← Chapters

အခန်း ၁၄၆၈

Vol. 98 Ch. 1468

အခန်း ၁၄၆၈

Vol. 98 Ch. 1468

အခန်း ၁၄၆၈: ဓားစာခံ ချင်ဖုန်းလေး!

ချင်းလင်အပန်းဖြေစံအိမ်_

ယွီရွှေ့လျှို့လျှို့ဝှက်ဝှက်လုပ်နေပုံကြောင့် ချင်လင်ရယ်လိုက်သည်။

ဟိုင်ကွားအာနိသင်ကို ယွီရွှေ့ထက်သူပိုသိသည်။

သို့သော် သူကယွီရွှေ့အား_

"မြန်မြန်ပြောစမ်းပါ.. ကျွန်တော်အာနိသင်ကိုအကြမ်းဖျင်းသိပေမဲ့ အတိအကျမသိသေးဘူး''

သူဌေးစကားကြောင့် ယွီရွှေ့ကမတုံ့ဆိုင်းရဲဘဲ ချင်လင်ရုံးခန်းထဲ အချက်အလက်များအမြန်ဆုံးသွားပို့လိုက်သည်။

ချင်လင်က အချက်အလက်ရပြီး ဖတ်ဟန်ဆောင်ကာ ယွီရွှေ့အား_

"ဒီဟိုင်ကွားအာနိသင်က ကျွန်တော်ထင်ထားတာထက်ပိုကောင်းတာပဲ''

"ဥက္ကဌချင်.. ခင်ဗျားထုတ်ကုန်တွေက တစ်ခုမှသာမန်မဟုတ်ဘူး''

ယွီရွှေ့က ချက်ချင်းချီးကျူးစကားပြောသည်။

ချင်လင်ကပြုံးလိုက်ပြီး_

"မွေးမြူရေးဌာနမှာ ခင်ဗျားဆက်မွေးလို့ရပြီ... အကောင်ကြီးတွေကို ရှုမျှော်ခင်းမှာဖြည့်ဆည်းပေးမယ်... သူ့အာနိသင်ကလည်း ပြိုင်စံရှားပဲ''

"ကောင်းပါပြီ ဥက္ကဌချင်''

ယွီရွှေ့က ခေါင်းညိမ့်ပြီး အပန်းဖြေစံအိမ်မှပြန်ထွက်လာသည်။ သူကချက်ချင်း လင်းလန်ဇီကိုဆက်သွယ်ပြီး အစီရင်ခံလိုက်သည်။

မွေးမြူရေးဌာနက ဟိုင်ကွားအသစ်တစ်မျိုးပျိုးထောင်နေမှန်း လင်းလန်ဇီသိသည်။ သူမက စာဖိုင်ကိုသေချာဖတ်ပြီး လက်မှတ်ထိုးပေးလိုက်သည်။

ဟိုင်ကွားအသစ်မှာ ဥက္ကဌချင်ပျိုးထောင်ထားသောထုတ်ကုန်အသစ်ဖြစ်သည်။

အဲဒီနောက် ဟိုင်ကွားကိုအာရုံမစိုက်တော့။

ဘာပဲဖြစ်ဖြစ် ဟိုင်ကွားမှာအစားအစာတစ်မျိုးသာဖြစ်သောကြောင့်ပင်။ ရှုမျှော်ခင်းတွင်အစားအစာမျိုးစုံရှိသည်။

ဟင်းသီးဟင်းရွက်နှင့်သီးနှံကြီးမျိုးစုံရှိသည်။

အချိန်နှင့်အမျှ ချင်းလင်ဓာတ်ခွဲခန်းမှ သီးနှံတစ်မျိုးမဟုတ်တစ်မျိုးထွက်နေပြီး အားလုံးက စျေးကွက်ထက်ပိုကောင်းသည်။

သို့ရာတွင် ယွီရွှေ့အစီရင်ခံစာတွေ့သောအခါ လင်းလန်ဇီနည်းနည်းအံ့ဩရသေးသည်။ ဘာပဲဖြစ်ဖြစ် ဟိုင်ကွားအာနိသင်က အမျိုးသားတွေကြားရေပန်းစားသည်။

အထူးသဖြင့် *** ကုသရေးအာနိသင်ပင်။

အိမ်ပေါင်၊ ကားရောင်းရရင်တောင် ဝယ်မယ့်ယောက်ျားတွေရှိတယ်ဟုတ်?

