစ်သွားခဲ့သည့်နောက် ရှေ့ဖြစ်ဟောသူ၏ လက်ချောင်းသည် ကျဆင်းလာပြန်၏။ ၎င်းလက်ချောင်းထဲ၌ မူလစွမ်းအင်နှင့် ပြည့်နေ၏။ ၎င်းလက်ချောင်း ကျဆင်းမှုသည် မြန်ဆန်လွန်းသည်။
ထိုလက်ချောင်းက ကောင်းကင်ယံကို အပေါက်ဖြစ်စေသကဲ့သို့ တုန်ဟီးသံများ ပဲ့တင်ထပ်ကုန်၏။ ၎င်းလက်ချောင်း အောက်ရှိ သက်လတ်ပိုင်းလူပေါ်သို့ ကျဆင်းလာချိန်တွင် မြူနက်ထုသည်ပင် ထွင်းဖောက်ခြင်း ခံရသည်။
တဝီဝီအသံများ ပဲ့တင်ထပ်၏။သို့သော် ၎င်းလက်ချောင်းသည် နီးကပ်လာနိုင်ခြင်း မရှိခင်မှာပင် သက်လတ်ပိုင်းလူက သူ့ညာလက်ကို ဆန့်ထုတ်သည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ထိုလက်ချောင်းသည် လမ်းတစ်ဝက်၌ စတင်ပျက်စီးရသည်။
ဝမ်လင်း၏ ဦးရေပြားကိုပါ ထုံထိုင်းစေသည့် လက်ချောင်းတိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားရတော့သည်။
အရာအားလုံးမှ လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ သက်လတ်ပိုင်းလူ လှမ်းထွက်လာချိန်၌ ဝမ်ဝေနှင့်ရှေ့ဖြစ်ဟောသူတို့၏ မန္တာန်များသည် ပျက်စီးရကုန်သည်။
သို့ရာတွင် ထိုလူက ရပ်တန့်ခြင်း မရှိပေ။ သူက နောက်ထပ် ခြေတစ်လှမ်းလှမ်း၏။ သူသည် အံ့မခန်းအမြန်နှုန်းဖြင့် လှုပ်ရှားကာ ချက်ခြင်း ရှေးဟောင်းနတ်ဆိုးပေလော ရှေ့သို့ ရောက်ရှိလာသည်။ သူ့ဘယ်မျက်လုံးထဲရှိ ကြယ်ရှစ်လုံးသည် တလက်လက် တောက်ပနေရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ ပေလော၏ အလံငယ်များ ဆင့်ခေါ်ထားသည့် ပုံရိပ်ယောင်အားလုံးထံသို့ လက်ဝေ့ယမ်းလိုက်၏။
အဆုံးမဲ့မြူနက်ထုသည် ကောင်းကင်ယံကို ဖုံးအုပ်ထားရာကနေ ကျုံ့လာကာ သူနှင့်ပေလောတို့အား ခြုံလွှမ်း၏။ သည်အဖြစ်အပျက်မှာ မြန်လွန်းလှသဖြင့် အခြားလူများသည် မြူနက်ထုတစ်ခုကိုသာ တွေ့မြင်လိုက်နိုင်၏။
မြူနက်ထုအတွင်းမှ တုန်ဟီးသံလှိုင်းများ မြည်ဟိန်းနေ၏။ မြူနက်ထုသည် တဝီဝီလှည့်လည်နေ၏။ ပေလော၏ ဒေါသတကြီးအသံသည် မြူနက်ထုအတွင်းကနေ ထွက်ပေါ်လာသည်။
