← Chapters

အခန်း ၁၄၆၀

Vol. 98 Ch. 1460

အခန်း ၁၄၆၀

Vol. 98 Ch. 1460

အခန်း ၁၄၆၀: တားမြစ်ဇုံ ရုံချန်း?

ခေါင်းဆောင်ဟုန်တို့ရဲစခန်းပြန်လာချိန်တွင် မာဟုန်တို့လည်း စစ်ဆေးမေးမြန်းပြီးဖြစ်သည်။

"နှမြောစရာပဲ''

မာဟုန်က သက်ပြင်းချပြီးထွက်လာသည်။

Dominica တို့ဆီမှအများကြီးရလိုက်သည်။

ရွှေမည်း၊ သတင်းနှင့် နိုင်ငံတကာရာဇဝတ်မှုအချက်အလက်များ...

နှမြောစရာက နောက်ကွယ်ကလူကိုမသိခြင်းပင်။

သူတို့အားလုံး သက်လတ်ပိုင်းလူတစ်ယောက်ကိုကြားခံပြီးဆက်သွယ်ရသည်။

ထိုလူတစ်ယောက်သာ နောက်ကွယ်ကသူဌေးကိုသိမည်။

သို့သော် သူတို့နယ်ပယ်တွင် ဒီလိုကြားခံလူများက ဉာဏ်အများဆုံးဖြစ်ပြီး ရှာရခက်မှန်းသိကြသည်။

မာဟုန်က ခေါင်းဆောင်ဟုန်ကိုတွေ့သောအခါ_

"အရင်ဆုံး ဒီလူတွေကိုအထူးထောင်ထဲထည့်လိုက်ပါ... ကျုပ်တို့စီစဉ်ပြီးပြီ''

"ကောင်းပါပြီ!''

ခေါင်းဆောင်ဟုန် ခေါင်းညိမ့်လိုက်သည်။ တချိန်တည်းမှာ နည်းနည်းစိတ်လှုပ်ရှားသွားသည်။

ရုံချန်းထောင်ကလူတွေ ရူးတော့မှာပဲ။ တစ်နေရာတည်းမှာ နိုင်ငံတကာသူခိုးအများကြီး...

တခြားဘယ်ထောင်မှာ ဒီလိုလူမျိုးတွေအားလုံးကိုထိန်းထားနိုင်လို့လဲ?

ထိုအချိန်တွင် မာဟုန်ဖုန်းမြည်လာသည်။

ဒီနံပါတ်ကို သူမှတ်မိသည်။

ရုံချန်းနံပါတ်။

သူကဖုန်းကိုင်လိုက်ရာ တဖက်မှအကြံပြုစကားကြောင့် မျက်မှောင်ကြုတ်ပြီး_

"ဒီလူတွေကို လူထုရှေ့မှာစီရင်မယ်?''

ရုံချန်းမှာ ဒီလိုစိတ်ကူးမျိုးရှိမည်ဟုမထင်မိ။ သူက ခဏစဉ်းစားလိုက်ပြီး_

"ခင်ဗျားတို့ဆန္ဒရှိသလိုလုပ်ပါ''

Dominica၊ Mike တို့ကို လူထုရှေ့မှာစီရင်လိုက်ရင် နိုင်ငံတကာရာဇဝတ်ကောင်တွေလန့်သွားမည်။

ဒီလူတွေအားလုံးကျရှုံးထားသောကြောင့် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး အခက်အခဲများကြောင့် နောက်ပြန်ဆုတ်သွားမည်။

ဒီလိုဆို သူတို့ပြဿနာနည်းလာမည်။

ဒီလိုအခြေအနေမျိုးမှာ နာမည်လိုချင်၊ပြဿနာရှာချင်သောမနူးမနပ်တချို့ သေချာပေါက်ရှိနိုင်မည်။ ဘာပဲဖြစ်ဖြစ် Dominica တို့အားလုံးရှုံးနိမ့်ခဲ့သောကြောင့် ပြဿနာရှာသူ၊လွတ်မြောက်နိုင်သူက နာမည်ကြီးမှာသေချာသည်။

သို့သော် ဒီလိုလူမျိုးက ကမူးရှူးထိုးလုပ်တတ်သောကြောင့် သူခိုးဓားပြများထက်ကိုင်တွယ်ရလွယ်သည်။

ဖုန်းချပြီးနောက် မာဟုန်က Dominica တို့ကိုထောင်ထဲပို့ရန်ညွှန်ကြားသည်။ ကျွမ်းလုံနှင့်လီရှန်ကို ခေါင်းဆောင်ဟုန်တို့နှင့်အတူလိုက်ခိုင်းသည်။

မကြာမီ Dominica၊ Chris နှင့် Quelda တို့ ရုံချန်းထောင်၏အထူးအခန်းထဲရောက်သွားသည်။

အထူးခန်းကကျယ်ပြီး လူ ၁၀ မကဆံ့သောကြောင့်သာ တော်တော့သည်။

Yamamoto၊ ကြွက်ကြီးနှင့် Mike လည်း အခြေအနေဆိုးနေသော Dominica တို့ကိုတွေ့ရသည်။

Dominica တို့က အထဲရောက်သည်နှင့် Mike တို့ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ထောင်ထဲရောက်လျှင် လူသစ်နှင့်လူဟောင်းပြဿနာတက်တတ်မှန်း သူတို့သိသည်။

ဒီတစ်ခါ ကြွက်ကြီးက နိုင်ငံခြားသားများကိုကြည့်ပြီး အလျင်စလိုမလုပ်ရဲတော့။

အရင်တစ်ခါ Mike နှင့် Yamamoto က သူ့ကိုသင်ခန်းစာအကြီးကြီးပေးခဲ့ပြီ။

လုံခြုံရေးအကြောင်းပြောမှ Dominica တို့က ထူးထူးဆန်းဆန်းလုံခြုံရေးယူနီဖောင်းနှင့်လူများကိုတွေးမိသည်။

Dominica က Yamamoto ကိုမျက်မှောင်ကြုတ်ကြည့်ပြီး_

"မင်းတို့က ဘယ်သူတွေလဲ?''