ဒီအာနိသင်က ထူးခြားပုံရသည်။

ဘာပဲဖြစ်ဖြစ် ဒီဟိုင်ကွားမျိုးကို တခြားနေရာမှာမရနိုင်။ ချင်းလင်ရှုမျှော်ခင်းမှာသာရှိသည်။

ထိုအတွေးနှင့် လင်းလန်ဇီက မာတီမီဒီယာဌာနမှလူများကိုဖုန်းဆက်ပြီး တာဝန်ပေးလိုက်သည်။

လိုင်းပေါ်တွင်ကြော်ငြာစည်းမျဉ်းကြောင့် ဟိုင်ကွား၏အထူးအာနိသင်ကိုကျယ်ကျယ်ပြန့်ပြန့်မကြော်ငြာနိုင်သော်လည်း ချင်းလင်စံအိမ်တရားဝင်အကောင့်မှာ ကြေညာနိုင်သေးသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကတွေးတောရင်း ရုံးခန်းအပြင်လမ်းလျှောက်ထွက်လာသည်။

အပြင်းအထန်လေ့ကျင့်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုတိုးစေသောဟိုင်ကွား၏အာနိသင်ကို ဘယ်လိုဖော်ထုတ်ရမလဲ စဉ်းစားနေခြင်းပင်။

ချင်းလင်ဓာတ်ခွဲခန်းက ရလဒ်မထွက်သောကြောင့် အတိအကျမစစ်ခိုင်းချင်။

တခြားနည်းနှင့်သိစေတာပိုကောင်းမည်။

ထိုအချိန်တွင် လင်းဖန်က ချင်ဖုန်းလေးနှင့်ရောက်လာသည်။

ဒီနေ့ ချင်ဖုန်းလေးက ရှောင်ရန်စီးမလာ။

ရှောင်ရန်က သစ္စာခံအစောင့်လို လင်းဖန်နောက်မှလိုက်လာသည်။

ချင်ဖုန်းလေးလက်ထဲတွင် ဘောလုံးလေးတစ်လုံးပါသည်။

သန္ဓေအားဆေးကြောင့် ချင်ဖုန်းလေးက သာမန်ကလေးထက်အကြီးမြန်ပြီး ယောက်ျားကလေးများကြိုက်တတ်သောကစားစရာမျိုးသဘောကျနေပြီဖြစ်သည်။

ဥပမာ ဘောလုံးပင်။

သူ့လက်ထဲမှဘောလုံးလေးကို ဆိတ်လိုတ်၊ လှိမ့်လိုက်လုပ်နေသည်။

"သားလေး.. ဘောလုံးကြိုက်နေပြီလား?''

ရုတ်တရက် ချင်လင်ကရယ်လိုက်သည်_

"မင်းအတွက်ဘောလုံးတစ်သင်းအရင်ထောင်ပေးထားမယ်... မင်းကြီးလာရင် မင်းနဲ့ဆော့ရမှာပေါ့ ဟုတ်လား?''

သူက အကျယ်ကြီးပြောပစ်လိုက်သည်။

သူ့အသံကို လုံခြုံရေးများ၊ဝန်ထမ်းများတောင်ကြားသည်။

တဖက်တွင် လင်းဖန်နည်းနည်းကြောင်သွားသည်။

သူ့မြေးက ရာဘာဘောလုံးလေး ကစားရုံပဲဟာ။ ဘောလုံးနဲ့ဘာဆိုင်လဲ? ဘောလုံးအသင်းတောင်ထောင်ဦးမယ်?

