← Chapters

အခန်း ၁၄၆၄

Vol. 98 Ch. 1464

အခန်း ၁၄၆၄

Vol. 98 Ch. 1464

အခန်း ၁၄၆၄: အထူးဒီဇိုင်း! ၂

ဒိုင်နိုဆောတွေကိုအောင်အောင်မြင်မြင်မွေးမြူနိုင်ရင်လည်း ထိုထဲမှာထားမည်။

ချင်းလင်ရှုမျှော်ခင်းက မြေဧက ၁၀၀၀၀ စာချုပ်ချုပ်ထားသည်။

ထို ၁၀၀၀၀ မှာ အခြေခံအထောက်အပံ့ပစ္စည်းများလိုအပ်ပြီး နည်းပညာစတိုင်ဖြစ်ရမည်။ ဒီလိုမှသာ ရှေးခေတ်ရှုမျှော်ခင်းနှင့်ခွဲခြားနိုင်မည်။

အခုရုံချန်းဆောက်လုပ်ရေးကလူများ အကွက်ထဲဝင်ပြီး မြေအနေအထားစူးစမ်းနေပြီဖြစ်သည်။ မြေအနေအထားကိုစူးစမ်းပြီး ဒီဇိုင်နာအား ဆောက်လုပ်မည့်ပုံဆွဲခိုင်းရမည်။

ဒါပေမဲ့ ဂိမ်းထဲကအတော်ဆုံးဒီဇိုင်နာကို အပြင်ကဒီဇိုင်နာတွေမယှဉ်နိုင်လောက်ဘူးမလား?

ဒီဂိမ်းဒီဇိုင်းမှာ အထူးဂိမ်းအရည်အသွေးများရှိလိမ့်မည်။

ထိုသို့တွေးပြီး ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား TV လေလံဝင်ဆွဲစေသည်။

သူ့မှာရွှေပြားအများကြီးရှိသည်။ NPC တွေ သူ့ကိုလုံးဝအနိုင်မရနိုင်သောကြောင့် သူသာလျှင် နောက်ဆုံးအနိုင်ရရှိသူဖြစ်မည်။

(လေလံအနိုင်ရသည့်အတွက်ဂုဏ်ယူပါတယ်... ဒီဇိုင်နာက သင့်ကိုဆက်သွယ်ပါလိမ့်မယ်!)

ခဏအကြာ TV တွင် ပုံရိပ်တစ်ခုပေါ်လာသည်။ ဖက်ရှင်ကျကျဝတ်စားထားသောဒီဇိုင်နာတစ်ဦးပင်။

ထို့နောက် စကားပြောတက်လာသည်!

(ဒီဇိုင်းဆွဲခွင့်ရတဲ့အတွက်ဂုဏ်ယူပါတယ်... ဒီမတိုင်ခင် သက်ဆိုင်ရာတောင်တန်းနဲ့မြေအနေအထားပုံပေးရပါမယ်!)

ထိုစာဖတ်ပြီး ချင်လင်ကဖုန်းထုတ်ကာ လင်းလန်ဇီကိုဆက်လိုက်သည်။

သူ့မှာ မြေအနေအထား ဒါမှမဟုတ် တောင်တန်းပုံမရှိ။

ရုံချန်းပထမက မြေအနေအထားကြည့်ပြီးလောက်ပြီ။ ဒီတော့ မြေပုံပို့ခိုင်းလိုက်ရုံသာ။

ရုံချန်းဆောက်လုပ်ရေးဒီဇိုင်းဆွဲသူလည်း ဒီဇိုင်းဆွဲရန် ဒီပုံကြမ်းကိုလိုလိမ့်မည်။

ဖုန်းဝင်ဝင်ချင်း လင်းလန်ဇီကတန်းမေးသည်_

"ဥက္ကဌချင်.. ဘာညွှန်ကြားစရာရှိလဲ?''

ချင်လင်က လိုရင်းတန်း​ပြောလိုက်သည်_

"ရုံချန်းပထမဆောက်လုပ်ရေးကို ကျွန်တော်တို့နည်းပညာပန်းခြံအသစ်ရဲ့မြေအနေအထားပုံပို့ခိုင်းလိုက်ပါ''

လင်းလန်ဇီက ဇဝေဇဝါနှင့်_

"ဥက္ကဌချင်.. ဘယ်လိုလုပ်ချင်လို့လဲ? ရုံချန်းပထမက ဒီဇိုင်းမပြီးသေးဘူး... ဒါပေမဲ့ ပြီးပြီးချင်း ပို့ပေးမယ်တဲ့!''

