အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း ၁၄၈
“ခုခံမနေဘဲ ငါနဲ့ လိုက်ခဲ့စမ်းပါ။ ဒါဆိုရင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို လျှော့ချနိုင်လိမ့်မယ်။ ပြီးတော့ မင်းတို့ရဲ့ သားရဲတွေကိုတောင် ဆက်ပြီးထိန်းထားနိုင်လိမ့်မယ်။ အကယ်၍ မင်းတို့က ဇွတ်မှိတ်ပြီး ဆက်ခုခံနေမယ်ဆိုရင်တော့ နောက်ကျရင် မင်းတို့ သားရဲတွေ အကောင်းပကတိအတိုင်း ကျန်ပါဦးမလားဆိုတာ မသေချာဘူးနော်။”
စကားပြောလိုက်သူမှာ အသက်သုံးဆယ်ကျော်အရွယ် မြွေမျက်လုံးနှင့် လူတစ်ယောက်ဖြစ်ပြီး သူသည် မျက်နှာချင်းဆိုင်ရှိ မိန်းမပျိုနှစ်ဦး၏ ရင်ဘတ်များကို စိုက်ကြည့်ရင်း ယုတ်မာညစ်ညမ်းသော ရယ်သံဖြင့် တဟားဟား အော်ဟစ်လိုက်သည်။
သူသည် မိုးကြိုးတောင်းဧရိယာတွင် အလိုရှိနေသော ဝရမ်းပြေးရာဇဝတ်ကောင်များထဲမှ တစ်ဦးဖြစ်ပြီး အမည်ပြောင်မှာ တုံးယင်ဖြစ်သည်။ သူသည် ခေါင်းဆောင်အဆင့် နှောင်းပိုင်း သားရဲနှစ်ကောင်ကို ပိုင်ဆိုင်ထားသော ဒုတိယအဆင့် အဆင့်မြင့် သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်သည်။ သူသည် အမျိုးသမီး သားရဲထိန်းချုပ်သူများကို ပစ်မှတ်ထားရသည်ကို နှစ်သက်ပြီး သူ အောင်မြင်သွားသည်နှင့် ထိုအမျိုးသမီးများသည် ခြွင်းချက်မရှိ သူ၏ဖျက်ဆီးခြင်းကို ခံရကာ အချို့ဆိုလျှင် သူ၏ကျွန်များအဖြစ် တိုက်ရိုက် ထိန်းချုပ်ခြင်းပင် ခံကြရသည်။
သူ၏ သားရဲနှစ်ကောင်မှာ ကာမအဆိပ် မိုးကြိုးမြွေနှင့် မက်မွန်မိစ္ဆာဖြစ်ပြီး နှစ်ကောင်စလုံးမှာ အဆိပ်အမျိုးအစား စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ တိုက်ခိုက်နေစဉ်အတွင်း ကာမအဆိပ် မိုးကြိုးမြွေသည် သားကောင်များကို အားအင်ချည်းနဲ့သွားစေပြီး သားရိုင်းစိတ်များကို နှိုးဆွပေးသည့် ကာမအဆိပ်တစ်မျိုးကို ထုတ်လွှတ်သည်။
မက်မွန်မိစ္ဆာသည် မက်မွန်ပန်း ပုံရိပ်ယောင်အဆိပ်ကို သယ်ဆောင်ထားသည်။ အဆိပ်သင့်မှု ပိုမိုနက်ရှိုင်းလေလေ စိတ်အာရုံချောက်ခြားမှု ပိုမိုပြင်းထန်လေလေဖြစ်ပြီး နောက်ဆုံးတွင် သားကောင်သည် မက်မွန်အဆိပ်ကိုပင် စွဲလမ်းသွားကာ တုံးယင်၏ ထိန်းချုပ်မှုကို ခံရတော့သည်။
ယခုအချိန်တွင် ကာမအဆိပ် မိုးကြိုးမြွေထံမှ ငွေရောင်အဆိပ်မှုန့်များနှင့် မက်မွန် မိစ္ဆာထံမှ အနီရောင်အဆိပ်မြူခိုးများ ပျံ့နှံ့နေပြီဖြစ်သည်။ မျက်နှာချင်းဆိုင်ရှိ သားရဲများမှာ အသက်ကို ပြင်းပြင်းရှူနေရုံသာမက သားရဲထိန်းချုပ်သူ အနည်းငယ်မှာလည်း မျက်နှာများ နီမြန်းလာပြီး ခြေလှမ်းများ ယိုင်နဲ့နေကြပြီ ဖြစ်သည်။
“အားလုံးပဲ...သူ့ကို မကြောက်ကြနဲ့။ ဒီကောင်က ဝရမ်းပြေး ရာဇဝတ်ကောင်ပဲ။ ငါတို့ကို လွှတ်ပေးမှာမဟုတ်ဘူး။ ငါတို့ တောင့်ခံထားရမယ်။ ငါတို့ ကယ်ဆယ်ရေးတွေ ရောက်လာတဲ့အထိ သေချာပေါက် စောင့်နိုင်တယ်။”
