← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

ဒီကောင်တွေတော့ တကယ်ပဲ

သိုင်းပညာရှင်လေးဦးသည် ဗဟိုလွင်ပြင်၏ ထိပ်သီးသိုင်းပညာရှင် ငါးဦးအနက် တစ်ဦး၏ နာမည်ဂုဏ်သတင်းမှာ အလကားရလာခြင်း မဟုတ်ကြောင်း လက်တွေ့ ရင်ဆိုင်နေရသည်။

"ဟားဟားဟား ဘယ်လောက်အထိ ထွက်ပြေးနေဦးမှာလဲ"

ဒီဓားတွေကို ဘယ်လိုလုပ် ပိတ်ဆို့ရမလဲ။

ဂျုံရိုအာနှင့် မုရုံဆူဆူတို့မှာ တူညီသော အတွေးဝင်နေသည်။

ကန်ချွန်း၏ ပျံသန်းသောဓားမှာ ကြယ်ကြွေသကဲ့သို့ ဖြစ်နေပြီး လူသားစွမ်းအားဖြင့် တားဆီးရန်မှာ မဖြစ်နိုင်ဘူးဟုပင် ထင်ရသည်။

ဓားကျရောက်ရာ မြေပြင်မှာ ဥက္ကာခဲတစ်ခု ကျရောက်လာသကဲ့သို့ ကျရောက်လာသည်။ အပြင်ဘက်မှ ကြည့်နေသော နည်းပြတို့၏ မျက်နှာမှာမူ ဖြူဖျော့နေသည်။

"အဲ….အဲဒါက... ငါတို့ ပြန်ဖို့ရမှာ မဟုတ်ဘူး မဟုတ်လား..."

"ဖြည့်ရမှာပေါ့ ဖြည့်ရမှာပေါ့"

"ကျေးဇူးပြုပြီး ရပ်ပေးပါ..."

နည်းပြများ၏ အော်ဟစ်သံများကြားမှ ဓားဆယ်လက်မှာ ရပ်တန့်သွားခြင်း မရှိပေ။ ကန်ချွန်းသည် ကုန်ခမ်းခြင်းမရှိသော အတွင်းအားစမ်းတစ်ခုပမာ တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေသည်။

ယခုအခါ မြေပြင်ပေါ်တွင် ခြေချစရာနေရာပင် မရှိတော့ပေ။ တစ်ချိန်တည်းမှာပင် မရပ်မနားဖြစ်နေသော ကန်ချွန်း၏ တိုက်ခိုက်မှုမှာ ရပ်တန့်သွားသည်။ သိုင်းပညာရှင်လေးဦးမှာ ကပ်သီလေးသာ ရပ်နိုင်သော နေရာအနည်းငယ်တွင် စုဝေးမိကြသည်။

"မင်းတို့ မြင်လိုက်လား"

"ဟုတ်ကဲ့"

"အားနည်းချက်ကို"

"မရှိပါဘူး"

"ဟုတ်လား"

"ဒါပေမဲ့ သူ ဓားကို ထိန်းချုပ်တဲ့အခါ အကြီးအကဲရဲ့ လှုပ်ရှားမှုက ဆန့်ကျင်ဘက်အနေနဲ့ နှေးသွားတယ်"

ချွန်းဂါဆောင်း၏ စကားကို ချွန်းယဲရန်းက ချက်ချင်း နားလည်သည်။

"ဓားကို ထိန်းချုပ်တာက အာရုံစူးစိုက်မှု အလွန်လိုတဲ့အတွက် မတတ်နိုင်ဘူး။ အဲဒီအချိန်ကပဲ အခွင့်အရေးပဲ"

"မင်းတို့နှစ်ယောက်တည်း ပြောမနေပါနဲ့ ငါတို့ကိုလည်း ပြောပါဦး"

တိတ်ဆိတ်စွာ နားထောင်နေသော ဂျုံရိုအာက စိတ်ပျက်စွာ ပြောလိုက်သည်။ မုရုံဆူဆူကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။

"ငါပြောတာကို မင်းတို့ လိုက်လုပ်မှာလား"

"ငါလား မင်းရဲ့ အမိန့်ကို ငါက နာခံရမှာလား"

