← Chapters

အခန်း ၁၄၆၅

Vol. 98 Ch. 1465

အခန်း ၁၄၆၅

Vol. 98 Ch. 1465

အခန်း ၁၄၆၅: အဲလောက်စွမ်းလား?

ချင်လင်ကအတည်ပြောနေသောကြောင့် လင်းလန်ဇီဘာမှမတတ်နိုင်။ ဘာပဲဖြစ်ဖြစ် သူကသူဌေး။

သူမလက်ထဲမှဒီဇိုင်းကိုသာဖွင့်ပြီး အ​ခြေအနေကြည့်လိုက်သည်။

ဒီအကြောင်းသိပ်နားမလည်သော်လည်း နတ်သမီးပုံပြင်တောင်မှာတာဝန်ခံလုပ်စဉ်က ဒီဇိုင်းများစွာကြည့်ဖူးသည်။ အနည်းဆုံးတော့ စည်းမျဉ်းတချို့နားလည်သည်။

ဒီဇိုင်းကိုဖွင့်ကြည့်ပြီး လင်းလန်ဇီအံ့ဩသွားသည်။

သူဌေးဒီဇိုင်းအစီအစဉ်က စနစ်ကျပြီး မျဉ်းကြောင်းများက ပြီးပြည့်စုံသည်။ လင်းဟန်လိုဒီဇိုင်နာပညာရှင်ထက်ပိုကောင်းနေသည်။

သူမအံ့ဩသွားသည်။

"ဥက္ကဌချင်.. ဒါတကယ် ရှင်ဆွဲတာလား? ဒီလောက်ကြီးတဲ့ပရောဂျက်ကြီးကို တစ်ပတ်နဲ့ပြီးတယ်?''

ဒီဇိုင်းအကြောင်းသေချာမသိသော်လည်း လင်းလန်ဇီအံ့ဩနေသည်။

ချင်လင်က ခဏစဉ်းစားလိုက်ပြီး_

"ကျွန်တော်က စိတ်ကူး လမ်းကြောင်း အကြံဉာဏ်တွေပြောပြီး သူငယ်ချင်းအဖွဲ့ကိုအသေးစိတ်ဆွဲခိုင်းတာ''

ဒီအကြောင်းပြောမှ ဒီဇိုင်းက တကယ်အသေးစိတ်သည်။ ဒီဇိုင်းကိုပထမဆုံးအကြိမ်လုပ်ခြင်းဖြစ်သောကြောင့် တာဝန်နည်းနည်းကြီးနေသည်။ နောက်ဆုံး လုပ်ကြံပြီးသာပြောလိုက်ရသည်။

လင်းလန်ဇီ ပိုနားလည်သွားသည်။ ဘာပဲဖြစ်ဖြစ် တစ်ပတ်အတွင်းပြီးသည့်ဒီဇိုင်းအစီအစဉ်က နည်းနည်းကြီးနေသည်။

နောက်ပြီး ဥက္ကဌချင်ကို အသေးစိတ်ဒီဇိုင်းဆွဲပေးမည့်ဒီဇိုင်နာအဖွဲ့ရှိတာ မထူးဆန်း။

ဘာပဲဖြစ်ဖြစ် သူဌေးက တစ်ယောက်ယောက်ကိုရှာချင်ရင် မတွေ့နိုင်တဲ့သူမျိုးရှိပါ့မလား?

လင်းလန်ဇီက ချင်လင်ကိုနှုတ်ဆက်ပြီး အပန်းဖြေစံအိမ်မှအမြန်ပြန်လာကာ ရုံချန်းပထမသို့ဒီဇိုင်းသွားပို့သည်။

ရုံချန်းပထမဒီဇိုင်းပြီးခါနီးပြီဖြစ်၍ အလုပ်စတော့မည်ဖြစ်သောကြောင့် သူတို့ဆွေးနွေးရတော့မည်။

လင်းလန်ဇီယူလာသောဒီဇိုင်းကိုကြည့်ပြီး ကျူံးမင်လည်းအံ့ဩသွားသည်။

သူက ဒီဇိုင်နာတချို့နှင့် ရှုမျှော်ခင်းဒီဇိုင်းအစီအစဉ်အကြောင်းဆွေးနွေးနေစဉ် လင်းလန်ဇီရောက်လာရသောအကြောင်းရင်းကြောင့် သူပိုအံ့ဩရသည်။

သူဌေးချင် သူ့ဘာသာဒီဇိုင်းဆွဲချင်တာ သူနားလည်ပေးနိုင်သည်။

ဒါပေမဲ့ အဲဒီဒီဇိုင်းကိုသုံးပြီးဆောက်ခိုင်းတာ သူတို့အတွက်မခက်ခဲဘူးလား?