လီဇီဝေသည် မျက်နှာနီမြန်းနေသော်လည်း တုံးယင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ဆက်လက်တောင့်ခံထားကာ သူမ၏ လက်ရွေးစင်အဆင့် နှောင်းပိုင်း မီးနတ်ဘုရားခွေးကို မီးတောက်ဝိညာဉ်အား ကိုးကား၍ ခုခံရန် အမိန့်ပေးနေခဲ့သည်။
“မှန်တယ်။ ငါတို့ လုံးဝ အရှုံးပေးလို့မရဘူး။ ဒီလို အရုပ်ဆိုးတဲ့ကောင်ရဲ့ ဖမ်းဆီးတာကို ခံရရင် သေချာပေါက် လမ်းဆုံးပြီပဲ။ ဒီအချိန်မှာ ဘာမျှော်လင့်ချက်မှ ထားမနေနဲ့တော့ သေတ္တာထဲက ဖားလို အသေခံတိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်။”
တုံးလင်ကလည်း အံကြိတ်ကာ ပြောလိုက်ပြီးနောက် အော်ဟစ်လိုက်စ။
“ကျန်းဟန်... မင်း ဘယ်မှာလဲကွာ။ မင်းသာ အခုပေါ်မလာရင် ငါတို့တော့ သွားပြီပဲ။”
“မရတော့ဘူး...။ ငါ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။ ငါ့ခေါင်းထဲမှာ စိတ်အာရုံတွေ ချောက်ခြားနေပြီ။ တုံးရွှမ်း... မင်းတို့ ပြေးတော့။ ငါ နောက်ကနေ ခုခံပေးထားမယ်။”
တုံလင်သည် ခေါင်းကို အတင်းခါယမ်းလိုက်သော်လည်း အချည်းနှီးပင်။ ဤကာမအဆိပ်များသည် သူ့အား ဘေးနားတွင်ရှိနေသော သူ၏နှမအပေါ်တွင် တစ်ခါမျှမရှိဖူးသည့် တားမြစ်ထားသော အတွေးအခေါ်များကို ဖြစ်ပေါ်စေနေသည်။ ၎င်းသည် ရေတစ်မှုတ် သောက်လိုက်ရသကဲ့သို့ သူ့ကို ပို၍ပို၍ ဆာလောင်လာစေခဲ့သည်။
သတိရှိနေစေရန်အတွက် သူသည် မိမိကိုယ်ကို အကြိမ်ကြိမ် ဆွဲဆိတ်လိုက်ပြီးနောက် အနည်းငယ် လှမ်းသောနေရာသို့ ဖယ်ခွာသွားခဲ့သည်။
တုံးလင်နှင့် တုံရွှမ်းတို့၏ သားရဲများဖြစ်းသော မှော်စာလုံးကြောင်နှင့် ကျောက်မြွေတို့သည်လည်း လက်ရွေးစင်အဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း တုံးယင်၏ သားရဲနှစ်ကောင်ကို ယှဉ်နိုင်စွမ်း လုံးဝမရှိကြပေ။ ၎င်းတို့သည် မီးနတ်ဘုရားခွေးကိုသာ လုံးလုံးလျားလျား အားကိုးနေရခြင်းဖြစ်ပြီး ယခုအခါ မီးနတ်ဘုရားခွေးသည်လည်း ကြံ့ကြံ့ခံ ရုန်းကန်နေရပြီ ဖြစ်သည်။
မူလက ၎င်းတို့တွင် သူတို့ငှားရမ်းထားသော လုံခြုံရေးအစောင့်တစ်ဦးဖြစ်သည့် အခြားအဖော်တစ်ယောက် ရှိခဲ့သေးသည်။ ထိုလူတွင် ခေါင်းဆောင်အဆင့် သားရဲတစ်ကောင် ရှိသော်လည်း တုံးယင်ကို မြင်လိုက်ရပြီးနောက် တိုက်ပွဲမစတင်မီမှာပင် ထွက်ပြေးသွားခဲ့သည်။
“အချိန်ကျပြီ။ ငါ့အတွက် အသက်သွင်းလိုက်စမ်း... မက်မွန် သစ်သားထောင်ချောက်။”
တုံးယင်က လှောင်ပြုံး ပြုံးလိုက်သည်။ မြေပြင်သည် ရုတ်တရက် တုန်ခါလာပြီး ကြီးမားသော မြေအောက်ထောင်ကြီးတစ်ခုသည် မြေပြင်မှ လျင်မြန်စွာ ပေါက်ဖွားမြင့်တက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကြီးမားသော သစ်ပင်ထောင်ချောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးနတ်ဘုရားခွေး၊ မှော်စာလုံးကြောင်နှင့် ကျောက်မြွေတို့ကို အတွင်းထဲ၌ ပိတ်လှောင်ထားလိုက်တော့သည်။
