← Chapters

အခန်း ၁၄၇၀

Vol. 98 Ch. 1470

အခန်း ၁၄၇၀

Vol. 98 Ch. 1470

အခန်း ၁၄၇၀: ကျေးဇူး ရှောင်ချင်!

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

နောက်ဆုံးရေပန်းစားနေသောသတင်းများဖတ်ပြီး ချင်လင်ရယ်ရမလား၊ ငိုရမလားမသိ။

အထူးဟိုင်ကွားသတင်းပင်။ ရှုမျှော်ခင်းအရောင်းစင်တာတွင် လူပင်လယ်ကြီးဖြစ်နေပြီး အားလုံးက အမျိုးသားများဖြစ်သည်။

အရူးမဟုတ်သူတိုင်း အကြောင်းရင်းသိကြလိမ့်မည်။

သို့သော် သတင်းပါအ​ကြောင်းအရာက အလွန်စိတ်ဝင်စားစရာကောင်းသည်။

"တကယ် သူငယ်ချင်းအတွက်လာဝယ်တာ''

"သူငယ်ချင်းအတွက်လာတာပေါ့... သူကအပြင်မှာလေ!''

"သူငယ်ချင်းက ဝယ်ရမှာရှက်တယ်ဆိုလို့ သူ့အတွက်လာဝယ်ပေးတာ!''

"သူငယ်ချင်းနာမည်က လုဖုန်းတဲ့''

"ချိုးလင်ဆိုတဲ့သူငယ်ချင်းပေါ့''

ဗီဒီယိုထဲမှအမျိုးသားများ၏စကား​ကြောင့် ချင်လင်ရယ်ရမလား၊ ငိုရမလားမသိ။

နားပိတ်ပြီး ခေါင်းလောင်းခိုးနေသလိုပင်။

ဒါသူတို့အရှက်ဖုံးမည့်ပိတ်စလေးတစ်စဖြစ်ကောင်းဖြစ်မည်။

သူငယ်ချင်းအတွက်တကယ်လာဝယ်တာလည်း ရှိရင်ရှိပေမပေါ့။

ဒီလိုလူမျိုးကတော့ မှားပြီ။ ဗီဒီယိုကြည့်သူတွေက သူပ*န်းသေနေပါတယ်ပြောလည်း ယုံမှာမဟုတ်။

အချိန်ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားသည်။

ထိုတစ်လအတွင်း လူတစ်စုက ရုံချန်းမှာနေကြသည်။ ချင်းလင်စံအိမ်မှနေ့တိုင်းဖြည့်ဆည်းပေးသောအထူးဟိုင်ကွားကြောင့်ပင်။

ရှုမျှော်ခင်းဝင်ပေါက်တွင် Optimus Prime နှင့် Megatron က ထိန်းချုပ်မှုအတိုင်း တာဝန်ထမ်းဆောင်နေကြသည်။

Optimus Prime: "ဒီနေ့စည်ကားလိုက်တာ... ခရီးသည်တွေအများကြီးပဲ... အားလုံးကိုကြိုဆိုပါတယ်''

Megatron: "စိတ်ရှုပ်စရာလူတွေပဲ... ငါ့ကိုဓာတ်ပုံရိုက်နေကြတယ်... ဒီလိုဆက်ရိုက်နေရင် ငါပုဆိန်နဲ့ခုတ်ချင်လာပြီ''

Megatron က ပြောပြောဆိုဆိုလက်မြှောက်ပြီး YES ဆိုင်းဘုတ်ထောင်ပြသောကြောင့် သူ့နားရှိခရီးသည်အားလုံးရယ်ကြသည်။

ရှုမျှော်ခင်းက Megatron မှာ ကြမ်းကြမ်းတမ်းတမ်းပြောတတ်သော်လည်း Optimus Prime ထက်နွေးထွေးသူဖြစ်ကြောင်း ခရီးသည်များသိနေကြပြီ။ ကြမ်းကြမ်းတမ်းတမ်းပြောပြီး ခရီးသည်များနှင့်ဓာတ်ပုံတွဲရိုက်ရန် ပို့စ်မျိုးစုံပေးတတ်သောကြောင့် ခရီးသည်များအံ့ဩရသည်။

"Megatron''

Optimus Prime က_

"မင်းက အပြောနဲ့အလုပ်မညီပါလား... ဒီနည်းနဲ့ လူတွေအသည်းစွဲအောင်လုပ်တယ်ပေါ့?''

Optimus Prime က ပြောပြောဆိုဆို သူ့ပုံစံအတိုင်း 'Yay' ဟုလုပ်ပြပြီး အားလုံးဓာတ်ပုံရိုက်ရန်အချက်ပြသည်။

ချင်းလင်ရှုမျှော်ခင်းတွင် Optimus Prime နှင့် Megatron က နေ့တိုင်းစကားများမှန်းသိသောကြောင့် ခရီးသည်များကထူးဆန်းသည်မထင်။ သူတို့စကားများတိုင်း ခရီးသည်များက ဓာတ်ပုံအမိအရရိုက်ကြသည်။

ရုတ်တရက် Optimus Prime နှင့် Megatron က သူတို့လမ်းကြောင်းရပ်လိုက်သည်။ တုတ်ရှည်များနှင့်ရောက်လာသောလူတချို့ကို နောက်ကွယ်မှထိန်းချုပ်သူကမြင်လိုက်သောကြောင့်ပင်။

အထူးသဖြင့် ထိုလူများက နှာခေါင်းစည်းနှင့်မျက်မှန်များတပ်ထားသောကြောင့် လူကောင်းနှင့်မတူဘဲ လူဆိုးပုံပေါက်နေသည်။

Optimus Prime လည်း ရှေ့တက်သွားပြီး ထိုလူများကိုကြည့်ကာ_

"ကိုယ့်လူတို့.. ဘာလို့ဒီလိုဝတ်စားထားတာလဲ?''

