← Chapters

အခန်း ၁၄၅၆

Vol. 98 Ch. 1456

အခန်း ၁၄၅၆

Vol. 98 Ch. 1456

အခန်း ၁၄၅၆: ရုံချန်းထောင်မှာလူစည်တော့မည်! ၂

လူသူမရှိသောတောင်ကုန်းတစ်ခုပေါ်တွင် ထိပ်ပြောင်ပြောင်နှင့်လူတစ်ယောက်သည် ချင်းလင်ဓာတ်ခွဲခန်းကို အဝေးကြည့်မှန်ပြောင်းနှင့်ကြည့်နေသည်။

သူ့နောက်တွင် ယောက်ျား၊ မိန်းမ၊ လူဖြူ၊ လူမည်းများပါသည်။ သူတို့က စကားပြောနေကြ၏။

"ဒီအရှေ့တိုင်းလာရတာ တကယ်ဒုက္ခများတယ်... အဲဒါကြောင့် မစ်ရှင်အတွက်သွားရရင် အရှေ့တိုင်းကိုမလာချင်ကြတာ''

"အင်း.. အရင်က ကြားပဲကြားဖူးတာ... အခုကိုယ်တိုင်ဖောက်ဝင်ရမယ်ဆိုမှ ဘယ်လောက်ခက်မှန်းသိတယ်''

"ငါတို့လာတာ ကောင်းတာပေါ့... ဒီအလုပ်ပြီးရင် အနားယူလို့ရပြီ''

“Dominica.. လေ့လာကြည့်တာ ဘယ်လိုလဲ?”

ထိုအမေးကြောင့် ထိပ်ပြောင်နှင့်လူက မှန်ဘီလူးချပြီး_

"ချင်းလင်ဓာတ်ခွဲခန်းလုံခြုံရေးစနစ်က သေသေချာချာဖွဲ့စည်းထားတာပဲ... ဒါပေမဲ့ ဖောက်ဝင်ဖို့မခက်ပါဘူး... ဘယ်လိုပဲဖွဲ့စည်းထားထား လုံခြုံရေးပဲလေ... လောလောဆယ် အာရုံစိုက်စရာနှစ်ခုရှိတယ်''

"ဘယ်နှစ်ခုလဲ?''

လူမည်းတစ်ယောက်က မျက်မှောင်ကြုတ်ပြီးမေးသည်။

Dominica က ရှင်းပြသည်_

"တစ်ခုက ချင်းလင်ရှုမျှော်ခင်းက အကောင်ကြီးတွေပဲ... Optimus Prime နဲ့ Megatron အဖြစ်အပျက်ကို မင်းတို့လည်းအသိပဲ... ဟိုပင်လယ်ဓားပြတွေ အဖြစ်ဆိုးသွားတယ်... ချင်းလင်ရှုမျှော်ခင်းမှာ ၄ ကောင်ရှိတယ်''

"အဲဒီကျရင် ငါတို့ကားက သူတို့လက်ကလွတ်မှာမဟုတ်ဘူး... သူတို့နဲ့တွေ့ရင် ငါတို့ကံဆိုးပြီ... အဲဒါကြောင့် တွေ့ပြီဆိုတာနဲ့ သူတို့ကိုရင်ဆိုင်နိုင်မယ့်နည်းရှာရမယ်''

"လွယ်ပါတယ်''

လူမည်းက တန်းပြောသည်_

"ချင်းလင်ရှုမျှော်ခင်းမှာ ပရမ်းပတာဖြစ်သွားအောင်လုပ်ရုံပေါ့... အဲဒီတာဝန် ငါယူလိုက်မယ်''

Dominica က ခေါင်းညိမ့်ပြီး_

"နောက်တစ်ခုက ငါတို့လိုလူတွေရဲ့ခြေရာလက်ရာတွေ့တယ်... အဲတော့ သူတို့ကိုရှာရမယ်... အကြံချင်းတူရင် ပူးပေါင်းကြတာပေါ့... အချင်းချင်းပုန်းနေစရာမလိုဘူး''

