အခန်း ၈၄
Vol. 6 Ch. 84
အခန်း(၈၄) ရှောင်ပီလီ၊ အကောင်းဆုံး သွေးတုံးကျောက်တုံး
"ဟဲဟဲ" ဖုန်းစစ်နန်းက နှစ်ခါမျှ ရယ်မောလိုက်ပြီး "အိမ်ရှေ့မင်းသားအိုကြီးကို ကျွန်မတို့ သတ်ခဲ့တာ မဟုတ်ပေမဲ့ ကျွန်မတို့ဆီမှာ အပြစ်ပုံချဖို့ လူတစ်ယောက် လိုအပ်နေတာပဲ" ဟု ဆိုသည်။
"သွေးဝတ်ရုံခန်းမဆောင်က အကြီးအကဲတွေရဲ့ ပြောပြချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးဆယ်က တိုက်ပွဲမှာ ငါတို့ သွေးဝတ်ရုံခန်းမဆောင်က ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံခဲ့ရပေမဲ့ အဲဒီမျိုးဆက်က လူတွေ အကုန်လုံး ကွယ်လွန်ကုန်ကြပြီ။ အခုဆိုရင် အမှန်တရားကို သိတဲ့သူ လက်ချိုးရေလို့ရတဲ့ ပမာဏလောက်ပဲ ရှိတော့တယ်"
ရှောင်ပီလီက ခေါင်းညိတ်လိုက်ပြီး "အဲဒီလိုဆိုရင် မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ" ဟု မေးသည်။
"ဖုန်းလု သေသွားပြီ။ အိမ်ရှေ့မင်းသားက လက်မလျှော့ဘူးဆိုရင် တခြား သိုင်းကျွမ်းကျင်သူတွေ ထပ်ရောက်လာမှာပဲ။ ဒီ ကျွီယန်မြို့မှာရှိတဲ့ ဌာနခွဲရဲ့ တည်နေရာကိုလည်း သူတို့ ရိပ်မိသွားလောက်ပြီ"
ဖုန်းစစ်နန်းက မျက်မှောင်ကြုတ်လျက် "လိမ္မာတဲ့ ယုန်က အပေါက်သုံးပေါက် ဖောက်ထားတတ်တယ်ဆိုတာမျိုးပေါ့" ဟု ပြောသည်။
"ကျွန်မတို့ အရင်ဆုံး ဒီနေရာကနေ ထွက်ခွာရမယ်။ ယန်နယ်မြေမှာ ငါတို့ရဲ့ နောက်ထပ် လျှို့ဝှက်စခန်းတွေ ရှိသေးတယ်။ ဒီနေရာလောက် အကြာကြီး အခြေချထားတာမျိုး မဟုတ်ပေမဲ့ တစ်ခါတည်းနဲ့ အကုန်အစင် ဖျက်ဆီးခံရတာထက်စာရင် ပိုကောင်းပါတယ်"
"မဖြစ်ဘူး၊ ကျွန်မတို့ သွေးဝတ်ရုံခန်းမဆောင်ကို အရင်ဆုံး အကြောင်းကြားရဦးမယ်၊ မဟုတ်ရင် ပြဿနာ တက်နိုင်တယ်..."
