အခန်း ၁၄၆၇
Vol. 98 Ch. 1467
အခန်း ၁၄၆၇: အာနိသင်အစစ်?
မူလက ဟိုင်ကွားကိုအလွယ်တကူစားနိုင်သည်။
သို့သော် ဘောလုံးသမားတစ်ယောက်ကြောင့် ထိုဟိုင်ကွားမှာထူးထူးခြားခြားအရည်အသွေးရှိလာပုံရသည်။
ဘောလုံးသမားတစ်ယောက်ကိုအင်တာဗျူးရာတွင် သူထမင်းစားတိုင်း ဟိုင်ကွားစားသည်ဟုဖြေခဲ့သည်။
ထိုအချိန်မှစပြီး ဟိုင်ကွားက တမူထူးခြားသောဂန္တဝင်ဖြစ်လာသည်။
မနက်စောစောတွင် ယွီရွှေ့က ဟိုင်ကွားမန်နေဂျာလီယွဲ့ချုံကိုခေါ်လာသည်။ ချင်းလင်ရှုမျှော်ခင်းမှဟိုင်ကွားတစ်အိတ်ဆွဲလာ၏။
သူတို့နှစ်ယောက်ကိုမြင်ပြီး ဘာအိတ်မှန်း ချင်လင်သိလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဟိုင်ကွားမွေးမြူရေးအောင်မြင်တော့မည်ဟု ယွီရွှေ့ပြောဖူးသည်။
ယွီရွှေ့ကဝင်လာသည်နှင့် ဟိုင်ကွားကို ချင်လင်ဆီပေးပြီး_
"ဥက္ကဌချင်.. ဒီဟိုင်ကွားတွေကိုကြည့်ပါဦး... အကောင်ကြီးနေပြီ... ရောင်းလို့ရတော့မှာ''
ချင်လင်ကအိတ်ယူပြီးကြည့်လိုက်သည်။ ဒီဟိုင်ကွားတွေက ဂိမ်းထဲကကောင်တွေအတိုင်း၊ သာမန်ထက်ပိုကြီးသည်။
ချင်လင်ကတစ်ကောင်ကိုင်ပြီး ခဏကြည့်ဟန်ဆောင်လိုက်သည်။ ထို့နောက် ယွီရွှေ့နှင့်လီယွဲ့ချုံအား_
"ဒီဟိုင်ကွားတွေကို စားဖိုဆောင်ထဲယူသွားပြီး ဆရာလင်းကိုချက်ခိုင်းလိုက်ပါ... တခြားဟိုင်ကွားတွေနဲ့ဘာကွာလဲ မြည်းကြည့်ရအောင်''
ချင်လင်စကားကြောင့် နှစ်ယောက်သားခေါင်းညိမ့်ပြီး ချက်ချင်းရုံးခန်းအပြင်ထွက်ကာ ဆရာလင်းကိုသွားရှာသည်။
ချင်လင်လက်ထဲတွင် ဟိုင်ကွားတစ်ကောင်ကျန်ခဲ့သည်။
သူကချက်ချင်း ရုံးခန်းတံခါးပိတ်ပြီး အထဲမှလော့ချလိုက်သည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။
ဟိုင်ကွားအရသာက တထပ်တည်း။ ဂိမ်းထဲမှာရောအပြင်မှာပါ သူစားဖူးသည်။ ဆော့စ်ကွာသည်မှလွဲ၍ အရသာကိုသူမခွဲနိုင်။
ဟိုင်ကွားကို အရသာကြောင့်စားခြင်းမဟုတ်။
အာနိသင်ကြောင့် စားကြခြင်းပင်။
ထို့ကြောင့် ဟိုင်ကွားအာနိသင်ကိုသိရန် ဂိမ်းမှတ်ချက်ကိုကြည့်ရသေးသည်:
(အထူးဟိုင်ကွား: အရည်အသွေး ၁)
(အထူးအာနိသင်ရှိသောဟိုင်ကွားမျိုးဖြစ်ပုံရသည်:
ပရိုတင်း +၁၊ သကြား +၁၊ ဖြည့်စွက်စာ +၁၊ ယန်ဓာတ် +၁)
(အထူးအရည်အသွေး: ရေရှည်ကစားရသောအားကစားများတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးစေသည်!)