"Dominica.. အဲဒါ ငါ့တာဝန်ထား... ငါသူတို့ကိုရှာလိုက်မယ်''

သူ့ဘေးမှလူမည်းမိန်းကလေးကပြောသည်။

Dominica က ခေါင်းညိမ့်ပြီး အဝေးကြည့်မှန်ပြောင်းကိုင်ကာ လက်ဖက်စိုက်ခင်းကိုဖြန့်ကျက်ကြည့်လိုက်သည်။

ဒီအကွက်ကိုရှာဖို့မခက်။ တဖက်က ဒီနေရာမှာ လုံခြုံရေးအစောင့်တွေအများကြီးချထားသည်။

ကြည့်ရင်း လုံခြုံရေးဝန်ထမ်းနှစ်ယောက်ကိုမြင်ပြီး သူကြောင်သွားသည်။

ဒီနှစ်ယောက်က တခြားလုံခြုံရေးများနှင့်မတူသောယူနီဖောင်းမျိုးဝတ်ထားသည်။ သို့သော် သူဂရုမစိုက်။ ဘာပဲဖြစ်ဖြစ် လုံခြုံရေးနှစ်ယောက်သာ။ သူတို့ဘယ်လောက်စွမ်းစွမ်း အလွန်ဆုံးမှ အငြိမ်းစားအထူးတ*ပ်ဖွဲ့ဝင်တွေဖြစ်မည်။

အမှန်အတိုင်းပြောရရင် အငြိမ်းစားနေနေသာသာ လက်ရှိတာဝန်ထမ်းဆောင်နေရင်တောင် သူဂရုမစိုက်။

သို့သော် လက်ဖက်စိုက်ခင်းထဲမှမာဟုန်၏လူနှစ်ယောက် မျက်မှောင်ကြုတ်နေသည်ကို Dominica မသိချေ။

​အခုလေးတင် ချောင်းကြည့်ခံနေရသလိုခံစားလိုက်ရသည်။

ထိုအသိစိတ်က ငရဲလိုကြမ်းတမ်းသောလေ့ကျင့်မှုများအကြိမ်ကြိမ်လုပ်ပြီးရရှိလာသောအလိုလိုသိစိတ်ဖြစ်သည်။ ထိုအသိစိတ်ကြောင့် သူတို့ခေါင်းဆောင်များကိုကာကွယ်ရန်တာဝန်ပေးအပ်ခံရသောအခါ ကြိုတင်တုံ့ပြန်နိုင်စွမ်းရှိသည်။

သူတို့မမှားကြောင်း သေချာသည်။ သူတို့ကအချင်းချင်းကြည့်လိုက်ပြီး ဘာမှမလှုပ်ရှား။ မသိဟန်ဆောင်ကာ အသံတိုးတိုးနှင့်အစီရင်ခံလိုက်သည်။

တဖက်တွင် သတင်းရသောမာဟုန်က အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ကျွမ်းလုံနှင့်လီရှန်အပါအဝင် လူအားလုံးကိုစုလိုက်သည်။

တခြားသူများလည်းသတင်းရပြီး စိတ်လှုပ်ရှားသွားသည်။

ဘာလို့စိတ်လှုပ်ရှားတာလဲ? ရှင်းပါသည်။ စ*စ်ယူနီဖောင်းနှင့်လုံခြုံရေးယူနီဖောင်းကိုစမ်းသပ်ခွင့်ရတော့မည်။

လက်ဖက်စိုက်ခင်းကိုလာချောင်းတယ်ဆိုမှတော့ သူတို့ပစ်မှတ်က လက်ဖက်ပင်ဖြစ်ကြောင်းသိသာနေပြီ။