လက်ရှိ သွေးဝတ်ရုံခန်းမဆောင်ကတော့ အရင်ကလိုမျိုး မဟုတ်တော့ချေ။ အိမ်ရှေ့မင်းသားသာ တခြား သိုင်းလောကမှ ဂိုဏ်းအင်အားစုတွေနဲ့ ပူးပေါင်းပြီး သွေးဝတ်ရုံခန်းမဆောင်ကို တိုက်ခိုက်လာမယ်ဆိုရင် အမှန်တကယ်ပင် ပြဿနာ ဖြစ်လာနိုင်ပေသည်။
သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေသေးသည်။
---
သုံးရက် ကြာမြင့်ပြီးနောက်။
နဂါးနှင့်ကျားစာရင်းတွင် အဆင့် (၅၀) ရောက်နေသော ရှောင်ပီလီသည် ယန်နယ်မြေရှိ စိမ်းလန်းမြေဈေး၌ စန်းယွမ်ဓားဂိုဏ်းမှ 'ဝိညာဉ်ရိတ်သိမ်းလက်' အကြီးအကဲ ဖုန်းလု၊ မန်ပြည်နယ်မှ 'တစ္ဆေလက်ဝါး' ကျန်းထောင်နှင့် ထျန်းကျီချိုင့်ဝှမ်းမှ အဆင့် (၄) သိုင်းဆရာကြီး ယွီလုံတို့ကို သတ်ဖြတ်လိုက်သည်။
ထို့အပြင် ၎င်းတို့သုံးဦးနှင့်အတူ အဆင့် (၅) ကျွမ်းကျင်သူ ငါးဦးတို့ကိုပါ ရှောင်ပီလီ၏ ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
သတင်းသည် သိုင်းလောကတစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး၊
သိုင်းလောကတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။
---
မန်ပြည်နယ်။
အရှေ့မြစ်မြို့။
ကျန်းဝူဆောင်။
မြင်းခွာသံများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် မြင်းပေါ်ကနေ ခုန်ဆင်းလာပြီး ကျန်းဝူဆောင်၏ တံခါးဝတွင် ကပ်ထားသည်မှာ ကြာသေးသဖြင့် အရောင်မမှိန်သေးသော နဂါးနှင့်ကျားစာရင်းကို ဆွဲခွာလိုက်သည်။ ထို့နောက် အထဲမှ ကော်အသစ်တစ်ခုကို သုတ်လိမ့်လိုက်ပြီး ရင်ဘတ်ထဲက စာရင်းအသစ်တစ်ခုကို ထုတ်ယူကာ ကပ်လိုက်သည်။
"နဂါးနှင့်ကျားစာရင်းကို ထပ်ပြီး အသစ်လုပ်လိုက်တာလား"
"နောက်ဆုံးအကြိမ်က 'သွေးဓားသံမဏိ' ရှောင်ပီလီကြောင့် အသစ်လုပ်ခဲ့တာလေ။ ဒီတစ်ခေါက်မှာရော နောက်ထပ် ပါရမီရှင် ထူးချွန်သူတစ်ယောက် ပေါ်လာပြန်တာလား"
"ပါရမီရှင်တွေက ဒီလောက်တောင် များနေတာလား။ အရင်တုန်းက နဂါးနှင့်ကျားစာရင်း လုပ်တဲ့အခါ ငါတို့ မန်ပြည်နယ်နဲ့ ဘာမှ မသက်ဆိုင်ခဲ့ဘူး။ လုပ်ဖို့တောင် လူမရှိခဲ့ဘူး။ ဒါ ရှောင်ပီလီနဲ့များ ပတ်သက်နေမလား"
"..."
