← Chapters

အပိုင်း (၁၁၂၀)

Vol. 023 Ch. 1120

အပိုင်း (၁၁၂၀)

Vol. 023 Ch. 1120

ရှေးဟောင်းနတ်ဆိုးပေလော၏ ခန္ဓာကိုယ်သည် နတ်ဆိုးစွမ်းအင် တော်တော်များများ ဆုံးရှုံးသွားပေပြီ။ သူသည် ပို၍ပင် အားနည်းသွား၏။ သို့ရာတွင် သူ့တိုက်ခိုက်မှုက ရှေးဟောင်းမိစ္ဆာကို သူ့လက်ဖြင့် ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်အား ဆက်၍ ဆုပ်ကိုင်မထားနိုင်အောင် ပြုလုပ်လိုက်ပေသည်။

ကြောက်မက်ဖွယ်ကောင်းခြင်း။ ဝတ်စုံနက်နှင့်လူက နောက်တစ်ကြိမ် ထွက်ပြေးရန် ပြင်သည်။ သို့သော် ဝဲကတော့အတွင်းမှ ဝမ်လင်း၏ ညာလက်သည် ဆန့်ထွက်လာကာ သူ့အား ဖမ်းယူလိုက်၏။ သူသည် ခုခံရန် ပြင်သည်။ သို့သော် ဝမ်လင်းထံမှ အဆုံးမဲ့မီးတောက်များ ထွက်ပေါ်လာကာ သူ့အား ထွေးခြုံသွားသည်။ ထို့နောက် ဝမ်လင်းသည် သူ့မူလစိတ်ဝိညာဉ်ကို ဝဲကတော့ထဲသို့ ဆွဲယူလိုက်တော့၏။

ဝဲကတော့အတွင်း၌ ဝမ်လင်း၏ မျက်လုံးထဲက‌နေ သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်လာ၏။ သူက ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်ကို တုံ့ဆိုင်းခြင်းမရှိ ဝါးမြိုပစ်သည်။

ဝမ်လင်း ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်ကို ဝါးမြိုလိုက်ချိန်၌ သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌ မီးတောက်သုံးမျိုး ရှိနေပေပြီ။ သူ့ခန္ဓာကိုယ်ထဲရှိ မီးမူလစွမ်းအင်သည် အဆင့်သစ်သို့ ရောက်ရှိလာခဲ့ပေပြီ။ အပူသည် တိုးမြင့်လာရင်း လက်သည်းအရွယ်လောက် မီးမျိုးစေ့မှာ သူ့ဒန်တျန်ထဲတွင် ဖြစ်ပေါ်လာခဲ့တော့သည်။

မီးမျိုးစေ့ ပေါ်လာသည့်အခိုက်တွင် ခုနစ်ထပ်မြောက်ရှိ မိစ္ဆာမီးတောက်အားလုံးမှာ ခဏတာ တုံ့ဆိုင်းသွား၏။ သည့်နောက် မမျှော်လင့်စွာပင် ဝမ်လင်း ရှိနေသော ဝဲကတော့ထံသို့ ဦးတည်တိုးဝင်လာကြတော့သည်။ အလွန်မြန်၏။ ချက်ခြင်းလိုလိုပင် မီးတောက်အားလုံးနီးပါးသည် ဝဲကတော့အတွင်းသို့ ဝင်ရောက်သွားကြသည်။

မိစ္ဆာမီးတောက်၊ မီးနဂါး၊ မီးတောက်နဂါး၊ သည်မီးစွမ်းအင်သုံးမျိုးသည် ဟင်္သာငှက်နှင့် ပေါင်းစပ်ကုန်၏။ ဟင်္သာငှက်သည် ပင်မစွမ်းအင် ဖြစ်ကာ ကျန်သည့်စွမ်းအင်သုံးခုက မီးတောက်ဓာတ်ပြုရာ၌ အရံ ဖြစ်ပေါ်သည်။ သို့ရာတွင် ဤအချက်က အရေးမကြီးလှချေ။ သည်မဟာကံကောင်းမှု ပြီးနောက် ဝမ်လင်း၏ဟင်္သာငှက်သည် မထင်မှတ်စွာပင် ဒုတိယအကြိမ် နိုးထမည့် အရိပ်အယောင် ပြသလာတော့သည်။