ချင်လင်က မှတ်ချက်ကိုဖတ်လိုက်သည်။
ဂိမ်းထဲမှအကောင်နှင့်ယှဉ်လျှင် အပြင်အရည်အသွေးက တစ်ဆင့်နိမ့်သည်။
ဒါဖြစ်ရိုးဖြစ်စဉ်ပင်။ ဂိမ်းထုတ်ကုန်အများစုက လက်တွေ့ဘဝမှာတစ်ဆင့်နိမ့်သွားလေ့ရှိသည်။ အရည်အသွေးလည်းလျော့ပြီး တချို့ကပျောက်တောင်ပျောက်သွားသည်။
ဟိုင်ကွားအာနိသင်များကတစ်ဆင့်သာလျော့ပြီး ပျောက်မသွား။
ရေရှည်အားကစားတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးစေသောအာနိသင်တောင် ပျောက်မသွားချေ။
ဒီအရည်အသွေးက အားဖြည့်ဆေးရည်အာနိသင်နှင့်မတူ။ အားဖြည့်ဆေးရည်က အရည်အသွေးအားလုံးတက်စေသော်လည်း ဒီအရည်အသွေးကမူ လူတိုင်းအတွက်အကျိုးရှိသည်။ သာမန်လူများတောင်အကျိုးရှိသည်။
သီအိုရီအရ သူတို့သာအပြင်းအထန်လေ့ကျင့်ချင်စိတ်ရှိရင် အာနိသင်ပြနိုင်သည်။
သာမန်လူများအဖို့ ဘောလုံးအသင်းတစ်သင်း၏ထူးထူးခြားခြားလေ့ကျင့်ရေးနည်းလမ်းများကို နားလည်ရခက်လိမ့်မည်။ တကယ်တော့ ဟိုင်ကွားချင်းအတူတူ ချင်းလင်၏ဟိုင်ကွားကိုသုံးရင် အမျိုးသားဘောလုံးအသင်းတောင်ထိရောက်မှုရှိနိုင်သည်။
ဝမ်ရန်အခြေအနေကို ချင်လင်သိသည်။ တစ်ခါတလေ အပြင်းအထန်လေ့ကျင့်ခန်းများထက် သူကပိုပင်ပန်းသည်။ ဒီအတွက် ဟိုင်ကွားက အလွန်ထိရောက်သည်။
အဓိကအချက်မှာ ဟိုင်ကွားအရည်အသွေးက အစားထိုးပေးနိုင်ခြင်းဖြစ်သည်။
အိပ်နေရင်းတောင် ဝမ်ရန်ကိုယ်ခံအားတက်လာနိုင်သည်။
ဒါသူ့အိပ်မက်ပင်။
ချင်လင်လည်း ဟိုင်ကွားအရည်အသွေးကြည့်ပြီး အတွေးနှင့်ဂိမ်းထဲမှထွက်ကာ ရုံးခန်းတံခါးပြန်ဖွင့်လိုက်သည်။
မကြာမီ ဆရာလင်းဟိုင်ကွားချက်ပြီးသွားသည်။ ယွီရွှေ့က ဟိုင်ကွားကိုသူ့ရုံးခန်းထဲယူလာသည်။
"ဥက္ကဌချင်.. မြည်းကြည့်''
ယွီရွှေ့က တန်းပြောသည်။
ချင်လင်က ဟိုင်ကွားအရည်အသွေးကိုသိပြီးဖြစ်သော်လည်း တစ်ခုယူပြီးပါးစပ်ထဲထည့်မြည်းကြည့်သည်။ အရင်လိုစေးကပ်ကပ်ခံစားချက်မျိုးပင်။
ခံစားချက်က QQ ကျည်*ဆန်များစားရသည့်အတိုင်း။ အထူးသဖြင့် အရသာနှင့်အထိအတွေ့ကို သူလုံးဝမကြိုက်။
ဟိုင်ကွားကြိုက်သူများကို သူလုံးဝနားမလည်နိုင်။
သို့သော် ဟိုင်ကွားအာနိသင်ကို သူသိသည်။ သူက တစ်လုတ်မြိုချလိုက်ပြီး_
"ယွီရွှေ့.. ဟိုင်ကွားကို ချင်းလင်ဓာတ်ခွဲခန်းယူသွားပြီး အခြေအနေစစ်ကြည့်ခိုင်းပါ''
"ကောင်းပါပြီ ဥက္ကဌချင်''
ယွီရွှေ့ခေါင်းညိမ့်လိုက်သည်။
ဟိုင်ကွားကိုဥက္ကဌချင်မွေးထားသောကြောင့် အထူးအာနိသင်ရှိမည်မှန်း သူသိသည်။