ကျန်းဝူဆောင်မှ ကျူးရှော့တို့အဖွဲ့ကပင် စိတ်ဝင်တစား ကြည့်နေကြသည်။
ကျန်းဝူဆောင်မှ တပ်မှူး ရှောင်လုံက အဘိုးအိုရှေ့ ထွက်လာပြီး လက်နှစ်ဖက် ယှဉ်ကာ "ဆရာကြီး၊ ဒီတစ်ခေါက် နဂါးနှင့်ကျားစာရင်းမှာ ပြောင်းလဲမှုတွေ ရှိသေးလား" ဟု မေးလိုက်သည်။
အဘိုးအိုက ရှောင်လုံကို တစ်ချက်မျှ မကြည့်ပါ။ ရင်ဘတ်ထဲက စာရင်းတစ်ခုကို ထပ်ထုတ်လိုက်ပြီး ဘာမှ မပြောဘဲ နဂါးနှင့်ကျားစာရင်းဘေးမှာ ကပ်လိုက်သည်။
'ဒါက သိုင်းဆရာကြီးစာရင်းလား'
ရှောင်လုံ အံ့အားသင့်သွားသည်။
ရှောင်ပီလီ မပေါ်ပေါက်ခင် ဆယ်စုနှစ်များစွာကတည်းက မန်ပြည်နယ်တွင် နဂါးနှင့်ကျားစာရင်းဝင် သိုင်းသမားဟူ၍ တစ်ယောက်မှ မရှိခဲ့ဘဲ၊ သိုင်းဆရာကြီးစာရင်းဝင်ဆိုတာ ပိုတောင် မရှိခဲ့ချေ။
အဘိုးအိုက အနီရောင်စာရင်းကို ကပ်ပြီး ပြန်လှည့်ထွက်သွားသည်နှင့်၊
လူအုပ်ကြီးက ချက်ချင်း ဝိုင်းအုံလာကြသည်။
အထဲကနေ အပြင်အထိ အလွှာသုံးထပ်လောက် ဝိုင်းနေကြသည်။
အနောက်ဘက်က လူတွေကတော့ သိုင်းဆရာကြီးစာရင်းထဲက စာတွေကို လုံးဝ မမြင်ရပေ။
"ဘယ်သူတွေ စာရင်းဝင်သွားတာလဲ"
"ဟာဗျာ၊ ရှေ့ဆုံးကလူတွေ အသံထွက်ဖတ်ပေးလို့ မရဘူးလား"
"မြန်မြန် ဖယ်ပေးကြပါ၊ ငါလည်း ကြည့်ပါရစေဦး"
"..."
လူအုပ်ကြီး အငြင်းပွားနေကြစဉ် 'နတ်ဆေးဆရာ' ကျိုးဝူက သိုင်းဆရာကြီးစာရင်းထဲက စာကြောင်းတစ်ကြောင်းကို ကြည့်ပြီး တိုးတိုးလေး ဖတ်ပြလိုက်သည်။
"ရှောင်ပီလီ"
"မန်ပြည်နယ်မှ ရှောင်ပီလီ၊ လက်နက် - အနီရောင်လက်စွပ်ဓား... သွေးဝတ်ရုံခန်းမဆောင်မှ ဖြစ်နိုင်ပြီး ဓားသိုင်းတွင် ကျွမ်းကျင်သူ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပညာရပ်တွင် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေသူ၊ ယန်နယ်မြေရှိ စိမ်းလန်းမြေဈေး၌ အဆင့် (၄) သိုင်းဆရာကြီး 'ဝိညာဉ်ရိတ်သိမ်းလက်' ဖုန်းလု၊ 'တစ္ဆေလက်ဝါး' ကျန်းထောင်၊ ထျန်းကျီချိုင့်ဝှမ်းမှ အကြီးအကဲ ယွီလုံတို့အပြင် အဆင့် (၅) ကျွမ်းကျင်သူ ငါးဦးတို့ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သူ၊ အမည်ပြောင်မှာ 'နတ်ဆိုးဓား' ဖြစ်သည်... သိုင်းဆရာကြီးစာရင်း အဆင့် (၃၆) ဖြစ်သည်"
နေရာတစ်ခုလုံး ဆူညံသွားသည်။
"သိုင်းဆရာကြီးစာရင်း အဆင့် (၃၆)"
"ရှောင်ပီလီက တကယ်ပဲ သိုင်းဆရာကြီးစာရင်းထဲ ရောက်သွားတာလား"
"ဒါ ဖြစ်နိုင်ပါ့မလား"
"ဒါဆိုရင် ကူးမိသားစုခံတပ် ခေါင်းဆောင်ကူးလည်း သခင်လေးရှောင် လက်ချက်နဲ့ သေသွားတာပေါ့"
"သူက အသက် ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာလေ..."