"ဟုတ်တယ်"

"ငါ မလုပ်ချင်ရင်ရော"

မကျေနပ်ချက်ကို ပွင့်လင်းစွာ ပြသနေသော ဂျုံရိုအာဘေးတွင် မုရုံဆူဆူက တိုးတိုးလေး ပြောလိုက်သည်။

"သူရဲကောင်းချွန်းရဲ့ အစီအစဉ်ကို အရင် နားထောင်ကြည့်ရအောင်။ ကျွန်မတို့မှာ တခြားလမ်းမရှိဘူး မဟုတ်လား"

"သောက်ကျိုးနည်း…"

ဂျုံရိုအာတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

"နားထောင်ပြီးမှပဲ ဆုံးဖြတ်မယ်"

ဂျုံရိုအာက ခပ်ပြတ်ပြတ် ပြောလိုက်သော်လည်း ချွန်းဂါဆောင်းက ဂရုမစိုက်ပေ။

"ငါနဲ့ မင်းတို့နှစ်ယောက်က ဓားကို တားထားမယ်။ အဲဒီကြားထဲမှာ ချွန်းယဲရန်းက အကြီးအကဲကို တိုက်ခိုက်မယ်"

"ငါတို့က ဒိုင်းကာတွေလား ဒါပေမဲ့ ဘာလို့ ချွန်းယဲရန်း ဖြစ်ရတာလဲ"

"မင်းတို့နှစ်ယောက်က အကြီးအကဲရဲ့ ခြေလှမ်းနားကိုတောင် ကပ်နိုင်မှာ မဟုတ်လို့ပဲ"

ထိုစကားမှာ အေးစက်သော်လည်း အမှန်တရားဖြစ်သည်။ အဖြူရောင်လ နန်းတော်မှ သိုင်းသမားနှစ်ဦးမှာ ဓားကို ပေါ့ပါးစွာ ရှောင်ရှားနိုင်ခဲ့သော်လည်း ဂျုံရိုအာနှင့် မုရုံဆူဆူတို့မှာမူ အစွမ်းကုန် ရုန်းကန်ခဲ့ရသည်။ ထိုအချက်ကို သူတို့နှစ်ဦးလည်း ဝန်ခံရတော့သည်။

"ကောင်းပြီလေ အဲဒီအတိုင်း လုပ်မယ်"

"ကျွန်မ လိုက်လုပ်ပါ့မယ်"

အစီအစဉ်အတိုင်း အားလုံး ပြင်ဆင်ကြသည်။

"ဟားဟား"

စိတ်ဓာတ်ထက်သန်နေသော သူတို့ကို ကြည့်ပြီး ကန်ချွန်း ကျေနပ်စွာ ပြုံးလိုက်သည်။

ဒါကမှ သင်ကြားရတာ အရသာရှိတာ။

နောက်ဆုံးတွင် ဆရာတစ်ယောက်ဖြစ်ရခြင်း၏ အရသာကို ကန်ချွန်း ခံစားနေရသည်။ သူ၏ တစ်ဦးတည်းသော တပည့် ဂျင်ဆိုဟွန်းတွင်မူ ဤအရသာမျိုး မရှိခဲ့ပေ။

"ဟဲဟဲ... ဒါကမှ ဆရာ့ဘဝဆိုတာ။ ဒီနေ့တော့ မင်းတို့ကို တကယ့်သိုင်းပညာဆိုတာ ဘာလဲဆိုတာ ပြပေးမယ်"

စိတ်လှုပ်ရှားနေသော ကန်ချွန်း၏ အချက်ပေးမှုနှင့်အတူ ဓားများ ပြန်လည် ပျံတက်လာသည်။

"အခုပဲ"

ချွန်းဂါဆောင်း၏ အချက်ပေးသံနှင့်အတူ သုံးဦးစလုံး ရှေ့သို့ ပြေးထွက်သွားကြသည်။

လိမ္မာတဲ့ ကလေးတွေပဲ။

ကန်ချွန်းက သူတို့၏ အစီအစဉ်ကို ရိပ်မိပြီး အသင့်လျော်ဆုံးအတိုင်း လိုက်ကစားပေးရန် ပြင်လိုက်သည်။ ဓားများမှာ သုံးလက်စီတွဲလျက် ကျဆင်းလာသည်။ သုံးဦးစလုံးမှာလည်း သူတို့၏ အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ဘုန်း..ဘုန်း…ဘုန်း….