ရုတ်တရက် အတိုင်းအတာတစ်ခုအထိစိတ်လှုပ်ရှားသွားသည်။

အချိန်တစ်ခုကြာပြီးနောက်_

ရုံချန်းအစွန်အဖျားတစ်နေရာတွင် ကားတစ်စီးပြီးတစ်စီးလာထိုးရပ်သည်။

Dominica နှင့်ကမ္ဘာ့နံပါတ်တစ်အမဲလိုက်အဖွဲ့က ကားပေါ်မှအရင်ဆင်းလာသည်။

ထို့နောက် တခြားကားနှစ်စီးပေါ်မှလူနှစ်ယောက်ဆင်းလာ၏။

ထိုနှစ်ယောက်က တစ်ဖွဲ့တည်းဟုတ်ပုံမရ။ ကားပေါ်မှဆင်းပြီးနောက် တစ်ယောက်ကိုတစ်ယောက် သတိကြီးကြီးနှင့် အပြန်အလှန်ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့နှစ်ယောက်က Dominica တို့ကိုကြည့်လိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ?''

နှစ်​ယောက်သား တစ်ယောက်ပြီးတစ်ယောက်ပြောကြသည်။

Dominica က ဘာမှမပြော။ သူ့နားမှလူမည်းမိန်းကလေးက လျှောက်သွားပြီး_

"ရှင်တို့နှစ်ယောက်နဲ့တွေ့ရတာ ဝမ်းသာပါတယ်... ဂျာမနီနံပါတ်တစ်သူခိုး Chris နဲ့ ကမ္ဘာ့နံပါတ်တစ်ဓားပြ မစ္စတာ Quelda''

လူမည်းမိန်းကလေးစကားကြောင့် Chris နှင့် Quelda မျက်နှာထားပြောင်းသွားသည်။

သူတို့မှာ ဒီနိုင်ငံကိုဖောက်ဝင်ရမည့်မစ်ရှင်ရှိပြီး မစ်ရှင်အတွက်ဆုကြေးက အလွန်မြင့်သည်။ သို့သော် ဒီရောက်ရောက်ချင်းလူမိသွားပြီး သိသူရှိနေမည်ဟုတောင် မထင်မိ။

Dominica က ရှေ့ထွက်လာပြီး_

"တွေ့ရတာဝမ်းသာပါတယ်... ကျုပ်ကိုယ်ကိုယ်မိတ်ဆက်ပေးပါရစေ... ကျုပ်နာမည် Dominica''

“Dominica လား?”

“Dominica?”

Chris နှင့် Quelda က တပြိုင်တည်းပြောသည်။

ဂျာမနီနှင့်ကမ္ဘာတွင်အတော်ဆုံးသူခိုးများဖြစ်သော်လည်း Dominica နာမည်ကိုကြားဖူးသည်။ ကြမ်းတမ်းခက်ထန်သလို အင်အားကြီးသူလည်းဖြစ်သည်။

Dominica က ဆက်ပြီး_

"ဒီတစ်ခါ ကျုပ်တို့ပစ်မှတ်ချင်းက အတူတူပဲထင်တယ်... ဖောက်သည်ပဲကွာတာ... ဒီတော့ လက်ဖက်ပင်ရအောင် ပူးပေါင်းလုပ်ကြမယ်... ဒီလိုဆိုရင် ကျုပ်တို့အားလုံးရဲ့မစ်ရှင်တပြိုင်တည်းပြီးသွားလိမ့်မယ်''

Chris နှင့် Quelda က ခေါင်းညိမ့်ထောက်ခံသည်။

သဘောတူညီမှုယူပြီးနောက် အချင်းချင်းစိတ်သက်သာရာရသွားကြသည်။ ထို့နောက် Dominica က ဆွေးနွေးရန်ပြောသည်။

တကယ်တော့ သိပ်ဆွေးနွေးစရာမရှိ။ ချင်းလင်ရှုမျှော်ခင်းမှာ ပြဿနာတက်အောင်လုပ်ပြီး Optimus Prime နှင့် Megatron ကို ထိန်းထားရုံသာ။

ကျန်လူများက ညပိုင်းမှောင်ချိန်ကိုအခွင့်ကောင်းယူပြီး ချင်းလင်ဓာတ်ခွဲခန်း၏လက်ဖက်စိုက်ခင်းထဲအပြေးအလွှားဝင်ကြမည်။

All Chapters