လူတိုင်း ထိတ်လန့်သွားကြသည်။
အထူးသဖြင့် ရှောင်ပီလီနှင့် အရင်က ထိတွေ့ဖူးခဲ့တဲ့ ကျူးရှော့တို့အဖွဲ့က ပိုတောင် အံ့အားသင့်နေသည်။ သူက သိုင်းဆရာကြီးစာရင်းဝင်တစ်ယောက်နဲ့ တကယ်ပဲ ထိတွေ့ဖူးခဲ့တာလား။
လူအုပ်ထဲ ရောနေတဲ့ ဝူရှန်သူရဲကောင်း သုံးယောက်ကလည်း မယုံကြည်နိုင်သည့် မျက်နှာများဖြင့် ကြည့်နေကြသည်။
သခင်လေးရှောင်၏ ဂုဏ်သတင်းက မန်ပြည်နယ်မှာ နည်းနည်း ဆိုးရွားနေပေမဲ့ သခင်လေးရှောင်ဟာ လူကောင်းတစ်ယောက်လို့ သူတို့ ခိုင်ခိုင်မာမာ ယုံကြည်ထားကြသည်။ မဟုတ်ရင် သခင်လေးရှောင်သာ သူတို့ကို သတ်ပစ်လိုက်မယ်ဆိုရင် ကွမ်ယွင်ဖမ်း သေဆုံးသွားတာကို ဆယ့်နှစ်ခံတပ်ကွင်းဆက်က သိမှာ မဟုတ်ချေ။
---
ယွင်နယ်မြေ။
စန်းယွမ်ဓားဂိုဏ်း။
စန်းယွမ်ဓားဂိုဏ်းကို စန်းယွမ်တောင်၏ တောင်စောင်းတစ်ဝက်တွင် တည်ရှိပြီး စန်းကျန်းမြစ်နှင့် ကပ်လျက် ရှိသည်။
မြစ်ရေက အရှိန်အဟုန်ဖြင့် စီးဆင်းနေပြီး တောင်ကို ပတ်ကာ စီးဆင်းနေသည်။
"သေလိုက်စမ်း"
"အစ်ကိုကြီး ရွှယ်ကျိုးကို သတ်သွားတဲ့ ခိုးသားက သိုင်းဆရာကြီးစာရင်းထဲတောင် ရောက်သွားတာလား"
"အဲဒီခိုးသားက အသက် ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာကို အဆင့် (၄) သိုင်းဆရာကြီးအဆင့်ကို ဘယ်လိုလုပ် ရောက်သွားနိုင်မှာလဲ။ ကျန်းဝူဆောင်က မှားနေတာ ဖြစ်ရမယ်"
"အစ်ကိုကြီး ကျောချင်းယွင်က တစ်နှစ်ခွဲလောက်ကတည်းက သိုင်းဆရာကြီးအဆင့်ကို တက်လှမ်းဖို့ လေ့ကျင့်ခန်း ဝင်သွားတာ မဟုတ်ဘူးလား။ အဲဒီ တစ်နှစ်ခွဲအတွင်းမှာလည်း အကြိမ်အနည်းငယ် ပြန်ပေါ်လာသေးတာပဲ၊ သူ အဆင့် (၄) ရောက်သွားပြီလား"
"..."