ဂျုံရိုအာမှာ အံကြိတ်ကာ တိုက်ခိုက်ခဲ့သော်လည်း သူ့၏ ဓားစွမ်းအင်များမှာ အစအနမကျန်အောင် ပြိုကွဲသွားပြီး လွင့်စင်သွားရသည်။

"အား…"

မုရုံဆူဆူမှာလည်း ဓားကို လုံးဝ မကာကွယ်နိုင်ဘဲ ပျက်စီးသွားသော စွန်တစ်ကောင်ပမာ လွင့်စင်သွားသည်။ ချွန်းဂါဆောင်း တစ်ဦးတည်းသာ ဓားသုံးလက်ကို တားဆီးနိုင်ခဲ့သည်။

အခုပဲ…

ချွန်းယဲရန်းမှာ သူတို့ ဖန်တီးပေးလိုက်သော ကွက်လပ်မှတစ်ဆင့် ခန္ဓာကိုယ်ကို ပစ်သွင်းလိုက်သည်။

ဒါ ချွန်းယူဆင်ရဲ့ သွေးသားပဲ။ ပါရမီရှင်လို့ ခေါ်ရမယ့်သူပဲ။

ချွန်းဂါဆောင်းမှာ ချွန်းယူဆင်၏ သားသာ မဟုတ်ခဲ့လျှင် သူ့ကို တပည့်အဖြစ် လက်ခံချင်လောက်အောင် ထူးချွန်သည်။

ညီမဖြစ်သူကလည်း ထူးချွန်ပေမယ့် သူ့အစ်ကိုလောက်တော့ ပါရမီမပါဘူး။ ဒါပေမဲ့... အဲဒီ အပြာရောင် မျက်လုံးကတော့...

နီလာရတနာကဲ့သို့ တောက်ပနေသော ချွန်းယဲရန်း၏ မျက်ဝန်းများက သူမ၏ အားနည်းသော ပါရမီကို ထိုမျက်ဝန်းများဖြင့် အစားထိုးနေသည်။

"အခွင့်အရေးကို ရှာပြီး တန်ပြန်တိုက်ခိုက်တာ... သွေးသားဆိုတာ မလိမ်ညာနိုင်ဘူးပဲ"

ကန်ချွန်းက ပြုံးပြလိုက်သည်။

"ဒါပေမဲ့... မလုံလောက်သေးဘူး"

ကန်ချွန်း၏ ရှေ့တည့်တည့်သို့ ရောက်လာသော ချွန်းယဲရန်းသည် ခေါင်းနောက်ဘက်မှ ထွက်ပေါ်လာသော ဓားတစ်လက်ကို မြင်ပြီး အံကြိတ်လိုက်သည်။

ဒသမမြောက် ဓား….

အခြားဓားများကဲ့သို့ တွဲလျက်မဟုတ်ဘဲ တစ်လက်တည်း ကျန်နေခဲ့သော ဓားက ကန်ချွန်းကို ကာကွယ်ရန် သူမနောက်ကွယ်တွင် ပုန်းကွယ်နေခဲ့သည့် ဓားဖြစ်သည်။

"ဟပ်"

လျှပ်စီးစွမ်းအားများဖြင့် ပြည့်နှက်နေသော ဓားကို ချွန်းယဲရန်း တားဆီးလိုက်သည်။

တွန်းအားက အရမ်းပြင်းတာပဲ။

ချွန်းယဲရန်း၏ ခြေလှမ်းများမှာ ရပ်တန့်သွားသည်။

အခြားဓားများ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ကာ အခြားဓားများ ပြန်ရောက်လာပါက အခွင့်အရေး မရှိတော့ပေ။

"လုပ်ဆောင်ချက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့... ချွန်းဂါဆောင်း မင်းမဟုတ်ဘူးလား"

