← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

🍄 Chapter 147

သူသည် တစ်ချိန်က ဟူရှောင်မေအား သူ့နှလုံးသားကို ပေးအပ်ခဲ့ဖူးပြီး ချီတုန်မိန်အပေါ်တွင်လည်း ကျေးဇူးတင်ခဲ့ဖူးသည်။

သို့သော် ထိုသူများက သူ့အပေါ် ဆက်ဆံခဲ့ပုံမှာ ဤသို့ပင်ဖြစ်၏။

သူသည် မေ့လန်၏စကားကို တစ်ကြိမ်နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

ငွေမရလျှင်ပင်၊

အခြားသူများ ချမ်းသာသွားသည်ကို ကြားသိရပြီး မိမိကိုယ်ကို စိတ်ပျက်ဝမ်းနည်းနေရလျှင်ပင်၊

သူ့သမီးလေး ယွမ်ယွမ်အတွက် ကုသိုလ်ကောင်းမှုအချို့ စုဆောင်းနိုင်ရန်အတွက် ဖြစ်သည်။

သေချာပေါက် မထွက်ခွာမီတွင် ယန်ရှီရှန်းက ပြောဆိုလိုက်သေးသည်။

“မေ့လန်၊ ကျိုးရွှယ်ချင်းကတော့ ငါတို့ကို သေလောက်အောင် လှောင်ပြောင်နေတော့မှာပဲ”

ချန်မေ့လန်သည် ယန်ရှီရှန်းအား ဆူပူရန်ပင် စိတ်မဝင်စားတော့ဘဲ အိမ်သို့သာ ပြန်လာခဲ့သည်။

ယွမ်ယွမ် အသံသွင်းထားသော သီချင်းများကို တစ်စုံတစ်ယောက်က အမှန်တကယ်ဝယ်ယူလိုသည့်အတွက် ချန်မေ့လန် တကယ်ကို အံ့သြသွားမိသည်။

ရွာလေးမှာ မကြီးမားလှဘဲ လူတိုင်းက တိတ်ခွေ နားထောင်ရသည်ကို နှစ်သက်ကြ၏။

ရှောင်ဝမ်၏ တိတ်ခွေအားလုံးမှာ သူဝယ်ယူထားသော တိတ်ခွေအလွတ်များပေါ်တွင် ကိုယ်တိုင်အသံသွင်းထားခြင်းဖြစ်ရာ ကြားခံလူများကို ဖယ်ရှားပြီး ဈေးပေါပေါဖြင့် ရောင်းချနိုင်လေသည်။

ဈေးနှုန်းသက်သာမှုကြောင့် အနည်းဆုံး လူမိုက် လေးငါးယောက်ခန့် ဖြားယောင်းခံရပြီး သူ၏ စုစည်းမှုတိတ်ခွေများကို ဝယ်ယူခဲ့ကြသည်။

အိမ်အချို့ရှေ့မှ ဖြတ်သွားစဉ် ထိုအိမ်များအတွင်းမှ ယွမ်ယွမ်၏အသံကို သူမ ကြားလိုက်ရသည်။

ယနေ့တွင် ယွမ်ယွမ်က သူမအတွက် နောက်ထပ်လက်ဆောင်တစ်ခု ထပ်ဝယ်လာပြန်သည်။

၎င်းမှာ ထောင့်ဆိုင်မှ ဈေးပေါသော နှုတ်ခမ်းနီတစ်တောင့် ဖြစ်ပြီး ဝက်ဆီ၊ ရနံ့နှင့် ဆိုးဆေးများဖြင့် ပြုလုပ်ထားပုံရကာ အလွန်အမင်း နီရဲနေသဖြင့် ကြောက်စရာကောင်းလှပြီး အလွန်အမင်း မွှေးပျံ့နေရာ အန်ချင်စိတ်ပင် ဖြစ်ပေါ်စေသည်။

မိခင်ဖြစ်သူ နှုတ်ခမ်းနီဆိုးနေသည်ကို ကြည့်ရင်း ယွမ်ယွမ်က သူမကိုယ်သူမနှင့် ရှောင်လန်ကိုပါ အနည်းငယ် ဆိုးပေးလိုက်သည်။

“မေမေ၊ မေမေက တကယ်လှတာပဲ”

ရှောင်လန်၏ အသားအရေမှာ မူလကတည်းက ဖြူဖွေးနေပြီး နှုတ်ခမ်းနီဆိုးလိုက်သောအခါ အလွန်နီမြန်းတောက်ပသွားသဖြင့် မိန်းကလေးတစ်ဦးဟုပင် ထင်မှတ်မှားနိုင်လောက်သည်။