"ကျွန်တော့်ဘာသာဒီဇိုင်းဆွဲကြည့်ချင်တာ... အခုတလော အဲဒီအပိုင်းကိုစိတ်ဝင်စားနေလို့!''

ချင်လင်က ရှင်းပြသည်။

"အာ''

လင်းလန်ဇီ ချက်ချင်းဘာပြန်ဖြေရမည်မသိ။

သူဌေးက စိတ်ကူးပေါက်တိုင်းလုပ်တတ်သူဟု သူမထင်သည်။ အချက်အပြုတ်၊ သားရဲတိရစ္ဆာန်မွေး၊ မြင်းစီး... သူလုပ်ချင်တာလုပ်နိုင်သည်။ သူစိတ်ဝင်စားတိုင်း လုပ်ကြည့်နေသလိုပင်။

အခု ဒီဇိုင်းအကြောင်းစဉ်းစားနေပြန်ပြီ။

သူဌေးကဒီအပိုင်းမှာအတွေ့အကြုံမရှိမှန်း သူမသိသည်။ ဒီအကြံကိုစိတ်ကူးပေါက်လာခြင်းဖြစ်မည်။

သို့သော် သူဌေးကပြောမှတော့ လိုက်နာရတော့မည်။ ထို့နောက် ရုံချန်းပထမမှကျုံးမင်ကိုဖုန်းဆက်လိုက်သည်။

ရုံချန်းပထမဆောက်လုပ်ရေးတာဝန်ခံဖြစ်သောကျုံးမင်က အလွန်အလုပ်များသည်။

သို့သော် လင်းလန်ဇီဖုန်းဆက်သောကြောင့် ချက်ချင်းဖုန်းကိုင်လိုက်၏။

ချင်းလင်ရှုမျှော်ခင်း၏နည်းပညာပန်းခြံဆောက်လုပ်ရေးက ရုံချန်းခရိုင်အသစ်ဆောက်လုပ်ရေးပရောဂျက်လောက်မကောင်းသော်လည်း နာမည်ကြီးသည်။

အောင်မြင်ရင် ခရီးသည်တွေအများကြီးလာရောက်လည်ပတ်ပြီး ရုံချန်းပထမအတွက်အကောင်းဆုံးကြော်ငြာဖြစ်သွားမည်။

"ဥက္ကဌလင်း.. ဘာညွှန်ကြားစရာရှိပါသလဲ?''

ကျုံးမင်ကဖုန်းကိုင်ပြီး တန်းမေးလိုက်သည်။

လင်းလန်ဇီကပြုံးပြီး_

"မစ္စတာကျုံး.. ရုံချန်းဆောက်လုပ်ရေးက မြေအနေအထားပုံစံပို့ပေးလို့ရမလား? အခုတလော ဥက္ကဌချင်က ဒီဇိုင်းဆွဲချင်လို့တဲ့... သူ့ဘာသာသူဆွဲကြည့်ချင်တာ''

"သူဌေးချင်က ဒီဇိုင်းဆွဲမယ်?''

ကျုံးမင်ကြောင်သွားသည်။

သူဌေးချင်က အလုပ်မယ်မယ်ရရမရှိဘဲ လျှောက်လုပ်တတ်မှန်း သူသိသည်။ ဟိုဟာလုပ်၊ဒီဟာလုပ်နှင့် လုပ်သမျှအလွန်ကောင်းသည်။ အခုဒီဇိုင်းဆွဲချင်မည်ဟုမထင်မိ။

လင်းလန်ဇီ_

"ဥက္ကဌကျုံး.. ဥက္ကဌချင်က ရှင်တို့ကိုအဲဒီဒီဇိုင်းပေးကြည့်ရင်ကြည့်ဦးမှာ... သူ့ကိုမျက်နှာသာပေးရမယ်နော်''

"မပူပါနဲ့.. ကျွန်တော်နားလည်ပါတယ်''

ကျုံးမင်ကပြုံးပြီးပြောသည်။

နှစ်ယောက်သား အလိုက်တသိနားလည်ပုံရသည်။

ထိုတောင်းဆိုချက်ကို ကျုံးမင်ကမငြင်းဘဲ လင်းလန်ဇီအား ပုံကြမ်းတန်းပေးလိုက်သည်။

လင်းလန်ဇီလည်း ပုံကြမ်းရသောအခါ ချင်လင်ဆီပြန်ပို့သည်။

ချင်လင်ကပုံကြမ်းရသည်နှင့် ဂိမ်းထဲအမြန်ဆုံးဝင်သည်။ ပုံကြမ်းထားပြီးနောက် ပြန်ထွက်လာ၏။

(မြေအနေအထားပုံကြည့်ပြီးပါပြီ... အခုချက်ချင်း ဒီဇိုင်းစဆွဲပါမယ်... ပြီးရင် ဒီဇိုင်းကို အီးမေးလ်နဲ့ပို့ပေးလိုက်ပါမယ်!)