“သွားပြီ... ဒါ ထောင်ချောက်ပဲ။”
လီဇီဝေနှင့် အခြားနှစ်ယောက် သတိပြုမိသွားချိန်တွင်မူ အလွန်နောက်ကျသွားခဲ့ပြီဖြစ်ပြီး ၎င်းတို့၏ သားရဲများအားလုံး အတွင်းထဲ၌ ပိတ်မိသွားခဲ့ကြလေပြီ။
မီးနတ်ဘုရားခွေး အပါအဝင် သားရဲသုံးကောင်စလုံး မည်မျှပင် ရုန်းကန်နေပါစေ ထိုထောင်ချောက်ကို ဖောက်ထွက်နိုင်ခြင်း မရှိကြပေ။
“မီးခွေးရဲ့ မီးတောက်တွေက ဒီသစ်ပင်ထောင်ချောက်ကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။”
လီဇီဝေက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“ကျောက်မြွေလည်း မြေအောက်ကို ငုပ်လျှိုးလို့မရတော့ဘူး။”
တုံးလင်၏ နှလုံးသားသည်လည်း အေးစက်သွားခဲ့သည်။
“အလဟဿ အားမထုတ်ကြစမ်းပါနဲ့။ ဒါက မက်မွန်မိစ္ဆာရဲ့ အားအကောင်းဆုံး စွမ်းရည်ပဲ။ အသက်သွင်းလိုက်တာနဲ့ အရှင်သခင်အဆင့် သားရဲတောင် မိနစ်အနည်းငယ်ကြာအောင် ပိတ်မိသွားနိုင်တယ်။ မင်းတို့လို လက်ရွေးစင်အဆင့် လူသစ်လေး သုံးကောင်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။”
တုံးယင်သည် သူ၏မျက်နှာတွင် ရမ္မက်ဇောသန်သော အပြုံးဆိုးကြီးဖြင့် လျှောက်လှမ်းလာခဲ့သည်။
“မကြောက်ကြနဲ့။ အဲဒီလုံခြုံရေးအစောင့် ထွက်သွားတာက စစ်ကူသွားရှာတာပဲ ဖြစ်ရမယ်။ ငါတို့ တောင့်ခံထားသရွေ့ ကယ်တင်ခံရမှာပဲ။”
ဤကဲ့သို့သော မျှော်လင့်ချက်ကင်းမဲ့နေသည့် အခြေအနေမျိုးတွင်ပင် လီဇီဝေသည် တည်ငြိမ်ဟန်ဆောင်ကာ မေးစေ့ကို မြှင့်တင်ထားဆဲပင်။
“မင်းတို့က ကယ်ဆယ်ရေးတွေ လာမှာကို မျှော်လင့်နေတုန်းပဲလား။ အမှန်အတိုင်း ပြောရရင် မင်းတို့ရဲ့ အချက်အလက်တွေကို အဲဒီကောင်က ငါ့ဆီ ရောင်းစားခဲ့တာကွ။ မဟုတ်ရင် မင်းတို့လိုကောင်တွေ ဒီလောက် လူသူဆိတ်ညံတဲ့နေရာကို ဘယ်လိုလုပ် မျောပါလာပါ့မလဲ။”
တုံးယင်သည် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်တံတိုင်းကို အစအနမကျန် ဖြိုခွင်းပစ်လိုက်သည့် သတင်းကို ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် တဖြည်းဖြည်း ချဉ်းကပ်လာရင်း ဆက်ပြောလိုက်သည်။
“မင်းတို့ ဒီနေရာတင် လက်နက်ချလိုက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ငါ ညှာတာနေတော့မှာ မဟုတ်ဘူး။ ဒါမှမဟုတ်လည်း မင်းတို့ကို လာကယ်မယ့်သူ ရှိ၊ မရှိ အော်ဟစ်ပြီး စမ်းခေါ်ကြည့်လိုက်လေ။”
“သေစမ်း... အဲဒီကောင်က ဘာလို့ ဒီလိုလုပ်ရတာလဲ။ ငါတို့ သူ့ကိုပေးခဲ့တာတွေက မလုံးလောက်သေးဘူးလား။”