ဟင်္သာငှက်နတ်ကလန်တွင် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့် အထွတ်အထိပ်ကို နိုးထမှု အရေအတွက်နှင့် ဆုံးဖြတ်သည်။ ထိုအရာက သူတို့အတွက် ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာဖို့ငှာ သော့ချက်တည်း။

ဟင်္သာငှက်နတ်ကလန်၏ ရှည်ကြာလှသော သမိုင်းတလျှောက်တွင် လူအများသည် တစ်ကြိမ် နိုးထလာခဲ့ပါက သည့်နောက် သူတို့သည် နတ်အင်ပါယာအဆင့်အတွက် တိုက်ခိုက်ကြရပေလိမ့်မည်။ အနိုင်ရသူမှာ နတ်အင်ပါယာဖြစ်လာကာ ရှုံးနိမ့်သူများသည် အကြီးအကဲများ ဖြစ်လာကြပေမည်။

သို့ရာတွင် သူတို့ကြား၌ နှစ်ကြိမ်နိုးထစေသည့်သူကတော့ တိုက်ခိုက်ရန် မလိုတော့ပေ။ ထိုလူ့အား ဟင်္သာငှက်နတ်အင်ပါယာအဖြစ် ကျိန်းသေပေါက် သတ်မှတ်တော့သည်။

တတိယကြိမ်မြောက် နိုးထခြင်းကမူ ဟင်္သာငှက်နတ်ကလန်၏ ရှည်ကြာလွန်းသော သမိုင်းတွင် ဘယ်တုန်းကမှ ဖြစ်ပျက်ခဲ့ခြင်း မရှိပါ။

ခုချိန်တွင် ဝမ်လင်းပတ်လည်ရှိ ဝဲကတော့သည် ပို၍ မွန်းစတားဆန်လာ၏။ ယင်းဝဲကတော့က ဆက်လက် စုပ်ယူနေရင်း မီးမုန်တိုင်းတစ်ခုသည် ဝဲကတော့ထဲကနေ ထွက်လာကာ ဖော်ပြနိုင်စွမ်းပင်ကင်းမဲ့သော မီးမုန်တိုင်းသည် မီးတောင်တွင်းမှ ထိုးထွက်လာချေ၏။ မီးတောင်ဝတွင် အက်ကွဲသံများ ဖြစ်ပေါ်ကုန်၏။ ထို့နောက် ကျောက်စကျောက်နများစွာ ပဲ့ကျကာ မီးတောင်သည် လုံးဝ ပျက်စီးရသည်။

၎င်းမီးတောင် ပျက်စီးနေရင်း ကြီးမားသည့် မီးမုန်တိုင်းသည် ကောင်းကင်ယံသို့ ထိုးထွက်လာ၏။ သိပ်သည်းသော အပူသည် ကောင်းကင်နှင့် ထိပ်တိုက်တွေ့သည်။ ထိုအဖြစ်က ခုနစ်ထပ်မြောက်ကနေ ခြောက်ထပ်မြောက်ထိ အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။

ခြောက်ထပ်မြောက်သည် လူတိုင်းရှေ့၌ ချက်ခြင်းပေါ်လာသည်။ ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးနှင့် လှပသောသက်လတ်ပိုင်းအမျိုးသမီးတို့မှ ခြောက်ထပ်မြောက်တွင် ရှိနေကြ၏။ သူတို့နှစ်ယောက်လုံးသည် နန်းတော်ခန်းမတွင် ရှိနေစဉ် မြေပြင်ထု ယူဆောင်သွားသည်ဟု ခံစားရ၏။ သူတို့အဖို့ ကြောက်ရွှံ့လွန်းရသည်။ သူတို့သည် မြေပြင်ထု ပြိုဆင်းသည်ကို တွေ့မြင်နေရ၏။ အဆောက်အဦအားလုံးနှင့် အတားအဆီးအားလုံးမှာ တစစီ ဖြစ်ကုန်သည်။

သည်တို့က လောက၏အဆုံးသပ်ကို ကြည့်နေရသကဲ့သို့ပင်။

သို့ရာတွင် မီးမုန်ုတိုင်းမှာ ရပ်တန့်ခြင်း မရှိပေ။ ၎င်းက ဆက်လက်၍ ထိုးတက်သွား၏။ မျက်စိတစ်မှိတ်အတွင်း ငါးထပ်မြောက်ကို ထွင်းဖောက်ကာ ငါးထပ်မြောက်တစ်ခုလုံးသည် ပြိုပျက်၏။ သတိရခါစ ဝမ်ဝေနှင့် ဟူကျွမ်တို့သည် အချိန်ဆွဲမနေဘဲ ချက်ခြင်း တဟုန်ထိုး ပြေးကြသည်။

