အခန်း ၁၄၆၂
Vol. 98 Ch. 1462
အခန်း ၁၄၆၂: တားမြစ်ဇုံ ရုံချန်း? ၃
ရုံချန်းတရားရုံးက အလွန်သေးပြီး နည်းနည်းတောင်ခေါင်သည်။
ပုံမှန်အတိုင်းဆို တရားရုံးကအမှုကို ဘယ်သူမှအာရုံမစိုက်ကြ။ တရားခံနှင့်တရားလိုနှစ်ဦးသာ ရုံးလာတက်ပြီး တစ်ခါတလေ ရှေ့နေတောင်မပါချေ။
သို့သော် ဒီနေ့က မတူ။
တရားရုံးဝင်ပေါက်မှာ ဝိုင်းအုံနေသည်။ အများစုက သတင်းထောက်များဖြစ်ပြီး တချို့က လာစပ်စုသူများပင်။
Mike၊ Dominica တို့ကို ကားအပြင်ထုတ်လာသောအခါ အားလုံးက အသည်းအသန်ဓာတ်ပုံဝိုင်းရိုက်ကြသည်။
အခု ဒီလူတွေအားလုံးက စီရင်စုသေးသေးလေးမှာလာကြိုးစားပြီး အကုန်အဖမ်းခံရသည်။ ဖြစ်တောင့်ဖြစ်ခဲအဖြစ်အပျက်ပင်။
ဒီလိုလူမျိုး သူတို့တွေ့ချင်ရင်တောင်မတွေ့ရ။
Mike နှင့် Dominica တို့က ခေါင်းငုံ့ထားကြသည်။ အလုပ်လုပ်ရင်း အဖမ်းခံရမည်ဟုတွေးဖူးသော်လည်း FBI၊ နိုင်ငံတကာရဲဌာနချုပ် ဒါမှမဟုတ် အကြီးဆုံးနိုင်ငံတကာတရားရုံးကြီးမှာဖြစ်မည်ဟုသာထင်ထားသည်။ ဒီလိုစီရင်စုသေးသေးလေးမဟုတ်။
ထိုသတင်းနှင့်ဗီဒီယိုက လျင်မြန်စွာပြန့်သွားသည်။ ဒီတစ်ကြိမ်တွင် နိုင်ငံတကာသူခိုးများ၏ပုံပန်းသဏ္ဍာန်ကို အားလုံးသိသွားကြသည်။
အထူးသဖြင့် နိုင်ငံခြားသို့ သတင်း၊ဗီဒီယိုများအရင်ပြန့်သွားသည်။
ထိုသူခိုးဓားပြများက နိုင်ငံခြားမှာပြဿနာရှာရင်း နာမည်ကြီးလာသူများဖြစ်သည်။ FBI နှင့်နိုင်ငံတကာရဲများကိုပြစ်တင်ဝေဖန်သောနိုင်ငံခြားပြည်သူများစွာရှိသည်။
အထူးသဖြင့် အမေရိကပင်။ ဒီသူခိုးကြီးတွေက FBI ကိုတောင်လှည့်စားနိုင်ပြီး အလိုရှိစာရင်းဝင်တာကြာပြီဖြစ်ကြောင်း ပြည်သူများသိကြသည်။ FBI က ဘာမှမတတ်နိုင်သောကြောင့် FBI ကိုပြစ်တင်ပြောဆိုနေကြသည်။
တချို့က 'FBI ဘာမှမလုပ်၊ အရှေ့တိုင်းစီရင်စုကရဲတွေလောက်တောင် အသုံးမကျ' ဟု ဆန္ဒပြကြသည်။
မဟုတ်ရင် FBI ရဲတွေဘာမှမလုပ်ဘဲယောင်ချာချာဖြစ်နေချိန်မှာ စီရင်စုငယ်လေးရဲ့ရဲတွေက ဒီသူခိုးဓားပြတွေကိုဘယ်လိုလုပ်ဖမ်းမိမလဲ?
ယောင်ချာချာ FBI!
အတော်များများက Dominica တို့နှင့်ရင်ဆိုင်ဖူးသောကြောင့် သူတို့ဘယ်လောက်စွမ်းမှန်းသိကြသည်။
သူတို့ကဘယ်လိုလုပ်ပြီး အရှေ့တိုင်းစီရင်စုငယ်လေးကရဲတွေလက်ထဲမှာဖမ်းမိတာလဲ?
