← Chapters

အခန်း ၁၄၆၆

Vol. 98 Ch. 1466

အခန်း ၁၄၆၆

Vol. 98 Ch. 1466

အခန်း ၁၄၆၆: အဲလောက်စွမ်းလား? ၂

ရုံချန်းဖွံ့ဖြိုးလာပြီးနောက်ပိုင်း ရုံချန်းဆောက်လုပ်ရေးဖွံ့ဖြိုးမှုကလည်း အရမ်းမြန်သည်။ အထူးသဖြင့် အပြင်ပတ်လမ်း၊ ချင်းလင်ရှုမျှော်ခင်းနှင့် ခရိုင်အသစ်ဆောက်လုပ်ရေးပင်။

ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းမှာ မြို့ကြီးများထက်မညံ့ဟုဆိုရမည်။

ဒီဇိုင်းဌာန၊ဒီဇိုင်နာများကလည်း နေရာအသီးသီးမှဆွဲထုတ်လာသောလက်ရွေးစင်များဖြစ်သည်။

ဒီဒီဇိုင်နာတွေ သူဌေးချင်ကိုချီးကျူးခြင်းမှာ ဒီဇိုင်းကအရမ်းကောင်းတဲ့သဘော၊ တန်းအသုံးချနိုင်သောသဘောဖြစ်သည်။

ထို့ကြောင့် သူဝမ်းသာမိသည်။ အဆင်သင့်ပင်။

ဘာပဲဖြစ်ဖြစ် ဒါဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ရှုမျှော်ခင်းမှာနည်းပညာပန်းခြံဖွင့်ရင် သူဌေးချင်ကိုယ်တိုင်ဒီဇိုင်းဆွဲထားသောပုံကြမ်း၊ ရုံချန်းပထမနှင့်သူဌေးချင်ပူးပေါင်းမှုဟုကြော်ငြာနိုင်သည်။

တော်ဝင်ပညာရှင်ချင်က အလွန်နာမည်ကြီးသောကြောင့် အားလုံးစိတ်ဝင်စားမှာသေချာသည်။ ရှုမျှော်ခင်းသူဌေးက ရှောင်ချင်ဟုပြောမရခြင်းသာ။

အားလုံးက လိုင်းပေါ်မှသက်လတ်ပိုင်းလူကို ရှုမျှော်ခင်းသူဌေးဟုထင်နေကြသည်။

မကြာမီ ဒီဇိုင်းဌာနတာဝန်ခံက ကျုံးမင်ကိုတအံ့တဩကြည့်ပြီး_

"မစ္စတာကျုံး.. ဒီဒီဇိုင်းက အံ့ဩစရာပဲ... ပြည်တွင်းကအတော်ဆုံးပညာရှင်တောင် ဒီလိုပြီးပြည့်စုံတဲ့ဒီဇိုင်းမျိုးမဆွဲနိုင်တာသေချာတယ်... ဒါရှောင်ကျူရဲ့လက်ရာမဖြစ်နိုင်ဘူးမလား?''

အကဲဖြတ်သောဒီဇိုင်နာတချို့က နည်းနည်းရှက်သွားကြသည်။

စောစောက ရှုမျှော်ခင်းသူဌေးက နောက်နေသည်ဟုသာ ထင်ခဲ့ကြသည်။

အခုမှ သူတို့ဗဟုသုတနည်းပြီး အမြင်ကျဉ်းခဲ့မှန်း သဘောပေါက်သွားသည်။

ဘယ်လိုလုပ်နောက်တာဖြစ်မလဲ? ဒီဇိုင်းက သူတို့ထက်အပြတ်အသတ်သာနေတာ။

ပရောဂျက်ချင်းအတူတူ သူတို့ဒီဇိုင်းကိုထုတ်ပြရန်ရှက်မိသည်။

ဘယ်လောက်ရှက်စရာကောင်းလဲ?

