အခန်း ၁၄၆၁
Vol. 98 Ch. 1461
အခန်း ၁၄၆၁: တားမြစ်ဇုံ ရုံချန်း? ၂
Mike နှင့် Yamamoto က သူတို့ကိုကြည့်ပြီး အကြမ်းဖျင်းသဘောပေါက်လိုက်သည်။
သေချာပေါက်ပဲ။
နှစ်ယောက်သား အရင်ထက်ပိုပြီး စိတ်ခံစားချက်ကောင်းလာသည်။
ဘာပဲဖြစ်ဖြစ် ဒီကောင်တွေရှိရင် သူတို့အထီးမကျန်တော့။
သုံးလေးရက် လျင်မြန်စွာကုန်ဆုံးသွားသည်။
သို့ရာတွင် ရုံချန်းမှသတင်းတစ်ပုဒ်ကြောင့် အားလုံးအံ့ဩသွားကြသည်။
'ရုံချန်းတွင် Mike၊ Yamamoto၊ Dominica၊ Chris၊ Quelda နှင့် တခြားကျူးကျော်သူများကို လူထုရှေ့တွင်စီရင်မည်!'
သတင်းထွက်ထွက်ချင်း စိတ်ဝင်စားသူများနေသည်။
ဘာပဲဖြစ်ဖြစ် အားလုံးက နိုင်ငံခြားသားတွေ။
တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများစွာကို တပြိုင်နက်တည်းတရားစီရင်တာမျိုး ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ထို့အပြင် တရားမဝင်ကျူးကျော်ဝင်ရောက်မှုဖြင့် စွဲချက်တင်ခံထားရခြင်းဖြစ်၍ လုံးဝမရိုးရှင်း။
သို့သော် မြန်မြန်ဆန်ဆန်ပင် Mike က နိုင်ငံတကာနံပါတ်တစ်သူခိုးဖြစ်ကြောင်း၊ Yamamoto က ဂျပန်နိုင်ငံမှနံပါတ်တစ်လုပ်ကြံရေးသမားဖြစ်ကြောင်း၊ Dominica မှာ နိုင်ငံတကာနံပါတ်တစ်အမဲလိုက်အဖွဲ့မှဖြစ်ကြောင်း၊ Chris နှင့် Quelda ပါမကျန် ဖော်ထုတ်သူရှိလာသည်။
အဓိကအရေးကြီးဆုံးအချက်အလက်မှာ ထိုသူခိုးများက FBI နှင့်နိုင်ငံတကာကိုလှည့်စားနိုင်ခြင်းပင်။
ထိုသတင်းထွက်လာသောအခါ လူတိုင်းငြိမ်ငြိမ်မနေနိုင်တော့။ အင်တာနက်တစ်ခုလုံးပေါက်သွားသည်။
ဒီအကြောင်းသိသူက သာမန်လူမဟုတ်တာ အသေအချာပင်။ လိုင်းသုံးပြုသူများကြောင့် ပေါက်ကြားသွားသလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က တမင်တကာထုတ်ပြန်လိုက်သလား မသိရ။
သို့ရာတွင် အတော်များများက မယုံနိုင်ကြချေ။
ဒီလိုစီရင်စုငယ်လေးက နိုင်ငံတကာသူခိုးဓားပြတွေအများကြီးကို ဘယ်လိုလုပ်စီရင်မှာလဲ? တစ်ယောက်ချင်းကလည်း နာမည်ကြီးတွေ?
"သော*က်.. သတင်းတွေ့ပြီး ငါလန့်သွားတာ... ရုပ်ရှင်တွေတောင် ဒါမျိုးမရိုက်ရဲဘူးမလား?''
"တကယ်? နိုင်ငံတကာသူခိုးတွေအကုန်ဖမ်းမိတယ်ပေါ့?''
"ရုံချန်းရဲတွေက အဲလောက်စွမ်းတာလား? နိုင်ငံတကာရဲနဲ့ FBI တောင် ဘာမှမတတ်နိုင်တာ... သူတို့က အကုန်မိတယ်ပေါ့?''