သို့သော် သူ့ပါးစပ်ကမူ အနည်းငယ် ရိုင်းစိုင်းနေသည်။

“ကျစ်၊ မိုက်တယ်၊ ကြည့်ကောင်းချက်ပဲ”

ချန်မေ့လန်က သူ၏ ပါးစပ်လေးကို ညင်သာစွာ ပုတ်လိုက်သည်။

“အဲဒီလိုတွေ ပြောနေရင် သွားတွေ ပေါက်လာမှာ မဟုတ်ဘူး၊ ‘ကျေးဇူးတင်ပါတယ် အစ်မ၊ တကယ်ကြည့်ကောင်းတာပဲ’ လို့ ပြောရတယ်လေ”

ကလေးများသည် ဆိုးရွားသောစကားလုံးများကို အလွယ်တကူ အတုခိုးတတ်ကြသဖြင့် ငယ်စဉ်ကတည်းက ပြုပြင်ပေးရမည်ဖြစ်သည်။

ရှောင်လန်သည် သူ့သွားများအတွက် လိမ္မာစွာ လိုက်ပြောရှာသည်။

“ကျေးဇူးတင်ပါတယ် အစ်မ၊ တကယ်ကြည့်ကောင်းတာပဲ”

ချန်မေ့လန်သည် ကလေးများ နှုတ်ခမ်းနီဆိုးရသည်အား ပျော်ရွှင်နေကြသည်ကို မတားဆီးရက်သော်လည်း အပြင်သို့ ထွက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းဖျက်ပစ်လိုက်သည်။

အမျိုးသားများ၏လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှုသည် ခုံးကွေးနေသော မျဉ်းတစ်ကြောင်းကဲ့သို့ ဖြစ်ပြီး နောက်ဆုံးတွင် ကျဆင်းသွားမည်ကို သူမ သိထားသည်။

သို့သော် ထိုမျဉ်းကွေးအထွတ်အထိပ်သို့ ရောက်နေချိန်တွင် ကျဆင်းသွားမည့်အချိန်ကို စောင့်ဆိုင်းရသည်မှာ အလုပ်ရှုပ်လှပေသည်။

ယန်ကျောက်သည် မွေ့ရာကို ဖုံးအုပ်ထားသော အဝတ်စနှင့် အတွင်းမှရေမြှုပ်များကို ဆေးကြောနေသည်။ သူ အားလုံးကို ဖြုတ်ယူဆေးကြောပြီးနောက် ယခုအခါ ပြန်လည်ချုပ်လုပ်နေရာ မွေ့ရာတစ်ခုခု ပြုလုပ်ရန် ပြင်ဆင်နေပုံရ၏။

မကြာသေးမီက ချန်မေ့လန်သည် ယန်ရှီရှန်းနှင့် အတော်လေး ထိတွေ့ဆက်ဆံနေခဲ့သည်။

သူ့ကို တွေ့ချင်၍မဟုတ်ဘဲ ယန်ရှီရှန်းကို စောင့်ကြည့်နေရသောကြောင့် ဖြစ်သည်။ အကယ်၍ သူမ သတိလက်လွတ်ဖြစ်သွားပါက လူဒါဇင်ပေါင်းများစွာ၏အသက်အန္တရာယ် ထိခိုက်နိုင်၏။

ယန်ရှီရှန်းသာ သူ၏ အတိတ်က အမှားများကို ထပ်မံ ကျူးလွန်ပါက မိသားစုများစွာကို ပျက်စီးစေလိမ့်မည်။

သို့သော် သူမသည် ယန်ရှီရှန်းနှင့်ပတ်သက်၍ မဖွယ်မရာ တွေးတောနေသည်ဟု ယန်ကျောက်အား ထင်မှတ်ခွင့်မပေးနိုင်ပေ။

ယန်ရှီရှန်းနှင့် သူမ၏ ဆက်ဆံရေးအားလုံးမှာ ပုံဆောင်ခဲကဲ့သို့ ရှင်းလင်းပြတ်သားနေရမည်ဖြစ်သည်။

ချန်မေ့လန်က အရင် စကားစလိုက်သည်။

“ဒီနေ့ ရှီရှန်းနဲ့တွေ့ပြီး လုံခြုံရေးထုတ်လုပ်မှုအကြောင်း ပြောဖြစ်တယ်၊ ထုတ်လုပ်မှုလိုင်းတွေကို သေချာတပ်ဆင်ဖို့ သူ့ကို ဖျောင်းဖျနိုင်ခဲ့တယ်”