သည်မီးမုန်တိုင်းက ငါးထပ်မြောက်ကို ဖြတ်ကျော်ပြီးသည့်နောက် အထက်သို့ ဆက်လက် သွားနေသည်။

လေးထပ်မြောက်သည် ပြိုပျက်၏။ စစ်ထူနန်သည် ထိုအဖြစ်အားလုံးကို ကြောင်ရီစွာ စူးစိုက်ကြည့်ကာ ပင့်သက်ရှိုက်နေမိ၏။ တုံ့ဆိုင်းမနေဘဲ သူက မီးတောက်များနှင့်အတူ ရွှေ့လျားလိုက်သည်။

တတိယထပ်ပျက်စီးခြင်း။

နှစ်ထပ်မြောက်ပျက်စီးခြင်း။

မွန်းစတားဆန်သော မုန်ုတိုင်းသည် ပထမထပ်ထိ ရောက်ရှိလာကာ နောက်ဆုံးတွင် ရပ်တန့်သွားတော့၏။ သို့သော် ၎င်းသည် လွင့်ပျောက်သွားခြင်း မရှိပေ။ သို့သော် မီးများသည် မြန်ဆန်စွာ ပြန်ကျုံ့ကာ အဆုံးမဲ့မီးမုန်တိုင်းသည် လှိုဏ်ဂူအတွင်းရှိ ပုံရိပ်တစ်ခုထဲတွင် ပျောက်ကွယ်သွားတော့သည်။

သူ့မျက်လုံးထဲ၌ မီးတောက်များ ရှိမနေတော့ချေ။ သို့သော် သူ့ခန္ဓာကိုယ်အား မမြင်ရသောမီးဖြင့် ခြုံလွှမ်းထား၏။ လူတစ်ယောက်သည် နီးနီးကပ်ကပ်ကြည့်ပါက သူတို့သည် ဝမ်လင်း ပတ်လည်ရှိ ဟင်းလင်းပြင်လေဟာနယ်မှာ တွန့်ကြေနေသည်ကို တွေ့ရပေမည်။

သူ့ဆံပင်အရောင်သည် လုံးဝ ပြောင်းလဲနေ၏။ ဝမ်လင်းသည် အသက်ခပ်ဝဝရှုထုတ်ကာ လက်သီးခပ်တင်းတင်း ဆုပ်ထားရင်း အဖြူရောင်ဆံပင်များက ဝဲလွင့်လို့နေ၏။ သူ့နောက်တွင် ဟင်္သာငှက်ပေါ်လာ၏။ ၎င်းသည် အနီရောင်မဟုတ်တော့ဘဲ အဖြူရောင် ဖြစ်နေတော့၏။

သည်လိုအဖြူရောင်က နှင်းနှင့်တူ၏။ သို့သော် သည်ဟင်္သာငှက်ကို တွေ့မြင်ရသူတိုင်းအဖို့ ၎င်းထံမှ အံ့မခန်းအပူကို ခံစားမိပေလိမ့်မည်။

အဖြူရောင်ဟင်္သာငှက်သည် ဝမ်လင်းအား လှည့်ပတ်နေ၏။ ၎င်းသည် အလွန်အမင်း ဂုဏ်ထည်ဝင့်ဝါသည်။ လောကထဲရှိ အခြားသက်ရှိအားလုံးမှာ သူ့အောက်တွင် ရှိနေသည့်အလား။

ဟင်္သာငှက်ဒုတိယအကြိမ် နိုးထခြင်း။

သည်အခိုက်အတန့်၌ လောကသည် တုန်ယင်ရ၏။ အရှင်လေဟာနယ်သည် လေးထပ်မြောက် ထောင့်တစ်နေရာတွင် ပုန်းအောင်နေကာ သူသည် သူ့ပထမကောင်းကင်ဘုံဒုက္ခတွင် ရှင်သန်နိုင်ရန် ရုန်းကန်နေသည်။

“ငါသာ အောင်မြင်သွားတာနဲ့ ငါ့ဒဏ်ရာတွေ ပြန်ကောင်းမွန်ရုံသာမက ငါ့ကျင့်ကြံမှုအဆင့်လည်း အများကြီး တိုးတက်သွားလိမ့်မယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ဝမ်လင်းကို သတ်ဖို့က ငါ့အတွက် ပုရွတ်ဆိတ်တစ်ကောင်ကို သတ်ရသို ဖြစ်သွားပြီ…”