ကျုံးမင်ကလည်း_

"ဒီဒီဇိုင်းက ရှုမျှော်ခင်းအတွက်တော်ဝင်ပညာရှင်ချင်ဆွဲထားတာ... တကယ်အံ့ဩစရာကောင်းတယ်''

သူ့စကားကြောင့် ဒီဇိုင်းဌာနမှလူများအံ့ဩသွားသည်။

"တော်ဝင်ပညာရှင်ချင်?''

"တကယ်သူလား?''

"သူတစ်ယောက်တည်းလား? အဲလောက်စွမ်းလား?''

တော်ဝင်ပညာရှင်ချင်က နာမည်ကြီး။

နှစ်ရာချီမှတစ်ခါသာပေါ်သောရှားပါးဉာဏ်ကြီးရှင်ဖြစ်ပြီး လုပ်သမျှအောင်မြင်သည်ဟုပြောကြသည်။

သုတေသနတောင်လုပ်စရာမလိုဘဲ အထက်လူတွေက တော်ဝင်ပညာရှင်ဘွဲ့တန်းပေးထားသည်။

ဟင်းချက်ရင် စားဖိုမှူး၊ တိရစ္ဆာန်မွေးရင် တိရစ္ဆာန်များကိုယဉ်ပါးစေသောဆရာကြီးဖြစ်သည်။

အခု ချင်းလင်ရှုမျှော်ခင်းဒီဇိုင်းအတွက် သူတို့ကိုယ်သူတို့ရှက်မိသည်။

ကျုံးမင်ကဖြည့်ပြောသည်_

"တော်ဝင်ပညာရှင်ချင်တစ်​ယောက်တည်းတော့မဟုတ်ဘူး... သူကအကြံထုတ်ပြီးလမ်းကြောင်းပေးတာ... ပြီးတော့ သူ့မိတ်ဆွေဒီဇိုင်းအဖွဲ့ကဆွဲတယ်''

ဒီဇိုင်းဌာနမှလူများ ခေါင်းညိမ့်လိုက်ကြသည်။

ဒါတောင်အထင်ကြီးစရာကောင်းနေဆဲ။

ဒီဇိုင်းနဲ့အထိအတွေ့ရှိခါစလူက ဒီလိုလုပ်နိုင်ရင် ထဲထဲဝင်ဝင်လေ့လာတဲ့အခါ ဘယ်လိုများဖြစ်မလဲ?

နောက်ဆုံး ကျုံးမင်က ထိုဒီဇိုင်းကိုအသုံးပြုနိုင်သည်ဟုအတည်ပြုလိုက်ပြီး ထိုဒီဇိုင်းနှင့်အဆောက်အဦးဆောက်မည်ဟုအတည်ပြုလိုက်သည်။

ထို့နောက် လင်းလန်ဇီကိုဖုန်းဆက်ပြီးအကြောင်းပြန်လိုက်သည်။

"တကယ်လား? သုံးလို့ရလား? ပြီးပြည့်စုံတယ်တဲ့လား?''

လင်းလန်ဇီလည်း ဖုန်းကိုင်ပြီးအံ့ဩနေသည်။

သူဌေးကိုပိုပိုပြီးအထင်ကြီးလာသည်။ တန်ခိုးရှင်လိုလိုပင်။

ထို့နောက် ရုံချန်းပထမက ဆောက်လုပ်ရေးဆင်းပြီး နည်းပညာပန်းခြံပရောဂျက်ကိုစတင်သည်။ ဆောက်လုပ်ရေးကြောင့် ရှုမျှော်ခင်းတစ်ဖက်ကိုလည်းပိတ်ထားသည်။

ပထမအချက်၊ ဆောက်လုပ်ရေးမှဖုန်မှုန်များကာကွယ်ရန်ဖြစ်ပြီး ဒုတိယအချက်၊ ဆောက်လုပ်ရေးဆိုက်ထဲ ခရီးသည်များစပ်စုပြီး ဝင်မသွားစေရန်ဖြစ်သည်။