ထို့ကြောင့် လီယွဲ့ချုံကိုခေါ်၍ အပန်းဖြေစံအိမ်မှထွက်ပြီးနောက် ဟိုင်ကွားမွေးမြူရေးကန်ပြန်လာသည်။ ဟိုင်ကွားများဆယ်ပြီးသောအခါ ချင်းလင်ဓာတ်ခွဲခန်းတန်းသွားသည်။
ယွီရွှေ့လည်း ရှန်လီကိုဖုန်းဆက်ပြီး စီစဉ်ပေးရန်အကူအညီတောင်းလိုက်သည်။
ရှန်လီရာထူးက ယွီရွှေ့ထက်အများကြီးပိုမြင့်သည်။ ကုမ္ပဏီချင်းမတူ၍ လူချင်းမတွေ့သော်လည်း ချင်လင်ညွှန်ကြားသောကြောင့် ဖုန်းဆက်စီစဉ်ခိုင်းနိုင်သည်။
ထို့ကြောင့် ယွီရွှေ့ ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ အဏ္ဏဝါသုတေသနပါမောက္ခကအသင့်စောင့်နေပြီး_
"မန်နေဂျာယွီ.. ကျုပ်ကပါမောက္ခချူဆိုတာ ဥက္ကဌရှန်ပြောထားမှာပါ... ဟိုင်ကွားစမ်းသပ်ရေးကို ကျုပ်တာဝန်ယူပေးပါမယ်... ကျုပ်နဲ့လိုက်ခဲ့ပါ''
"အနှောင့်အယှက်ပေးရတာ အားနာပါတယ် ပါမောက္ခချူ''
ယွီရွှေ့ကခေါင်းညိမ့်ပြီး ပါမောက္ခချူနောက်လိုက်ကာ ဓာတ်ခွဲခန်းတစ်ခုထဲရောက်လာသည်။
အစပိုင်း ဟိုင်ကွားတစ်မျိုးကိုစမ်းသပ်ရမည်ဟုကြားသောအခါ သုတေသီများက သိပ်မတွေးမိ။ အမှတ်တမဲ့ အပင်တစ်မျိုးမျိုးဟုထင်မိသည်။ သို့သော် ဥက္ကဌချင်ပျိုးထောင်ထားသောထုတ်ကုန်အသစ်ဟုကြားပြီး အမြင်တမျိုးပြောင်းသွားသည်။
ဥက္ကဌချင်အကြောင်း သူတို့ကောင်းကောင်းသိသည်။ သူ့ထုတ်ကုန်မှန်သမျှ သာမန်မဟုတ်။ တချို့က ထူးဆန်းလွန်း၍ဩချရသည်။
အခု ဥက္ကဌချင်ပျိုးထောင်သောဟိုင်ကွားဆို၍ ချက်ချင်းသိချင်စိတ်ဖြစ်လာသည်။
တစုံတစ်ယောက်စားသောဟိုင်ကွားလို ထူးထူးခြားခြားအရည်အသွေးရှိလာသလိုပင်။
"မန်နေဂျာယွီ ဟိုင်ကွားပေးပါ''
ပါမောက္ခချူက ပြောသည်။
ယွီရွှေ့ကခေါင်းညိမ့်ပြီး ဟိုင်ကွားကို ပါမောက္ခချူဆီပေးလိုက်သည်။
ပါမောက္ခချူက ဟိုင်ကွားများကိုယူပြီး ချက်ချင်းသူ့အဖွဲ့ထံပေးလိုက်သည်_
"ဒီဟိုင်ကွားတွေကိုခွဲပြီး အမြန်ဆုံးလေ့လာကြတာပေါ့''
ဟိုင်ကွားကို သူဌေးချင်ပျိူးထောင်ထားသည်ဆိုသောကြောင့် သုတေသီများတက်ကြွနေသည်။ ဟိုင်ကွားများကိုအမြန်ခွဲပြီး စက်ရှေ့တွင်စတင်စမ်းသပ်ကြသည်။
ဟိုင်ကွားစမ်းသပ်ချက်က အချိန်ယူရသောကြောင့် ယွီရွှေ့အရင်ပြန်သွားသည်။
သို့ရာတွင် ပါမောက္ခချူတို့က အလုပ်ကြိုးစားကြသည်။
အချိန်တစ်ခုကြာပြီးနောက် သုတေသီတစ်ဦးက တအံ့တဩနှင့်_
"ပါမောက္ခချူ.. ဒီဟိုင်ကွားတွေ ပရိုတင်းဘယ်လောက်ကြွယ်ဝလဲသိရင် ခင်ဗျားယုံနိုင်မှာမဟုတ်ဘူး... သာမန်ဟိုင်ကွားထက်အများကြီးပိုမြင့်တယ်''
