← Chapters

အခန်း ၁၄၆၃

Vol. 98 Ch. 1463

အခန်း ၁၄၆၃

Vol. 98 Ch. 1463

အခန်း ၁၄၆၃: အထူးဒီဇိုင်း!

ရုံချန်း၏သူခိုးဓားပြများစီရင်ချက်သတင်းက ရေပန်းအစားဆုံးဖြစ်လာသည်။

Mike၊ Dominica တို့ကိုတစ်သက်တကျွန်းထောင်ချခံရပြီး သူတို့တစ်ဘဝလုံး ရုံချန်းအကျဉ်းထောင်မှာနေရတော့မည်။

ပြည်တွင်းဥပဒေအရ ဒီလူတွေအပြစ်က သေဒဏ်ချရမည်။

သေဒဏ်မပေးရသောအကြောင်းရင်းလည်းရှိသည်။

ဘာပဲဖြစ်ဖြစ် ဒီလူတွေက အတိုင်းအတာတစ်ခုအထိအရည်အချင်းရှိကြသည်။

သူတို့ကိုအသုံးချရင်ရော?

အသုံးချရင်လည်း ထိန်းချုပ်နည်းပါရှိရမည်။

ဒါတွေအားလုံး မာဟုန်ဆီမှ ချင်လင်သိရသည်။

နောက်ပြီး နိုင်ငံအားလုံးမှာ ဒီလိုလုပ်ကြသည်။ ဥပမာ Chris က အမေရိကန်အစိုးရနှင့်အပေးအယူလုပ်ထားသည်။ သူတို့မစ်ရှင်ကိုဆောင်ရွက်ပေးပြီး FBI အလိုရှိစာရင်းမှပယ်ဖျက်ခိုင်းသည်။ ထို့ကြောင့် အမေရိကမှာနေနိုင်ခြင်းပင်။

ရုံချန်းအကျဉ်းထောင်တွင် နိုင်ငံတကာသူခိုးဓားပြများစွာထိန်းသိမ်းထားသောကြောင့် ကြည့်ချင်စရာဖြစ်နေသည်။ အားယားနေသူများက ရုံချန်းသို့တကူးတကကားမောင်းလာပြီး ဓာတ်ပုံရိုက်ကာပြန်ကြသည်။

ချင်လင်က အာရုံမစိုက်တော့။

အပြင်လူများအဖို့ Mike တို့က နိုင်ငံတကာသူခိုးများဖြစ်သော်လည်း သူ့အတွက်တော့ ငါးမြောက်ငါးခြောက်သာ။

ဘာပဲဖြစ်ဖြစ် ကျွမ်းလုံနှင့်လီရှန်ကိုတောင် သူတို့မနိုင်။

သူ့ကိုက ကျွမ်းလုံနှင့်လီရှန်နှစ်ယောက်ပေါင်းရင်တောင်မနိုင်သေး။

စွမ်းအားပင်အသီးနှစ်လုံးအာနိသင်က နောက်စရာမဟုတ်ပေ။

ချင်လင်က ရုံးခန်းထဲဝင်ထိုင်လိုက်သည်။ သူ့စိတ်ထဲမှဂိမ်းကိုကြည့်ပြီး သူ့ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားတူးစေသည်။

ရေကန်သတ္တုတွင်းမှာသိပ်မတူးရသေးသောကြောင့် အလွှာဘယ်လောက်ကျန်မည်သူမသိ။

ဒီနေ့ အလွှာရှိသလောက်တူးပစ်မည်ဟု သူစိတ်ကူးလိုက်သည်။

ငွေပေါက်ပြားသုံးပြီး သူ့ရှေ့မှမြေကွက် ၄ ကွက်ကို တပြိုင်တည်းတူးနိုင်သည်။ ထိုအရှိန်ကပိုမြန်သောကြောင့် မြန်မြန်ဆန်ဆန်နှစ်လွှာတူးပြီးသွားသည်။

ဖြစ်ချင်တော့ ကမ္ဘာ့စမ်းရေနှင့်အထူးမြေကြီးသာရသည်။ တခြားဘာမှမတွေ့။

တတိယလွှာတူးရင်း တဝက်တပျက်ရောက်သောအခါ မထင်ထားသောအရာတစ်ခုတူးဖော်ရရှိလိုက်သည်။

(ဂုဏ်ယူပါတယ်... အထူးရှေးဟောင်းဆိုင်ချာလုံတူးဖော်ရရှိပါတယ်!)

ထိုစာနှင့်အတူ ဂိမ်းထဲတွင် အရိုးကာတွန်းပုံထွက်လာသည်။ ပြူးတူးကြောင်တောင်ဆိုင်ချာလုံဒိုင်နိုဆောပုံလည်းထွက်လာသည်။

ထို့နောက် ဆိုင်ချာလုံရေထဲကျပုံ၊ ရေနစ်ပုံ၊ သတ္တုတွင်းမှာသောင်တင်ပုံတွေ့ရသည်။

ကြည့်ရတာ အရင်ဒိုင်နိုဆောရိုးလို ရေထဲမှာသေသလား၊ ဒါမှမဟုတ် ရေကြီးပြီးပါလာသလား? တစ်လှေတည်းစီး ညီအစ်ကိုများပင်။

ဆိုင်ချာလုံက အရင်ဒိုင်နိုဆောလိုအရည်အသွေးမျိုးရှိပြီး မျိုးစိတ်ထုတ်ယူနိုင်လောက်သည်ဟု ချင်လင်တွေးမိသည်။

ထိုသို့တွေးပြီး သူ့ဂိမ်းဇာတ်ကောင်အား ထိုအလွှာတူးပြီး နောက်တစ်လွှာဆက်တူးစေသည်။

သို့သော် ဒီတစ်ကြိမ်တွင် စာတက်လာသည်:

(အဆင့်ကန့်သတ်ချက်။ နောက်တစ်လွှာမဝင်နိုင်ပါ!)