ဒီဇိုင်းဆိုတာ ဒီလောက်လွယ်တာမဟုတ်။ ဆောက်လုပ်ရေးတစ်ခုလုံးနှင့်ဆက်စပ်ပြီး သေချာမလုပ်ရင် မတော်တဆဖြစ်နိုင်သည်။

သူ့ဘေးမှဒီဇိုင်နာလည်း သိပ်မျက်နှာမကောင်း။

ဘာပဲဖြစ်ဖြစ် ဒီဒီဇိုင်းအတွက် သူတို့တစ်ညလုံးလုပ်ထားတာ။

ချင်းလင်ရှုမျှော်ခင်းက အရမ်းနာမည်ကြီးတာ အားလုံးအသိ။ နည်းပညာပန်းခြံဖွင့်တဲ့အခါ သူတို့ဒီဇိုင်းကိုသုံးရင် သူတို့ဒီဇိုင်နာတွေမျက်နှာပွင့်ချိန်ဖြစ်မည်။

နတ်သမီးပုံပြင်တောင်ဒီဇိုင်နာများက အကောင်းဆုံးဥပမာပင်။

ဒီရှုမျှော်ခင်းသူဌေးက သူ့ဘာသာဒီဇိုင်းဆွဲပြီး အဲဒီဒီဇိုင်းအတိုင်း သူတို့ကိုဆောက်ခိုင်းမယ်လို့်ထင်မလဲ?

"ဥက္ကဌလင်း.. ဥက္ကဌချင်ရဲ့ဒီဇိုင်းကိုတစ်ချက်ကြည့်ရအောင်!''

ကျုံးမင်သက်ပြင်းချလိုက်သည်။ နောက်ဆုံး သူက လင်းလန်ဇီလက်ထဲမှဒီဇိုင်းကိုယူကြည့်လိုက်သည်။

ဖောက်သည်က သူဌေးချင်ဖြစ်နေတော့လည်း?

ရုံချန်းဆောက်လုပ်ရေးတာဝန်ခံဖြစ်သောကျုံးမင်က ဒီဇိုင်းပုံများစွာကြည့်ဖူးသည်။ ဒီဇိုင်းအတော်များများဆန်းစစ်ရန်တာဝန်ယူရသည်။

ထို့ကြောင့် တစ်ချက်ကြည့်ရုံနှင့် ဒီဇိုင်းအရည်အသွေးကိုပြောနိုင်သည်။

ကျုံးမင်က ဒီဇိုင်းကိုကြည့်ကြည့်ချင်း အံ့ဩသွားသည်။

တစ်ချက်ကြည့်ရုံနှင့် ဒီဇိုင်းဆွဲထားသောမျဉ်းကြောင်းများ၊ ဖွဲ့စည်းပုံနှင့် အခင်းအကျင်းကြောင့် သူစိတ်ဝင်စားသွားသည်။

"ဟူး!''

ကျုံးမင်ကစိတ်ရှုပ်သလို သက်ပြင်းမှုတ်ထုတ်လိုက်သည်။

ဒါ ဝါသနာရှင် ဒါမှမဟုတ် ဒီဇိုင်းနှင့်အထိအတွေ့မရှိဖူးသူ ဆွဲနိုင်သောအရာမဟုတ်။

ကျုံးမင်ကချက်ချင်း သူ့ဘေးမှဒီဇိုင်နာများဘက်လှည့်ပြီး_

"မြန်မြန်လေး.. ဒီဇိုင်းဌာနကိုအစည်းအဝေးထိုင်မယ်လို့အသိပေးလိုက်ပါ... ဒီဒီဇိုင်းကိုအတူတူဆွေးနွေးကြတာပေါ့''

ဒီဇိုင်နာများကြောင်သွားသည်။ နောက်ဆုံးဒီဇိုင်းထွက်ချ်န်မှသာ ဒီဇိုင်းဌာနတစ်ခုလုံးဆွေးနွေးကြသည်။

အားလုံးသဘောတူရင် ထိုဒီဇိုင်းကို ဆောက်လုပ်ရေးမှာအသုံးပြုမည်။

မစ္စတာကျုံးက ဒီဒီဇိုင်းကိုတကယ်မသုံးလောက်ပါဘူးနော်?