ချင်ဖုန်းလေးကကြောင်တောင်တောင်နှင့် ချင်လင်ကိုကြည့်ပြီး ဘောလုံးကိုရွံသလို မြေပေါ်ပစ်ချလိုက်သည်။

တဖက်တွင် ချင်လင်က ဘေးနားလျှောက်သွားပြီး လင်းလန်ဇီကိုဖုန်းဆက်နေပြီဖြစ်သည်။

ဖုန်းဝင်ဝင်ချင်း သူကလင်းလန်ဇီအား_

"ဥက္ကဌလင်း.. ချင်းလင်ကုမ္ပဏီလုံခြုံရေးဝန်ထမ်းတွေထဲက ဘောလုံးသဘောကျတဲ့သူတွေရွေးပေးပါ... လူငယ်ဆိုပိုကောင်းတယ်... ဘောလုံးတစ်သင်းစာနော်... အဲဒီအသင်းကို ခန္ဓာကိုယ်အားရှိအောင် အထူးဟိုင်ကွားနေ့တိုင်းကျွေးမယ်''

ချင်လင်ကဘာမှရှင်းပြမနေဘဲ ဖုန်းချလိုက်သည်။

ချင်းလင်ကုမ္ပဏီလုံခြုံရေးဝန်ထမ်းအများစုက စ*စ်မှုထမ်းဟောင်းများဖြစ်ပြီး တချို့က အထူးတ*ပ်ဖွဲ့ဝင်များဖြစ်သည်။ တ*ပ်ထဲစောစောဝင်သူများထွက်လာလျှင် ငယ်ရွယ်သေးသည်။

အထူးသဖြင့် သူတို့ခန္ဓာကိုယ်က အလိုက်သင့်ခံနိုင်ရည်ရှိပြီး စ*စ်လေ့ကျင့်ရေးက အရမ်းကောင်းသည်။ သူတို့ကိုအထူးဟိုင်ကွားနှင့်လေ့ကျင့်ပေးရင် သူတို့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကြောက်စရာကောင်းလောက်အောင်တက်လာမည်။

ဒီလိုဆို သူတို့ကိုလေ့ကျင့်ပေးမည့်ဘောလုံးနည်းပြငှားနိုင်သည်။ ဟိုဘောလုံးအသင်းနှင့်ယှဉ်ပြိုင်ခွင့်ရရင် ဘယ်သူနိုင်မလဲမပြောနိုင်။

ဒါပေမဲ့ သူ့ရဲ့လုံခြုံရေးအသင်းကိုတောင် ဟိုအသင်းကမနိုင်ရင် ဘာပြောရတော့မလဲ?

တဖက်တွင်_

သူဌေးတောင်းဆိုမှုကြောင့် လင်းလန်ဇီလည်း ဆွံ့အသွားသည်။

သူဌေးက လုပ်ချင်တိုင်းလုပ်နေတော့တာလား? ရုတ်တရက်ကြီး ဘာလို့လုံခြုံရေးဝန်ထမ်းတွေကို ဘောလုံးအသင်းဖွဲ့ခိုင်းနေတာလဲ?

အထူးသဖြင့် ဘောလုံးအသင်းက ဟိုင်ကွားနေ့တိုင်းစားရမယ်တဲ့။ ဘယ်သူမြှောက်ပေးလိုက်တာလဲ?

သူဌေးက သူမကိုစိတ်ပျက်အောင် လိုက်လုပ်နေသလိုပင်။

ဒါပေမဲ့ သူဌေးကစိတ်ပျက်စေချင်တော့လည်း ပျက်ရတာပေါ့။

ထိုခံစားချက်က ဝန်ထမ်းများဆီမှသတင်းပြန်မကြားခင်အထိသာ။ သူဌေးက သူဌေးလေးချင်ဖုန်းလေးကြောင့် ဘောလုံးအသင်းထောင်ချင်တာတဲ့။

ချင်ဖုန်းလေးက ဘောလုံးကြိုက်လို့ကိုး။

တကယ် ကမ္ဘာမှာအကောင်းဆုံးအဖေပဲ။

တစ်ခါတလေ ရွှေဇွန်းကိုက်မွေးလာတဲ့သူများ တကယ်အားကျစရာ။

ဒီလိုနှင့် ထိုကိစ္စက ဟိုင်ကွားကြော်ငြာရန်အသုံးချနိုင်သောထွင်လုံးတစ်ခုဖြစ်သွားလေသည်။

All Chapters