မကြာသေးခင်ရက်ပိုင်းက ယန်နယ်မြေမှ သတင်းများ စန်းယွမ်ဓားဂိုဏ်းသို့ ရောက်လာသည့်အခါ စန်းယွမ်ဓားဂိုဏ်းမှ တပည့်များ ဒေါသထွက်နေကြသည်။
ရှောင်ပီလီ နာမည်ကြီးလာတိုင်း သူတို့ စန်းယွမ်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို မြေကြီးထဲ နင်းချေခံနေရခြင်းပင်။
---
စန်းယွမ်ဓားဂိုဏ်း၏ အတွင်းပိုင်း၌၊
တပည့်ရင်းများနှင့် အကြီးအကဲများသာ နေထိုင်ခွင့်ရှိသည့် နေရာတွင်။
တိတ်ဆိတ်သည့် အခန်းငယ်လေးထဲတွင်၊
အသက် လေးဆယ်အရွယ်ရှိ အဆင့် (၅) ကျွမ်းကျင်သူ နှစ်ယောက်က ဓားရှည်များကို ကိုင်စွဲလျက် အခန်းဝတွင် ရပ်နေကြသည်။ နှစ်ယောက်လုံးက အဆင့် (၅) အထွတ်ထိပ်သို့ ရောက်နေပြီး တပည့်ရင်း ဖြစ်ခါနီးသူများ ဖြစ်သည်။
အဆင့် (၄) သိုင်းဆရာကြီးအဆင့်သို့ ရောက်ဖို့ မျှော်လင့်ချက် နည်းပါးပေမဲ့ အခွင့်အရေးတော့ ရှိနေသေးသည်။ စန်းယွမ်ဓားဂိုဏ်းမှာ သူတို့၏ အဆင့်အတန်းက နိမ့်ကျသည် မဟုတ်သော်လည်း ယခုအချိန်တွင်တော့ အခန်းအတွင်းဘက်ကို ရိုသေစွာဖြင့် ကြည့်နေကြသည်။
သူတို့သည် အခန်းထဲကနေ ထွက်ပေါ်လာသော ပြင်းထန်သည့် ဓားစိတ်ဆန္ဒကို ခံစားနေရသည်။
တခြားသူတွေ မသိပေမဲ့ ညီငယ် ကျောချင်းယွင်က ပြီးခဲ့တဲ့နှစ်ကတည်းက အဆင့် (၄) သိုင်းဆရာကြီးအဆင့်သို့ ရောက်ရှိနေပြီး ဂိုဏ်းအကြီးအကဲသခင်ကြီး ပေးအပ်သည့် မူလဝိညာဉ်ဆေးလုံးကိုတောင် ရရှိထားကြောင်း သူတို့ သိသည်။
တစ်နှစ် ကြာမြင့်သွားပြီဖြစ်ရာ ညီငယ် ကျောချင်းယွင် အဆင့် (၄) အလယ်အဆင့်၊ သို့မဟုတ် နောက်ဆုံးအဆင့်သို့တောင် ရောက်နေလောက်ပြီ ဖြစ်သည်။
ဓားသိုင်းလမ်းစဉ်ကို နားလည်ထားသည့် သူတို့အနေဖြင့် အခန်းထဲက ဓားစိတ်ဆန္ဒက ဘယ်လောက်တောင် ကြောက်ခမန်းလိလိ ဖြစ်နေလဲဆိုတာ ခန့်မှန်းနိုင်သည်။
ထို့အပြင် ညီငယ် ကျောချင်းယွင်က ဓားကို သုံးနှစ်တိုင်တိုင် သိမ်းထားခဲ့သည်။ အကယ်၍ သူသာ ဓားကို ပြန်ထုတ်လိုက်မည်ဆိုပါက လောကကြီးကိုပင် တုန်လှုပ်သွားစေမည့် တိုက်ကွက်တစ်ခု ဖြစ်လာမှာ သေချာသည်။
သူတို့ နှစ်ယောက်က နာရီဝက်ခန့် စောင့်ဆိုင်းနေသည်။
ဘ
အခန်းထဲက ဓားစိတ်ဆန္ဒက နောက်ဆုံးတော့ ပျောက်ကွယ်သွားသည်။
ကြွပ်။
ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျောချင်းယွင်က အခန်းထဲကနေ လျှောက်ထွက်လာသည်။ သူက ချောမောသူ မဟုတ်သော်လည်း ဘယ်နေရာသွားသွား လူတွေ၏ အာရုံစိုက်မှုကို ခံရမည့် ယုံကြည်မှုရှိသည့် အရှိန်အဝါမျိုး ရှိသည်။