ဖောက်သည်ရဲ့အဖေကညွှန်ကြားရင်တောင် ဆောက်လုပ်ရေးလုံခြုံမှုအတွက် ထည့်စဉ်းစားရမည်။

မကြာမီ ရုံချန်းပထမဆောက်လုပ်ရေး၏ဒီဇိုင်းဌာနမှလူများစုလိုက်ကြသည်။

"မစ္စတာကျုံး.. ဒါ ချင်းလင်ရှုမျှော်ခင်းနည်းပညာပန်းခြံရဲ့နောက်ဆုံးဒီဇိုင်းလား?''

"ရုတ်တရက်ခေါ်တာဆိုတော့ ဟုတ်မယ်ထင်တယ်!''

"ချင်းလင်ရှုမျှော်ခင်းပရောဂျက်အတွက် သေချာလုပ်ရမှာပေါ့!''

ဝန်ထမ်းများ၏စကားသံကြောင့် ကျုံးမင်ကခေါင်းညိမ့်ပြီး လင်းလန်ဇီယူလာသောဒီဇိုင်းကိုထုတ်ကာ ဒီဇိုင်းဌာနတစ်ခုလုံးဆွေးနွေးစေသည်။

ဒီဇိုင်းဌာနတစ်ခုလုံး ဒီဇိုင်နာများဖြစ်၍ ဒီဇိုင်းကောင်းမကောင်းသိနိုင်သည်။

သူတို့က တစ်ချက်ကြည့်ပြီး_

"ဒီဒီဇိုင်းထဲမှာမျဉ်းကြောင်းတွေကို သေချာသုံးထားတာပဲ''

"အင်း.. အခင်းအကျင်းက တကယ်ကောင်းတယ်''

ထိုစကားသံများကြောင့် ကျုံးမင်က_

"ဒီဒီဇိုင်းရဲ့မျဉ်းကြောင်း ဖွဲ့စည်းပုံနဲ့ အခင်းအကျင်းက တကယ်ပြီးပြည့်စုံတယ်... အခုကျုပ်သိချင်တာက ဒီဒီဇိုင်းကိုလက်ခံလို့ရမရပဲ... ဒီပုံအတိုင်း ဆောက်လို့ရမလား?''

ဒီဇိုင်းဌာနအတွက် ဒါရိုးရှင်းသောတာဝန်တစ်ခုပင်။ ဘာပဲဖြစ်ဖြစ် ဒါသူတို့လုပ်နေကျ။

ဒီဇိုင်နာများကလည်း ဒီဇိုင်းအစီအစဉ်ကိုစတင်အကဲဖြတ်ကြသည်။ အဓိကအကျဆုံးမှာ မြေအနေအထားတွက်ချက်ခြင်းပင်။

ဘာပဲဖြစ်ဖြစ် မြေအနေအထားအမျိုးမျိုးမှာ လိုအပ်ချက်အမျိုးမျိုးရှိသည်။ နေရာအတိုင်းအတာမတူလျှင် ဖွဲ့စည်းပုံချင်းမတူ။

အကဲဖြတ်ကြပြီးနောက် ဒီဇိုင်နာအားလုံးက_

"အချက်အလက်က ပြီးပြည့်စုံတယ်!''

"အင်း.. ကိုယ့်ဘာသာဒီဇိုင်းဆွဲမယ်ဆို တွေးမိမှာတောင်မဟုတ်ဘူး!''

"ဒီမြေကို ဒီလိုလုပ်လို့ရတယ်ပေါ့? သင်ယူလိုက်ရပြီ.. သင်ယူလိုက်ရပြီ.. အလိုလေး''

"သော*က်.. ဒီပုံက ငါ့ဆရာထက်တောင် ဆရာကျနေသလိုပဲ''

ချီးကျူးသံများကြောင့် ကျုံးမင်မယုံနိုင်အောင်ဖြစ်သွားသည်။

သူဌေးချင်က ဘာလုပ်လုပ် အံ့ဩစရာကောင်းနေတော့တာလား? ဒီဇိုင်းတစ်ခုကြောင့် ဒီဇိုင်နာတွေက သူ့ကိုဒီလိုချီးကျူးကြတယ်ပေါ့?

All Chapters