← Chapters

အခန်း ၁၄၅၈

Vol. 98 Ch. 1458

အခန်း ၁၄၅၈

Vol. 98 Ch. 1458

အခန်း ၁၄၅၈: လိပ်ပြာလွင့်မတတ်!

သူဝင်လာရင်း ပတ်ဝန်းကျင်ကိုပါတစ်ခါတည်းကြည့်ခဲ့သည်။ လုံခြုံရေးအစောင့်များအပြင် တခြားဘယ်သူ့ကိုမှသတိမထားမိ။

ဒါပေမဲ့ ဒီရုတ်တရက်ထွက်လာတာက ဘာလဲ?

သူကအချိန်မီမတုံ့ပြန်နိုင်သောကြောင့် အမှတ်တမဲ့ သူ့ရင်ဘတ်ကိုလက်နှင့်ကာပြီး လက်သီးကိုခုခံလိုက်သည်။

ဘန်း!

ခန္ဓာကိုယ်နှစ်ခုတိုက်မိသံထွက်လာသည်။ Dominica လက်တွင်စူးစူးဝါးဝါးနာကျင်မှုကိုခံစားရပြီး တိုက်မိခြင်းကြောင့် နောက်နှစ်လှမ်းပြန်ဆုတ်လိုက်သည်။

ပညာရှင်တစ်ယောက်မှန်း သူတန်းသိလိုက်သည်။

တချိန်တည်းမှာ လူပုံကိုလည်းသေချာမြင်လိုက်ရသည်။ သို့သော် ထိုလူက ညအမှောင်ထဲဖြည်းဖြည်းချင်းပြန်ပျောက်သွားပြီး သေချာမမြင်ရတော့။

မာဟုန်လည်း ထိပ်ပြောင်ကိုတအံ့တဩကြည့်လိုက်သည်။

သူလုံခြုံရေးယူနီဖောင်းဝတ်ထားပြီး ချောင်းတိုက်သော်လည်း တဖက်လူကို လက်သီးတစ်ချက်နှင့်လဲကျသွားအောင်မလုပ်နိုင်။ ဒီလူက တော်ရုံလူမဟုတ်သည့်သဘော။

တချိန်တည်းမှာ အော်သံနှစ်သံလည်းကြားရသည်။

Dominica မျက်နှာပျက်သွား၏။ သူ့အဖော်နှစ်ယောက်အသံဖြစ်ပြီး သူတို့ကမြေပေါ်လဲနေကြပြီ။ သူတို့ဘေးတွင် ထူးထူးခြားခြားလူပုံလည်းရှိသည်။

Chris: ''သေစမ်း.. ဘာလဲဟ?''

Quelda: ''ဘာတွေလဲ?''

ဂျာမနီနံပါတ်တစ်သူခိုးနှင့်ကမ္ဘာ့နံပါတ်တစ်ဓားပြလည်း ခံလိုက်ရပြီ။ ရုတ်တရက်ပေါ်လာသောထိုပုံရိပ်ကြောင့် နှစ်ယောက်သားနောက်ပြန်ပြေးကြသည်။

နောက်ဆုံးတော့ ဘာဖြစ်နေလဲ Dominica သဘောပေါက်ပြီ။ လူနှစ်ယောက်က ထူးထူးခြားခြား အင်္ကျီ၊ခေါင်းစွပ်များဝတ်ထားပြီး ပတ်ဝန်းကျင်ထဲကိုယ်ရောင်ဖျောက်နေသည်။

ဒါကြောင့် ဒီလူတွေချောင်းနေသည်ကို သူတို့သတိမထားမိခြင်းပင်။

ဒါပေမဲ့ ဒါကဘာနည်းစနစ်လဲ? ဘယ်နိုင်ငံမှာမှ ဒီလိုအံ့ဩစရာမျိုး သူမတွေ့ခဲ့ဖူး။ ဒါမျိုးက ရုပ်ရှင်ထဲမှာပဲရှိတာမလား?