တုံးရွှမ်းသည် ကျိန်ဆဲရန်ပင် အားမရှိတော့ပေ။ အဆိပ်ငွေ့နှစ်မျိုး ပေါင်းစပ်မှုဒဏ်မှာ သူမ မခံမရပ်နိုင်လောက်အောင် ပြင်းထန်ပြီး ၎င်းတို့ ယူဆောင်လာခဲ့သော အဆိပ်ဖြေဆေးအမျိုးမျိုးကိုလည်း ထိုလုံခြုံရေးအစောင့်က အကုန်ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
“ငါတို့ လွတ်ပြီ။ လူတစ်ယောက် လာနေတယ်။”
ဤအချိန်တွင် လီဇီဝေက ရုတ်တရက် အားရဝမ်းသာစွာဖြင့် ပြောလိုက်သည်။
“ဒီလို လှည့်စားတဲ့ နည်းဗျူဟာမျိုးကို သုံးနေတုန်းပဲလား။ ငါ ခေါင်းတောင် လှည့်ကြည့်မှာ မဟုတ်... အင်... ဒါက ဘာကြီးလဲ။”
တုံးယင်သည် သူ၏စကားကိုပင် ဆုံးအောင်မပြောနိုင်လိုက်ဘဲ သူ၏ခန္ဓာကိုယ်ကို သွေးနီရောင်ရိပ် နှစ်ခု လာရောက်ရိုက်ခတ်သည်ကို သတိပြုမိသွားသည်။ သူ၏နောက်နား မလှမ်းမကမ်းတွင်ရှိသော ကာမအဆိပ် မိုးကြိုးမြွေမှာလည်း သွေးရောင်ရိပ် ရှစ်ခုတိတိဖြင့် အမှန်အကန် အတီးခံလိုက်ရတော့သည်။ ထိုတိုက်ခိုက်မှု၏ အချိန်ကိုက်မှုမှာ အလွန်ပင် တိကျပြီး ၎င်းတို့ အာရုံအလွတ်ဆုံးအချိန်တွင် စိုက်ဝင်လာခြင်း ဖြစ်သည်။
“အားးးးးးး...”
ပထမတွင် သူ ဘာမှမခံစားရသော်လည်း နှစ်စက္ကန့်အကြာတွင် သူ၏ခန္ဓာကိုယ်သည် သွေးရောင်ဒုဓလီပန်းများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပြီး သူ၏အော်ဟစ်သံမှာလည်း ရုတ်ချည်း ရပ်တန့်သွားခဲ့တော့သည်။
“ဝူးးးး”
တစ်ချိန်တည်းမှာပင် ကာမအဆိပ် မိုးကြိုးမြွေသည်လည်း ရင်ကွဲမတတ် အော်ဟစ်လိုက်၏။ ၎င်း၏ ဝိညာဉ်စွမ်းအားများကို နည်းလမ်းမျိုးစုံဖြင့် ပေါက်ကွဲထုတ်ဖော်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ မကြာမီ မြူခိုးများထဲမှ အရိပ်လင်းဓား အများအပြား အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ၎င်း၏အော်ဟစ်သံကိုပါ လျင်မြန်စွာ တိတ်ဆိတ်သွားစေခဲ့တော့သည်။
“ဒါက တကယ်ကြီး ကျန်းဟန်ပဲ။ ငါတို့ လွတ်ပြီ။”
လီဇီဝေသည် မြူခိုးများထဲမှ လျှောက်လှမ်းလာသော ပုံရိပ်ကို အကြောင်သား စိုက်ကြည့်နေမိသည်။ သူမသည် စောစောက လွတ်မြောက်ခွင့် ရနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်ဖြင့် စကားကို လျှောက်ပြောခဲ့ခြင်းဖြစ်သော်လည်း နောက်တစ်စက္ကန့်တွင်မူ တကယ်ပင် ကယ်တင်ခြင်း ခံလိုက်ရတော့သည်။ ကျန်းဟန် ပေါ်လာပုံမှာ နတ်ဘုရားတစ်ပါး မြေကမ္ဘာသို့ ဆင်းသက်လာသည့်အလားပင်။
“တကယ် ကျန်းဟန်ပဲ။ ငါတို့ လွတ်ပြီ။”
တုံးလင်သည်လည်း ကျန်းဟန်ကို မြင်လိုက်ရသောအခါ သူ၏စိတ်မှာ ချက်ချင်း ငြိမ်သက်သွားခဲ့သည်။ ထို့နောက် သူသည် ဘေးနားရှိ သစ်ငုတ်တိုတစ်ခုဆီသို့ ဦးခေါင်းဖြင့် အရှိန်ပြင်းပြင်း ဆောင့်ပစ်လိုက်ပြီး မိမိကိုယ်ကို တိုက်ရိုက် သတိမေ့မြောအောင် လုပ်လိုက်တော့သည်။ ဤအတိုင်းသာ ဆက်သွားပါက မိမိမလုပ်သင့်သောအရာကို လုပ်မိလိမ့်မည်ကို သူ အလွန်စိုးရိမ်နေခဲ့သည်။
ကျန်းဟန် - “...”