“တာကျား…မင်းက ချင်းလင်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးလိုက်ပေမယ့်လည်း မင်းမှာ လုံလောက်တဲ့အချိန်မရှိရင် မင်း ချင်းလင်ရဲ့ စိတ်ဝိညာဉ်ကို ဝါးမြိုဖို့ မဖြစ်နိုင်ဘူး။ ဒါမှမဟုတ် ချင်းလင်ရဲ့ အတိတ်တုန်းက ခွန်အားအားလုံးကို ထုတ်ဖော်ပြသဖို့ မဖြစ်နိုင်ပါဘူး…”
“ဒီတော့ ဘာဖြစ်လဲ…။ ဒီလောက်နဲ့တင် မင်းတို့အားလုံးကို သတ်ဖို့အတွက် လုံလောက်နေပြီ…” ကြမ်းရှသုန်မှုန်သော အသံတစ်ခုသည် မန္တာန်တုန်ခါလှိုင်းနှင့်အတူ ပြန်ထွက်ပေါ်လာ၏။ ထိုအသံသည် လူတိုင်း၏ နားထဲသို့ ကျရောက်လာချိန်၌ သူတို့၏ စိတ်နှလုံးထဲ၌ အေးစိမ့်သွားမှု မဖြစ်ဘဲ မနေနိုင် ဖြစ်ရသည်။
ရှေ့ဖြစ်ဟောသူ၏မျက်လုံးထဲကနေ ဆန်းကြယ်သောအလင်းတစ်ခု လှစ်ဟပေါ်ထွက်နေသည်။ထို့နောက် သူသည် မထင်မှတ်စွာ မြူနက်ထုအတွင်းသို့ တိုးဝင်သွား၏။ မြူနက်ထုအတွင်းမှ တုန်ဟီးသံများသည် ပိုကျယ်လောင်လာသည်။ ဝမ်ဝေသည် အံတင်းတင်းကြိတ်ကာ မြူနက်ထုအတွင်းသို့ တရကြမ်း တိုးဝင်လာတော့သည်။
သည်အစွမ်းထက်သုံးယောက်က မြူနက်ထုအတွင်းသို့ ဝင်ရောက်လာခဲ့ရာ သူတို့၏ မန္တာန်များ ထိပ်တိုက်ပေါက်ကွဲမှုသည် ကောင်းကင်ယံကိုပင် တုန်ခါစေနိုင်၏။ မူလစွမ်းအင်နှင့် ကောင်းကင်ဘုံစွမ်းအင်တုန်ခါလှိုင်းများသည် အရူးအမူး ဖြစ်ပေါ်နေသည်။
အရှင်လေဟာနယ်သည် မြူနက်ထုအတွင်းသို့ အလေးအနက်အသွင်ဖြင့် ကြည့်၏။ သူ့ဘေးရှိ ဝတ်စုံနက်နှင့်လူသည်လည်း အတူတူပင်။ ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုမှာလည်း တုံ့ဆိုင်းနေ၏။ သူက မြူနက်ထုအစွန်းနားထိ ခြေလှမ်းလိုက်၏။
လင်းထျန်ဟူကတော့ မြူနက်ထုအား သုန်မှုန်စွာ ကြည့်နေ၏။
ဝမ်လင်းသည် တုံ့ဆိုင်းခြင်းမရှိ နောက်သို့ ချက်ခြင်း ဆုတ်၏။ သူသည် သူ့ရှေ့ရှိ ဖြစ်ပျက်သမျှအားလုံးကို မသိသော်လည်း နန်းတော်အတွင်းမှ ထွက်ပေါ်လာသော ချပ်ဝတ်နှင့်လူသည် သူ့အား အဝါရောင်သလင်း ပေးခဲ့သောသူနှင့် အတူတူ ဖြစ်ကြောင်းကိုတော့ သိသည်။
ဝမ်ဝေက ဆရာ ဟု လှမ်းအော်လိုက်ချိန်တွင် ဝမ်လင်း၏ ထင်မြင်ချက်မှာ သေချာသွား၏။ ထိုလူသည် ကောင်းကင်ဘုံနယ်မြေ၌ အသန်မာဆုံးလူ ကောင်းကင်ဘုံအင်ပါယာချင်းလင် ဖြစ်ရပေမည်။