ထိုအချိန်တွင် ကန်ချွန်းက လက်ကို ဆန့်ထုတ်လိုက်ပြီး ချွန်းဂါဆောင်း၏ လည်ပင်းကို ချိန်ရွယ်ထားသော ဓားကို ရိုက်ချလိုက်သည်။

"လှည့်ကွက်နှစ်ခု။ တကယ်တမ်းမှာ ငါ့ကို ချိန်ရွယ်ထားတာက မင်းရဲ့ဓားပဲ မဟုတ်ဘူးလား"

ကန်ချွန်းရှေ့တွင် ပေါ်လာသည့် ချွန်းဂါဆောင်း၏ မျက်နှာမှာ အနည်းငယ် တွန့်ကွေးသွားသည်။ ကန်ချွန်း ပြောခဲ့သည့်အတိုင်း အစကတည်းက သူ့ကို ပစ်မှတ်ထားခဲ့သူမှာ ချွန်းဂါဆောင်း၏ ဓားပင်။

ချွန်းယဲရန်းသည် သူမ၏ အပြာရောင်မျက်ဝန်းများဖြင့် ဒသမမြောက် ဓားမှာ ပုန်းကွယ်နေကြောင်း သတိထားမိခဲ့သည်။ ထို့ကြောင့် သူမကိုယ်တိုင် အကွက်ချကာ မြှားစာအဖြစ် တမင်လုပ်ဆောင်ပြီး ဒသမမြောက် ဓားကို ဆွဲထုတ်လိုက်ခြင်းပင်။ ထိုသို့ ဖန်တီးလိုက်သော နောက်ဆုံးအခွင့်အရေးတွင် ချွန်းဂါဆောင်းက ကန်ချွန်းကို တိုက်ခိုက်ခဲ့ခြင်းပင်။

သို့သော် ဤအရာအားလုံးကို ကြိုသိနေသော ကန်ချွန်းက ပိတ်ဆို့လိုက်နိုင်ခဲ့သည်။

"ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းတို့ကို သင်ပေးစရာ မလိုတော့ဘူး ထင်တယ်"

"ကျေးဇူးတင်ပါတယ်"

"ဒါဆိုရင် ငါ မင်းတို့ကို ထူးခြားတာ တစ်ခု ပြမယ်"

"ခွပ်"

ပတ်ပတ်လည်မှ ခြုံခိုတိုက်ခိုက်လာသော ပျံသန်းသည့် ဓားများ၏ ဖိအားကြောင့် ချွန်းဂါဆောင်းပင် လွင့်စင်သွားသည်။ ကန်ချွန်းသည် ဓားဆယ်လက်လုံးကို အချက်ပေးလိုက်ပြီးနောက် သူ့၏ လက်ညှိုးကို ကောင်းကင်သို့ ညွှန်ပြလိုက်သည်။

ထို့နောက် ခေါင်းကို အနည်းငယ်လှည့်ကာ ဂျင်ဆိုဟွန်းကို ကြည့်လိုက်သည်။

"သေချာကြည့်ထား"

"ဟုတ်ကဲ့"

ဂျင်ဆိုဟွန်း ခေါင်းညိတ်လိုက်သည်နှင့် ကန်ချွန်းသည် သူ့၏ အတွင်းအားများကို စုစည်းကာ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ကောင်းကင်သို့ ပျံတက်သွားသော ဓားဆယ်လက်က ပြင်းထန်စွာ လည်ပတ်နေသည်။

မကြာမီတွင် ဓားဆယ်လက်သည် တစ်ချောင်းတည်းအဖြစ် ပေါင်းစပ်သွားပြီး ကြီးမားသည့် ဓားကြီးတစ်လက် ဖြစ်လာသည်။

"ကောင်းကင်လက်ရဲ့ နောက်ဆုံးဓား လက်တစ်ထောင်ဓား)"

ဆိုးသွမ်းသူများကို အပြစ်ပေးရန်အတွက် ပေါင်းစပ်သွားသော ဓားကြီးသည် ကောင်းကင်မှ ကျဆင်းလာသည်။ ထိုဓားကို ရင်ဆိုင်နေရသော သူသုံးဦးသည် စွမ်းအားကွာခြားမှုကို ခံစားမိကာ မျှော်လင့်ချက် ကင်းမဲ့စွာ အသက်ရှူမှားသွားကြသည်။