“မင်းတို့က ဘာအလုပ်မှ မရှိဘဲ ပျင်းနေလို့ ဒီလို အန္တရာယ်များတဲ့နေရာကို တမင်သက်သက် လာကြတာလား။”
ကျန်းဟန်သည် လျှောက်လာပြီး သတိမလစ်သေးသည့် လူနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
ထို့နောက် ချက်ချင်းပင် သူသည် သူ၏သိုလှောင်သေတ္တာကို ထုတ်ကာ အဆိပ်ဖြေဆေးကို ရှာဖွေရန် ပြင်ဆင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင်မူ လှပသော မျက်နှာနှစ်ခုသည် သူ့ထံသို့ ကပ်လျက် ရောက်ရှိလာ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များမှ သင်းပျံ့သော ရနံ့များနှင့် နွေးထွေးမှုများမှာလည်း လျှံထွက်နေခဲ့သည်။
အချိန်အကြာကြီး အောင့်ထားခဲ့ရသဖြင့် လီဇီဝေနှင့် တုံးရွှမ်းတို့သည် ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ကျန်းဟန်ကို စတင်ပွတ်သပ်ဆွဲကိုင်လာကြသည်။
“ဖြန်း...ဖြန်း..”
ကျန်းဟန်သည် ၎င်းတို့နှစ်ဦးကို တစ်ချက်စီ ဖြတ်ရိုက်လိုက်ပြီး တိုက်ရိုက် တွန်းဖယ်လိုက်သည်။
“ငါ့ကို လာပြီး အခွင့်ကောင်းမယူနဲ့။”
ထို့နောက်တွင် သူသည် အဆိပ်ဖြေဆေးကို ဆက်လက်ရှာဖွေခဲ့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို ကြိုတင်မမျှော်လင့်ထားခဲ့သဖြင့် သူ့တွင် ၎င်းအတွက် သီးသန့်အဆိပ်ဖြေဆေး မရှိချေ။ ထို့ကြောင့် သူသည် ယခင်က ရရှိခဲ့သော ပွဲသိမ်းပစ္စည်းများကိုသာ လိုက်လံမွှေနှောက် ရှာဖွေရတော့သည်။
ဤအတောအတွင်း လီဇီဝေနှင့် တုံးရွှမ်းတို့သည် သူ့ထံသို့ ထပ်မံတိုးကပ်လာကြပြန်သည်။ ဤမိန်းကလေးနှစ်ဦးမှာ ရှားရှားပါးပါး အလှပဂေးများ ဖြစ်ကြပြီး တစ်ယောက်က အရပ်ရှည်ရှည်နှင့် ချိုသာသောရုပ်ရည် ရှိကာ အခြားတစ်ယောက်ကမူ သေးသွယ်ကျစ်လျစ်ပြီး နုပျိုသော ကလေးမျက်နှာလေး ရှိသည်။
“စိတ်ရှုပ်စရာပဲ...။”
ကျန်းဟန်သည် ၎င်းတို့နှစ်ဦးလုံးကို လက်ဝါးစောင်းဖြင့် ရိုက်ကာ သတိမေ့မြောသွားအောင် လုပ်လိုက်ပြီးမှ ဆေးကို အေးအေးဆေးဆေး ဆက်လက်ရှာဖွေလိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် နောက်ဆုံးတွင် သက်ဆိုင်ရာဆေးဝါးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူသည် ၎င်းတို့၏ ပါးစပ်များကို ဖွင့်ကာ နို့နှစ်ရောင် အရည်များကို ၎င်းတို့၏ လည်ချောင်းထဲသို့ တိုက်ရိုက် လောင်းထည့်ပေးလိုက်တော့သည်။