နောက်သုတေသီတစ်ဦးက ဖြတ်ပြောသည်_
"အမှန်ပဲ.. ဟိုင်ကွားအမျိုးမျိုးနဲ့ယှဉ်ကြည့်ပြီးပြီ... ကမ္ဘာပေါ်ကပရိုတင်းအမြင့်ဆုံးဟိုင်ကွားတောင် သူဌေးချင်ရဲ့ဟိုင်ကွားကိုမယှဉ်နိုင်ဘူး''
ပါမောက္ခချူက ခေါင်းညိမ့်လိုက်ပြီး_
"ဒါနဲ့တင် သူဌေးချင်အောင်မြင်တာပြနေပြီ''
"အဲဒါတင်မကဘူး''
နောက်တစ်ဦးက_
"ဟိုင်ကွားရဲ့အကောင်းဆုံးအာနိသင်က ခန္ဓာကိုယ်အားဖြည့်တာပဲ... ဒီအပိုင်းမှာ သူဌေးချင်ပျိုးထောင်တဲ့ဟိုင်ကွားရဲ့အချက်အလက်က သာမန်ဟိုင်ကွားတွေထက်အများကြီးသာနေတာ''
"ဟုတ်တယ်''
နောက်တစ်ဦးက ထောက်ခံသည်_
"ဒီအပိုင်းမှာ အရမ်းထက်တယ်... ငါတောင် စမ်းကြည့်ချင်တယ်''
အချိန်လွန်သည်နှင့် အပြင်းအထန်လေ့ကျင့်ခန်းနှင့်တွဲလျှင် ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးစေသောအာနိသင်မှလွဲ၍ ကျန်အာနိသင်များကို ပါမောက္ခချူတို့တွေ့ရှိသွားကြသည်။
ဘာပဲဖြစ်ဖြစ် အားလုံးက ဒီနယ်ပယ်မှလက်ရွေးစင်များဖြစ်သည်။
သို့ရာတွင် စမ်းသပ်ချက်ရလဒ်များကြောင့် သူတို့အံ့ဩရသည်။
ဟိုင်ကွားများက ပရိုတင်းကြွယ်ဝသောကြောင့် ခန္ဓာကိုယ်အားဖြစ်စေတာ သဘာဝကျသည်။ ဘာပဲဖြစ်ဖြစ် ဟိုင်ကွားတွေမှာ ဒီလိုအာနိသင်မျိုးရှိသည်။ ဟိုင်ကွားပျိုးထောင်ရေးက တစ်နေရာနှင့်တစ်နေရာကွာခြားသောကြောင့်သာ အာနိသင်အနည်းနှင့်အများကွာသွားသည်။
သို့သော် သူဌေးချင်ပျိုးထောင်သောဟိုင်ကွားမှာ ဒီအာနိသင်နှစ်မျိုးရှိရုံသာမက အိမ်ထောင်ရေးသုခရစေသောဓာတ်များလည်းပါသည်။
အံ့ဩစရာပင်။
အမျိုးသားတွေအကြောက်ဆုံးက ဘာလဲ?
စိတ်ကျမှာ၊ ဒါမှမဟုတ် လုံးဝစိတ်ကျသွားမှာ။
အားမရှိတော့ရင် ဒီဟိုင်ကွားကြောင့် အင်အားတိုးနိုင်သည်။ လုံးဝအားမရှိတော့ရင် ဒီဟိုင်ကွားကကူညီပေးလိမ့်မည်။
အာမခံချက်အပြည့်ပင်။
"ဒါဥက္ကဌချင်အထူးလုပ်ထားတာလား ဒါမှမဟုတ် ကျပန်းထွက်လာတဲ့အာနိသင်လား?''
တခြားသုတေသီများလည်းကြောင်သွားသည်။
တချို့က_
"ဒါကျပန်းလို့မထင်ဘူး... စဉ်းစားကြည့်.. ချင်းလင်ရှုမျှော်ခင်းက ပစ္စည်းအတော်များများမှာ ဒီလိုအာနိသင်မျိုးရှိတယ် ဟုတ်တယ်မလား?
တခြားတစ်ယောက်က_
"မှန်တယ်.. ခင်ဗျားတို့ထူးဆန်းတယ်ထင်လား?''
"အဟွတ် အဟွတ် အဟွတ်!''
ပါမောက္ခချူက ချက်ချင်းချောင်းဆိုးလိုက်သည်။
ဒီကောင်တွေ စည်းလွတ်ဝါးလွတ်ဖြစ်လာပါလား!
