Chapters

အခန်း ၁၄၅၇

Vol. 98 Ch. 1457

အခန်း ၁၄၅၇

Vol. 98 Ch. 1457

အခန်း ၁၄၅၇: ရုံချန်းထောင်မှာလူစည်တော့မည်! ၃

လုံခြုံရေးအင်အားက သူတို့ကိုမတားနိုင်။

ထိုအစီအစဉ်ကိုအားလုံးသဘောတူပြီး အလုပ်နှင့်သက်သေပြရန်သာကျန်တော့သည်။

အချိန်ကုန်လွန်ပြီး နှစ်ရက်ကုန်ဆုံးသွားသည်။

နှစ်ရက်အတွင်း သာသာယာယာရှိခဲ့ပြီး မိုးမှောင်ချိန်တွင် Dominica သာ သူ့လူများနှင့်လှုပ်ရှားသည်။

ချင်းလင်ရှုမျှော်ခင်းကားပါကင်သို့ ကားတစ်စီးမောင်းဝင်လာသည်။

ကားပေါ်မှ လူမည်းအမျိုးသားနှင့်အမျိုးသမီးဆင်းလာ၏။

ထို့ကြောင့် ချင်းလင်ရှုမျှော်ခင်းလုံခြုံရေးဝန်ထမ်းများအာရုံစိုက်မိကြသည်။ သို့သော် ရှုမျှော်ခင်းသို့ လူမည်းအပါအဝင်နိုင်ငံခြားသားများ မကြာခဏလာတတ်သောကြောင့် လုံခြုံရေးဝန်ထမ်းများက ထူးဆန်းသည်ဟုမထင်။

Butler နှင့်အမျိုးသမီးက သာမန်ခရီးသည်များလို ပြောပြောဆိုဆို၊ရယ်ရယ်မောမောလုပ်နေသည်။

သို့သော် လုံခြုံရေးဝန်ထမ်းများ၏မမြင်ကွယ်ရာရောက်သည်နှင့် သူတို့နှစ်ဦးက အသံနှိမ့်ပြီး_

"ဒီကားပါကင်မှာ မဆိုးဘူး... ဒီကားတွေကိုတစ်ခုခုလုပ်တာနဲ့တင် အာရုံစိုက်ခံရနိုင်တယ်''

"အင်း.. Dominica တို့က ဆယ်မိနစ်အတွင်း မစ်ရှင်ပြီးလောက်တယ်''

"နာရီကြည့်.. အချိန်စေ့ရင် လှုပ်ရှားမယ်''

“ဟုတ်ပြီ''

သူတို့နှစ်ယောက်က နာရီများကိုကြည့်လိုက်သည်။

သတ်မှတ်ချိန်ရောက်သောအခါ လူမည်းကဖုန်းထုတ်ပြီးစာပို့လိုက်သည်_

"သူဌေး Dominica.. ငါအခုစတော့မယ်... မင်းတို့လည်းမြန်မြန်လုပ်''

ထို့နောက် သူတို့နှစ်ယောက်က အိတ်ထဲမှတစ်ခုခုထုတ်ပြီး ဘေးမှကားပေါ်တွင်လျှောက်ဆွဲရန်ပြင်လိုက်သည်။

အမျိုးသမီးအိတ်ထဲတွင် ပစ္စည်းအစုံပလုံပါသည်။

အမျိုးသမီးကနောက်ပြန်လှည့်လိုက်ချိန်တွင် လန့်ဖျပ်သွားသည်။ သူတို့နောက်မှာ လူတစ်စုရောက်နေပြီ။ နှစ်ယောက်က အမည်းရောင်လုံခြုံရေးယူနီဖောင်းဝတ်ထားပြီး ကျန်လူများက သာမန်လုံခြုံရေးယူနီဖောင်းဝတ်ထားသည်။

လူမည်းအမျိုးသမီးက အမှတ်တမဲ့ အမျိုးသားကျောကိုပုတ်လိုက်သည်။

အမျိုးသားလည်း ထိုမြင်ကွင်းကြောင့် ကြောင်သွား၏။ သူကပါးစပ်အဟောင်းသားနှင့် ဘာဖြစ်နေမှန်းမသိသေးခင် နှစ်ယောက်သားပြင်းပြင်းထန်ထန်အရိုက်ခံရပြီး မြေပေါ်လဲကျသွားသည်။

သူတို့နှစ်ယောက်မှာ တုံ့ပြန်ချိန်တောင်မရလိုက်။

တဖက်တွင် Dominica၊ Chris နှင့် Quelda တို့က လက်ဖက်ပင်များစိုက်ထားသောနေရာတွင် ခိုးကြောင်ခိုးဝှက်သွားလာပြီး ချောင်းနေသည်။

ဖုန်းထဲစာဝင်လာသံကြောင့် ချက်ချင်းဖုန်းထုတ်ကြည့်လိုက်သည်။

စာဖတ်ပြီး သူကချက်ချင်းပင်_

"အခုစလို့ရပြီ''

တချို့က စိုက်ခင်းထဲအမြန်ဆုံးခိုးဝင်ကြ၏။ အရှိန်ကအလွန်မြန်ပြီး စောင့်ကြည့်ကင်မရာကိုအချိန်ကိုက်ရှောင်ရှားနိုင်စွမ်းရှိသူများပင်။

သို့သော် ချင်းလင်ဓာတ်ခွဲခန်းလုံခြုံရေးက နောက်စရာမဟုတ်။ လျင်လျင်မြန်မြန်တွေ့ရှိသွားကြသည်။

Dominica၊ Chris နှင့် Quelda တို့က အင်အားကောင်းလွန်းတာ နှမြောစရာ။ ချင်းလင်ဓာတ်ခွဲခန်းလုံခြုံရေးဝန်ထမ်းများအားလုံးက အငြိမ်းစားအထူးတ*ပ်ဖွဲ့ဝင်များဖြစ်သည်။ အစွမ်းကုန်မတိုက်ခိုက်နိုင်သောကြောင့် Dominica တို့ကိုရှုံးနိမ့်သွားသည်။

Dominica က လုံခြုံရေးတစ်ယောက်ကိုအလဲထိုးပြီး သူ့အဖော်နှစ်ယောက်ကိုအော်ခေါ်လိုက်သည်_

"မြန်မြန်လုပ်.. သုံးပင်တူးပြီးတာနဲ့ထွက်မယ်''

ထိုနှစ်ယောက်ကခေါင်းညိမ့်ပြီး ကိရိယာများချက်ချင်းထုတ်ကာ သုံးပင်တူးရန်ပြင်သည်။

သို့သော် တစ်ယောက်ကကိရိယာမြှောက်ရုံရှိသေး၊ လေထဲကပုံရိပ်တစ်ခုထွက်လာသောကြောင့် သူလန့်သွားသည်။ ထို့ကြောင့် အလန့်တကြားနောက်ပြန်ဆုတ်လိုက်၏။

Dominica လည်း အတူတူပင်။ လုံခြုံရေးတစ်ယောက်ကိုအလဲထိုးပြီးချိန်တွင် လေထဲမှလက်သီးထွက်လာသည်ကိုတွေ့လိုက်ရသည်။

"ဘာလဲဟ?''

Dominica ကြောင်သွားသည်။

စောစောက ဘယ်သူမှမတွေ့ပါဘူး။