သို့သော် ထိုမြင်ကွင်းကိုလည်း ခရီးသည်များအံ့ဩကြပြန်သည်။

ချင်းလင်ရှုမျှော်ခင်းဖွင့်ချိန်ကြာပြီဖြစ်၍ ရှုမျှော်ခင်းမှာပရောဂျက်အသစ်ရှိမှန်း ခရီးသည်များခန့်မှန်းမိကြသည်။

အတော်များများလည်း စိတ်ဝင်စားကြသည်။

အချိန်ကုန်လွန်သွားသည်။

တစ်ပတ်အကြာ ဝန်ကြီးလုက သူ့လူများနှင့်ရုံချန်းရောက်လာပြန်သည်။ သူကချင်းလင်အပန်းဖြေစံအိမ်သွားပြီး ချင်လင်ကိုတွေ့သောအခါ_

"သူဌေးချင်.. ချင်းလင်ဓာတ်ခွဲခန်းသွားရအောင်''

ချင်လင်က လောနေသောဝန်ကြီးလုကိုကြည့်ပြီး ပြုံးပြုံးနှင့်_

"ဝန်ကြီးလု မလောပါနဲ့... သူတို့မစသေးပါဘူး''

"မလောလို့ရမလား?''

ဝန်ကြီးလုကမေးသည်_

"ဒီလက်ဖက်က ကင်ဆာလိုကြောက်စရာကောင်းတဲ့ရောဂါမျိုးကို အအေးမိနှာစေးရောဂါလိုဖြစ်အောင်လုပ်နိုင်တာ''

ဝန်ကြီးလုကားထဲတွင် ကင်မရာကိုင်ထားသောလူနှစ်ယောက်ပါသည်။ မှတ်တမ်းတင်သောလူများဖြစ်မည်။

ကင်ဆာမှာ လူသားသမိုင်းတွင်ကြောက်စရာအကောင်းဆုံးရောဂါဖြစ်သည်။ စရိတ်အကြီးဆုံးနာတာရှည်ရောဂါတစ်ခုလည်းဖြစ်သည်။ ထိုရောဂါကြောင့် တစ်မိသားစုလုံးကံဆိုးပြီး နောက်ဆုံး ကယ်တင်မရချေ။

ကင်ဆာလက်ဖက်ပေါ်လာခြင်းက နေမကောင်းခြင်းနှင့်ရောဂါကြား လုံးဝစည်းခြားပေးလိုက်သလိုပင်။ အရင်က ကြောက်စရာကောင်းသောရောဂါဖြစ်ခဲ့သော်လည်း ရှေ့လျှောက်ရောဂါကြီးမဟုတ်တော့။ ကင်ဆာလက်ဖက်ရှိနေသရွေ့ အိမ်မှာလက်ဖက်ခြောက်နှပ်ပြီး ကင်ဆာကုနိုင်မည်။

မကြာမီ ချင်လင်နှင့်ဝန်ကြီးလုက ချင်းလင်ဓာတ်ခွဲခန်းရောက်လာသည်။

ဒီနေ့ ရှန်လီက ချင်းလင်ဓာတ်ခွဲခန်းသုတေသီများကို စမ်းသပ်စိုက်ခင်းထဲခေါ်ထားသည်။

သုတေသီများက ပန်းအိုးများထဲတွင် တစ်ပင်ချင်းသေချာစိုက်နေသည်။

ဒီနေ့ ဓာတ်ခွဲခန်းက ပထမဆုံးအကြိမ်အဖြစ် ကင်ဆာလက်ဖက်ပင်ကိုကိုင်းဖြတ်ပြီးရွှေ့စိုက်ခြင်းဖြစ်သည်။

လက်ဖက်ပင်မပျိုးခင် အပင်ကြီးအောင်ထားရန်လိုသည်ဟု အားလုံးကထင်ကြသည်။ တကယ်တော့ ဒီလိုမဟုတ်။ လက်ဖက်ပင်များကိုရွှေ့ပြောင်းစိုက်ရန်အကောင်းဆုံးအချိန်မှာ ပထမဆုံးလက်ဖက်ရွက်များထွက်မလာခင်ဖြစ်သည်။