“အတိတ်တုန်းက ကောင်းကင်ဘုံအင်ပါယာချင်းလင်ဟာ ကောင်းကင်ဘုံနယ်မြေပျက်စီးမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခြ့ပြီး တံခါးပိတ်ကျင့်ကြံခဲ့ရတယ်။ ဒါပေမယ့်လည်း ရှေးဟောင်းမိစ္ဆာတာကျားနဲ့ ရှေးဟောင်းနတ်ဆိုးပေလောတို့က ဒီအခွင့်အရေးကို အသုံးချပြီး ချင်းလင်ကို ချုံခိုတိုက်ခိုက်ခဲ့ကြတယ်။ သူတို့က သူ့ကျင့်ကြံမှုအဆင့်နဲ့မှတ်ဉာဏ်တွေကို ယူဆောင်ဖို့အတွက် ချင်းလင်ရဲ့ ခန္ဓာကိုယ်ကို လုယူချင်ခဲ့ကြတယ်…”
“ဒါပေမယ့်လည်း ချင်းလင်က အလွန်အစွမ်းထက်တယ်။ သူက ဒဏ်ရာအရမ်း ပြင်းထန်နေတာတောင်မှ အံ့မခန်းအစွမ်းထက်နေဆဲ ဖြစ်ခဲ့တယ်။ ရှေးဟောင်းမိစ္ဆာနဲ့ရှေးဟောင်းနတ်ဆိုးတို့ အတူပူးပေါင်း လုပ်ဆောင်ခဲ့တာတောင် သူတို့က ချင်းလင်ကို လုံးဝ အနိုင်မယူနိုင်ခဲ့ကြဘူး။ နောက်ဆုံးတော့ ချင်းလင်က ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေကို ရောက်လာခဲ့ပြီး သူတို့ရဲ့ တိုက်ပွဲကလည်း ဒီနေရာမှာ အထွတ်အထိပ်ကို ရောက်လာခဲ့ကြတယ်…”
“ဒီတိုက်ပွဲမှာ ရှေးဟောင်းနတ်ဆိုးပေလောက အစိတ်အပိုင်းကိုးခုအဖြစ် ခွဲထွက်ခဲ့ရတယ်။ သူ့မှာ ရွေးချယ်စရာ မရှိခဲ့တော့ဘူး။ ဒါပေမယ့် သူဟာ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကိုးခု ဖြစ်လာခဲ့ပြီး သူ့ကိုယ်သူ ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေမှာ နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့ပြီး နောက်ဆုံးမှာ သူဟာ ပြန်ဖွဲ့စည်းနိုင်ခဲ့တယ်…”
“ရှေးဟောင်းမိစ္ဆာတာကျားကတော့ သူဟာ ချင်းလင်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်စွမ်း ရှိခဲ့ပြီ သိမ်းပိုက်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့်လည်း ချင်းလင်ဟာ ဒီလှိုဏ်ဂူရဲ့ ကိုးထပ်မြောက်အထိ ရောက်ရှိလာနိုင်ခဲ့တယ်။ သူက ဒီကိုးထပ်မြောက်မှာ ထိုင်ချလိုက်ပြီး ရှေးဟောင်းမိစ္ဆာကို ခုခံနိုင်ဖို့အတွက် ဖယောင်းတိုင်(၉၉)ခုကို အသုံးပြုခဲ့တယ်…”
“ဒါပေမယ့်လည်း ရှေးဟောင်းမိစ္ဆာတာကျားကလည်း အစွမ်းထက်တဲ့ တည်ရှိမှု ဖြစ်တယ်။သူက ဒီလှိုဏ်ဂူထဲမှာ မိစ္ဆာစွမ်းအင်တွေနဲ့ ပြည့်နှက်စေခဲ့ပြီး ချင်းလင်ရဲ့ သက်တော်စောင့်အချို့ကို မိစ္ဆာလမ်းကြောင်း လျှောက်လှမ်းအောင် လမ်းညွှန်ခဲ့တယ်။ သူတို့က သူ့အမိန့်အောက်မှာ အဆုံးသပ်ခဲ့ကြတယ်…”