ဒါမျိုးကို လက်လွတ်စပယ်မပြောသင့်။
သုတေသီများလည်း သူတို့စကားလွန်သွားပြီမှန်းသိသည်။ တစ်ယောက်ကချက်ချင်း အံ့ဩသံနှင့်_
"ဒီဟိုင်ကွားမှာ သကြားဓာတ်တွေများတာ အံ့ဩစရာအကောင်းဆုံးပဲထင်တယ်''
ပါမောက္ခချူလည်းထောက်ခံသည်_
"အမှန်ပဲ.. ဟိုင်ကွားမှာ ဒီလောက်အများကြီးပါတာ အံ့ဩစရာကောင်းတယ်''
ဟိုင်ကွားတွင်ပါသောသကြားပမာဏက မယုံနိုင်စရာကောင်းမှန်း သုတေသီများလည်းသိသည်။
သကြားဓာတ်မှာ ဆေးပညာပါမောက္ခများ အလုအယက်သုတေသနပြုကြသောအရာဖြစ်သည်။
သို့သော် ဟိုလိုမဟုတ်။ ဆေးပညာမှာလည်း အသုံးချနိုင်သည်။ ခွဲစိတ်မှုအတွင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရလျှင် ကိုယ်ခံအားတက်စေပြီး ကူးစက်ခြင်းမှကာကွယ်ပေးသည်။
အထူးသဖြင့် တိုက်ပွဲအတွင်းမှာ ဒီစေးကပ်ကပ်တွေက အသက်ကယ်နိုင်သည်။
ရှေ့လျှောက် တိုက်*ပွဲဝင်စ*စ်သားတွေ ဟိုင်ကွားခြောက်ဆောင်ရင်ဆောင်ကြမည်။ ထိခိုက်ဒဏ်ရာရသောအခါ ဆေးကုသရင်း ဟိုင်ကွားခြောက်ထုတ်စားကြမည်။
ချင်လင်ထင်သည့်အတိုင်း လေ့ကျင့်ခန်းအပြင်းအထန်လုပ်လျှင် ခန္ဓာကိုယ်ကြံ့ခိုင်စေသောဟိုင်ကွား၏အာနိသင်ကို ပါမောက္ခချူတို့မတွေ့ကြချေ။
ဘာပဲဖြစ်ဖြစ် တိမ်မြှုပ်နေသောအာနိသင်ဖြစ်သောကြောင့် ကြိုတင်မသိဘဲစမ်းသပ်တွေ့ရှိမည်မဟုတ်။ သုတေသီဘယ်လောက်စွမ်းစွမ်း ချက်ချင်းမတွေ့နိုင်။
သို့ဆိုရင်တောင် ယွီရွှေ့က ဟိုင်ကွားရလဒ်များကိုသိပြီး အံ့ဩပျော်ရွှင်ကာ မယုံနိုင်အောင်ဖြစ်နေသေးသည်။
ဟိုင်ကွားအကြောင်း သူသိသည်။ ရှုမျှော်ခင်းမှာ ဟိုင်ကွားပျိုးထောင်ရေးပရောဂျက်လုပ်ပြီးနောက်ပိုင်း အချက်အလက်အများကြီးဖတ်ကာ ဟိုင်ကွားအကြောင်းများအစီရင်ခံခဲ့သည်။
ထို့ကြောင့် ဟိုင်ကွားက အာဟာရရှိမှန်း၊ ပရိုတင်းကြွယ်ဝမှန်း သူသိသည်။
သို့သော် ဥက္ကဌချင်ပျိုးထောင်သောဟိုင်ကွားက ဒီအပိုင်းမှာ သာမန်ဟိုင်ကွားထက်အများကြီးသာသည်။ အာဟာရအကြွယ်ဝဆုံးဟိုင်ကွားတောင် ဥက္ကဌချင်ထက်အများကြီးလျော့နည်းနေသည်။
တနည်းပြောရရင် ဥက္ကဌချင်ရဲ့ဟိုင်ကွားပျိုးထောင်ရေးအောင်မြင်ပြီ!
သူကစမ်းသပ်ချက်ရလဒ်ကိုကြည့်ပြီးနောက် မနေနိုင်ဘဲဖုန်းထုတ်ကာ ချင်လင်ဆီလှမ်းဆက်လိုက်သည်။ ဖုန်းဝင်ဝင်ချင်း သူကလျှို့ဝှက်သံနှင့်_
"ဥက္ကဌချင်.. ခင်ဗျားပျိုးထောင်လိုက်တဲ့ဟိုင်ကွားက ဘယ်လောက်မယုံချင်စရာကောင်းလဲ ခင်ဗျားသိမှာမဟုတ်ဘူး!''