ယန်ကျောက်က ရုတ်တရက် သတိပေးလိုက်သည်။

“သူ့ကို ပြုံးမပြနဲ့”

၎င်းမှာ တိုတောင်းပြီး ကလေးဆန်သော မှတ်ချက်တစ်ခုဖြစ်၏။

ချန်မေ့လန် လှည့်ကြည့်လိုက်သောအခါ သူသည် တည်ကြည်လေးနက်ပြီး ဖြောင့်မတ်မှု အပြည့်ရှိနေပုံရသည်ကို တွေ့လိုက်ရသော်လည်း အဘယ်ကြောင့် သူ ထိုကဲ့သို့ ပြောဆိုရသနည်း။

သူ တကယ် လေးလေးနက်နက် ပြောနေခြင်းလော။ သို့မဟုတ် သူ သဝန်တိုနေခြင်းများလော။

သူသဝန်တိုသည့်သူမှာ အခြားသူမဟုတ်ဘဲ ယန်ရှီရှန်း ဖြစ်နေသည်လော။

ချန်မေ့လန်က တက်ကြွစွာဖြင့် ကြေညာလိုက်သည်။ ဤအလုပ်ကြိုးစားသော အမျိုးသားအား ပျော်ရွှင်စေရန်မှာ သူမ၏ တာဝန်ပင်ဖြစ်၏။

“ဒီည ကျွန်မ လာခဲ့မယ်”

သို့သော် အခြားပြဿနာတစ်ခု ရှိနေသေးသည်။

“ဟိုလေ... ဟွာ…. နာတယ်၊ ကျွန်မရဲ့ ကျန်းမာရေးကတော့ သေချာပေါက် ကောင်းပါတယ်၊ ရှင့်ကြောင့်များ ဖြစ်နိုင်မလားလို့”

ယန်ကျောက်သည် အပ်ပေါက်ထဲသို့ အပ်ချည်ကြိုးထည့်ရန် အကြိမ်အနည်းငယ်မျှ ကြိုးစားနေသော်လည်း မအောင်မြင်ခဲ့ချေ။

ချန်မေ့လန်က အပ်ကိုယူကာ လျှာဖြင့်လျက်ပြီး အပ်ပေါက်ထဲသို့ အပ်ချည်ကြိုးဝင်အောင် ကူညီပေးလိုက်သည်။

ယန်ကျောက်က အပ်ကိုပြန်ယူကာ မေးလိုက်လေ၏။

“မင်းရင်ထဲမှာ လိုလိုလားလားမရှိလို့ နာနေတာများလား”

အမျိုးသမီးများက သူတို့၏ဆန္ဒများကို မျက်နှာပေါ်တွင် ပြသထားရမည်များလော။

သို့မဟုတ် ထိုနာကျင်မှုကို ရပ်တန့်နိုင်ရန် ခြုံယောင် (အပြာမင်းသမီး) ဇာတ်လမ်းတွဲများထဲမှ ဇာတ်ဆောင်များကဲ့သို့ “ကျွန်မ ဆန္ဒရှိပါတယ်” ဟု အော်ဟစ်နေရမည်လော။

အရွယ်အစားကို တိုက်ရိုက်ပြောရန်လည်း ချန်မေ့လန်မဖြစ်နိုင်ပေ။

သူ မည်သို့ ထင်သွားမည်နည်း။ သူမ ယခင်က အိမ်ထောင်ကျဖူးကြောင်းကို သူ သိထားပြီးဖြစ်ရာ ထိုသို့သာပြောလိုက်လျှင် သူမတွင် ဂုဏ်သိက္ခာများ ကျန်ရှိနေနိုင်သေးသည်လော။

သူမသည် အပ်ကို ပြန်လည်ကမ်းပေးလိုက်ပြီး ယန်ကျောက်အား အချိန်အတော်ကြာ စိုက်ကြည့်နေမိရာ သူ၏နားရွက်များမှာ ရဲရဲနီလာတော့၏။

သူသည် အဝတ်စထဲသို့ အပ်ကိုထိုးသွင်းလိုက်သည်။ သူ့လက်များမှာ သန်မာသော်လည်း ချုပ်လုပ်ရာတွင် သွက်လက်ကျွမ်းကျင်မှု ရှိလှပေ၏။

(T/N….. အဟမ်း အပေါ်က အပ်နဲ့အပ်ပေါက်က အပ်ချည်ထိုးချုပ်ဖို့နော်၊ ပေါက်က‌ရတွေ မတွေးရဘူး)