ဒီကောင်တွေ သရုပ်ဆောင်နေကြတာလား?
Carlton၊ Frey နှင့် Hober တို့လိုသူဌေးများလည်း သတင်းတွေ့ပြီးကြောင်သွားသည်။
အထူးသဖြင့် Carlton ပင်။ သူက သတင်းတွေ့တွေ့ချင်း ထေ့ငေါ့ပြောသည်_
"ပြောတော့ Dominica က ကမ္ဘာ့နံပါတ်တစ်အမဲလိုက်သူဆို? ဒီလိုပဲလား?''
သူ့လူတွေမှာ ပြန်တောင်မပြောဝံ့။ Dominica တို့ ဒီလောက်မြန်မြန်အဖမ်းခံရမည်ဟုမထင်မိပေ။ အထူးသဖြင့် FBI ရုံးခွဲတစ်ခုကိုတိုက်ခိုက်ဖူးသောကြောင့်ပင်။
"သူဌေး.. ကျွန်တော်တို့အခုဘယ်လိုလုပ်ကြမလဲ?''
တပည့်တစ်ယောက်က Carlton ကိုမေးသည်။
"လူထပ်ရှာ.. ဒီတစ်ခါ ပိုစိတ်ချရတဲ့လူတွေရှာစမ်း''
Carlton က စိတ်ပျက်ပျက်နှင့်ပြောသည်။
"Shaw ဆိုတဲ့လူရှိတယ်''
တပည့်က တန်းပြောသည်_
"သူကအရမ်းတော်တယ်တဲ့... Dominica တောင် သူ့ကိုသုံးလေးကြိမ်ရှုံးဖူးတယ်''
"သူ့ကိုရှာကြ''
Carlton ကပြောသည်_
"အရင်အတိုင်းပဲ''
တပည့်ကချက်ချင်း သက်လတ်ပိုင်းလူကိုဆက်သွယ်သည်။ ထို့နောက် Shaw...
သို့သော် ခဏအကြာ သက်လတ်ပိုင်းလူဆီမှဖုန်းရပြီး တပည့်မျက်နှာပျက်သွားသည်_
"သူဌေး.. Shaw က အရှေ့တိုင်းသွားရမယ်ဆိုတာနဲ့ တန်းငြင်းလိုက်တယ်တဲ့... ပြီးတော့ ဟိုလူကလည်းပြောတယ်... အရှေ့တိုင်းမစ်ရှင်အတွက်ဆို သူတို့ကိုမရှာပါနဲ့တဲ့... အခုဘယ်သူမှလက်မခံကြဘူး''
ထိုသတင်းကြောင့် Carlton က တန်းဆဲလိုက်သည်_
"သော*က်!''
တဖက်တွင် ထိပ်ပြောင်ပြောင်နှင့်လူက TV မှစီရင်ချက်သတင်းကိုကြည့်နေသည်။ သူ့ဖုန်းကိုလည်း ဆိုဖာပေါ်ပစ်ချထားသည်။
Shaw က သတင်းကြည်ရင်း ရေရွတ်လိုက်၏_
"အရှေ့တိုင်းက အရမ်းကြောက်စရာကောင်းတာပဲ... Dominica တို့တောင် ဒီလိုအဆုံးသတ်သွားတာ... တကယ်ကြောက်စရာကောင်းတဲ့ပုံပဲ''
Dominica နှင့် Mike တို့ကိုစီရင်ချက်ကြောင့် တစ်ကမ္ဘာလုံးလှုပ်ခတ်သွားပြီး ရုံချန်းကပိုနာမည်ကြီးသွားသည်ဟုဆိုရမည်။
သူခိုးဓားပြများက ရုံချန်းကိုတားမြစ်ဇုံအဖြစ်တောင်သတ်မှတ်ထားသည်။
ဘာပဲဖြစ်ဖြစ် Dominica နှင့် Mike တို့ကိုသိသူတိုင်း သူတို့အားလုံးတပြိုင်တည်းအဖမ်းခံရတာ ဘယ်လောက်ကြောက်စရာကောင်းမှန်းသိကြသည်။