သူ ရုန်းကန်နေရင်း ဒုတိယအကြိမ်ဟင်္သာငှက်နိုးထခြင်း၏ အော်မြည်သံသည် သူ့နားထဲသို့ ဝင်ရောက်လာ၏။

ခဏတာ မင်သက်သွားပြီးနောက် အရှင်လေဟာနယ်သည် မယုံကြည်နိုင်ဟန်နှင့် ပြည့်နှက်သွား၏။ ပထမအကြိမ် နိုးထမှုကို သူ လက်ခံနိုင်သေး၏။ သို့သော် သူသည် ဒုတိယအကြိမ် ဟင်္သာငှက်နိုးထလိမ့်မည်ဟု လုံးဝ တွေးထင်မထားခဲ့ပေ။ သူသည် ဒုတိယအကြိမ် နိုးထခြင်း၏ ဆိုလိုရင်းကို သိ၏။ သူသည် ပထမနှင့်ဒုတိယအကြိမ် နိုးထခြင်းတို့ကြား ကွာခြားမှုမှာ ကောင်းကင်နှင့်မြေကြီးလောက် ရှိသည်ဟု သိထားသည်။

ပထမအကြိမ် နိုးထခြင်းက ဟင်္သာငှက်နတ်ကလန်တစ်ခုလုံးကို သူ့အား ကာကွယ်ပေးမည်ဟု ဆိုလျှင် ဒုတိယအကြိမ် နိုးထခြင်းကမူ ဟင်္သာငှက်နတ်ကလန်တစ်ခုလုံးအဖို့ ရူးသွပ်သွားစေသည်ဟု ဆိုလို၏။ ထိုအဖြစ်ကို သူ့အား ကာကွယ်ပေးရန် “သူတို့၏ စွမ်းအားအားလုံး အသုံးပြုမည်” ဟူသော စကားဖြင့်ပင် ဖော်မပြနိုင်တော့ဘဲ “မည်သည့်တန်ဖိုးပင် ပေးရပါစေ ကာကွယ်မည်” ဟုသာ ဖော်ပြနိုင်ပေတော့မည်။

ပထမအကြိမ် နိုးထပါက မဟာမိတ်အဖွဲ့အစည်းသည် ဝမ်လင်းအား သတ်ပစ်မည် ဖြစ်သော်လည်း သူတို့သည် တုန်လှုပ်မိကြခြင်း မရှိိပေ။ သို့ရာတွင် ဟင်္သာငှက်ကသာ ဒုတိယအကြိမ် နိုးထလာခဲ့ပါက သူတို့သည်ပင် တုန်လှုပ်မိကြပေမည်။ ထို့အပြင် အရှင်လေဟာနယ်သည် သည်နိုးထမှုနှစ်ခုကြား အချိန်ကွာဟမှုသည် တိုလွန်းမှန်း သိ၏။

သူ ဝမ်လင်းကို မည်မျှ သတ်ချင်ကြောင်းတွေးမိနေရင်း ဝမ်လင်းက ဒုတိယအကြိမ်မြောက် ဟင်္သာငှက်ကို နိုးထစေခဲ့ပေပြီ။ ထိုအခါ ပထမကောင်းကင်ဘုံဒုက္ခကို တောင့်ခံရုန်းကန်နေသော အရှင်လေဟာနယ်သည် မူလစွမ်းအင်အဆီအနှစ်ကို အန်ထုတ်မိတော့၏။ သူ့စိတ်မှာ ရှုပ်ထွေးလာခဲ့ရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်အားလုံးသည် ရူးသွပ်လာခဲ့သည်။ သူ့ပထမကောင်းကင်ဘုံဒုက္ခ ရှုံးနိမ့်မှု အရိပ်အယောင်အစဦး ဖြစ်ပေါ်လာတော့၏။

ပထမကောင်းကင်ဘုံဒုက္ခသည် မခန့်မှန်းနိုင်ပေ။ လူတစ်ယောက်၏ စိတ်က အနည်းငယ် လှိုင်းထမိသည်နှင့် ကျရှုံးစေဖို့ လုံလောက်ပေ၏။ ထိုသူသာ ကျရှုံးပါက ရလဒ်သည် သေဆုံးခြင်း မည်သည်။