“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ထွက်ပေါ်ခဲ့တဲ့ ပြန့်ကြဲမိစ္ဆာဟာ လင်းထျန်ဟူနဲ့ တူညီတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်မှု ရှိနေခဲ့တယ်။ ငါ စိုးရိမ်တာက ဒီနောက်ကွယ်မှာ တစ်ခုခု ရှိနေမှာကိုပဲ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူ့ဉာဏ်ရည်ဖြင့် သူသည် သည်လှိုဏ်ဂူအတွင်းရှိ အခြေအနေကို အကြမ်းဖျဉ်း သိရှိနေပေပြီ။
သူသည် နောက်သို့ မြန်ဆန်စွာ ဆုတ်နေရင်း သူ့ခေါင်းထဲ၌ အတွေးပေါင်းရာချီ ဖြတ်သန်းနေ၏။ မြူနက်ထုအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာချေသည်။ သည်အသံနှင့်အတူ မြနက်ထုသည် အထက်သို့ ပျံ့နှံ့ကုန်၏။
ဝမ်ဝေ၏ခန္ဓာကိုယ်သည် သည်မြူနက်ထုထဲကနေ ထိုးထွက်လာ၏။ သူသည် လေထဲ၌ မြောလွင့်နေသည်။ သူသည် သွေးအပြည့်အန်ထုတ်လိုက်ရ၏။ သို့ရာတွင် သူ့မျက်နှာထက်ရှိ ဝမ်းနည်းနာကျင်မှုက သူ့ဒဏ်ရာများထက် ပိုနေသည်။
ဝမ်လင် အတင်းကန်ထွက်လာချိန်၌ မြူနက်ထုသည် စုစည်းကာ အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်ဝေထံသို့ တိုးဝင်လာသည်။ ထိုအလင်းတန်းက ဝမ်ဝေ၏ ရင်ဘက်ကို မြန်ဆန်စွာ ထွင်းဖောက်သွားတော့၏။
ဝမ်ဝေ၏ရင်ဘက်ကနေ သွေးများစွာ ပန်းထွက်ကုန်၏။ ထို့နောက် သူသည် ကောင်းကင်ထက်ကနေ ကျဆင်းလာသည်။ ထိုပြောင်းလဲမှုသည် ရုတ်တရက်ဆန်ကာ လူတိုင်း၏အသွင်ဟန်ပန်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။
ဝတ်စုံနက်နှင့်လူက သူ့လောဘတက်မှုကို ချက်ခြင်း ပြန်ရုတ်သိမ်းကာ ပင့်သက်ရှိုက်၍ ချက်ခြင်း နောက်သို့ အမြန် ပြန်ဆုတ်၏။ အရှင်လေဟာနယ်သည်လည်း ထို့အတူပင်။ သို့သော် သူ့မျက်လုံးသည် တောက်ပနေသည်။အရှင်လေဟာနယ်က နောက်ဆုတ်နေရင်းကနေ ဒဏ်ရာအပြင်းအထန် ရနေသော ဝမ်ဝေထံသို့ တိုးဝင်လာတော့သည်။
“ငါ ဒီအခွင့်အရေးကို အသုံးချပြီး ဒီလူ့ကို အဆုံးသပ်ပေးရမယ်။ဒါဆို ငါ့စိတ်နှလုံးထဲက အမုန်းတရားနဲနဲ သက်သာသွားလိမ့်မယ်…”