"အဲလိုလား''

Dominica အတွေးပေါက်သွားသည်။

လေထဲကလူထွက်လာတာမဖြစ်နိုင်။

ထို့နောက် သူ့အကြည့်ကထူးဆန်းသွားသည်။

ဒီအဝတ်အစားကိုရရင် သူမသွားနိုင်တဲ့နေရာရှိမလား? ဒါမှမဟုတ် ဒီအဝတ်အစားကို သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာရောင်းရင် လက်ဖက်ပင်ထက်​တောင်စျေးကောင်းရနိုင်သည်။

ဒီလိုအကြံမျိုး Dominica ဖြစ်လာသည်။ စောစောကချောင်းတိုက်ခံရပြီးနောက် သူသာအသေအလဲတိုက်မည်ဆိုလျှင် အောင်မြင်နိုင်ခြေရှိကြောင်းယုံကြည်ချက်ရှိသည်။

နောက်ပြီး သူ့ခန္ဓာကိုယ်က တဖက်လူထက်ပိုကြီးသောကြောင့် ခံနိုင်ရည်နှင့်အင်အားပိုသာမည်။ သူအားကုန်သုံးရင် တဖက်လူသေသွားနိုင်သည်။

ထိုအချိန်တွင် သရော်သံနှစ်သံကြားရသည်:

"ခေါင်းဆောင်မာကြည့်ရတာ ကိုင်တွယ်ရခက်တဲ့လူတစ်ယောက်ရှိနေပုံပဲ... ကျွန်တော်တို့ကိုပေး!''

"အင်း.. ကျွန်တော်တို့တာဝန်ထား''

ထိုနှစ်ယောက်က သူတို့စ*စ်ယူနီဖောင်း၏အရောင်ပြောင်းအာနိသင်ကိုတောင်ရပ်လိုက်သည်။

ဒီလူတွေကိုချဖို့ ဒါမလို။

သူတို့နှစ်ယောက်ကိုယ်ထင်ပြလာသောကြောင့် မာဟုန်တို့ကနောက်ပြန်ဆုတ်ပြီး Dominica တို့သုံး​ယောက်ကိုဝိုင်းထားလိုက်သည်။

မာဟုန် အရူးမဟုတ်။ သူ့ရှေ့မှာရှိနေတဲ့လူတွေက တော်ရုံလူတွေမဟုတ်မှန်း သူသိသည်။။ မတော်လို့ဆိုတာ မ​ဖြစ်ရလေအောင် အမြန်ဆုံးအနိုင်ယူရမည်။

မတော်လို့တစ်ခုခုဖြစ်ခဲ့ရင် သူဌေးချင်နဲ့ဝန်ကြီးလုတို့ကို သူဘယ်လိုရှင်းပြရမလဲ?

Dominica၊ Chris နှင့် Quelda လည်း ထိုနှစ်ယောက်က သူတို့သုံးယောက်ကိုချတော့မည်မှန်း သဘောပေါက်သည်။

Dominica က အထင်သေးပြီး အေးစက်စက်အသံနှင့်_

"လက်ဖက်ပင်နဲ့စာရင် မင်းတို့အဝတ်အစားတွေက ပိုတန်ဖိုးရှိနေမှာစိုးရတယ်''

ထိုစကားကြောင့် Chris နှင့် Quelda ကြောင်သွားသည်။ သူတို့မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များဖြတ်ပြေးသွား၏။

အမှောင်လောကတွင်လုပ်သက်ကြာပြီဖြစ်၍ ဒီအဝတ်ကို အမေရိကမှာရောင်းရင် ဘယ်လောက်ဖြစ်ဖြစ်ပေးဝယ်ကြမည်မှန်း သူတို့သိသည်။

နောက်ပြီး အမေရိကန်နိုင်ငံ၏အလိုရှိစာရင်းမှကင်းလွတ်ခွင့်ရအောင် အပြန်အလှန်အနေနှင့်တစ်ခုခုပေးရသည်။

ဒီအဝတ်ရရင် အကျိုးအမြတ်က မတွေးနိုင်အောင်ပင်။

ကျွမ်းလုံနှင့်လီရှန်က သူတို့နားကပ်လာသောကြောင့် သုံးယောက်သား ကြမ်းတော့မည့်ပုံပေါက်သွားသည်။ Chris နှင့် Quelda က အရင်လှုပ်ရှားသည်။