ဟင်္သာငှက်သည် ဒုတိယအကြိမ်နိုးထမှုကို ဖြတ်ကျော်လာသည့်အခိုက်တွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ပြင်ပရှိ ဟင်္သာငှက်စိတ်ဝိညာဉ်သည်လည်း တူညီစွာ ဟိန်းမြည်သံ ပြုသည်။ သည်အခိုက်အတန့်၌ ဟင်္သာငှက်နတ်ကလန်ဝင်များအားလုံး၏ မျက်လုံးသည် ပြူးကျယ်ကုန်၏။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် အကြီးအကဲ ခြောက်ယောက်သည်ပင် လေအေးတစ်ချက် ရှိုက်သွင်းမိကုန်ကြသည်။

“ဒုတိယ…ဒုတိယအကြိမ် နိုးထလာတာလား…”

“သူက ဒီလောက်အချိန်တိုအတွင်း မမျှော်လင့်စွာနဲ့ ဒုတိယအကြိမ် နိုးထလာတာလား…”

“ငါ့ဟင်္သာငှက်နတ်ကလန်ရဲ့ မျှော်လင့်ချက်ဟာ ရောက်ရှိလာတော့မယ်။ ဒီလူ လုံခြုံဘေးကင်းခဲ့မယ်ဆိုရင် ဟင်္သာငှက်နတ်ကလန်ဟာ နောက်တစ်ကြိမ် မြင့်တက်လာတော့မယ်…”

ဟင်္သာငှက်နတ်ကလန် တည်ရှိသော လောင်ကျွမ်းသောကြယ်နယ်မြေ အတွင်းနက်ပိုင်းတွင် အဖြူရောင်ကျောက်တုံး တစ်တုံး ရှိလေ၏။ ထိုနေရာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့သော ဟင်္သာငှက်နတ်အင်ပါယာ ရှိလေ၏။ ဤအခိုက်အတန့်၌ သူသည် ရုတ်တရပ် မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးတို့သည် ဘယ်တုန်းကမှ မတောက်ပခဲ့ဖူးသော တောက်ပမှုမျိုးဖြင့် တောက်ပနေသည်။

“ဒုတိယအကြိမ်…နိုးထခြင်း…” သူ့အသက်ရှုသံသည်ပင် မတည်မငြိမ် ဖြစ်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူသည် မထင်မှတ်စွာ ထရန် ကြိုးစား၏။ သို့သော် အဆုံးသပ်တွင် သူ့အိုမင်းသောခန္ဓာကိုယ်မှာ မအောင်မြင် ဖြစ်ရ၏။

“ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါ့ကျန်တဲ့အချိန်ကို ဒီဒုတိယအကြိမ်မြောက် နိုးထစေခဲ့တဲ့ ကလန်ဝင်အတွက် လက်လွှတ်လိုက်ရင် ဒါက ထိုက်တန်ပါတယ်…” အဘိုးအိုသည် သက်ပြင်းချ၏။ သူ့မျက်လုံးကို ပြန်မှိတ်လိုက်သည်။

သူ့မျက်လုံးမှိတ်လိုက်ချိန်၌ မီး၏အံ့မခန်းအားသည် သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။ ထိုအားက လောင်ကျွမ်းနေသောကြယ်နယ်မြေကို တုန်ခါစေသည့်အထိ အားကောင်းလှ၏။ ကြယ်နယ်မြေအနှံ့တွင်ပင် တစီစီအသံများ ပဲ့တင်ထပ်ရသည်။ ထို့နောက် မူလစိတ်ဝိညာဉ်တစ်ခုသည် သည်အဘိုးအိုထံကနေ တဖြည်းဖြည်း လွင့်မြော ထွက်ပေါ်လာသည်။

မူလစိတ်ဝိညာဉ်သည် အိုမင်းခြင်း မရှိိပေ။ သက်လတ်ပိုင်းအရွယ်သာ ရှိ၏။ သူက ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်ကို ကြည့်သည်။ သူ့မျက်လုံးထဲကနေ ရှေးဆန်သောအကြည့် လှစ်ဟထွက်ပေါ်သည်။