ထိုသတင်းကို ရုံချန်းတရားရုံးက ချက်ချင်းအတည်ပြုပေးလိုက်သည်_
"ဒီလူတွေက နိုင်ငံတကာသူခိုးတွေမှန်ပါတယ်... တရားစီရင်တဲ့အခါ Live လွှင့်ပါမယ်''
ထိုအခါ အင်တာနက်တစ်ခုလုံးလှုပ်ရွသွားသည်။
ထိုသူခိုးဓားပြများ၏စီရင်ချက်ကို အားလုံးကမျှော်လင့်စောင့်စားနေသည်။
ဒါရိုက်တာများက သတင်းတွေ့သောအခါ ရုံချန်းကိုအပြေးလာပြီး ဇာတ်ကြောင်းအကုန်အစင်သိအောင်စုံစမ်းကြသည်။
ဒီအကြောင်းဒီလောက်နာမည်ကြီးနေတာ ရုပ်ရှင်ရိုက်ရင်ပေါက်လိမ့်မည်။ Wolf Warrior နောက်တစ်ကားပေါ့!
ဒါအကောင်းဆုံးဇာတ်ညွှန်းပဲမလား?
ပုံမှန်အတိုင်းဆို ဒီဇာတ်ညွှန်းက အရမ်းရုပ်ရှင်ဆန်နေမည်။
အငြိမ်းစားစ*စ်ဘုရင်၊ ကမ္ဘာ့နံပါတ်တစ်အမဲလိုက်သူ၊ နံပါတ်တစ်ရာဇဝတ်ကောင်၊ နံပါတ်တစ်သူခိုး၊ ဒါတွေက မဖြစ်နိုင်တာတွေဟုတ်?
ဒါပေမဲ့ အခုဒီလိုလူတွေတကယ်ရှိပြီး တကယ့်အဖြစ်အပျက်ဖြစ်သောကြောင့် ထူးခြားသည်။ ရုပ်ရှင်မဆန်ဘဲ အဖြစ်မှန်အတိုင်းဖြစ်နေသည်။
အထူးသဖြင့် Mike နှင့် Dominica ပင်။ ဒီလိုလူတွေက ဒီစီရင်စုသေးသေးလေးမှာလာကြိုးစားကြတာ မယုံနိုင်စရာ။
မဖြစ်နိုင်။
ရုံချန်းထောင်_
မကြာမီ တရားစီရင်မှုစတင်သည်။
မာဟုန်ကိုယ်တိုင် သူ့လူများနှင့် Dominica တို့ကိုစောင့်ကြပ်သည်။
ဒီလူတွေရဲ့အင်အားကို သူတို့ကောင်းကောင်းသိသည်။ သာမန်ရဲအရာရှိကြီးကြပ်ရင် လွတ်ကောင်းလွတ်သွားနိုင်သည်။
ထောင်အစောင့်တချို့ကဝင်ဝင်ချင်း သူတို့လက်*နက်များနှင့် Mike တို့ကိုချိန်ထားသည်။ တချို့ကမူ Mike၊ Dominica၊ Chris တို့နားသွားပြီး လက်ထိပ်နှင့်ခတ်သည်။ သံလုံးများတွဲသည်။
ဒီလိုဆိုရင် လွတ်မြောက်ဖို့အခွင့်အရေးမရှိရုံမက၊ လှုပ်တောင်မလှုပ်နိုင်။
"ခင်ဗျားတို့အားလုံး ကျွန်တော်တို့နဲ့ပူးပေါင်းပေးပါ!''