နောက်တစ်ဆင့်က ဒီဇိုင်းစောင့်ရုံသာ။

ဂိမ်းအချိန်အချိုးအစားအရ နောက်နေ့တွင် ချင်လင်အသိပေးစာရသည်:

(အီးမေးလ်ရောက်ပါပြီ!)

ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်အား ဒီဇိုင်းယူခိုင်းသည်။ ဒီဇိုင်းပဲဖြစ်မည်။

လက်မှတ်ထိုးပြီးနောက် ဂိမ်းဇာတ်ကောင်လက်ထဲတွင် 'မေးလ်'ဟူသောစာလုံးနှင့် ပစ္စည်းတစ်ခုပေါ်လာသည်။

သူကအတွေးနှင့် ဂိမ်းထဲဝင်လိုက်သည်။

ဂိမ်းဇာတ်ကောင်နေရာအစားဝင်ပြီးနောက် တကယ့်မြင်ကွင်းများဖြစ်သွားပြီး သူ့လက်ထဲတွင်ပါဆယ်တစ်ထုပ်တွေ့ရသည်။ သူကချက်ချင်းဖွင့်ကြည့်လိုက်သည်။

ဒီဇိုင်းပင်။

နောက်ပြီး ဒီဇိုင်းအစီအစဉ်က အလွန်အသေးစိတ်သည်။ သိပ္ပံနှင့်နည်းပညာပန်းခြံတစ်ခုလုံး၏အထောက်အပံ့လိုအပ်ချက်များပါသည်။

ဒီဇိုင်းအစီအစဉ်ကိုကြည့်ရုံနှင့်တင် ဒီသိပ္ပံနည်းပညာဆောက်လုပ်ရေးပန်းခြံက အလွန်အံ့ဩစရာကောင်းမည်မှန်း သူသိသည်။

ထို့အပြင် ဒီဇိုင်းအစီအစဉ်ပုံကြမ်းအရ ရှုမျှော်ခင်းမှစာချုပ်ချုပ်ထားသောမြေကွက်ဖြစ်ကြောင်းတွေ့ရသည်။

ဒီဇိုင်းမှတ်ချက်များကိုကြည့်ပြီး အထူးအရည်အသွေးအမှန်တကယ်ရှိနေသောကြောင့် သူအံ့ဩသွားသည်:

(အထူးနည်းပညာပန်းခြံဒီဇိုင်းအစီအစဉ်: အထူး!)

(ဂိမ်းလောကနံပါတ်တစ်ဆောက်လုပ်ရေးဒီဇိုင်နာဆွဲထားသောဒီဇိုင်းဖြစ်သည်။ ပုံကြမ်းအရဒီဇိုင်းဆွဲပြီး ဒီဇိုင်းဖွဲ့စည်းပုံအတိုင်း ၈၀% ဆောက်လုပ်နိုင်ရင် သိပ္ပံနည်းပညာပန်းခြံတစ်ခုလုံးကို အထူးအရည်အသွေးနှင့်ပုံပြောင်းပေးနိုင်သည်:

နည်းပညာခံစားမှု +၂၊ အံ့ဩစရာနည်းပညာ +၂၊ သိပ္ပံသုတေသီများနည်းပညာစိတ်ကူးရခြင်း +၁၊ နည်းပညာအဆင့် +၁၊ နည်းပညာအငွေ့အသက် +၂)

မှတ်ချက်ကြည့်ပြီး ချင်လင်နည်းနည်းအံ့သြသွားသည်။

ဒီလိုတောင်လား?

အဓိပ္ပါယ်ကို သူသဘောပေါက်သည်။ နည်းပညာပန်းခြံကို ဒီဇိုင်းအစီအစဉ်အတိုင်း ၈၀% တူအောင်ဆောက်နိုင်ရင် အထူးအရည်အသွေးများရှိသောနည်းပညာပန်းခြံအဖြစ်ပုံပြောင်းနိုင်မည်။

နည်းပညာခံစားမှု +၂၊ အံ့ဩစရာနည်းပညာ +၂၊ စိတ်ကူးယဉ်သိပ္ပံ ဒါတွေအားလုံး သူနားလည်သည်။ ဘာပဲဖြစ်ဖြစ် နည်းပညာပန်းခြံမှာ ဒီလိုအရည်အသွေးမျိုးရှိရမည်။