Yamamoto က သိပ်မကျေနပ်ဘဲ_

"ဒီမှာ ငါအရင်မေးမယ်... ဘာပဲဖြစ်ဖြစ် ငါတို့ကစီနီယာတွေ... မင်းတို့သိတတ်သင့်တယ်''

Dominica မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေက မရေမရာ။ ပြီးတော့ သူဒဏ်ရာရထားသည်။ လောလောဆယ် ပြဿနာမတက်ချင်သောကြောင့် သူက_

"ကျုပ်က Dominica.. သူက Chris.. သူက Quelda''

သူ့စကားကြောင့် Mike စိတ်ဝင်စားသွားသည်။

သူကချက်ချင်း Dominica ဆီလျှောက်သွားပြီး_

"ခင်ဗျားက Dominica လား? ကမ္ဘာ့နံပါတ်တစ်အမဲလိုက်အဖွဲ့ပေါ့? သူများတွေပြောတာတော့ ခင်ဗျားက ကျုပ်ထက်ပိုတော်တယ်တဲ့... ပြီးတော့ ဒီနှစ်ယောက်က ဂျာမနီနံပါတ်တစ်သူခိုးနဲ့ကမ္ဘာ့ထိပ်တန်းဓားပြလား?''

နိုင်ငံတကာနံပါတ်တစ်သူခိုး Mike က ဗဟုသုတများသည်။ သူတို့နာမည်ကို ချက်ချင်းရွတ်နိုင်သည်။

သူ့စကားကြောင့် Dominica၊ Chris နှင့် Quelda က Mike ကိုကြည့်ပြီး သတိဝင်သွားသည်။

“မင်းဘယ်သူလဲ?”

Dominica က မေးလိုက်သည်။

Mike က လက်ကာပြပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်၏_

"ကျုပ်က Mike''

"ကမ္ဘာ့နံပါတ်တစ်သူခိုး Mike ပဲ''

ထိုနာမည်ကြားပြီး Dominica လန့်သွားသည်။

ဒီလူကို သူသိသည်။

Chris နှင့် Quelda လည်း Mike ကို အလန့်တကြားကြည့်လိုက်သည်။

ဒီလူအကြောင်း သူတို့နှစ်ယောက်လည်းသိသည်။

ဒီလူက သူတို့ထက်ပိုတော်သည်ဟုဆိုနိုင်သော်လည်း ဒီမှာပိတ်မိနေမည်ဟုမထင်မိ။

နိုင်ငံတကာတွင်သူ့ကိုအဆက်အသွယ်မရဟု ကောလာဟလများထွက်နေသည်။ သူအနားယူပြီး တစ်နေရာခရီးထွက်နေသည်ဟု လူတိုင်းကထင်ကြသည်။ ဒီထဲရောက်နေမည်ဟုမထင်မိ။

Mike က လက်ကာပြပြန်သည်_

"ဘာနိုင်ငံတကာနံပါတ်တစ်သူခိုးလဲ? အခုကျုပ်တို့အားလုံးထောင်ထဲရောက်နေပြီပဲ... အိုး ဒါနဲ့ သူက Yamamoto... ဂျပန်ကနံပါတ်တစ်လုပ်ကြံရေးသမား''

ဂျပန်နံပါတ်တစ်လုပ်ကြံရေးသမားဆိုသောနာမည်က Dominica တို့ထက်သေးငယ်ပုံရသော်လည်း လျှော့မတွက်ရဲ။

အကြောင်းမှာ လူသ*တ်လုပ်ကြံရေးသမားဖြစ်၍ သူတို့ထက်ရက်စက်တတ်သောကြောင့်ပင်။

Mike က ကြွက်ကြီးကိုမိတ်ဆက်ပေးချင်သလို ကြည့်လိုက်ပြန်သည်။

ကြွက်ကြီးကလည်း Mike ကို မျှော်လင့်ချက်နှင့်ပြန်ကြည့်သည်။

Dominica တို့ဘယ်သူဘယ်ဝါမှန်းသိပြီးနောက် သူလန့်နေသည်။

ဒီလူတွေက သူတို့နယ်ပယ်မှာထိပ်တန်းတွေ။

ဒီလူတွေရှေ့မှာ သူဆိုတဲ့ကြွက်ကြီးက သူ့နာမည်ထုတ်ပြောရလောက်အောင် ဟုတ်ပါ့မလား?

Mike က ကြွက်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး_

"သူက အရေးမကြီးပါဘူး!''

"ကျွတ် ကျွတ်''

ကြွက်ကြီးစိတ်ဓာတ်ကျသွားသည်။

"မင်းတို့ကို ချင်းလင်ကုမ္ပဏီကလုံခြုံရေးဝန်ထမ်းတွေဖမ်းမိတာလား မပြောရသေးဘူးနော်''

Yamamoto က ပြောသည်။

Dominica: ''ဟူး''

Chris: ''အိုး''

Quelda: ''...''

ထိုအမေးကြောင့် သူတို့အားလုံးတပြိုင်တည်းတိတ်ဆိတ်သွားလေသည်။

All Chapters