ဒါက ပျံသန်းသော ဓားသူရဲကောင်းရဲ့ တကယ့်စွမ်းအားပဲ။

ချွန်းဂါဆောင်းသည် သူ၏ စွမ်းအားအားလုံးကို စုစည်းကာ ဓားကြီးကို ရင်ဆိုင်လိုက်သည်။ ထိုအချိန်တွင် ချွန်းယဲရန်းက သူ့ဘေးသို့ ရောက်လာသည်။

"ကျွန်မလည်း ကူမယ်"

ချွန်းဂါဆောင်း ဘာမျှပြန်မပြောတော့ဘဲ နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် ဓားများကို မြှောက်လိုက်ကြသည်။

"သောက်ကျိုးနည်း"

ရင်သပ်ရှုမောဖွယ် အစွမ်းကြောင့် အေးခဲနေသော ဂျုံရိုအာသည် သူ၏ နှုတ်ခမ်းကို ခပ်ပြင်းပြင်းကိုက်လိုက်သည်။ သွေးများ စီးကျလာသော်လည်း ထိုနာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားနိုင်သွားသည်။

သူတို့ လုပ်နိုင်ရင် ငါ ဘာလို့ မလုပ်နိုင်ရမှာလဲဟူသော စိတ်ဓါတ်ဖြင့် သူလည်း သိုင်းသမားသုံးဦးနှင့်အတူ ပူးပေါင်းလိုက်သည်။

"ကောင်းတယ်"

ကန်ချွန်းသည် ဂုဏ်ယူစွာဖြင့် ကြည့်နေသည်။

ခွါန်း

ဓားပေါင်း ၁၃ လက် တိုက်မိရာမှ ကြီးမားသော တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသည်။

"မင်းတို့ သေချာ မြင်လိုက်ရရဲ့လား"

"ဟုတ်ကဲ့ ဒါပေမဲ့ ဒီတပည့်ကတော့ အတုယူဖို့ အရမ်းခက်ခဲပါတယ်။ အနည်းဆုံး ဆယ်နှစ်လောက် ကြာဦးမှာပါ"

"မင်း ပျင်းတာကို ပညာသင်ရမှာ ကြောက်လို့ဆိုပြီး အကြောင်းပြချက် ပေးနေတာပဲ"

"ဟားဟား..."

"ဒီကလေးတွေကို သေချာ စောင့်ကြည့်ထားပါ"

ကန်ချွန်း ပြောသကဲ့သို့ ဂျင်ဆိုဟွန်းသည် ကြမ်းပြင်ပေါ်တွင် လဲကျနေကြသော သိုင်းပညာရှင်များကို ကြည့်လိုက်သည်။

"သူတို့က အနာဂတ်မှာ မင်းရဲ့ အားအဖြစ်လာမယ့်သူတွေပဲ"

ကန်ချွန်း၏ လေသံမှာ ယခင်ကထက် ပိုမိုလေးနက်နေသည်။

"မိစ္ဆာမဟာမိတ်လမ်းစဉ်အဖွဲ့ ဆိုတာ တစ်ဦးတည်းနဲ့ ရင်ဆိုင်ဖို့ ကြီးမားလွန်းတဲ့ ဖြစ်တည်မှုတစ်ခုပဲ"

"ဟုတ်လား"

"ဒါကြောင့်သာ မဟုတ်ရင် ငါ သူတို့ကို တစ်ယောက်တည်းနဲ့ အရင်ကတည်းက သုတ်သင်ပစ်ခဲ့မှာပေါ့"

ဂျင်ဆိုဟွန်း ခေါင်းညိတ်ကာ နားလည်ကေကာင်းပြလိုက်သည်။

"ပျင်းမနေနဲ့ ထတော့။ ငါနဲ့အတူ သွားရမယ့်နေရာ တစ်ခုရှိသေးတယ်"

"ဘယ်ကိုလဲ"

ဂျင်ဆိုဟွန်းမှဋ ကြောက်လန့်တကြား ထလိုက်ရသည်။

"အကြာကြီးနေမှ ပြန်တွေ့ရတဲ့ တပည့်နဲ့ ဒီလောက်နဲ့ပဲ ခွဲသွားရရင် နှမြောစရာ မကောင်းဘူးလား"

ဒါက မကောင်းတဲ့ လက္ခဏာပဲ။

ဂျင်ဆိုဟွန်း လုံးဝ မလိုက်သွားချင်ပေ။ သို့သော်လည်း လက်တစ်ထောင် ဓား၏ အစွမ်းကို မြင်ပြီးနောက် ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ပေ။

"ဟူး..."