သုတေသနရလဒ်အရ ဒီတစ်ကြိမ်စိုက်သောလက်ဖက်ပင်အားလုံးမှာ လက်ဖက်အာနိသင်ကိုအပြည့်အဝဆက်ခံနိုင်မည်ဟုပြထားသည်။

သုတေသနလုပ်ပြီး ကင်ဆာလက်ဖက်အာနိသင်က အတူတူပင်။

ထို့ကြောင့် ရွှေ့စိုက်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။

သုတေသီများက လက်ဖက်ပင်ကိုကိုင်းဖြတ်ပြီး ပလတ်စတစ်စနှင့်သေချာပတ်ကာ ပန်းအိုးထဲရွှေ့စိုက်ကြသည်။

ဒီအခြေအနေမှာ မြေကြီးထဲချစိုက်ရန်မသင့်သေး။ သုတေသီများက အထူးပျိုးထောင်နည်းနှင့် ဖြတ်ထားသောလက်ဖက်ကိုင်းကို အမြစ်ထွက်အောင်လုပ်ရဦးမည်။

အမြစ်ထွက်လာရင် ပန်းအိုးများကိုခွဲပြီး တစ်ပင်လုံး မြေကြီးထဲရွှေ့စိုက်ရမည်။

ဝန်ကြီးလုခေါ်လာသောမှတ်တမ်းတင်သူများက ဗီဒီယိုစရိုက်ကြသည်။

နောက်ပိုင်းမှာ ဒီဗီဒီယိုက ကင်ဆာရောဂါကိုအမှိုက်ပုံထဲလွှင့်ပစ်နိုင်သောသမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်လာမည်။

ရှန်လီက သူတို့နှစ်ဦးကိုမြင်သောအခါ သုတေသီများကိုအသိပေးပြီး ရောက်လာသည်_

"ဥက္ကဌချင် ဝန်ကြီးလု.. ရောက်လာပြီလား''

ချင်လင် ခေါင်းညိမ့်လိုက်သည်။

ရှန်လီကခေါင်းညိမ့်ပြီး ရှင်းပြသည်_

"စီရင်စုက ဒီကိစ္စကိုအလေးထားတယ်... ကျွန်တော်တို့ရွေးချယ်ထားတဲ့လက်ဖက်စိုက်ခင်းကို စီရင်စုဆီလွှဲပေးမယ်... သူတို့က နစ်နာကြေးပေးလျော်မှုဆိုင်ရာသဘောတူညီချက်နဲ့ လျှို့ဝှက်ချက်ထိန်းသိမ်းခြင်းဆိုင်ရာသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးကြလိမ့်မယ်''

ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။

ကင်ဆာလက်ဖက်က အရေးကြီးသောကြောင့် ရုံချန်းနှင့်ချင်းလင်ဓာတ်ခွဲခန်းက စိုက်ပျိုးနည်းစဉ်ကိုအလေးထားရမည်။ ရှေ့လျှောက်ပြန့်နှံ့သွားမည်ဆိုရင်တောင် ကနဦးအဆင့်မှာ စိတ်ချရဖို့လိုသည်။

သူတို့နိုင်ငံအတွက်အကျိုးအမြတ်များသောကြောင့်ပင်။

အစောပိုင်းတွင် ကင်ဆာလက်ဖက်ကို ရုံချန်းမှာသာစိုက်ပျိုးနိုင်မည်။

ကင်ဆာမှာ တခြားရောဂါများလိုမဟုတ်ဘဲ ကင်ဆာရောဂါတချို့သာရှိသည်။ ရုံချန်းမှာ ကင်ဆာလက်ဖက်နာမည်ကြီးသောနေရာဖြစ်သောကြောင့် ရုံချန်းမှာစိုက်သောလက်ဖက်ကို တစ်နိုင်ငံလုံးမှကင်ဆာလူနာများအသုံးပြုနိုင်မည်။

ဒါကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရမည်။ အပြင်လူများက ကင်ဆာလက်ဖက်ပင်ကိုစိုက်ပျိုးမြှင့်တင်နေပြီဖြစ်ကြောင်း မသိကြ။