ထို့ကြောင့် ချင်လင်ကလက်လျှော့ပြီး ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေသည်။ ဒီအဆင့်တွင် ရေကန်သတ္တုတွင်းက ၆၅ လွှာအထိသာပွင့်သည်။

စိုက်ပျိုးရေးခြံထဲပြန်ပြီးနောက် ချင်လင်က ရုံးခန်းတံခါးလော့ချကာ အတွေးနှင့်ရုံးခန်းထဲမှပျောက်သွားသည်။ ဂိမ်းခြံထဲပေါ်လာသောအခါ ဆိုင်ချာလုံအရိုးမှတ်ချက်ကိုကြည့်လိုက်သည်။

(အထူးရှေးဟောင်းဆိုင်ချာလုံရိုး: အထူး!)

(အထူးဒိုင်နိုဆောအရိုးဖြစ်သည်။ ရှေးခေတ်အကြွင်းအကျန်ဖြစ်မည်။ အကြောင်းရင်းမသိရသော်လည်း ဆိုင်ချာလုံမျိုးစိတ်ပါသောအရိုးဖြစ်သည်။

အထူးအာနိသင်: မျိုးစိတ်ကိုသုတေသနလုပ်ပြီး ရှေးခေတ်အသီးအရွက်စားဆိုင်ချာမျိုးပေါက်နိုင်ခြေရှိသည်။)

အရိုးမှတ်ချက်ဖတ်ပြီးနောက် အရင်ဒိုင်နိုဆောအရိုးနှင့်တထပ်တည်းတူမှန်း ချင်လင်သိလိုက်သည်။

အခုသူ့မှာ မျိုးစိတ်ထုတ်နိုင်သောဒိုင်နိုဆောအရိုးနှစ်ရိုးရှိသည်။

မျိုးစိတ်ထုတ်နိုင်ရင် ဒီဒိုင်နိုဆောနှစ်မျိုးကိုလေ့လာပြီးပျိုးထောင်ကြည့်နိုင်သည်။

ဖြစ်ချင်တော့ သူဒီအပိုင်းမှာ ဘာဗဟုသုတမှမရှိ။ အံ့ဖွယ်ကျောက်စာလည်းမရှိ။

ချင်လင်က ဂိမ်းထဲမှထွက်ပြီး ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်စာကြည့်တိုက်သွားစေသည်။ ဇာတ်ကွက်ရှိမရှိ၊ အံ့ဖွယ်ကျောက်စာရမရ၊ သူကံစမ်းကြည့်ချင်သည်။

အံ့ဖွယ်ကျောက်စာသာရှိရင် အရိုးနှစ်မျိုးမှမျိုးစိတ်ထုတ်နိုင်မည်။

ဖြစ်ချင်တော့ ဂိမ်းဇာတ်ကောင် စာကြည့်တိုက်ရောက်သောအခါ အားလုံးကဒီအတိုင်းပင်။ ပဟေဠိဖြေစရာမရှိချေ။

ချင်လင် သက်ပြင်းချလိုက်သည်။

သူအံ့ဖွယ်ကျောက်စာကိုတောက်လျှောက်စောင့်ခဲ့သော်လည်း ထွက်မလာသေး။

သူ့ဂိမ်းဇာတ်ကောင်ကို ဒီအတိုင်းသာလျှောက်သွားခိုင်းရသည်။

ဘာမှလုပ်စရာမရှိဘဲ ခြေဦးတည့်ရာလျှောက်သွားပြီး ကံကောင်းထောက်မ၍ ဇာတ်ကွက်တာဝန်ကြုံလိုကြုံငြား မျှော်လင့်နေသည်။

သို့ရာတွင် သတ္တုမြို့တော်တစ်မြို့လုံးပတ်ပြီးသော်လည်း ဘာဇာတ်ကွက်မှမတွေ့ရသောကြောင့် သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံသာပြန်လာစေသည်။

သို့သော် ခြံထဲပြန်ရောက်ပြီး TV ဖွင့်ကြည့်လိုက်သောအခါ ထင်မှတ်မထားသောအံ့ဩစရာကိုတွေ့ရသည်။

TV မှာ မိုးလေဝသအစီအစဉ်မဟုတ်တော့ လေလံပွဲဖြစ်နေသည်။

(ဟယ်လို အားလုံးပဲ ပြန်ဆုံပြီနော်... ဒီတစ်ခါ အရမ်းထူးခြားတဲ့လေလံပွဲပါ... ကမ္ဘာ့နံပါတ်တစ်ဆောက်လုပ်ရေးဒီဇိုင်းဆရာက အားလုံးအတွက်နည်းပညာဒီဇိုင်းပန်းခြံကို အခမဲ့ဒီဇိုင်းဆင်ပေးမှာပါ!)

ချင်လင်ကအမှတ်တမဲ့ ချင်းလင်ရှုမျှော်ခင်းတွင်ဆောက်မည့်နည်းပညာပန်းခြံကိုတွေးမိသည်။

နောင်ကျရင် Optimus Prime နှင့် Megatron ကို ထိုနေရာမှာထားမည်။ သူသုံးလေးရုပ်ထပ်လုပ်နိုင်သည်။ ရှေ့လျှောက် မှင်စာနည်းပညာထပ်ရခဲ့ရင်လည်း ထိုနေရာမှာထားမည်။

All Chapters