အရှင်လေဟာနယ်သည် ဒဏ်ရာအပြင်းအထန် ရနေသော်လည်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ဖြစ်နေဆဲပင်။ သည်အခိုက်အတန့်တွင် သူသည် လျှပ်စီးတန်းအလား ရွှေ့လျားကာ ဝမ်ဝေနားတွင် ပေါ်လာ၏။ ထို့နောက် သူသည် သူ့လက်ကို ပင့်မြှောက်ကာ ဝမ်ဝေ၏ ဦးခေါင်းကို အပြင်းအထန် ဖိနှိပ်ချသည်။ သူသည် ညစ်ပြုံးပြုံး၍ အော်ဟစ်လိုက်၏။ “မင်းက ဒီခွေးကောင်လေးကို ကူညီဝံ့မှတော့ သေလိုက်တော့…”
ဝမ်လင်း နောက်ဆုတ်နေရင်း သူသည်လည်း ဝမ်ဝေ ဒဏ်ရာအပြင်းအထန်ဖြင့် လွင့်စင်လာသည်ကို တွေ့မြင်ပေ၏။ သူသည် ချက်ခြင်း နောက်ဆုတ်နေရာကနေ ရပ်တန့်ကာ ဝမ်ဝေထံသို့ ဦးတည်သွားသည်။ သို့ရာတွင် သူသည် အရှင်လေဟာနယ်လောက် မမြန်ပေ။ အရှင်လေဟာနယ်က ဝမ်လင်းနားသို့ ရောက်လာကာ သူ့လက်ကို ပင့်မြှောက်လိုက်ပေပြီ။ သူ့လက်ဝါးမြှောက်ချက်ထဲတွင် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အထွတ်အထိပ်စွမ်းအား ပါဝင်သည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် တွေးနေဖို့ အချိန်မရှိပေ။ သူ့ပတ်လည်၌ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖို ပေါ်လာ၏။ သူက ဝမ်ဝေထံသို့ လက်ညွှန်ကာ အော်ပြောလိုက်သည်။ “နေရာပြောင်းလဲခြင်း…”
အလင်းတစ်ခု ဝမ်ဝေကို ဖုံးအုပ်သွား၏။ အရှင်လေဟာနယ်၏ လက် ကျဆင်းရိုက်ချလာချိန်၌ သူသည် ပျောက်ကွယ်ကာ ဝမ်လင်းနှင့် နေရာခြင်း ချိန်းသွားပေပြီ။
အရှင်လေဟာနယ်၏ လက်ဝါးကျဆင်းလာချိန်၌ ဝမ်လင်း၏ ညာမျက်လုံးမှ အပြာရောင်လင်းလက်ကာ အဇူရာအလင်းဒိုင်းသည် သူတို့နှစ်ယောက်ကြား၌ ပေါ်လာသည်။ အရှင်လေဟာနယ်၏ လက်သည် ဒိုင်းပေါ်သို့ ကျဆင်းလာ၏။
ဒိုင်းသည် ကျုံ့သွားကာ ဝမ်လင်းရင်ဘက်ပေါ်သို့ ပြန်ကန် ကျရောက်၏။ သူ့အား သွေးအန်ထွက်စေသည်။ သူ့ခန္ဓာကိုယ်သည်လည်း နောက်သို့ လွင့်စင်ကာ သူ့မျက်လုံးတို့သည် နီရဲလာ၏။ သူသည် အသိစိတ်လွတ်နေသည့် ဝမ်ဝေနားသို့ ချက်ခြင်း ရောက်အောင်လာ၏။ သူက ဝမ်ဝေကို လှမ်းဆွဲယူကာ နောက်သို့ အမြန်ဆုတ်၏။ ဝမ်လင်းက ဝမ်ဝေကို ဆွဲယူရင်း သူ့ဝတ်စုံထဲကနေ ဆေးလုံးတစ်လုံးကို ဆွဲယူလိုက်၏။ ဝမ်လင်းသည် ထိုဆေးလုံးပတ်လည်ရှိ ဖယောင်းချပ်ကို ခြေမွကာ ဝမ်ဝေ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
***