ဂျင်ဆိုဟွန်းသည် သားသတ်ရုံသို့ ဆွဲခေါ်ခံရမည့် တိရစ္ဆာန်ကဲ့သို့ ခေါင်းငုံ့ကာ လိုက်ပါသွားရသည်။ သူတို့ ရောက်ရှိသွားသောနေရာမှာ လေ့ကျင့်ရေးကွင်းငယ် တစ်ခုဖြစ်သည်။ ကန်ချွန်းသည် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

"ငါ မင်းကို လေ၊ လျှပ်စီးနဲ့ လက်တစ်ထောင်ရဲ့ အစွမ်းတွေကို ပြခဲ့ပြီးပြီ။ အခုပြမယ့်အရာက ငါတောင် မရောက်သေးတဲ့... နောက်ဆုံးအဆင့် ဖြစ်နိုင်တဲ့ အရာပဲ..."

ကန်ချွန်းလက်မှ လွတ်သွားသော ဓားသည် လေဟာနယ်ထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

"လုပ်ဆောင်ချက် ကင်းမဲ့ခြင်း"

ထိုဓား၏ အစွမ်းမှာ အရမ်းကို နှေးကွေးလွန်းသည်။ အလွန်နှေးကွေးလွန်းသဖြင့် အပြာရောင်နဂါး တာအိုကျောင်းတော်မှ အညံ့ဆုံးသူတောင် ရှောင်နိုင်လောက်သည်။ ဂျင်ဆိုဟွန်းမှာ နှစ်ခါလောက် သမ်းဝေလိုက်သည့်တိုင် အောင်မြင်စွာ ရှောင်နိုင်လောက်သည်။

ဒါ ဘာကြီးလဲ။

ဆရာဖြစ်သူက အချိန်ကြာမှ တွေ့ရတဲ့တပည့်ကို နောက်ပြောင်နေတာလား။

ဂျင်ဆိုဟွန်းကတော့ သိုင်းလေ့ကျင့်ရတာ မဟုတ်ပါက ဘာမဆို လက်ခံနိုင်ပါသည်။ ဓားသည် တဖြည်းဖြည်း ရွေ့လျားသွားပြီး နံရံကို ထိလိုက်သည့်အခါ ပျောက်ကွယ်သွားတော့သည်။

"...ဟင်"

ဂျင်ဆိုဟွန်း မျက်တောင်ခတ်လိုက်သည်။

"ဘာ... ဘာဖြစ်တာလဲ ဆရာက တပည့် မသိအောင် အလိမ်အညာသိုင်းတွေ သင်ယူထားတာလား"

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ နံရံဆီသွားပြီး သေချာကြည့်စမ်း"

"ဟုတ်ကဲ့"

ဂျင်ဆိုဟွန်း နံရံနားသို့ သွားကြည့်လိုက်သည်။ ဓားမှာ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ နံရံကို ဖောက်ထွက်သွားခြင်းပင်။ အသံလည်း မကြားရသလို နံရံလည်း မကွဲသွားပေ။

ဓားမှာ မည်သည့် ခုခံမှုမျှမရှိဘဲ ဖောက်ထွက်သွားကာ နံရံပေါ်ရှိ သေးငယ်သော အပေါက်ကို လက်ဖြင့် ပွတ်သပ်ကြည့်ရာ ဂျင်ဆိုဟွန်း တစ်ကိုယ်လုံး ထိတ်လန့်သွားသည်။

"ဒါက လုပ်ဆောင်ချက် ကင်းမဲ့ခြင်းရဲ့ အစွမ်းပဲ"

စကားဆုံးသည်နှင့် ကန်ချွန်း၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ အန်ထွက်လာသည်။

"အော့"

All Chapters