လောလောဆယ် ဝန်ကြီးလုအတွေးက ရှင်းသည်။ ဒီလက်*နက်ကိုအပြည့်အဝထိန်းချုပ်နိုင်ရန် မိမိနိုင်ငံအတွင်းရှိကင်ဆာရောဂါကို အရင်ဆုံးထိန်းချုပ်ရမည်ဖြစ်သည်။

နောက်နောင် ဖြန့်ချိမည်ဆိုလျှင်လည်း ဖြန့်ချိသည့်အချိန်တွင် သတိကြီးကြီးထားရမည်။

ဝန်ကြီးလုနှင့်ချင်လင်က အခြေအနေကြည့်ပြီးနောက် ဒရိုင်ဘာကိုရုံချန်းမြို့အပြင်သို့မောင်းခိုင်းသည်။

သို့ရာတွင် မြို့အဝင်ရှိလမ်းကောက်ခံရေးစခန်းတွင် ကားရပ်လိုက်သည်။ လမ်းကောက်ခံရေးစခန်း၌ အစောင့်တစ်ဦးမတ်တပ်ရပ်နေသည်။

သူတို့ သာမန်အစောင့်တွေမဟုတ်။

သူတို့က ဝန်ကြီးလုကားကိုမြင်သောအခါ တစ်ယောက်က ချက်ချင်းပြေးလာပြီးအစီရင်ခံသည်_

"ဝန်ကြီးလု.. အားလုံးစီစဉ်ပြီးပါပြီ... တစ်ခုခုဖြစ်ရင် ကျွန်တော်တို့လက်ကမလွတ်နိုင်ပါဘူး!''

"အထူးသဖြင့် နိုင်ငံသားခြားတွေပေါ့''

ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။

တိတ်တဆိတ် ရုံချန်းထဲဝင်ရောက်နိုင်သည့်လမ်းကြောင်းတိုင်းတွင် ဒီလိုအစောင့်အကြပ်များရှိပြီး မှောင်ရိပ်ခိုနေသူများလည်းရှိသည်။

နိုင်ငံတကာသူခိုး Mike နှင့် Dominica တို့ကိစ္စကို အထက်လူများကပိုအာရုံစိုက်ထားသောကြောင့်ပင်။ ဝန်ကြီးလုက ကင်ဆာလက်ဖက်တိုးချဲ့ရေးကိုအခွင့်ကောင်းယူပြီး အထက်လူများကို အထူး app တစ်ခုလျှောက်ထားရာ ခွင့်ပြုချက်ရသည်။

ထိုလှုံ့ဆော်မှုကြောင့် ရုံချန်းကိုခရီးသွားမြို့တော်အသစ်အဖြစ်ရွေးချယ်ခံရပြီး ရုံချန်းခရီးသွားလုပ်ငန်းဘေးအန္တရာယ်ကင်းရှင်းစေရန်ဖြစ်သည်။

ဒါလိမ်ညာမှုတစ်ခုဖြစ်သော်လည်း ခရီးသည်များက ယုံကြည်ကြသည်။ ခရီးသည်များက ရုံချန်းတွင်ထိုမြင်ကွင်းကိုမြင်ရသောအခါ အံ့ဩပြီး သူတို့ဖုန်းနှင့်မှတ်တမ်းတင်ကြသည်။

ဒီလိုကင်းစောင့်ရဲ*ဘော်များရှိခြင်းက ရုံချန်းကိုပိုထူးခြားပုံပေါက်စေပြီး ခရီးသည်များလည်းပိုစိတ်ဝင်စားကြသည်။

ထိုအခြေအနေတွင် ချင်းလင်ရှုမျှော်ခင်းမှာ နောက်ထပ်ထုတ်ကုန်တစ်ခု တိတ်တဆိတ်ထွက်လာသည်။

ထိုထုတ်ကုန်ကိုမြင်သူတိုင်း အံ့အားသင့်သွားသည်။

ဒါ အမျိုးသားဘောလုံးအသင်းကိုကယ်တင်ဖို့လား?

All Chapters