“ငါ့မူလစိတ်ဝိညာဉ် ငါ့ခန္ဓာကိုယ်ထဲကနေ မထွက်ခွာတာ အချိန်ကြာမြင့်လွန်းခဲ့ပြီ…” သူက ခေါင်းယမ်းကာ ခြေတစ်လှမ်း လှမ်းသည်။ သူ့ရှေ့ရှိ မီးတောက်ပင်လယ်ထဲတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ သူက ဝဲကတော့ထဲသို့ ခြေလှမ်း၏။ ထို့နောက် သူ ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူအတွင်း ခုနစ်ထပ်မြောက်တွင် တာကျားသည် မီးမုန်တိုင်းကို ကြည့်နေ၏။ သူ့အကြည့်၌ ပထမဆုံးအကြိမ်အဖြစ် အလေးအနက်ဟန် ပါနေသည်။ သူသည် ဟင်္သာငှက် ဒုတိယအကြိမ် နိုးထမှုနှင့် ပတ်သတ်၍ ဂရုမစိုက်ပေ။ သို့သော် သူသည် သည်ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်အော်ရာတစ်ခုကို မထင်မှတ်စွာ ခံစားမိနေ၏။

“တော်ဝင်သွေးမျိုးဆက် ရှေးဟောင်းနတ်ဘုရားနဲ့ ဟင်္သာငှက်နတ်သားရဲ…။ သူတို့က မထင်မှတ်ဘဲ ပေါင်းစည်းသွားကြပြီ။ဒါပေမယ့် ဒါက အရေးမကြီးလှသေးဘူး။ ငါက သူ့ကို ရပ်တန့်ဖို့အတွက် တိုက်ခိုက်လိုက်ရုံပဲ။ ဒါပေမယ့်လည်း မမျှော်လင့်စွာနဲ့ ငါက မလွယ်ကူမှုကို ခံစားမိနေတယ်။ သူက ဘာကို ပိုင်ဆိုင်ထားသေးတာလဲ…”

ဤအခိုက်အတန့်၌ ရှေးဟောင်းနတ်ဆိုးပေလောသည် ဝမ်လင်း၏ ဒုတိယအကြိမ်ဟင်္သာငှက် နိုးထမှု အခိုက်အတန့်ကို အသုံးချကာ သည်မီးမုန်တိုင်းနှင့်အတူ လွတ်မြောက်ရန် ပြင်၏။ သူသည် ရှေးဟောင်းမိစ္ဆာနှင့် ဆန့်ကျင် မတိုက်ခိုက်လိုတော့ပေ။ လွတ်မြောက်နိုင်ဖို့သာ အာရုံစိုက်နေတော့သည်။

“ငါ ဒီနေရာကနေ ထွက်ခွာဖို့လိုပြီ။ အပြင်ဘက်နယ်မြေကို မြန်မြန် ရောက်မှ ဖြစ်မယ်။ ငါ တာကျားကို မတိုက်ခိုက်နိုင်တော့ဘူး…” ပေလောသည် အလွန်ခါးသီးစွာ ခံစားမိနေ၏။ သူသည် သည်တစ်ကြိမ်၌ များစွာ ဆုံးရှုံးခဲ့ရသည်။ သူ့ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ခန္ဓာကိုယ် တစ်ဝက်သည် ဝါးမြိုခြင်း ခံရပြီး ဖြစ်၏။ သူသည် အခု လွတ်မြောက်နိုင်ဖို့အတွက် ကြယ်နှစ်လုံးကိုလည်း ခြေမွခဲ့ရသေးသည်။ သူသည် ရှေ့တည်တည့်သို့ လျှပ်စီးတန်းအလား ရွှေ့လျားနေသည်။

ရှေးဟောင်းနတ်ဆိုးတာကျား၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူသည် ရှေးဟောင်းနတ်ဆိုးကို လွတ်မြောက်ခွင့် ကျိန်းသေပေါက် ပေးမည် မဟုတ်ပေ။ သူသည် ဝမ်လင်းကို လစ်လျူရှုကာ ရှေးဟောင်းနတ်ဆိုးနောက်သို့ လိုက်တော့၏။

အချိန်ကုန်လာသည်နှင့်အမျှ သည်ခန္ဓာကိုယ်အား သူ ပို၍ ထိန်းချုပ်လာနိုင်၏။ သူ့အမြန်နှုန်းသည်လည်း အရင်ထက် အဆများစွာ ပိုမြန်လာသည်။ ထို့ကြောင့် သူသည် သူနှင့် ရှေးဟောင်းနတ်ဆိုးပေလောတို့ကြား အကွာအဝေးကို ချက်ခြင်း နီးကပ်သွားစေတော့သည်။

***

All Chapters