ဒီလူတွေကြည့်ရတာ လူကောင်းနှင့်မတူ။

Optimus Prime နှင့် Megatron က စိုက်ကြည့်နေသောကြောင့် သူတို့လည်းလန့်သွားပုံရသည်။ အမှတ်တမဲ့ နောက်ပြန်ဆုတ်သွားကြ၏။

Optimus Prime နှင့် Megatron ဘယ်လောက်စွမ်းကြောင်း သူတို့သိပုံရသည်။

Optimus Prime နှင့် Megatron က ဓားပြများကိုနှိမ်နင်းသောဗီဒီယိုကို သူတို့ကြည့်ဖူးသည်။

ထို့ကြောင့် သူတို့ကချက်ချင်းလက်မြှောက်ပြီး မကောင်းသောရည်ရွယ်ချက်မျိုးမရှိကြောင်းလုပ်ပြကြသည်။

ထို့နောက် သူတို့လက်ထဲမှတုတ်ရှည်များကိုမြှောက်လိုက်ရာ အလယ်တွင် စာတမ်းများပေါ်လာသည်:

"ကျေးဇူးပါ ရှောင်ချင်.. ဟိုင်ကွားကိုပျိုးထောင်ပြီး ဖန်ဆင်းရှင်လိုလက်မျိုးနဲ့ နွေဦးကိုပြန်လည်ခေါ်ဆောင်လာပေးတဲ့အတွက်... ငါ့မိသားစုမျိုးဆက်ကိုကယ်တင်ပေးတဲ့အတွက်''

"ချင်းလင်ရှုမျှော်ခင်း.. ကိုယ်ဝန်သန္ဓေတည်ရာနေရာ.. အမျိုးသားထုရဲ့မျှော်လင့်ချက်: ရွှမ်ကျီ''

"ဟိုင်ကွားကိုကျေးဇူးပါ... ရှောင်ချင်ပေးတဲ့မျှော်လင့်ချက်က မေလမှာတွေ့ရတဲ့ပိုးကောင်လေးလိုပဲ''

"ကျေးဇူးပါ ရှောင်ချင်... ဘာဝအသစ်ပေးပြီး အံ့ဩစရာတွေမွေးဖွားပေးတဲ့အတွက်''

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်မှခရီးသည်များ ဝါးခနဲရယ်လိုက်ကြသည်။

ရုတ်တရက် သူတို့အငိုက်မိသွားသည်။

ရေသောက်နေသောခရီးသည်တစ်ဦးမှာ ရေသီးပြီး နှာခေါင်းထဲမှရေပြန်ထွက်လာ၏။

ဘာဖြစ်နေလဲ သူတို့သဘောပေါက်ပြီ။

ဘာပဲဖြစ်ဖြစ် အရင်လက ချင်းလင်ရှုမျှော်ခင်းမှာ ဟိုင်ကွားနာမည်ကြီးခဲ့သည်။

ချင်းလင်ရှုမျှော်ခင်းမှဟိုင်ကွားကို တော်ဝင်ပညာရှင်ချင်ပျိုးထောင်ထားမှန်း အားလုံးသိသွားပြီဟုပြောရမည်။

အချိန်တိုအတွင်း သက်သာရာရပြီး ဟိုင်ကွားကအလွန်ထိရောက်ကြောင်းသိသွားကြပုံပင်။ မဟုတ်ရင် ဒီလိုလုပ်ကြမှာမဟုတ်။

ထိုစာတမ်းများမြင်ပြီး Optimus Prime နှင့် Megatron ကိုထိန်းချုပ်သူများ ကြောင်သွားသည်။

Megatron က မေးသည်_

"Optimus Prime သူတို့ဘာတွေလုပ်နေတာလဲ သိလား? ကြည့်ရတာ အရမ်းစွမ်းတဲ့ပုံပဲ!''

Optimus Prime: "ဟိုင်ကွားစားပြီး ဒူလာရောဂါပျောက်သွားတာနေမှာပေါ့... သူတို့ကကျေးဇူးတင်ကြောင်းလာပြောကြတာ''

စက်ရုပ်နှစ်ရုပ်စကားပြောကြောင့် ထိုလူများရှက်သွားသည်။ သူတို့ကချက်ချင်း စာတမ်းများပစ်ချပြီး ပြန်ပြေးသွားကြ၏။

ထိုမြင်ကွင်းကို ခရီးသည်များက ဓာတ်ပုံရိုက်ကြပြန်သည်။

ဘာပဲဖြစ်ဖြစ် ဒါမျိုးလိုင်းပေါ်တင်လိုက်ရင် အရမ်းအာရုံစိုက်ခံရမှာ။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကရုံးခန်းထဲထိုင်ပြီး နေ့စဉ်တာဝန်များအပြီးသတ်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားပြီး ဇာတ်ကွက်ရှာခိုင်းမည်အပြုတွင် လင်းလန်ဇီရောက်ချလာသည်။

"သူဌေး.. ဒီဗီဒီယိုကြည့်လိုက်ပါဦး''

လင်းလန်ဇီကထိုင်ပြီးနောက် ချင်လင်ကိုဗီဒီယိုပြသည်။ ရယ်ချင်စိတ်ကိုလည်းထိန်းနေရ၏။

ချင်လင်က ဇဝေဇဝါနှင့်ဗီဒီယိုကြည့်လိုက်သည်။ နှာခေါင်းစည်းနှင့်မျက်မှန်များတပ်ထားသောလူတချို့က စာတမ်းများကိုင်ထားသည်ကိုတွေ့ရသည်။

All Chapters