"ဘာကိစ္စလဲ" ကျောချင်းယွင်က အခန်းဝက နှစ်ယောက်ကို ကြည့်ပြီး အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
သူ လေ့ကျင့်ခန်း ဝင်နေတာ နှစ်လပဲ ရှိသေးပြီး အရေးကြီးတဲ့ ကိစ္စ မဟုတ်ရင် လာမနှောင့်ယှက်ဖို့ မှာထားခဲ့တာ ဖြစ်သည်။
ဂိုဏ်းအကြီးအကဲသခင်ကြီး ပေးအပ်ထားသည့် တန်ဖိုး ၁၀၀,၀၀၀ ရွှေနှင့် ညီမျှသော မူလဝိညာဉ်ဆေးလုံး နှစ်လုံးကို သုံးပြီးမှ အဆင့် (၄) အထွတ်ထိပ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ မူလဝိညာဉ်ကို တကယ် ပိုင်ဆိုင်သည့် အဆင့် (၃) မဟာဆရာသခင်ကြီးအဆင့်သို့ ရောက်ဖို့ အလွှာတစ်ထပ်ပဲ လိုတော့သည်။
ဒီ မူလဝိညာဉ်ဆေးလုံး နှစ်လုံးကို ရရှိဖို့ သူ ဘာတွေ ပေးဆပ်ခဲ့ရလဲဆိုတာလည်း သူ သိသည်။ သူက ဂိုဏ်းအကြီးအကဲသခင်ကြီး ဖြစ်လာဖို့ ဘယ်တော့မှ မျှော်လင့်ချက် မရှိတော့ပေ။
ဂိုဏ်းအကြီးအကဲသခင်ကြီး နေရာက လင်းချင်းယွမ်အတွက်သာ ဖြစ်သည်။
ဒါပေမဲ့ သူ ရွေးချယ်စရာ မရှိခဲ့ပါ။ လင်းချင်းယွမ်မှာ မွေးရာပါ ဓားကိုယ်ထည် ရှိနေပြီး ဂိုဏ်းအကြီးအကဲသခင်ကြီး၏ ကိုယ်တိုင် သင်ကြားပေးမှုကြောင့် စန်းယွမ်ဓားဂိုဏ်း၏ အတော်ဆုံး ဓားသိုင်းသမား ဖြစ်လာဖို့ သေချာနေသည်။ သူက တခြား ရွေးချယ်စရာ မရှိ။
အနည်းဆုံးတော့ မူလဝိညာဉ်ဆေးလုံးကို သောက်လိုက်တဲ့အတွက် နဂါးနှင့်ကျားစာရင်း ထိပ်ဆုံး သုံးယောက်မှာရှိတဲ့ ပါရမီရှင်တွေကို လိုက်မီဖို့ မျှော်လင့်ချက် ရှိလာသည်။
အနာဂတ်မှာ အဆင့် (၂) သဘာဝနှင့် လူသား တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအဆင့်ကိုပင် စိန်ခေါ်နိုင်သည့် အခွင့်အရေး ရှိလာမည်။
အဆင့် (၅) ကျွမ်းကျင်သူ တစ်ယောက်က အမြန် ဦးညွှတ်လိုက်ပြီး ကျောချင်းယွင်ဆီသို့ စာတစ်စောင် ကမ်းပေးကာ "မကြာသေးခင်က ရွှယ်ကျိုးက ရှောင်ပီလီလက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်"
"အခုဆိုရင်လည်း ဦးလေး ဖုန်းလုပါ ရှောင်ပီလီလက်ချက်နဲ့ သေဆုံးသွားပြန်ပါပြီ။ ဦးလေး တုန်းဖန့်ယန်က စာပေးပို့လိုက်တာပါ" ဟု ပြောသည်။
ကျောချင်းယွင်က စာကို လှမ်းယူပြီး ဖြန့်ကြည့်လိုက်ရာ စာထဲတွင် တစ်ကြောင်းတည်းသာ ရေးထားသည်။
'သုံးနှစ်တိုင်တိုင် သိမ်းထားခဲ့တာ၊ အခု ဓားထုတ်ဖို့ အချိန်တန်ပြီ'
'ရှောင်ပီလီဟာ အကောင်းဆုံး သွေးတုံးကျောက်တုံးပဲ'