လူတွေအံ့ဩအောင်မလုပ်နိုင်ရင်၊ သိပ္ပံနည်းပညာခံစားချက်မျိုးမပေးနိုင်ရင် သိပ္ပံနည်းပညာပန်းခြံဖြစ်မည်မဟုတ်။

နည်းပညာအငွေ့အသက် +၂ ကိုတောင် သူနားလည်နိုင်သည်။

နည်းပညာပန်းခြံမှာ နည်းပညာများပြည့်နေမည်။ ဒီလိုနေရာမျိုးက နည်းပညာအငွေ့အသက်ပေးနိုင်တာလက်ခံသည်။

သို့သော် သိပ္ပံသုတေသီများနည်းပညာစိတ်ကူးရခြင်း +၁ နှင့် နည်းပညာအဆင့် +၁ က နည်းနည်းနားလည်ရခက်သည်။

ဒါက ဘာအဓိပ္ပါယ်လဲ?

မျောကျောက်လိုအာနိသင်မျိုးရှိတာလား?

ဆောက်လုပ်ရေးပြီးရင် ဒီအရည်အသွေးအတိုင်းရှိဦးမလား သူမပြောနိုင်။

ဒီလိုသာဆို အရမ်းအံ့ဩစရာကောင်းမယ်မလား?

ချင်လင်က အရည်အသွေးများဖတ်ပြီး ပုံကြမ်းကိုဂိမ်းအပြင်ထုတ်လိုက်သည်။ သူကလင်းလန်ဇီကိုအမြန်ဆုံးပေးပြီး ရုံချန်းပထမသို့လွှဲပေးချင်သည်။

ထို့ကြောင့် ရှုမျှော်ခင်းဒီဇိုင်းဆွဲရင် ဘယ်လောက်အချိန်ယူရလဲဟု လိုင်းပေါ်တက်ရှာပြီးလေ့လာကြည့်သည်။

လေ့လာချက်အရ အမြန်ဆုံးက ၇ ရက်၊တစ်ပတ်ဖြစ်သည်။

ထို့ကြောင့် သူလည်း တစ်ပတ်ပြည့်မှ လင်းလန်ဇီကိုဖုန်းဆက်လိုက်သည်။

လင်းလန်ဇီ: ''ဥက္ကဌချင်''

"အစ်မလင်း''

ချင်လင်က ညွှန်ကြားလိုက်သည်_

"ဒီမှာပုံကြမ်းလာယူပြီး ရုံချန်းပထမကိုပေးပေးပါဦး''

လင်းလန်ဇီကနားထောင်ပြီး သဘောပေါက်လိုက်သည်။ သူဌေးဒီဇိုင်းဆွဲပြီးသွားပြီ။ ထို့ကြောင့် ဖုန်းချပြီး ချင်လင်ရုံးခန်းထဲတန်းသွားလိုက်သည်။

ချင်လင်က ဒီဇိုင်းထုတ်ပြီး လင်းလန်ဇီကိုပေးကာ_

"ရုံချန်းဆောက်လုပ်ရေးကို ဒီဒီဇိုင်းအတိုင်းလုပ်ခိုင်းပါ... ဘာမှမပြောင်းပါနဲ့လို့''

သူမိတ္တူဆွဲထားသောဒီဇိုင်းဖြစ်သည်။ မူလဒီဇိုင်းမှာ အသွင်ပြောင်းအာနိသင်ပါသောကြောင့် နည်းပညာပန်းခြံတွင် ဂိမ်းအရည်အသွေးရှိလာမည်။ ရုံချန်းပထမကိုဆောက်ခွင့်မပေးနိုင်။

ပျက်စီးဆုံးရှုံးမှငိုရင် နောက်ကျပြီ။

ဘာပဲဖြစ်ဖြစ် ဒီဇိုင်းအတိုင်းဆောက်ရင် မိတ္တူဆွဲတာနှင့်မခြား။

ချင်လင်စကားကြောင့် လင်းလန်ဇီကြောင်သွားသည်။

သူဌေးက စကားတည်တတ်သူမှန်း သူသိသည်။ သူဒီဇိုင်းဆွဲချင်တယ်ပြောရင် တကယ်ဆွဲလိမ့်မည်။ ဒါပေမဲ့ သူဌေးက ပညာရှင်တစ်ယောက်မဟုတ်သေး။

ဒီဒီဇိုင်းက နည်းပညာပန်းခြံဆောက်လုပ်ရေးနှင့်ဆိုင်နေသည်။ သူဌေးက ရုံချန်းပထမကို ဒီဒီဇိုင်းအတိုင်းဆောက်ခိုင်းမယ်ဆိုတော့ နည်းနည်းဇွတ်တရွတ်မဆန်ဘူးလား?

All Chapters