ထောင်အစောင့်တစ်ယောက်က အော်သည်_
"ဒီနေ့ ရုံချန်းတရားရုံးမှာ ခင်ဗျားတို့ကောင်တွေကို တရားစီရင်မယ်''
ကြွက်ကြီးက မျှော်လင့်စောင့်စားနေသည်။
သူက ရှန်ကျန်းမှာနာမည်ကြီးသော်လည်း ဒီဓားပြတွေနှင့်ယှဉ်ရင် ဘာမှမဟုတ်။ ဒီနိုင်ငံတကာဓားပြတွေနှင့်အတူ တရားစီရင်ခံရခြင်းက နာမည်ကြီးမည့်အခွင့်အရေးဖြစ်လာနိုင်သည်။
သူတသက်တကျွန်းထောင်ကျနိုင်သော်လည်း နောက်နောင် Mike တို့လိုနိုင်ငံတကာသူခိုးများအကြောင်းပြောလျှင် သူလည်းပါလာမည်။ အနည်းဆုံး အမှောင်လောကတွင် သူဆိုသောကြွက်ကြီးပါ သမိုင်းတွင်ကျန်သွားမည်။
ထောင်အစောင့်များကလက်ထိပ်ခတ်ပြီး သံလုံးများတွဲသောအခါ ကြွက်ကြီးကလိုလိုလားလားပူးပေါင်းပေးသည်။
"သူ့ကိုခေါ်စရာမလိုဘူး!''
မာဟုန်က သူ့ကိုတစ်ချက်ကြည့်ပြီးပြောသည်။
"ကျွတ် ကျွတ်!''
ကြွက်ကြီးကြောင်သွားသည်။
သူ့ခြေတွေလက်တွေတောင် ဆန့်ထုတ်ပေးထားတာ။
ဒါက ဘာသဘောလဲ?
သူ့ကိုအထင်သေးတာလား?
မာဟုန်လုပ်ပုံက သူ့ကိုအထင်သေးကြောင်းသက်သေပြနေသည်။ သူက Mike တို့ကိုခေါ်ထုတ်သွားနှင့်ပြီ။
ကြွက်ကြီးတုံ့ပြန်ချိန်မရလိုက်ဘဲ ထောင်သံတံခါးက ဘမ်းခနဲပိတ်သွား၏။
ကြွက်ကြီးက ထောင်အလွတ်ကိုကြည့်ရင်း ရုတ်တရက်ကြောင်သွားသည်။ ပြောရခက်သောဆုံးရှုံးမှုဝေဒနာတစ်ခုက သူ့တစ်ကိုယ်လုံးပြန့်နှံ့သွား၏။
ထို့နောက် သူစပြီးပူပန်လာသည်။ Mike တို့ကိုခေါ်သွားပြီး ပြန်မလာတော့ရင်ရော?
မလုပ်နဲ့!
Mike နှင့် Dominica တို့က ကားထဲထိုင်နေသော်လည်း သူတို့အကြည့်က လုံခြုံရေးယူနီဖောင်းဝတ်ထားသောမာဟုန်တို့အပေါ်သာရောက်နေသည်။
မာဟုန်တို့က လုံခြုံရေးဝန်ထမ်းမှဟုတ်ရဲ့လားဟု သံသယဖြစ်လာသည်။ လုံခြုံရေးဝန်ထမ်းဆိုရင် ထောင်စောင့်တွေက သူတို့အမိန့်နာခံဖို့မပြောနှင့်၊ အကျောခံမှာတောင်မဟုတ်။
သူတို့က ဘယ်သူတွေလဲ?
Dominica၊ Chris နှင့် Quelda က ကျွမ်းလုံနှင့်လီရှန်ကိုတဖန်ပြန်ကြည့်လိုက်သည်။ ဒီနှစ်ယောက်၏အင်အားကို သူတို့မှတ်မှတ်ရရရှိနေသည်။
အရှေ့တိုင်းမှာဒီလောက်ကြောက်စရာကောင်းတဲ့သူမျိုး ဘယ်လိုလုပ်ရှိနေတာလဲ?
ဒီနှစ်ယောက်ရှေ့မှာ သူတို့ကိုယ်သူတို့ ကြက်ပေါက်လေးလိုခံစားရသည်။
ကျွမ်းလုံနှင့်လီရှန်က သူတို့အကြည့်ကိုသတိထားမိပြီး သူတို့ကိုပြန်ကြည့်လိုက်သည်။