သူတို့နှစ်ယောက်က ကျွမ်းလုံနှင့်လီရှန်ဆီတပြိုင်တည်းပြေးပြီး အပြင်းဆုံးလက်သီးနှင့်တိုက်ခိုက်သည်။

သူတို့အဆင့်တိုက်ပွဲမျိုးမှာ ဟန်ရေးပြစရာသိပ်မလိုတော့။ တိုက်ရိုက်အကျဆုံးတိုက်ခိုက်နည်းက အသုံးအတည့်ဆုံးဖြစ်သည်။ ကျန်တာက အင်အား၊ အရှိန်နှင့် တုံ့ပြန်မှုသာ။

ဒီသုံးခုအားနည်းရင် ဘယ်လိုနည်းစနစ်မျိုးဖြစ်ဖြစ် အသုံးမဝင်။

သူတို့နှစ်ယောက်၏ပြင်းထန်သောလက်သီးက ကျွမ်းလုံနှင့်လီရှန်ရှေ့ ဝှစ်ခနဲရောက်လာသည်။ သို့သော် နောက်ခဏတွင် သူတို့နှစ်ယောက်ကြောင်သွားသည်။ ကျွမ်းလုံနှင့်လီရှန်က သူတို့လက်သီးကို လက်ဝါးနှင့်အလွယ်တကူဖမ်းဆုပ်လိုက်သောကြောင့်ပင်။

ထို့နောက် Chris ရော Quelda ပါ အံ့အားသင့်သွားသည်။ သူတို့လက်သီး လုံးဝလှုပ်မရသောကြောင့် ကြောက်လန့်ပုံပေါက်လာသည်။။

ဒီလိုလုပ်ဖို့ အားဘယ်လောက်လိုလဲ?

နှစ်ယောက်သား သူတို့လက်သီးကိုပြန်ရုတ်ချင်သော်လည်း လုံးဝပြန်ဆွဲမရချေ။ သူတို့လက်မောင်းကို အခိုင်အမာတုပ်ချည်ထားသလိုပင်။

ဤသည်ကား သာမန်လူနှင့်အားဖြည့်ဆေးရည်သောက်ထားသောစ*စ်သည်ကြား ကွာခြားချက်ဖြစ်သည်။

Chris နှင့် Quelda အားကောင်းတာသေချာသည်။ မဟုတ်ရင် အမှောင်လောကမှာ ဒီလိုနာမည်မျိုးရထားမည်မဟုတ်။ သူတို့ကိုယ်ခံအားကိုလည်း သာမန်လူတစ်ယောက်၏အကန့်အသတ်ရောက်သည်အထိလေ့ကျင့်ထားသည်။

ဘာပဲဖြစ်ဖြစ် မာဟုန်တို့နှင့်အကြိတ်အနယ်ချနိုင်သည်။

အမှောင်လောကမှာ သူတို့လိုလူများများစားစားမရှိသော်လည်း အခုသူတို့အားလုံး ရုံချန်းရောက်နေသည်။

သူတို့ဘယ်လောက်စွမ်းစွမ်း သာမန်လူများသာ။

စ*စ်သားများကမူ အားဖြည့်ဆေးရည်သောက်ပြီး သာမန်လူအကန့်အသတ်ကိုကျော်လွန်ထားသည်။ ကွာခြားချက်က ကြီးမားသည်။

ကျွမ်းလုံနှင့်လီရှန်ကလည်း ပြန်ချသည်။ ရိုးရိုးကန်ချက်အတိုင်း Chris နှင့် Quelda ရင်ဘတ်ကိုဒူးနှင့်တိုက်လိုက်သည်။

Chris နှင့် Quelda မှာ မတုံ့ပြန်နိုင်သေးခင် ပြင်းပြင်းထန်ထန်အတိုက်ခံလိုက်ရသည်။ ရင်ဘတ်နာကျင်သောကြောင့် တဖြည်းဖြည်းမြေပေါ်လဲကျသွား၏။ ထို့နောက် ရင်ဘတ်ကိုလက်နှင့်ဖိကာ သွေးများအန်ထွက်လာလေသည်။

All Chapters