သို့သော် ချုပ်ရိုးများမှာ ကင်းခြေများများကဲ့သို့ အနည်းငယ် မညီမညာဖြစ်နေလေသည်။

ချန်မေ့လန်သည် အဖြေတစ်ခုကို စောင့်ဆိုင်းနေလိုက်၏။ သူမ ဆိုလိုသည်မှာ အချိန်ပိုတိုတောင်းနိုင်ကြောင်း၊ ဖိအားပိုပေါ့ပါးနိုင်ကြောင်း စသည်တို့ဖြစ်သည်။

‘ဒီနေ့တော့ သူ ငါ့ကို ကတိတစ်ခု ပေးကိုပေးရမယ်'

ယန်ကျောက်က ကတိပေးလိုက်သည်။

“ငါ ပိုပြီး ညင်ညင်သာသာလုပ်ပေးပါ့မယ်”

ယန်ကျောက်သည် ထိုသို့ပြောပြီးသည်နှင်ပ ကုတင်ခင်းကြီးကို သယ်ဆောင်သွားလေသည်။

ယညနေတွင် ယန်စန်းယဲ့သည် သက်သောင့်သက်သာရှိသော မွေ့ရာကြီးတစ်ခုကို ရရှိသွားပြီး ယန်ကျောက်အား ရှီရှန်းထက် အဆသန်းပေါင်းများစွာ ပိုကောင်းသည်ဟု ချီးမွမ်းခန်းဖွင့်နေတော့သည်။

မှိုင်းညို့နေသော ညယံအောက်တွင် ချန်မေ့လန်သည် ကလေးများကို သိပ်ပြီးနောက် ပြန့်ပြူး၊ နူးညံ့ကာ သက်သောင့်သက်သာရှိပြီး အသံမမည်သော ကုတင်ပေါ်တွင် လှဲလျောင်းနေပြီဖြစ်သည်။

သို့သော် ယန်ကျောက်မှာမူ ခြံဝင်းအတွင်းရှိ ဧရာမ ပီယိုနီပန်းပင်ကြီး နှစ်ပင်ကို ကျန်နေသော ကြက်စွပ်ပြုတ်များလောင်းကာ အပြင်ဘက်တွင် အလုပ်များနေဆဲဖြစ်သည်။

ဆောင်းဦးရာသီသည် ပီယိုနီပန်းပင်များကို အားဖြည့်ပေးရမည့်အချိန်ဖြစ်ပြီး နောက်နှစ်တွင် လှပဝေဆာစွာ ပွင့်လန်းလာစေရန် သေချာအောင် ပြုလုပ်ရခြင်းဖြစ်၏။

သူ၏ အလုပ်များနေသံကို နားထောင်ရင်း ချန်မေ့လန် ရင်တွင်းမှ သက်ပြင်းချလိုက်မိသည်။

ယန်ရှီရှန်း၏အိမ်ဟောင်းကို ယန်ကျောက်က အလွန် သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းထားသဖြင့် အကယ်၍ ဘိုးဘေးဝိညာဉ်များသာ ရှိခဲ့လျှင် ငြိမ်းချမ်းစွာ အနားယူနိုင်ကြပေလိမ့်မည်။

သို့သော် သူတို့၏ ကိုယ်ပိုင်အိမ်ဟောင်းမှာမူ လုကျင်းယွီနှင့် ကျိုးရွှယ်ချင်းတို့ကြောင့် ဝက်ခြံတစ်ခုပမာ ဖြစ်နေလေပြီ။

သူတို့ နက်နက်ရှိုင်းရှိုင်း မဆွေးနွေးခဲ့ကြသော်လည်း မြို့တော်တွင်ရှိနေသော သူ့ဖခင် ယန်ဖေးဟန်သည် ရှောင်ဝမ် သို့မဟုတ် ရှောင်လန်ထံသို့ တစ်ခါမျှ ဖုန်းမဆက်ခဲ့သလို သူမနှင့်လည်း တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ချေ။

ယန်ကျောက်ကိုယ်တိုင်ပင်လျှင် သူမအား မြို့တော်သို့သွားရောက်ကာ သူ့ဖခင်၊ အစ်ကိုကြီး သို့မဟုတ် ယောင်းမတို့နှင့် တွေ့ဆုံကာ မပြောဖြစ်ခဲ့ပေ။

ထို့ကြောင့် ယန်ကျောက်နှင့် သူ့ဖခင်ကြားတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရှိနေမည်မှာ သေချာသည်။

All Chapters